ဟေ့ကောင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ မင်းကို ဖြစ်ရပ်လေး တခု ပြောပြရအုံးမယ်။ ဒီလိုကွ၊ တခါကပေါ့ကွာ၊ တောင်သူတစ်ဦးဟာ သူ့ရဲ့ ခိုင်းနွားတကောင် လက်ကျိုးသွားလို့ တိရစ္ဆာန်ဆေးကု ဆရာဝန် သွားပင့်သတဲ့။ ဆရာဝန်ကလည်း အပြင်ကို သွားဖို့ ဆိုင်ကယ်နဲ့ ထွက်အလာ အိမ်ခြံဝ အပေါက်မှာ တွေ့ဆုံမိကြရော။ "ဘာကိစ္စလဲ" ပေါ့။ "ကျုပ်ရဲ့ နွား လက်ကျိုးသွားလို့ ဆရာ့ကို လာပင့်တာပါ"။ "ဘယ်လို ဖြစ်ပြီး လက်ကျိုးသွားတာလဲ"။ "ကြပ်ခိုးစင်ပေါ်က ကြွက်ကို တက်ခုတ်လို့ ပြုတ်ကျပြီး လက်ကျိုးသွားတာပါ"၊ "ဟာဗျာ ခင်ဗျားနွားက နွားအလုပ် မဟုတ်ဘဲ ကြောင်အလုပ် သွားလုပ်တော့ လက်ကျိုးတာတောင် နည်းသေးတယ်။ ဒါပေမဲ့ ကျုပ်လည်း လောလောဆယ် မအားသေးဘူး။ ပါတီယူနစ် အစည်းအဝေး ရှိလို့ သွားရအုံးမယ်၊ ပြန်လာမှ လာခဲ့မယ်" ဆိုပြီး ဆိုင်ကယ်ကို ဗျင်းခနဲ စီးပြီး ထွက်သွားပါရော။
ဆိုလိုချင်တာကတော့ကွာ။ နွားကလည်း နွားအလုပ် မလုပ်ဘဲ ကြောင်အလုပ် လုပ်၊ ဆရာဝန်ကလည်း ကိုယ့်အလုပ် မလုပ်ဘဲ နိုင်ငံရေးအလုပ် သွားလုပ်နေတော့ အဆင်ပြေ ချောမွေ့ရမယ့် ဖြစ်စဥ်ကြီးဟာ ကမောက်ကမ ဖြစ်၊ ဗလာချာရမ်းပြီး ဖြစ်ချင်တာတွေ ဖြစ်ပျက်ကုန်တာပေါ့ကွာ။
ကိုယ့်တာဝန် ကျေပွန်အောင် မထမ်းဆောင်ဘဲ မတန်မရာ လက်နက်အားကိုးနဲ့ နိုင်ငံတော် အာဏာကို မတရား သိမ်းယူထားပြီး ဝန်ကြီးချုပ်ရာထူး ရယူထားရုံမက ယာယီ သမ္မတ (တာဝန်)ကိုပါရယူထားလိုက်တော့ နွားက ကြွက်ခုတ်တဲ့အလုပ်ကို လုပ်သလို ဖြစ်မနေဘူးလား။
အခုလည်း မင်းတို့ လက်နက်ကိုင် စစ်တပ်ဆိုတာ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ အဖွဲ့အစည်း မဟုတ်လားကွ။ ဒါကို ကိုယ့်တာဝန် ကျေပွန်အောင် မထမ်းဆောင်ဘဲ မတန်မရာ လက်နက်အားကိုးနဲ့ နိုင်ငံတော် အာဏာကို မတရား သိမ်းယူထားပြီး ဝန်ကြီးချုပ်ရာထူး ရယူထားရုံမက ယာယီ သမ္မတ (တာဝန်)ကိုပါရယူထားလိုက်တော့ နွားက ကြွက်ခုတ်တဲ့အလုပ်ကို လုပ်သလို ဖြစ်မနေဘူးလား။ ဒီတော့ လက်ကျိုးရတယ် ဆိုတာ ဆန်းကြယ်တဲ့ ဖြစ်ရပ် မဟုတ်ပေဘူး။
ဒါကိုမှ အမှတ်မရှိဘဲ မိုက်မိုက်ကန်းကန်း ကြွက်ခုတ်တဲ့ အလုပ် ဆက်လုပ်နေအုံးမယ် ဆိုရင် လက်ပါမက ခြေထောက်တွေပါ ကျိုးကုန်မယ် ဆိုတာ အသေအချာပဲ။ နောက်ဆုံး ရလဒ်ကတော့ သုံးစားမရတဲ့ နွားတွေဟာ သားသတ်ရုံမှာ နိဋ္ဌိတံသွားကြပေလိမ့်မယ်။
တကယ်တော့ ဒီနိုင်ငံမှာ နွားအလုပ်မဟုတ်တဲ့ ကြွက်ခုတ်အလုပ် လုပ်ခဲ့ကြတာ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ မင်းက အခုမှ ပထမဦးဆုံး စွန့်ဦးတီထွင်ခဲ့တာ မဟုတ်ပါဘူး။ မင်းအဘ ဗိုလ်နေဝင်းက ၁၉၆၂ ခုနှစ်ကတည်းက အစပြုခဲ့တာပါ။ နှစ်ပေါင်း ၆၀ တောင် ကျော်လာပေါ့။ အဦး ပထမနဲ့ တို့ ပြည်သူတွေဟာ မင်းတို့ရဲ့ စစ်အာဏာရှင်တွေ ကြီးစိုး လွှမ်းမိုးမှုကို လက်မခံကြပါဘူး။ ဆဲလ်ဗင်းဂျူလိုင် အရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ကျွန်းဆွယ်အရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်း တို့ဟာ သက်သေခံ ပြယုဂ်တွေပေါ့။ ဒါပေမဲ့ အရေအတွက်ကနေ အရည်အချင်းတရပ်ကို မပြောင်းလဲနိုင်ခဲ့ဘူး။
စစ်အာဏာရှင်တွေဟာ သက်ဇိုး ရှည်ကြာလာတာနဲ့အမျှ ၁၀ တန်းအောင်ပြီး တက္ကသိုလ် ဆက်တက်ဖို့ ကျောင်းစရိတ်မတတ်နိုင်လို့ စာတိုက်စာရေးလေး ဝင်လုပ်ခဲ့ရတဲ့ ဗိုလ်နေဝင်းသာ သန်းကြွယ်သူဌေး ဖြစ်သွားတယ်။ နိုင်ငံကတော့ ဒေဝါလီ ခံလိုက်ရရော။
အဲဒီမှာ စစ်အာဏာရှင်တွေဟာ သက်ဇိုး ရှည်ကြာလာတာနဲ့အမျှ ၁၀ တန်းအောင်ပြီး တက္ကသိုလ် ဆက်တက်ဖို့ ကျောင်းစရိတ်မတတ်နိုင်လို့ စာတိုက်စာရေးလေး ဝင်လုပ်ခဲ့ရတဲ့ ဗိုလ်နေဝင်းသာ သန်းကြွယ်သူဌေး ဖြစ်သွားတယ်။ နိုင်ငံကတော့ ဒေဝါလီ ခံလိုက်ရရော။ ဒီတော့ စစ်အာဏာရှင်တွေဟာ သူတို့ အာဏာ တည်မြဲရေး အတွက် ငွေစက္ကူတွေကို တရားဝင် ဓါးပြတိုက် ယူလိုက်တယ်။ တောင်သူလယ်သမားတွေရဲ့ မြေခွန်ကိုလည်း ငွေကြေးအစား သီးနှံခွန်တွေ ကောက်ယူလိုက်ကြတယ်။ ပြည်သူတရပ်လုံး မခံမရပ်နိုင်တဲ့ အဆုံး သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရတယ်။ ဗိုလ်နေဝင်းလည်း "စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် တည့်တည့်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး လှန့်တာ ခြောက်တာ မလုပ်ဘူး" လို့ ခြိမ်းခြောက်ပြီး ဆင်းပြေးရရော။
ဒါပေမဲ့ ဗိုလ်စောမောင်က ကြွက်ခုတ်အလုပ်ကို ဆက်လက် တာဝန်ယူခဲ့တယ်။ "အိမ်စောင့်အစိုးရ သဘောမျိုးပဲ၊ ရွေးကောက်ပွဲ လုပ်ပေးပြီး အနိုင်ရသူကို အာဏာအပ်ကာ စစ်တန်းလျား ပြန်မယ်" လို့ ဆိုလိုက်တော့ ကြွက်မခုတ်တဲ့ နွားကို နောက်ကနွားတွေက ဝှေ့ထုတ်လိုက်ကြတယ်။ အဲဒီမှာ နိုင်ငံရဲ့ သယံဇာတတွေ၊ သစ်တောတွေကို စည်းမရှိ ကမ်းမရှိ ခုတ်လှဲ တူးဆွယူငင်ကြပြီး ဒင်းတို့ စစ်အာဏာ တည်မြဲရေးကို ကျားကန်ခဲ့ကြတယ်။ နောက်ဆုံးတော့ ကောက်ကျစ် ယုတ်မာလှတဲ့ ဗိုလ်သန်းရွှေဟာ နိုင်ငံ တည်တံ့သမျှ စစ်အာဏာရှင် သက်ဇိုးရှည် လွှမ်းမိုးစေတဲ့ ၂၀၀၈ ခြေ/ဥကြီး ပြဋ္ဌာန်းပြီး ထွက်ခွာသွားတယ်။
ဒင်းတို့ အသိုင်းအဝိုင်းက အာဏာရှိစဥ်သာ လူရာသွင်းကြတယ်လေ။ အာဏာမရှိတော့ရင် တိုင်အမှတ်နဲ့တောင် နှပ်သုတ်ကြတော့တာမှ မဟုတ်ကြတာကလား။ ဒီတော့ အရှက်မရှိ ကိုယ့်အရည်အချင်းကို ကိုယ်မသိဘဲ သမ္မတရာထူးပေးဖို့ မင်းက တောင်းဆိုခဲ့သေးတယ် ဆို။
ဒင်းတို့ ကိုယ်စား ဘောင်းဘီချွတ်သိန်းစိန် အစိုးရကလည်း သက်တမ်းတခုသာ အာဏာ တည်မြဲခဲ့တယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတော့ နောက်တက်လာမယ့် အစိုးရ အခက်အခဲ အနှေင့်အယှက်တွေ ဖြစ်ကျန်အောင် လုပ်ဆောင်ချက်တွေ၊ ဥပဒေပြဋ္ဌာန်းမှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့တယ်။ သုံးလခံ အစိုးရလို့လည်း စကားတွတ်ထိုး ဆိုခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ထက် အရည်အချင်း ရှိတဲ့ သူတွေ ဆိုတော့ သက်တမ်းအတွင်း နိုင်ငံကို ကောင်းမွန်အောင် အုပ်ချုပ်နိုင်စွမ်း ရှိတဲ့အပြင် နိုင်ငံကိုလည်း တစုံတခု အတိုင်းအတာထိ တိုးတက်အောင် လုပ်ဆောင်ပြနိုင်ခဲ့တယ်။ ဒါကြောင့် ၂၀၂၀ ခုနှစ် တတိယအကြိမ် အထွေထွေရွေးကောက်ပွဲမှာလည်း သောင်ပြို ကမ်းပြိုထိ အောင်မြင်မှု ရရှိခဲ့တာ ဖြစ်တယ်။
အဲဒီမှာ သိန်းစိန်လက်ထက်က ၁၀ နှစ် ထပ်တိုးခဲ့တဲ့ ကာချုပ်ရာထူးက သက်တမ်း ကုန်တော့မယ်။ ဒင်းတို့ အသိုင်းအဝိုင်းက အာဏာရှိစဥ်သာ လူရာသွင်းကြတယ်လေ။ အာဏာမရှိတော့ရင် တိုင်အမှတ်နဲ့တောင် နှပ်သုတ်ကြတော့တာမှ မဟုတ်ကြတာကလား။ ဒီတော့ အရှက်မရှိ ကိုယ့်အရည်အချင်းကို ကိုယ်မသိဘဲ သမ္မတရာထူး ပေးဖို့ မင်းက တောင်းဆိုခဲ့သေးတယ် ဆို။ ဒါပေမဲ့ ဟိုက တည်သီးလား၊ ထန်းလျက်လား ဆိုတာကို ခွဲခြမ်း သိကြတဲ့သူတွေ ဆိုတော့ ကန်တော့ဆွမ်းလိုက်ကြဟန် တူပါရဲ့။ အဲဒီမှာ မင်းက ဗိုလ်နေဝင်း ဗိုလ်သန်းရွှေတို့နဲ့ ခွာရာ လိုက်တိုင်းပြီး ဉာဏ်လေး တထွာတမိုက်နဲ့ ဆင်ခြင်တုံမဲ့ ရူးမိုက်စွာ အာဏာသိမ်းလိုက်တော့ မင်းသားဖြစ်လေမလားလို့ ဇာတ်ထဲ လိုက်မိပါတယ်၊ နှဲကြီး တက်နင်းမိလို့ လျော်ရကိန်း ဆိုက်သူလို ဖြစ်နေရှာရော့ပါလား မ.အ.လရေ ...။
ဟုတ်တယ်လေ၊ ခုဆို မင်း အာဏာသိမ်းခဲ့တာ ၃ နှစ်ကျော်ခဲ့ပြီ။ ၂ နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ အဲဒီကတဆင့် သမ္မတရာထူး ရယူမယ် ဆိုတဲ့ စိတ်ကူးယဥ် အိပ်မက်တွေလည်း လွင့်ပြယ်စပြုပြီ မဟုတ်လား။ မနက်ဖြန် ထွက်ပြေးရမလား၊ သန်ဘက်ခါပဲ ကြိုးစင်တက်ရမလား ဆိုတဲ့ အတွေးနဲ့ ပူပန်နေရပြီ မဟုတ်လား။ တကယ်တော့ မင်းရဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြီး အနေအထားနဲ့ ဒီနေ့ ပြည်သူလူထုကြီးရဲ့ အနေအထားကို တွက်ချက်ခဲ့တဲ့ မင်းရဲ့ ဉာဏ်အမြော်အမြင် နည်းပါးမှု အကျိုးရလဒ်လို့ ဆိုရတော့မှာပေါ့ကွာ။
မင်းရဲ့ ချမ်းသာကြွယ်ဝမှုကလည်း ဗိုလ်သန်းရွှေကို ကျော်ပြီး နိုင်ငံမှာ နံပါတ်တစ် ဖြစ်သွားပြီတဲ့။ မင်းကအစ မင်းဝန်းကျင်က ဗိုလ်ချုပ်ကြီးတွေ အလယ်၊ အရာရှိ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေ အဆုံး ဘယ်ကောင်မှ တိုင်းပြည်ကို ချစ်မြတ်နိုးကြလို့၊ ကာကွယ်ချင်ကြလို့၊ ပြည်သူ့အကျိုး ဆောင်ချင်ကြလို့ စစ်မှုထမ်းနေကြတာ မဟုတ်ဘူး။
ဒီမှာ မ.အ.လရေ မင်းတို့ သုံးနှုန်းပြောဆိုနေတဲ့ တပ်မတော်ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြီးက အတွင်းလှိုက် ပျက်စီးနေတာ နှစ်ပေါင်း ၆၀ ကျော် ရှိပြီကွ။ ခုချိန်ထိ ဗိုလ်နေဝင်းရဲ့ မြေးတွေ ဘာမှမလုပ်ဘဲ ကြွယ်ဝချမ်းသာနေကြတာ ဘာကြောင့်လဲ၊ ရှင်းနေတာပဲကွ။ ဆင်ကောင်ကြီး တွေ့နေပြီးမှတော့ ဆင်ခြေရာ ရှာနေစရာ မလိုပါဘူးကွ။ သူတို့ဘိုးအေ ပြည်သူ့ဘဏ္ဍာတွေ ခိုးယူထားခဲ့တဲ့ အမွေတွေပဲပေါ့။ အဲဒီလိုပဲ သန်းရွှေရဲ့ မြေးလည်း ငွေကို လေလို သုံးဖြုန်းနေနိုင်တာ သူ့ဘိုးအေ ပြည်သူ့ဘဏ္ဍာတွေ ခိုးယူခဲ့တဲ့ အမွေပဲပေါ့ကွာ။
ဟော ခုဆို မင်းရဲ့ ချမ်းသာကြွယ်ဝမှုကလည်း ဗိုလ်သန်းရွှေကို ကျော်ပြီး နိုင်ငံမှာ နံပါတ်တစ် ဖြစ်သွားပြီတဲ့။ မင်းကအစ မင်း ဝန်းကျင်က ဗိုလ်ချုပ်ကြီးတွေ အလယ်၊ အရာရှိ ဗိုလ်မှူး ဗိုလ်ကြီးတွေ အဆုံး ဘယ်ကောင်မှ တိုင်းပြည်ကို ချစ်မြတ်နိုးကြလို့၊ ကာကွယ်ချင်ကြလို့၊ ပြည်သူ့အကျိုး ဆောင်ချင်ကြလို့ စစ်မှုထမ်းနေကြတာ မဟုတ်ဘူး။ လက်နက်ကိုင်ဆောင်ပြီး အာဏာတပဲသားလောက်ရရင် တရားဝင် မတရား လုပ်ကိုင်ခွင့်၊ ခိုးယူခွင့် ရှိနေကြလို့ပဲ။ ဘယ်အကောင် မင်းကအစ ဘယ်သူ တိုက်ပွဲအတွေ့အကြုံ ရှိပါသလဲ၊ ကိုင်း ပြော ...။
မင်းတို့ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲလာကြတော့ မင်းတို့ရဲ့ Standard Army ကြီးဟာ တိုက်တိုင်း ရှုံး၊ ခွေးပြေးဝက်ပြေး၊ အလံဖြူထောင် အဖွဲ့အစည်းကြီး ဖြစ်ပါပေါ့လား။
ခုတော့ မင်းတို့ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲလာကြတော့ မင်းတို့ရဲ့ Standard Army ကြီးဟာ တိုက်တိုင်း ရှုံး၊ ခွေးပြေးဝက်ပြေး၊ အလံဖြူထောင် အဖွဲ့အစည်းကြီး ဖြစ်ပါပေါ့လား။ မင်းတို့ အထက်ပိုင်းရဲ့ စီမံခန့်ခွဲ ကြီးကြပ် အမိန့်ပေးမှုတွေနဲ့ တိုင်းမှူး၊ ဗျူဟာမှူးတွေက တိုက်ပွဲဝင်နေကြရတာလေ။ နယ်မြေတွေ လက်လွှတ်ရ၊ စစ်ပွဲတွေ ရှုံးနိမ့်ကြတဲ့အခါ ကျတော့ ဟိုလူ့ လွှဲချ၊ ဒီလူ့ လွှဲချ၊ ဟိုလူ့ ဖြုတ်ထုတ်၊ ဒီလူ့ ဖမ်းချုပ် ဖြစ်ကရော။ ဒီလိုပုံနဲ့ မိုးကြီးချုပ်ကြလျှင်ဖြင့် အဘ အိမ်သို့ မပြန်နိုင် ဖြစ်တော့မှာပါပဲ။
နိဂုံးချုပ်ရရင်တော့ တတိယအကြီးဆုံး စစ်တိုင်းကြီး ကျရှုံးရသည်ထိ၊ မြို့နယ် ၁၀၀ နီးပါးထိ မင်း ကာချုပ်လက်ထက်မှာ ကြုံတွေ့ရတယ်။ ငါးတကာ ယိုတဲ့ ချေး ပုစွန်ဆိတ်ခေါင်း စု ဆိုသလို ဖြစ်သွားတာပေါ့ကွာ။ ပြောရရင်တော့ နိဒါန်းမှာ အစချီခဲ့သလို "နွားက နွားအလုပ်မလုပ်ဘဲ ကြွက်ခုတ်ကြလို့" ပါပဲ။ မင်းတို့ လက်နက်ကိုင် အဖွဲ့အစည်းက ကြွက်ခုတ်နေကြတဲ့ နွားတွေ။ ဒီတော့ ကိုယ် စိုက်ပျိုးခဲ့တာတွေကို ကိုယ့်ဘာသာပဲ ရိတ်သိမ်းကြပေတော့ ...။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။