Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မောင်တောမြို့၊ သံတွဲမြို့နဲ့ ကျိန္တလီမြို့တွေမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ သုံးရက်အတွင်း စစ်ကောင်စီဘက်မှ ၁၀၀ ကျော် သေဆုံးကာ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိဟု AA ထုတ်ပြန်

မောင်တောမြို့မှာ မြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး သုံးရက်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁၀၀ ကျော် သေဆုံးကာ စစ်သုံ့ပန်းများကိုလည်း ဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ဩဂုတ်၂၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

 

မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ (ဖေဇီရွာနဲ့ မောင်နီရွာ)တို့မှာ ဩဂုတ်လ ၂၄ ရက်ကနေ ၂၆ ရက်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ အလောင်းတွေ၊ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

 

အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး လက်နက် တပ်ဆင်ပေးထားတဲ့ အကြမ်းဖက် မူဆလင် လက်နက်ကိုင်အဖွဲ့တွေ အပြင် ARSA၊ RSO၊ ARA အကြမ်းဖက် တပ်ဖွဲ့ဝင်တွေရဲ့ ခံစစ်နေရာ အများစုကို အာရက္ခ တပ်တော်က တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။

 

ဩဂုတ်လ ၂၄ ရက်၊၂၅ ရက်နဲ့ ၂၆ ရက် သုံးရက်တာ ကာလအတွင်းမှာ အကြမ်းဖက် စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ အလောင်း (၁၀၀) ကျော်ကို ကောင်းမွန်စွာ မြေမြှုပ် ပေးနိုင်ခဲ့သလို သုံ့ပန်းအချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်နေရာတွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

 

တစ်ပြိုင်နက်တည်းမှာ လက်နက်ကိုင်ပြီး ထွက်ပြေးနေတဲ့ အကြမ်းဖက် စစ်သားတွေနဲ့ အပေါင်းအပါတွေကို လိုက်လံချေမှုန်းတိုက်ခိုက်နေပြီး လက်ကျန် ခံစစ်စခန်းတွေကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် မောင်တောမြို့ရဲ့အခြားနေရာအချို့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်နဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ကျောက်ပါးစပ်ကျေးရွာ အနီးတို့မှာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်နဲ့ အာရက္ခ တပ်တော်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။ 

 

တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို အကြမ်းဖက် စစ်ကောင်စီက စစ်သင်္ဘော (၈) စီးနဲ့ ရေကြောင်းကနေ လက်နက်၊ လူအင်အား ဖြည့်တင်းနေပြီး  စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။