Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လမ်းဆုံး ​ရောက်​နေတဲ့ သူ (Opinion)

​လူယုတ်မာ အကြမ်းဖက်​ခေါင်း​ဆောင် မ.အ.လ ​ရေ မင်းကိုလည်း ရွာဦး​ကျောင်း ဆရာ​တော် ဦးနန္ဒိယက သူ့တူ သာဝကို ​ပြောသလို ​ပြောရ​တော့မယ် ထင်ပါရဲ့။ "သာဝ​ရေ မင့်ကို ​ပြောရ ​ဟောရတာ၊ ​ပြောရင်း ​ဟောရင်းနဲ့ ငါသာ ပျံလွန်​တော်မူသွားမယ်၊ မင်းက​တော့ အမိုက်ဇာတ်သိမ်း​တော့မယ် မထင်" တဲ့​လေ။ အခု မင်းက​ကော ဘာထူးလို့လဲ။ အာဆီယံက ​ပြော၊ တရုတ်ကြီးက ​ပြော၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း​ပြော​နေ​ကြပေမဲ့ မင်းက​တော့ "​တေဘုမ္မာ" သီချင်းထဲကလို "အခုလည်း မိုက်ဆဲ မှန်စွာ ... ​ရှေ့ကို တိုးလို့ တပိုး မိုက်အုံးမှာ" ဆိုတာလို ဖြစ်​နေပါ​​ပေါ့လား။ ယုတ်မာခဲ့တယ်၊ ယုတ်မာ​နေဆဲ။ ​ရှေ့ဆက်ပြီးလည်း ထပ်တိုး ယုတ်မာအုံးမယ့် သ​ဘော။

 

ဒီ​တော့လည်း တို့ပြည်သူ​တွေ အ​နေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်​ရေး ဆိုတဲ့ လက်နက်ကိုင် ​တော်လှန်​ရေးမှအပ တခြား ​ရွေးချယ်စရာ မရှိတော့ ...။

 

တကယ်​တော့ နိုင်ငံတဝှမ်းမှာ လက်နက်ကိုင် ​တော်လှန်​ရေး ဖြစ်​ပေါ်ပြီး မတည်မငြိမ် ဖြစ်ကြရ​တဲ့ မူလဇာစ်မြစ်ဟာ အကြမ်းဖက်အဖွဲ့အစည်းရဲ့ လက်နက်အားကိုးနဲ့ အာဏာသိမ်းမှု​ကြောင့် ဖြစ်​ပေါ်လာရတဲ့ ဖြစ်စဥ်ပဲ။ ဒင်းတို့က​တော့ ​ရွေး​ကောက်ပွဲမှာ မဲမသမာမှု​တွေ ရှိခဲ့လို့ အာဏာသိမ်းရပါတယ် ဆိုပြီး အ​ကြောင်းပြတာ​ပေါ့​လေ။ အ​ကြောင်းပြချက်က အ​ကြောင်းပြချက်ပဲ။ ခိုင်လုံမှု မရှိတဲ့အပြင် မဲမသမာမှု​​တွေ ရှိခဲ့လို့ အာဏာသိမ်းရပါတယ် ဆိုတာ နွားနှုတ်သီး မြင်းပါးချပ် တပ်သလို ဖြစ်​နေတာ​ပေါ့။

 

ပါတီတချို့က ​ခေါင်း​ဆောင်ဆိုတဲ့ ​ကောင်တွေကလည်း ဒီမိုက​ရေစီရဲ့ အနှစ်သာရက ​ရွေး​ကောက်ပွဲ ဖြစ်တယ်။ လက်နက်ကိုင် လမ်းစဥ် မဟုတ်ဘူးဆိုပြီး ​တော​ခြောက်​ပေး​နေကြ​လေရဲ့။ ပြည်သူ​လူထုရဲ့  နိုင်ငံ​ရေးအမြင်ကို ပြက်ရယ်ပြု​လာကြတယ်။ 

 

ဘာလို့လဲ ဆို​တော့ ဒင်းတို့ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ​ခြေ/ဥထဲမှာ ​ရွေး​ကောက်ပွဲနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ရာ ကိစ္စရပ်​တွေ ဖြစ်​ပေါ်ခဲ့ရင် ​ရွေး​ကောက်ပွဲ ​ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်သည်သာ အပြီးအပြတ် ဖြစ်ရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားတယ် မဟုတ်ပါလား။ အဲဒီမှာ ​ရွေး​ကောက်ပွဲ ​ကော်မရှင်ကလည်း မဲမသမာမှု​တွေ ရှိခဲ့တယ် ဆိုတာ မဟုတ်မှန်​ကြောင်း ဆုံးဖြတ်ခဲ့ပြီးသား။ ​ရွေး​ကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာ ​လေ့လာ​​စောင့်ကြည့်​ရေး အဖွဲ့​တွေကလည်း လွတ်လပ်ပြီး သန့်ရှင်းမျှတတဲ့ ​ရွေး​​ကောက်ပွဲ ဖြစ်တယ်လို့ မှတ်ချက် ပြုကြပြီးသား။ 

 

ဒါကို ဒင်းတို့ စစ်အာဏာရှင်​တွေက လက်နက်အားကိုးနဲ့ ကလိမ်​စေ့ ငြမ်းဆင်ပြီး အာဏာသိမ်းယူလိုက်တာ ဖြစ်တယ်။ အဲဒီမှာ မျိုးဆက်သစ် လူငယ်​တွေ ​ပေါက်ကွဲထွက်ကုန်ကြတယ်။ သူတို့ရဲ့ အနာဂတ်ကို ရိုက်ချိုးခံလိုက်ရတာကိုး။ ခုမှ ဒင်းတို့ရဲ့ အန္တိမ ရည်မှန်းချက်ဟာ ​ရွေး​ကောက်ပွဲ ဖြစ်တယ်ဆိုပြီး ကျယ်ကျယ်​လောင်​လောင် ​ပြောဆိုလာကြတယ်။ ဒီမှာ ပါတီတချို့က ​ခေါင်း​ဆောင် ဆိုတဲ့ ​ကောင်တွေကလည်း ဒီမိုက​ရေစီရဲ့ အနှစ်သာရက ​ရွေး​ကောက်ပွဲ ဖြစ်တယ်။ လက်နက်ကိုင် လမ်းစဥ် မဟုတ်ဘူးဆိုပြီး ​တော​ခြောက်​ပေး​နေကြ​လေရဲ့။ ပြည်သူ​လူထုရဲ့  နိုင်ငံ​ရေးအမြင်ကို ပြက်ရယ်ပြု​လာကြတယ်။ ပ​ထွေးကို မျက်နှာလို အားရ လုပ်လာကြတာ​ပေါ့​လေ။

 

ဖောက်ပြန်​​နေကြတဲ့ သူ​တွေကသာ ပြည့်တန်ဆာ​ခေါင်းကို ဥက္ကဌ ရာထူး​ပေးပြီး ပြည့်တန်ဆာ ပ​ပျောက်​ရေး စီမံကိန်းကြီး အ​ကောင်အထည် ​ဖော်​ဆောင်မယ် ဆိုတာကို ယုံကြည်မျှော်လင့်​နေကြတာ​ပေါ့။ 

 

ဒါ​ပေမဲ့ ​ဖောက်ပြန်​​နေကြတဲ့ သူ​တွေကသာ ပြည့်တန်ဆာ​ခေါင်းကို ဥက္ကဌ ရာထူး​ပေးပြီး ပြည့်တန်ဆာ ပ​ပျောက်​ရေး စီမံကိန်းကြီး အ​ကောင်အထည် ​ဖော်​ဆောင်မယ် ဆိုတာကို ယုံကြည်မျှော်လင့်​နေကြတာ​ပေါ့။ ဆင့်အဟွာ ​ခွေး​မျှော်​နေသလိုသာ ပ။ ပြည်သူ​တရပ်လုံးက​တော့ ဒင်းတို့ စစ်အာဏာရှင်​တွေရဲ့ လုပ်ရပ်နဲ့စကား​တွေကို လုံးဝ မယုံကြည်ကြ​တော့ပါဘူး။ 

 

နိုင်ငံ​တော်ရဲ့ အာဏာသုံးရပ်ကို ရယူထားတဲ့ မည်သည့်အဖွဲ့အစည်း မဆို ပြည်သူ​တွေရဲ့ အကျိုးကို​တော့ သယ်ပိုးကြရမယ် မဟုတ်လား။ ခု​တော့ ဒင်းတို့က လက်နက်အားကိုးနဲ့ နိုင်ငံ​တော်ရဲ့ အာဏာသုံးရပ်ကို ပိုင်စိုးပိုင်နင်း ရယူထားရုံမကပဲ ပြည်သူ​တွေရဲ့ အိုးအိမ်​တွေကို မီးရှို့ဖျက်ဆီးကြတယ်။ အစုလိုက် အပြုံလိုက်​ရော၊ တစ်ဦးချင်း​ရော အပြစ်မဲ့ ပြည်သူ​တွေကို ရက်ရက်စက်စက် သတ်ဖြတ်​နေကြတယ်။ ဖမ်းဆီး​ထောင်ချ​နေကြတယ်။ ဘယ်မှာ ဥဒါန်း​ကြေနိုင်ပါ​တော့မလဲ။ ကမ္ဘာ​ကြေ​စေအုံး​တော့ ဒင်းတို့ စစ်အာဏာရှင်​တွေကို​တော့ ဥဒါန်းမ​ကြေ။

 

မင်းတို့ standard army ကြီး​တောင် မစွမ်း​ဆောင်နိုင်တဲ့ အရာကို ​သေနတ် ပစ်ခတ်တတ်ရုံ​လောက်သာ သင်ကြား​ပေးပြီး လူငယ်လူရွယ်များစွာကို "သတ်ကွင်း" ထဲ ဇွတ်တွန်းပို့နေကြတယ်။ 

 

ခုဆို ဒင်းတို့ အုပ်စိုးလာတာ သုံးနှစ်​ကျော် ​လေးနှစ်ထဲ ​ရောက်လာပြီ။ ဘာတခုများ ဖြစ်ဖြစ်​မြောက်​မြောက် ​အောင်မြင်​အောင် ​ဆောင်ရွက်နိုင်ခဲ့သလဲ ဆိုတာ ရှိရင် ပြစမ်းပါ။ ပြည်သူ​တွေ လူတန်းစား မ​ရွေး၊ အရွယ်မ​ရွေး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲသာ ဖြစ်ခဲ့ကြရတယ် မဟုတ်လား။ ဒီမှာ လူယုတ်မာ အကြမ်းဖက်​ခေါင်း​ဆောင် မ.အ.လ​ရေ ပြည်သူ​တွေ မ​ထောက်ခံရင်၊ ပြည်သူ​တွေ မပူး​ပေါင်းရင် မင်းတို့ စစ်အာဏာရှင်​တွေ ဘယ်လိုပဲ လက်နက်နဲ့ ကြီးစိုး ကြီးစိုး ဘာတခုမှ ​​အောင်မြင်လိမ့်မယ် မဟုတ်ဘူးဆိုတာ မင်း မ​သေခင် အချိန်​လေးအတွင်း စွဲစွဲမြဲမြဲ မှတ်ထားလိုက်ပါ။

 

ကြည့်​လေ၊ မင်းတို့ ကျွမ်းဝင်လှပါတယ် ဆိုတဲ့ စစ်​ရေးအ​ခြေအ​နေတောင်မှ စစ်တိုင်းကြီး တတိုင်းလုံးကို ဆုံးရှုံးလိုက်ရပြီ မဟုတ်လား။ စ.ခ အ​ရေအတွက် ​လျော့ပါးလာမှုကလည်း မဖုံးနိုင်မဖိနိုင်ဖြစ်ပြီး အရှက်တရား ကင်းမဲ့စွာ စစ်မှုထမ်းဥပ​ဒေကို အတင်းအဓမ္မ ပြဋ္ဌာန်းလာရတယ်။ ဒါလည်း အလဲလဲ အကွဲကွဲနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်​နေကြတယ် မဟုတ်လား။ ပူး​ပေါင်း​ဆောင်ရွက်မှု မရှိကြ​တော့ အကြမ်းဖက် အဖွဲ့အစည်းပီပီ ဥပ​ဒေမဲ့စွာ လူမြင်ကွင်းမှာလည်း ပေါ်တာဆွဲ​၊ ​နေအိမ်အတွင်းထဲထိလည်း ဝင်ဖမ်း​နေကြတယ်။ အသက်မပြည့်​သေးတဲ့ ​ကျောင်းသားကို​တောင် မချန်ဘဲ လက်ရဲဇက်ရဲ လုပ်လာကြပါ​ပေါ့လား။ မင်းတို့ standard army ကြီး​တောင် မစွမ်း​ဆောင်နိုင်တဲ့ အရာကို ​သေနတ် ပစ်ခတ်တတ်ရုံ​လောက်သာ သင်ကြား​ပေးပြီး လူငယ်လူရွယ်များစွာကို "သတ်ကွင်း" ထဲ ဇွတ်တွန်းပို့နေကြတယ်။ 

 

"အသက်​လောက် တန်ဖိုးရှိတာ၊ ဘာမှ မရှိဘူး" ဆို။ အခု​တော့ နိုင်ငံရဲ့ အနာဂတ် အင်အား​တွေဖြစ်တဲ့ လူငယ်​တွေကို ​သေတွင်းထဲ ပို့​နေတာဟာ ယုတ်မာလွန်းပါတယ်ကွာ။ လူတိုင်းမှာ မိသားစုဆိုတာ ရှိတယ်ကွ။ 

 

ဒီမှာ မင်း​မြေး​လေး နှလုံး​ရောဂါသည်ကျ​တော့ အိန္ဒိယက နှလုံးခွဲစိတ်အထူးကု ဆရာဝန်ကို အထူး​လေယာဥ်နဲ့ သီးခြား ပင့်ဖိတ်ပြီး ကုသ သတဲ့။ ​သေတာပါပဲ။ ပြီး​တော့ မင်း​ပြောခဲ့တာပါပဲ။ "အသက်​လောက် တန်ဖိုးရှိတာ၊ ဘာမှ မရှိဘူး" ဆို။ အခု​တော့ နိုင်ငံရဲ့ အနာဂတ် အင်အား​တွေဖြစ်တဲ့ လူငယ်​တွေကို ​သေတွင်းထဲ ပို့​နေတာဟာ ယုတ်မာလွန်းပါတယ်ကွာ။ လူတိုင်းမှာ မိသားစုဆိုတာ ရှိတယ်ကွ။ ဒါကို မင်း လုံးဝ မစာနာဘူး။ ဒါ့အပြင် အခု တိုက်​နေရတဲ့ တိုက်ပွဲ​တွေက နိုင်ငံအတွက်လည်း မဟုတ်ဘူး။ မင်းအာဏာ တည်မြဲ​ရေး ကိုယ်ကျိုးအတွက်ပဲ။ မင်း​လောက် ယုတ်မာတာ ကမ္ဘာမှာ မင်းတ​ယောက်သာ ရှိမယ် ထင်ပါရဲ့။ 

 

အခုလည်း လုပ်ချလိုက်ပြန်ပြီ။ ပြည်သူ့လုံခြုံ​ရေး ကွပ်ကဲမှု​ကော်မတီတဲ့။ အသက် ၃၅ နှစ်က​နေ ၆၅ နှစ်အတွင်း ပါဝင်ကြရမတဲ့။ စစ်သင်တန်း တလ တက်ရမတဲ့။ ​ငွေတသိန်း ​​ထောက်ပံ့မတဲ့။ ​နောက် တာဝန် ထမ်း​ဆောင်​နေစဥ်လည်း ​နေ့တွက်စရိတ် ၆၈၀၀ ကျပ် ​ပေးမတဲ့။ တစ်ရွာ၊ တစ်ရပ်ကွက်ကို ဆယ်​ယောက်နှုန်း ပါဝင်ကြရမတဲ့။ ပါဝင်တဲ့သူ​တွေကို ​ထောက်ပံ့ဖို့ မပါဝင်တဲ့ အိမ်ထောင်စု​တွေက ပံ့ပိုး​ငွေ ထည့်ဝင်ကြရမတဲ့။ ပါဝင်တဲ့သူ​တွေကို လက်နက်လည်း ​ထောက်ပံ့​ပေးမတဲ့။ ပြည်သူကို ပြည်သူချင်း အုပ်ချုပ်ထိန်းကွပ်ခိုင်းမယ့် သ​ဘောပါပဲ။ ​အောင်မြင်မလား ဆိုတာ လုပ်ကြည့်လိုက်ပါ။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဆိုတာ ကြား​ယောင်မိပါ​​သေး။

 

NLD အစိုးရလက်ထက် စီးပွား​ရေးအကြံ​ပေးအဖြစ် ​ဆောင်ရွက်သွားတဲ့ စီးပွား​ရေးပညာရှင် မစ္စတာ​ရှောင်တာနယ်က​တော့ မင်းဦး​ဆောင်တဲ့ သုံးနှစ်တာကာလအတွင်း ​ငွေ​ကြေးတန်ဖိုး ၈၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်တဲ့။ 

 

ဒီမှာ ​ဟေ့​ကောင်​ရေ မင်းက​တော့ အရှက်မရှိ၊ မင်းဦး​ဆောင်မှု စီးပွား​ရေးက နှစ်စဥ်လိုလို ၃ ရာခိုင်နှုန်း​လောက် တိုးတက်လာတယ်လို့ ​ပြော​နေတာ။ NLD အစိုးရလက်ထက် စီးပွား​ရေးအကြံ​ပေးအဖြစ် ​ဆောင်ရွက်သွားတဲ့ စီးပွား​ရေးပညာရှင် မစ္စတာ​ရှောင်တာနယ်က​တော့ မင်းဦး​ဆောင်တဲ့ သုံးနှစ်တာကာလအတွင်း ​ငွေ​ကြေးတန်ဖိုး ၈၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်တဲ့။ စီးပွားတိုးတက်မှုနှုန်းကလည်း ၅၀ ရာခိုင်နှုန်း ကျဆင်းပါသတဲ့။ ကိုင်း မင်းစကားနဲ့ ​ရှောင်တာနယ်စကားက အ​ရှေ့နဲ့အ​နောက် ​တောင်နဲ့​မြောက်လို ​ဖြောင့်​ဖြောင့်ချည်း ဆန့်ကျင်​နေပါ​ပေါ့လား။ မင်းက အကြမ်းဖက်သမား၊ ​ဟိုက စီးပွား​ရေးပညာရှင်။ ဒီ​တော့ မင်းစကားကို ယုံကြည်တယ် ဆိုရင်​တော့ ​ခွေး​ပြော ​ခွေးယုံပဲ ဖြစ်​တော့မ​ပေါ့ကွာ။ တို့က​တော့ ​ခွေးအဖြစ် မခံနိုင်​ပေါင်။

 

လက်​တွေ့အ​နေအထားမှာလည်း ​ငွေလဲလှယ်နှုန်းက အ​မေရိကန် တ​ဒေါ်လာကို မြန်မာကျပ် ၆၀၀၀ ​ကျော်၊ ​ရွှေတစ်ကျပ်သားကို သိန်း ၇၀ ​ကျော် ၈၀ ဝန်းကျင်။ လက်ဖက်ရည်တစ်ခွက် ၁၅၀၀ ကျပ်ဝန်းကျင်၊ မုန့်ဟင်းခါးတစ်ပွဲ ၁၅၀၀ ကျပ်ဝန်းကျင်၊ ကန်စွန်းရွက်တစ်စည်း ၁၀၀၀ ကျပ်။ 

 

မင်း ဦး​ဆောင်လို့ ကမ္ဘာမှာ ထိပ်​ရောက်ခဲ့တာဆိုလို့ မူးယစ်​ဆေးဝါး ထုတ်လုပ်မှုမှာ အာဖဂန်နစ္စတန်ကို ​ကျော်တက်ပြီး နံပါတ် ၁ ဖြစ်ခဲ့တာရယ်၊ ရာဇဝတ်မှု ဖြစ်ပွားနှုန်းမှာ ကိုလံဘီယာကို ​ကျော်ပြီး နံပါတ် ၁ ဖြစ်ခဲ့တာရယ် ရှိတယ် မဟုတ်လား။

 

မင်း ဦး​ဆောင်လို့ ကမ္ဘာမှာ ထိပ်​ရောက်ခဲ့တာဆိုလို့ မူးယစ်​ဆေးဝါး ထုတ်လုပ်မှုမှာ အာဖဂန်နစ္စတန်ကို ​ကျော်တက်ပြီး နံပါတ် ၁ ဖြစ်ခဲ့တာရယ်၊ ရာဇဝတ်မှု ဖြစ်ပွားနှုန်းမှာ ကိုလံဘီယာကို ​ကျော်ပြီး နံပါတ် ၁ ဖြစ်ခဲ့တာရယ် ရှိတယ် မဟုတ်လား။ မင်းအတွက် ကြံဖန်ပြီး ဂုဏ်ယူ​လောက်စရာ ရှာပြလိုက်တာပါကွာ။ ဘာပဲဖြစ်ဖြစ် မင်းက​တော့ စာနာမှု ကင်းမဲ့တဲ့ ယုတ်မာသူပီပီ နိုင်ငံနဲ့ပြည်သူ ဘာ​တွေဖြစ်ဖြစ် မင်းရဲ့အာဏာ မစွန့်လွှတ်​ရေးကိုပဲ အစွမ်းကုန် လုပ်​တော့မှာ ဖြစ်တယ်။ ဘယ်သူ ​ပြော​ပြော​ဟော​ဟော ​ပြောတဲ့​ဟောတဲ့သူ​တွေသာ စိတ်ပျက်သွား​စေရမယ်၊ မင်းရဲ့မိုက်ဇာတ်က​တော့ သိမ်း​တော့မယ် မထင်ဘူး။

 

ဘာလို့လဲ ဆို​တော့ မင်းက လမ်းဆုံး​နေပြီ​လေ။ ထွက်​ပြေးမလား၊ ကြိုးစင် တက်မလား ဆိုတဲ့ လမ်းနှစ်သွယ်ပဲ ရှိ​တော့တယ်​လေ။ ဒီ​တော့ တို့ပြည်သူ​တွေအ​နေနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ လက်တကမ်းအကွာမှာသာ ရှိ​တော့တဲ့ စစ်အာဏာရှင် အမြစ်ပြတ်​ရေး ​တော်လှန်​ရေးကို နိုင်ငံ​တော် အနာဂတ်အတွက် လူငယ်​တွေရဲ့ အနာဂတ်အတွက် ​အောင်ပန်း ဆွတ်ခူးနိုင်​အောင် ကြိုးစားလိုက်ကြစို့ရဲ့ ...။ 

အ​ရေး​တော်ပုံ ​မုချ အောင်ရမည်။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။