ကိုင်း... လူယုတ်မာ အကြမ်းဖက်ခေါင်းဆာင် မ.အ.လ ရေ...။ "ခွေးလေး ဝမ်းသာအောင် လေလည်ပြလိုက်တယ်" ဆိုတာလို တရုတ်ကြီးကတော့ မင်းဘက်က ရပ်တည်ပြလိုက်ပြီ။ မြန်မာပြည်မှာ စစ်အာဏာရှင်တွေ ရှုံးနိမ့်ကျဆုံးသွားလို့ မဖြစ်ဘူးတဲ့။ ဘာကြောင့်လဲ ...။ အခြေအနေတွေ ကစဉ့်ကလျားဖြစ်သွားပြီး ထိန်းမရသိမ်းမရ ဖြစ်သွားလိမ့်မယ်.. တဲ့။ အဲဒါက အလကား အာပလာတွေ၊ ပလီစိခြောက်ချက် လူကြားကောင်း၊ တရားနာ လုပ်နေတာ...။ အမှန်တကယ်က စစ်အာဏာရှင်တွေ ကြီးစိုးထားလို့ နိုင်ငံကို ချုပ်ရိုးကြောင်းသဏ္ဌာန် ပိုက်လိုင်းကြီး ချထားနိုင်တာပေါ့။ ဒီထက်ငါးနှစ်လောက် သက်တမ်းရှည်နေဦးမယ်ဆိုရင် မြစ်ဆုံလျှပ်စစ်စီမံကိန်းကြီးတောင် ပြီးစီးနေလောက်ရောပေါ့...။တရုတ်က စစ်အာဏာရှင်တွေကို ငဒူတွေလို့ သတ်မှတ်ထားတာကလား။
အကြမ်းဖက်အဖွဲ့အစည်းက သူတို့ အသက်နဲ့ရင်းပြီး သိမ်းပိုက်ထားတဲ့ လားရှိုးကို စဉ်ဆက်မပြတ် လေကြောင်းနဲ့ ဗုံးချနေတာကို ဒီအတိုင်း ငုံ့ခံနေကြရတယ်။ မတရား နိုင်ထက်စီးနင်း ပြုလုပ်နေတဲ့ သူကိုတော့ "နင် တန်တော့"လို့ စကားတခွန်း မဟဘူး၊ တရုတ်ရဲ့သဘောထားက ယုတ်ညံ့လွန်းတယ် ။
ဒင်းတို့ ထိန်းချုပ်ဩဇာ လွမ်းမိုးနိုင်ရင် "ဝ"ရယ်၊ MNDAA ရယ်၊ မိုင်းလားရယ်... (၃)ဖွဲ့လောက်ပဲ ရှိမှာပေါ့။ အဲဒီလို တိုင်းရင်းသား (၃)ဖွဲ့ကို ထိန်းချုပ်လွှမ်းမိုးနိုင်တာလည်း စစ်အာဏာရှင်တွေရဲ့အသုံးမကျမှု ရလဒ်ပါပဲ။ ဒါတောင် MNDAA က ပြောစကားနားထောင်ပါ့မယ်။ ဒါပေမဲ့ မိမိကိုယ်ကို ခုခံပိုင်ခွင့်တော့ ရှိနေမယ်လို့ တိုးလျစွာ ပြန်ပြောသေးတယ်။ အခု အကြမ်းဖက်အဖွဲ့အစည်းက သူတို့ အသက်နဲ့ရင်းပြီး သိမ်းပိုက်ထားတဲ့ လားရှိုးကို စဉ်ဆက်မပြတ် လေကြောင်းနဲ့ ဗုံးချနေတာကို ဒီအတိုင်း ငုံ့ခံနေကြရတယ်။ မတရား နိုင်ထက်စီးနင်း ပြုလုပ်နေတဲ့ သူကိုတော့ "နင် တန်တော့"လို့ စကားတခွန်း မဟဘူး၊ တရုတ်ရဲ့သဘောထားက ယုတ်ညံ့လွန်းတယ် ။
TNLA ကတော့ နောင်ချိုကို တည်ငြိမ်ဖို့ တောင်ခမ်းကို ထိုးစစ်ဆင်တယ်။ ဒါတင်မက သီပေါကိုလည်း ထပ်မံသိမ်းပြလိုက်သေးတယ်။ ကချင်ကလည်း ချီဗွေ၊ ပန်းဝါ တို့ကို သိမ်းလိုက်ပြန်တယ်။ ဒီတော့ တရုတ်က နယ်ခြားဂိတ်အားလုံးကို ပိတ်ပစ်လိုက်တယ်။ ပိတ် ... ဘရိတ်..ပေါ့။ ကချင်ကလည်း ပန်းဝါက မြေရှားလုပ်ငန်းအားလုံးကို ပိတ်ပစ်လိုက်တာပေါ့။ ဘယ်သူအထိနာသွားသလဲ။ တရုတ်ကြီး ခပ်စပ်စပ် ပူရှိန်းရှိန်း ဖြစ်သွားမှာအမှန်ပါပဲ။
ဒီမှာ အာရက္ခတပ်တော်ကလည်း လက်သံပြောင်လိုက်တာပါဗျာ...။ နေမျိုးသူရဘွဲ့ရ ဆိုင်းဆရာ စိန်ဗေဒါ ပြန်လည် ရှင်သန်လာသလား အောင်းမေ့ရရဲ့။ အခု ဒင်းတို့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ အမ်းမြို့အခြေစိုက် န.ပ.ခ ကျရှုံးသွားရင်တော့ ကျောက်ဖြူ ရေနက်စီမံကိန်းကြီးလည်း ထိန်းချုပ်နိုင်ပြီပေါ့ကွာ။
တရုတ်ကြီးက အကြမ်းဖက်အဖွဲ့အစည်း မျှော်လင့်စိတ်ကူးယဉ်ထားတဲ့ ၂၀၂၅ ခု နိုဝင်ဘာလ ရွေးကောက်ပွဲကို ကူညီပံ့ပိုး ပေးသွားမယ်တဲ့။ ဒါပေမဲ့ ဒင်းတို့ စိတ်ကြိုက် ဖွဲ့စည်းခွင့်ပြုထားတဲ့ ပါတီတွေချည်း ရွေးကောက်ပွဲ ပြုလုပ်မှာကိုတော့ တရုတ်က လိုချင်ဟန်မတူဘူး။ ဘာပြုလို့လဲဆိုတော့ နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်လို့။
အဲဒီမှာ နောက်လ လဆန်းပိုင်း လူယုတ်မာ အကြမ်းဖက် ခေါင်းဆောင်က တရုတ်သွားရောက်ဖို့ ခရီးစဉ် ရှိတယ်ဆိုပဲ။ မဲခေါင်-လန်ချန်း စည်းဝေးပွဲတဲ့။ စည်းဝေးပွဲမသွားခင် ကျောက်ဖြူစီမံကိန်း လက်လွှတ်လိုက်ရရင်တော့ ဒင်းအနေနဲ့ ဘယ်လိုမျက်နှာမျိုးနဲ့ သွားမယ်ဆိုတာ သိချင်လိုက်ပါဘိ။ ဒါပေမဲ့ ဒင်းက မျက်နှာပြောင်တိုက်တဲ့နေရာမှာတော့ ပြိုင်ဘက်မရှိ နံပါတ်ဝမ်းပါ။ အရှက်တစက်မှ မရှိတာကိုး။ ပြီးတော့ ဂုဏ်ဆာ ဂုဏ်ငတ်သူဆိုတော့ ဘယ်အခြေအနေမျိုးမဆို သွားလိမ့်မယ်ထင်ပါရဲ့။
တရုတ်ကြီးက အကြမ်းဖက်အဖွဲ့အစည်း မျှော်လင့်စိတ်ကူးယဉ်ထားတဲ့ ၂၀၂၅ ခု နိုဝင်ဘာလ ရွေးကောက်ပွဲကို ကူညီပံ့ပိုး ပေးသွားမယ်တဲ့။ ဒါပေမဲ့ ဒင်းတို့ စိတ်ကြိုက် ဖွဲ့စည်းခွင့်ပြုထားတဲ့ ပါတီတွေချည်း ရွေးကောက်ပွဲ ပြုလုပ်မှာကိုတော့ တရုတ်က လိုချင်ဟန်မတူဘူး။ ဘာပြုလို့လဲဆိုတော့ နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်လို့။ အတုအယောင် ရွေးကောက်ပွဲဆိုတာ သိသာ ထင်ရှားနေလွန်းလို့။ ဒီတော့ တရုတ်က ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ NLD ပါဝင်ဖို့ တောင်းဆိုထားတယ်။ ခက်တော့တာပဲ ...။ ဒင်းတို့က NLD ကို ဖျက်သိမ်းထားလိုက်ပြီလေ။
တိတ်တဆိတ် ညွှန့်ကြားပါတယ်ဆိုမှ သတင်းက ကမ္ဘာကို (၁၀)ပတ်မက ပတ်ပြီးနေပြီ။ အဲဒီမှာ NLDက ပြန်လျှောက်ထားမယ်ဆိုရင် ပါတီဝင်ဦးရေ (၁၀၀၀)တွေ၊ (၁၀၀) လုပ်မနေနဲ့... တစ်ယောက်တည်းရှိလည်း လက်ခံထားလိုက်ရုံပေါ့။
ဒါ ပေမဲ့ စစ်အာဏာရှင်တွေပဲ... လက်ညှိုးညွှန်ရာ ဖြစ်စေရမှာပေါ့...။ အခု NLD က ပါတီအဖြစ် တင်ပြလျှောက်ထားလာမယ်ဆိုရင် ကော်မရှင်က ပြန်လည် လက်ခံဖို့ တိတ်တဆိတ် ညွှန်ကြားထားလိုက်တယ်ဆိုပဲ။ တိတ်တဆိတ် ညွှန့်ကြားပါတယ်ဆိုမှ သတင်းက ကမ္ဘာကို (၁၀)ပတ်မက ပတ်ပြီးနေပြီ။ အဲဒီမှာ NLDက ပြန်လျှောက်ထားမယ်ဆိုရင် ပါတီဝင်ဦးရေ (၁၀၀၀)တွေ၊ (၁၀၀) လုပ်မနေနဲ့... တစ်ယောက်တည်းရှိလည်း လက်ခံထားလိုက်ရုံပေါ့။ နည်းလေ ကောင်းလေ။ ဒါပေမဲ့ ပြန်လည် မလျှောက်ထားဘူး ဆိုရင်ကော...။ အဲဒီအတွက်တော့ ထည့်သွင်းကို မစဉ်းစားနဲ့။ လိပ်ကို ကြမ်းပိုး၊ ကြမ်းပိုးကို လိပ် ၊ ကလိမ်စေ့ငြမ်းဆင် ဆိုတဲ့ ဉာဏ်နီဉာဏ်နက်တွေ ဒင်းတို့မှာ ပြည့်ရုံမက လျှံကျလို့ ဆိုပါလား။
အေး လေ.......မိုးက မပြိုပါဘူး၊ ပြိုခဲ့သော်ဆိုတဲ့ အတွေးနဲ့ တွေးကြည့်တာပါ....။ ဒင်းတို့ အန္တိမရည်မှန်းချက်လို့ ပြောတဲ့ ရွေးကောက်ပွဲ ဆိုတာကြီးက ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒင်းတို့တတွေ သတ်မှတ် ရွေးကောက်ပွဲကာလ မတိုင်ခင် ခွေးပြေးဝက်ပြေး ထွက်ပြေးရင်ပြေး...၊ ဒါမှမဟုတ် ကြိုးစင်ကို တက်ကြရတော့မှာမို့ပါပဲ။ ဟုတ်တယ်လေ... ဒင်းတို့ လက်နက်အားကိုးနဲ့ မတရားသဖြင့် အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း ဒင်းတို့လုပ်ကိုင်ခဲ့သမျှ ဘာတစ်ခု ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်ခဲ့တယ်လို့ ရှိခဲ့လို့လဲ။ မအောင်မြင်ဆို ပြည်သူတရပ်လုံးကဒင်းတို့ကို အားပေး ထောက်ခံ မပြုရုံမက ဆန့်ကျင် တော်လှန် တိုက်ခိုက် နေကြတယ် မဟုတ်လား...။ ဘာမဆို ပြည်သူသာလျှင် အခရာ၊ ပြည်သူသာလျှင် အဓိကပါ။
သိကြတဲ့အတိုင်း ငြိမ်းချမ်းစွာ ဆန္ဒထုပ်ဖော်ကြတဲ့သူတွေကို ပစ်သတ်၊ လက်နက်ကြီးတွေ တကားကားနဲ့ လမ်းမတွေ ပေါ် လျှောက်ပြေး" သေရဲတဲ့သူ ထွက်ကြ"လို့ စိမ်ခေါ်လိုက်ရင် ပြည်သူတရပ်လုံး မီးကိုရေနဲ့ငြှိမ်းလိုက်သလို ဖြစ်သွားလိမ့်မယ်။ တည်ငြိမ်အောင် လွန်ရောကျွံရော (၁)နှစ် အတွင်း ပြုလုပ်နိုင်မယ်၊ စစ်အာဏာရှင်တွေရဲ့ အတွေးအခေါ်အတိုင်း ပြည်သူကို အကြောက်တရား သွတ်သွင်းပြီး ဦးနှိမ် ဒူးထောက်စေရမယ် ပေါ့လေ။ ပြီးရင် ဒင်းတို့ ဖြစ်ချင်တဲ့ပုံစံအတိုင်း ပြည်သူတွေကို လိုက်နာခိုင်းမယ်။ လွယ်လွန်းသမှ ငှက်ပျောသီး အခွံနွှာတာကမှ ခက်ခဲပေဦးမယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေ ထည့်သွင်း မတွက်ချက်ခဲ့တာက လူသားတွေရဲ့ ယဉ်ကျေးမှု သမိုင်းရေစီးကြောင်းပဲ။ အင်အားကြီးသူ အနိုင်ယူစတမ်း ဆိုတဲ့ တောတွင်းဥပဒေတွေ ကျန်နေရစ်ခဲ့ပြီ။
ကုန်းတွင်းပိတ် နိုင်ငံဖြစ်တဲ့၊ စီးပွားရေး ဓားမနောက်ပိတ်ခွေး ဖြစ်နေတဲ့ လာအိုနိုင်ငံကိုတောင် လုပ်သားစေလွှတ်ဖို့ MOU စာချုပ် ချုပ်ဆိုနေရပြီ။ လုပ်သားတွေ ရရှိတဲ့ လစာရဲ့ (၂၅)ရာခိုင်နှုန်းကို ဖြတ်ယူမယ်...။
ခုဆို ဒင်းတို့အာဏာသိမ်းခဲ့တာ (၄)နှစ်ပြည့်တော့မယ်။ ပြည်နယ်တွေမှာ အခြေစိုက်ထားတဲ့ တပ်စခန်းတွေ အားလုံးနီးပါး လက်လွှတ်ပေးလိုက်ရပြီ။ မြို့ပေါင်း (၈၀)ကျော်လည်း မထိမ်းချုပ်နိုင်တော့ဘူး။ ကျန်ရှိတဲ့ မြို့ပေါင်းများစွာမှာလည်း မြို့ပေါ်ကွက်ကွက်လေးလောက်သာ ထိန်းချုပ်နိုင်တော့တယ်။ အဲဒီမှာ ဒင်းတို့က ပြန်လည် နာလန်ထူ နိုင်ဦးမယ်လား ဆိုတဲ့ စိတ်ကူးတွေနဲ့ လူငယ်တွေကို သူတို့ ဒေါက်တိုင်တွေအဖြစ် စစ်မှုထမ်းခိုင်းလာတယ်။ ဒါပေမဲ့ လက်တွေ့အနေအထားမှာ အတွေ့အကြုံအရရော စိတ်ဓာတ်ရေးအရရော တုမယှဉ်တာကြောင့် နိုင်ငံအတွက် အနာဂတ်အင်အားဖြစ်တဲ့ လူငယ်တွေကို သေတွင်း တွန်းချနေသလို ဖြစ်နေတော့တယ်။ စစ်အာဏာရှင်တွေဆိုတာ တဘို့တည်းသမားတွေပါ။
ဒီမှာ စည်းပွားရေး တောင့်တင်းခိုင်မာလို့ မျှော်လင့်စရာ အလားအလာ ရှိနေနိုင်သေးတယ်လို့ မျှော်လင့်ရပါသေးရဲ့။ ခုတော့ ဖွတ်ကျောပြာစု အဖြစ်မျိုးက မဖုံးနိုင်မဖိနိုင်။ ကုန်းတွင်းပိတ် နိုင်ငံဖြစ်တဲ့၊ စီးပွားရေး ဓားမနောက်ပိတ်ခွေး ဖြစ်နေတဲ့ လာအိုနိုင်ငံကိုတောင် လုပ်သားစေလွှတ်ဖို့ MOU စာချုပ် ချုပ်ဆိုနေရပြီ။ လုပ်သားတွေ ရရှိတဲ့ လစာရဲ့ (၂၅)ရာခိုင်နှုန်းကို ဖြတ်ယူမယ်...။ ကတုံးသန်းရှာ၊ မူးစု မတ်စု စီးပွားရေး....။ ပျက်စီးရေးအတွက် ဖျက်ဆီးရေးသက်သက်ဖြစ်တဲ့ လေယာဉ်နဲ့ ဗုံးကြဲဖို့ လေယာဉ်ဆီတွေ အလျှံပယ် ဝယ်ယူစုဆောင်းထားနိုင်တော့မယ်။ ဒင်းတို့အာဏာ တည်တံ့နိုင်ဖို့အတွက် အသက်ပေးကြတဲ့ စ.ခ တွေအတွက် သက်စွန့်စရိတ် သန်းချီပေးနိုင်တော့မယ်။ လောလောဆယ်တော့ အလောင်းပြနိုင်မှ သက်စွန့်စရိတ် (၁)သိန်းပဲ ပေးနိုင်သေးတယ်။ စစ်အာဏာရှင်ကြီးတွေရဲ့ အရက်တပက်ဖိုးပင် မရှိ။ ကတော်တွေရဲ့အတွင်းခံ ဘောင်းဘီးဖိုးလောက်သာရှိ.....။
လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင်ကတော့ နိုင်ငံစီးပွား (၂)ရာခိုင်နှုန်း၊ (၃)ရာခိုင်နှုန်း တိုးတက်နေတယ်လို့ အရှက်မရှိ ပေါက်တတ်ကရတွေ ပြောနေတယ်။ သူ့ရဲ့သမီးနဲ့သား လုပ်ပိုင်ခွင့် စီးပွားရေးတိုးတက်မှုတွေကို နိုင်ငံရဲ့စီးပွားရေးလို့ မှတ်ထင်နေလေရော့သလား မပြောတက်ဘူး။ မဆင်မခြင် စစ်စရိတ်သုံးစွဲမှုတွေက စီးပွားရေး နာလန်မထူဖြစ်စေတယ်။ ဒင်းတို့ရဲ့ ကျဆုံး ရှုံးနိမ့်မှုကို တွန်းအားတရပ် ဖြစ်ပေါ်စေတယ်။ အကြမ်းဖက်အဖွဲ့အစည်းဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အဘက်ဘက်က ချွတ်ခြုံကျရောက်နေပါပြီ။ ဒင်းတို့အတွက် အောင်မြင်စရာလမ်းစ မရှိတော့ ...။
ညီညွှတ်ခြင်းဟာ အားပါ။ သဘောတရားထက် လက်တွေ့ကျင့်သုံးကြဖို့ လိုအပ်ပါလိမ့်မယ်။ အဓိကနဲ့သာမည ခွဲခြားသိမြင်ထားကြဖို့ပါ။ ကိုယ်စွမ်းဆောင်နိုင်တဲ့ဘက်က စွမ်းဆောင်ကြမယ်ဆိုရင်ဖြင့် ပန်းတိုင်ဟာ နက်ဖြန်ဆိုရင်တောင် ဝေးနေပါလိမ့်ဦးမယ်။ ကနေ့ပင် မုချရောက်ရှိပါလိမ့်မယ်။
ဒဏ်ရာရတဲ့ ခွေးရူးအလား ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်လာတော့တယ်။ ဆင်ခြင်တုံတရား ကင်းမဲ့နေပြီ။ လောလောလတ်လတ် စီပါရွာ လူသတ်မှု၊ မီးရှို့မှုတွေဟာ လူသားစိတ်ကင်းမဲ့နေမှုကို ညွှန်ပြနေတယ်...။ ဒင်းတို့အနေနဲ့ လမ်းဆုံးရောက်နေပြီမို့ မထူးဇာတ်ခင်းတဲ့ အနေအထားပါ.....။
အဲဒီမှာ တော်လှန်ပြည်သူတပ်ဖွဲ့တွေအနေနဲ့ စုဖွဲ့အင်အား တည်ဆောက်ကြဖို့ အထူးလိုအပ်ပါပြီ။ တော်လှန်ရေး စတင်ခရီးမှာတော့ အခြေအနေ၊ အနေအထားတွေကြောင့် အစုအဖွဲ့လေးတွေ ပြန့်ကြဲနေတက်စမြဲပါ။ ခုဆိုရင်တော့ အချိန်ကာလတစ်ခုကို ဖြတ်သန်းလာကြပြီး ဖြစ်တယ်။ မှတ်ကျောက်တင်ခံကြပြီးလည်း ဖြစ်တယ်။ ဒီတော့ ရည်ရွယ်ချက်တူ၊ တခရီးတည်း သွားသူအချင်းချင်း လက်တွဲပေါင်းစည်းကြရမယ်။
ညီညွှတ်ခြင်းဟာ အားပါ။ သဘောတရားထက် လက်တွေ့ကျင့်သုံးကြဖို့ လိုအပ်ပါလိမ့်မယ်။ အဓိကနဲ့သာမည ခွဲခြားသိမြင်ထားကြဖို့ပါ။ ကိုယ်စွမ်းဆောင်နိုင်တဲ့ဘက်က စွမ်းဆောင်ကြမယ်ဆိုရင်ဖြင့် ပန်းတိုင်ဟာ နက်ဖြန်ဆိုရင်တောင် ဝေးနေပါလိမ့်ဦးမယ်။ ကနေ့ပင် မုချရောက်ရှိပါလိမ့်မယ်။
စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေးဟာ မုချမသွေ အောင်မြင်ပါလိမ့်မယ်။ ကနေ့လား နက်ဖြန်လားဆိုတဲ့ အချိန်ကာလကတော့ တော်လှန်ပြည်သူ့တပ်ဖွဲ့တွေရဲ့ ညီညွှတ်မှုအပေါ် တည်မှီကြောင်းပါဗျား.....။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။