Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မောင် ရွှေလေးရေတပ်စခန်းကို AA သိမ်းပိုက်ရရှိပြီး သံတွဲမြို့ကို AA အလုံးစုံဲ ထိန်းချုပ်ဟု သိရ၊ စစ်ကောင်စီ စစ်သားတချို့ အလံဖြူထောင် လက်နက်ချခဲ့

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ နောက်ဆုံး ကျန်ရှ်ိနေတဲ့ အကြမ်းဖက် စစ်ကောင်စီ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော်(AA)က ဒီကနေ့ ဩဂုတ် ၂၈ ရက်မှာ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပြီး သံတွဲတစ်မြို့လုံးကို AA ထိန်းချုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ 

 

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ကစပြီး အာရက္ခတပ်တော် AA က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်ကောင်စီ ဗိုလ်မှူးဖြိုးမောင်မောင် အပါအဝင် စစ်သား ၅ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

 

အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို မောင်ရွှေလေးရေတပ်စခန်းမှာ အကြမ်းဖက် စစ်ကောင်စီက စစ်သင်္ဘော ၈ စီးနဲ့ ခုခံနေခဲ့တာ ဖြစ်ပြီး ဒီကနေ့မှာတော့ စစ်ကောင်စီ စစ်သားတချို့ အလံဖြူထောင်ပြီး လက်နက်ချ အညံ့ခံခဲ့ကြတယ်လို့ သိရပါတယ်။

 

မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ရရှိကြောင်း တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် စစ်ကောင်စီ ထောက်ခံသူတွေကတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မောင်ရွှေလေးစခန်းကို လက်လွှတ်လိုက်ရပြီဆိုတာ ရေးသားဖော်ပြနေကြတာ တွေ့ရပါတယ်။

 

သံတွဲမြို့တွင်းရှိ အကြမ်းဖက် စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဧပြီလမှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မြေပြင်သတင်းတွေကတော့ သံတွဲမြို့ကို AA က အလုံးစုံ ထိန်းချုပ်နိုင်သွားပြီလို့ အတည်ပြုပါတယ်။

 

“လက်ရှိမှာ ရေထဲမှာရော ကုန်းပေါ်မှာပါ စစ်ကောင်စီ တပ်စွဲထားတဲ့ စခန်းရယ်လို့ သံတွဲမှာ မရှိတော့ပါဘူး။ ပြေးလွှားပုန်းအောင်း နေသူ အနည်းငယ်တော့ ကျန်ကောင်း ကျန်နေနိုင်ပါသေးတယ်။ အဲဒီကောင်တွေကိုလည်း အာရက္ခတပ်တော်က လိုက်ရှင်းနေပါတယ်” လို့ မြေပြင်သတင်းရင်းမြစ်တစ်ခုက သံတွဲမြို့ရဲ့ စစ်ရေးအခြေအနေကို ပြောပြပါတယ်။
~~~~
ဓာတ်ပုံ - ပုံဟောင်းများ

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။