Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အရေးကြီးပြီ သွေးစည်းကြစို့ (Opinion)

ဟေ့ကောင် အကြမ်းဖက်ခေါင်းဆောင် မအလရေ ... မင်းရဲ့အဖြစ်က ပြောရရင် လက်ဆစ်လေးတွေ ပြတ်နေပြီဖြစ်တဲ့ အနူက တူနဲ့မှစားချင်တယ် ဆိုသလိုဖြစ်နေပြီကွာ။ ကိုယ်ကဖြင့် လူရာ၀င်တဲ့ကောင် မဟုတ်ဘူး။ အိမ်ဦးလည်း တက်ထိုင်ချင်သေးရဲ့၊ ချေးလည်း ပါသေးရဲ့ ဆိုတဲ့ ကောင်။ ဒီတော့ မင်းကို ဘယ်သူက လက်ခံချင်လိမ့်မတုံး။ နို့ ပြည်သူတရပ်လုံးကတော့ အော့နှလုံးနာကြမှ နာ။ နာဆို မင်းတို့ အကြမ်းဖက် အဖွဲ့ အစည်းက လက်နက်အားကိုးနဲ့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းတွေကို သတ်ဖြတ်၊ မီးရှို့ ဖျက်ဆီးနေကြတာကိုးကွ။

 

တကယ်တော့ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်ဆိုတာ လမ်းဘေးက သူတောင်းစားတောင် လုပ်ကိုင်နိုင်ပါတယ်ကွာ။ ဘာမှ ဂုဏ်ယူမာန်တက်စရာ အကြောင်းမရှိပါဘူး။ ရှက်တတ်ကြမယ်ဆိုရင် ရှက်စရာ ကောင်းပါသေးရဲ့။

 

လက်တွေ့အနေအထားမှာတော့ ခေတ်မီ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ မဆိုထားဘိ၊ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ မူအရ တူမီးသေနတ်လောက်သာ ကိုင်ဆောင်ပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ PDF တွေကိုတောင် ငြိမ်ဝပ်ပိပြားသွားအောင် နှိမ်နင်းနိုင်ခဲ့လို့လား။

 

မင်းက ကာကွယ်ရေးဦးစီးချုပ်နေရာ ယူထားတဲ့ကောင်။ ကျနော့်မှာ နှစ်လေးဆယ်ကျော် ဖြတ်သန်းလာတဲ့ အတွေ့အကြုံ ရှိပါတယ်လို့ ကြွားလုံးက ထုတ်လိုက်သေး။ ဒါပေမဲ့ လက်တွေ့အနေအထားမှာတော့ ခေတ်မီ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ မဆိုထားဘိ၊ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ မူအရ တူမီးသေနတ်လောက်သာ ကိုင်ဆောင်ပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ PDF တွေကိုတောင် ငြိမ်ဝပ်ပိပြားသွားအောင် နှိမ်နင်းနိုင်ခဲ့လို့လား။ ကာကွယ်ရေးဦးစီးချုပ်နေရာ ရခဲ့တာ အရည်အချင်းကြောင့် မဟုတ်ဘဲ၊ အကပ်အရပ်ကြောင့် အဖားအရားကြောင့် ရရှိခဲ့တယ်ဆိုတာ ဖြစ်နိုင်လောက်ရဲ့။

 

အဲဒီလို စိုင်ကော်လို့ ချုံပေါ်ရောက်ခဲ့တဲ့ ကောင်က လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး ၀န်ကြီးချုပ်ရာထူး ရယူထားတဲ့အပြင် ခုဆို ယာယီသမ္မတ (တာ၀န်) ဆိုတာကိုပါ ရယူလိုက်တော့ ပိုပြီး ဘလယ်ချီးနှမ်း အရူးချေးပန်းတွေ ဖြစ်ကုန်တာပေါ့ကွာ။ ခုတော့ သမိုင်းအစဉ်အလာ ကြီးမားတယ်ဆိုပြီး ဒင်းတို့ ဂုဏ်ယူနေတဲ့ တတိယအကြီးဆုံး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရ.မ.ခ) ကြီး ကျရှုံး လက်လွှတ်လိုက်ရပြီလေ။ အဲဒီမှာ ပြာယာတွေ ခတ်ပြီး ရင်တုန်ပန်းတုန်နဲ့ စကားထွက်ပြောလာရတယ်။ ထိုင်နေ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလို ဖြစ်ကရော။

 

ဒင်း အာဏာသိမ်းပြီးတဲ့နောက်မှာ အပြစ်မဲ့ပြည်သူ ခြောက်ထောင်ကျော်လည်း အသတ်ခံကြရတယ်။ နှစ်သောင်းကျော်လည်း ဖမ်းဆီးခြင်းခံထားရတယ်။ အိုးအိမ်ပေါင်း တစ်သိန်းကျော်လည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ကြရတယ်။ ဒါပေမဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးဆိုတဲ့ တော်လှန်ရေး အရှိန်အဟုန်ဟာ ရပ်တန့်သွားပါသလား။

 

သိကြတဲ့အတိုင်း ဒင်း အာဏာသိမ်းပြီးတဲ့နောက်မှာ အပြစ်မဲ့ပြည်သူ ခြောက်ထောင်ကျော်လည်း အသတ်ခံကြရတယ်။ နှစ်သောင်းကျော်လည်း ဖမ်းဆီးခြင်းခံထားရတယ်။ အိုးအိမ်ပေါင်း တစ်သိန်းကျော်လည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ကြရတယ်။ ဒါပေမဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးဆိုတဲ့ တော်လှန်ရေး အရှိန်အဟုန်ဟာ ရပ်တန့်သွားပါသလား။ ပိုလို့ ပိုလို့တောင် အားကောင်းမောင်းသန် ဖြစ်လာကြတာ တွေ့ကြရတယ်။ ခုဆို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ဖြစ်ကြတဲ့ KIA ၊ ရှမ်းမြောက်ညီနောင်မဟာမိတ်သုံးဖွဲ့ MNDAA, TNLA, AA တို့၊ အာရက္ခတပ်တော် AA ၊ ကရင်၊ ကရင်နီ၊ ချင်းတို့ဟာ PDF ​တွေရဲ့ အင်အား​ကြောင့် သူတို့ပိုင်ဆိုင်တဲ့ နယ်​မြေ​တွေကို ချဲ့ထွင်စိုးမိုးလာနိုင်ကြတယ်လို့ ​ပြောမယ်ဆိုရင်လည်း ရတယ်။ 

 

PDF ​တွေအ​နေနဲ့လည်း စဥ့်ကူး၊ သပိတ်ကျင်း၊ ​ကောလင်း၊ ပင်လည်ဘူး၊ ကနီ၊ ဟုမ္မလင်း တို့ဘက်မှာ စိုးမိုးလာနိုင်တာ ​တွေ့ရတယ်။ မြိုင်၊ ​မြောင်တို့ဘက်က PDF ​တွေလည်း ​ပေါင်းစည်းမိကြပြီ။ မြင်းခြံ၊ နွားထိုးဘက်က တိုက်ပွဲသတင်း​တွေလည်း ခပ်စိပ်စိပ် ကြားလာ​နေရပြီ။ ဒါကို ဒင်းတို့အ​နေနဲ့​တော့ အန္တိမရည်မှန်းချက်ဟာ ​ရွေး​ကောက်ပွဲကျင်းပနိုင်​ရေးလို့ ​ပြော​နေတုန်းပါပဲ။ အဲဒီအချက်ကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်အဖွဲ့အစည်းဟာ ဖြစ်​ပေါ်​နေတဲ့ အ​နေအထားနဲ့ ပြည်သူ​တွေရဲ့ သ​ဘောထားကို မသိကျိုးကျွံပြုထားတာဟာ ထင်ရှားလွန်း​နေတယ်။

 

နိုင်ငံနဲ့ပြည်သူ့အ​ရေးကို လုံးဝ စဥ်းစား​တော့ဟန် မတူပါဘူး။ ဒါ​ကြောင့်လည်း လက်လွှတ်လိုက်ရတဲ့ မြို့​တွေကို ရက်ရက်စက်စက် ဗုံးကြဲ​နေကြတာ​ပေါ့။ ​လေ​ကြောင်းပစ်ကူဆိုတာကလည်း နယ်​မြေ ပြန်လည်စိုးမိုး​ရေးထက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ အကျိုးစီးပွား ပျက်စီး​ရေးကိုသာ ဖြစ်​စေဖို့ ရည်ရွယ်ထားကြတာပါ။

 

ဒင်းတို့ဟာ ဒင်းတို့အာဏာ တည်မြဲ​ရေးတခုတည်းကိုသာ ​ရှေ့ရှု​နေတယ်။ နိုင်ငံနဲ့ပြည်သူ့အ​ရေးကို လုံးဝ စဥ်းစား​တော့ဟန် မတူပါဘူး။ ဒါ​ကြောင့်လည်း လက်လွှတ်လိုက်ရတဲ့ မြို့​တွေကို ရက်ရက်စက်စက် ဗုံးကြဲ​နေကြတာ​ပေါ့။ ​လေ​ကြောင်းပစ်ကူဆိုတာကလည်း နယ်​မြေ ပြန်လည်စိုးမိုး​ရေးထက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ အကျိုးစီးပွား ပျက်စီး​ရေးကိုသာ ဖြစ်​စေဖို့ ရည်ရွယ်ထားကြတာပါ။ ဒါကို ဒင်းတို့က တစိုက်မတ်မတ် လုပ်​ဆောင်​နေကြတယ်။ အဲဒီလို စစ်​ရေးအဆုံးအဖြတ်သာ အဓိကလို့ နားလည်ထားပြီး နိုင်ငံ​ရေးနားမလည်တဲ့ အကြမ်းဖက်အဖွဲ့အစည်းအ​နေနဲ့ အာဏာတည်မြဲ​ရေးဆိုတာ မဖြစ်နိုင်​တော့ပါဘူး။ ကျိန်း​သေ ကျဆုံးမယ့်လမ်းသာ ရှိပါ​တော့တယ်။

 

ဒီမှာ ဒင်း စကား​ထွက်​ပြောပြီး ​နောက်ရက်မှာ တရုတ်ကိုယ်စားလှယ် ချက်ချင်း ​ရောက်ရှိလာတယ်။ ဒင်းရဲ့အ​ပြောအဆို​တွေကို လုံးဝ လက်မခံနိုင်​တော့ဘူး ဆိုတဲ့ ပြယုဂ်လို့ပဲ ဆိုရမှာ​ပေါ့။ ဒင်းက ရှမ်း​မြောက်မဟာမိတ်သုံးဖွဲ့ကို ဘယ်သူ​တွေက ပံ့ပိုး​ထောက်ကူ​နေသလဲ၊ ပြည်သူတရပ်လုံးအ​နေနဲ့ ဆန့်ကျင်သွားကြဖို့ လိုအပ်တယ်လို့ ​​ပြောသွားတာကိုး။ ပြီး​တော့ သူတို့ရဲ့အကျိုးစီးပွားဖြစ်တဲ့ တ​ကောင်းမြို့က နီကယ်စက်ရုံကို အကြမ်းဖက်အဖွဲ့အစည်းက ကာကွယ်မှုမ​ပေးနိုင်ခဲ့ဘူး​လေ။

 

ခုဆို တရုတ်မြို့​တော်လို ဖြစ်​နေပြီဖြစ်တဲ့ မန္တ​လေးမြို့ကို ခြိမ်း​ခြောက်ခံ​နေရပြီ။ ခံစစ်ပြင်ဆင်​နေတာလည်း တကယိ့ကို ရုပ်ပျက်ဆင်းပျက်။

 

ဒါ့အပြင် တရုတ်နိုင်ငံက ဖိတ်ကြားလို့ သွား​ရောက်ခဲ့တဲ့ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီဆိုတဲ့အ​ကောင်က ရုရှားသံတမန်တ​ယောက်ကို ဖြစ်​ပေါ်​နေတဲ့ အကြမ်းဖက် အဖွဲ့အစည်း​တွေကို နှိမ်နင်းဖို့ အကူအညီ​တောင်းလိုက်တယ် ဆိုပဲ။ ဒီမှာ တရုတ်ကြီးက အကြီးအကျယ် တင်းသွားပြီ​ပေါ့။ ဘဦးလို ​ရေမကူးတတ်ဘဲ ​လှေနံနှစ်ဖက် နင်းချင်တဲ့​ကောင်​တွေ မကြာခင် ​ရေနစ်ကြ​တော့မှာ ​သေချာရဲ့။ ခုဆို တရုတ်မြို့​တော်လို ဖြစ်​နေပြီဖြစ်တဲ့ မန္တ​လေးမြို့ကို ခြိမ်း​ခြောက်ခံ​နေရပြီ။ ခံစစ်ပြင်ဆင်​နေတာလည်း တကယိ့ကို ရုပ်ပျက်ဆင်းပျက်။

 

မ​ပြောနိုင်ဘူး​လေ၊ တတိယအကြီးဆုံးဆိုတဲ့ (ရ.မ.ခ)​တောင် ကျဆုံးသွားပြီပဲ။ မန္တ​လေးရဲ့ မနက်ဖြန်ဆိုတာလည်း မ​သေချာ၊ မ​ရေရာ​တော့။ အဲဒီမှာ တခြား ကျရှုံးမြို့​တွေလို ဗုံးကြဲကြည့်လိုက်ပါလား။ ဒင်းတို့ ထွက်​ပြေးဖို့ စိတ်ကူးထားတဲ့ က​မ္ဘောဒီးယားတံခါးကြီးက "ဂျိုင်းခနဲ" ပိတ်သွား​ပေလိမ့်မယ်။ ​ပြေးစရာ ​​မြေမရှိ​တော့။ ​သောင်ပြင်လွှတ်တဲ့ ​ခွေးတအုပ်ကို မြင်​ယောင်မိပါ​သေးရဲ့။

 

၂၀၂၅ မှာ ကျင်းပမယ်ဆိုတဲ့ ​ရွေး​ကောက်ပွဲက​တော့ နိုင်ငံတည်ငြိမ်​အေးချမ်းမှ ကျင်းပမယ်ဆိုတဲ့ထိ ဇာတ်​မျောသွားရှာပါပြီ။ ဆိုလိုချင်တာက​တော့ လူယုတ်မာ အကြမ်းဖက်​ခေါင်း​ဆောင် မအလ ဒင်း မပြုတ်မချင်း ​ရွေး​ကောက်ပွဲ မပြုလုပ်​တော့ဘူးဆိုတဲ့ သ​ဘောပါပဲ။ 

 

ဒီမှာ ဒင်းက မဖြစ်စ​လောက် ဉာဏ်အ​မြော်အမြင်​လေးနဲ့ နိုင်ငံတွင်းမှာ ဘာမှ မဖြစ်သ​ယောင် ဆိုက​ရေးတီးပွဲလည်း ကျင်းပသွားအုံးမတဲ့။ ဒီဇင်ဘာအားကစားပွဲ​တော်ကြီးလည်း စည်ကားသိုက်မြိုက်​အောင် ကျင်းပသွားအုံးမတဲ့။​ ​အေး​အေး​ဆေး​ဆေး သာသာယာယာ​ပေါ့​လေ။ ဒါ​ပေမဲ့ ၂၀၂၅ မှာ ကျင်းပမယ်ဆိုတဲ့ ​ရွေး​ကောက်ပွဲက​တော့ နိုင်ငံတည်ငြိမ်​အေးချမ်းမှ ကျင်းပမယ်ဆိုတဲ့ထိ ဇာတ်​မျောသွားရှာပါပြီ။ ဆိုလိုချင်တာက​တော့ လူယုတ်မာ အကြမ်းဖက်​ခေါင်း​ဆောင် မအလ ဒင်း မပြုတ်မချင်း ​ရွေး​ကောက်ပွဲ မပြုလုပ်​တော့ဘူးဆိုတဲ့ သ​ဘောပါပဲ။ ဟုတ်တယ်​လေ၊ ဒင်းတို့ စစ်အာဏာရှင်​တွေ အာဏာကို ကုပ်ကပ်ဖက်တွယ်​နေသ​ရွေ့ ကာလပတ်လုံး နိုင်ငံဟာ တည်ငြိမ်​အေးချမ်းသာယာမှာမှ မဟုတ်ဘဲ။

 

ကာလုံအစည်းအ​ဝေး ၂/၂၀၂၄ တုန်းက ​ပြောသွားတာ ရှိ​သေးတယ်။ ​အေးဗျာ NUG ယာယီသမ္မတကြီး ​ပြောသွားသလို မအလ တ​ယောက် ရူးသွားပြီထငိပါရဲ့။ စီးပွား​ရေးအ​ခြေအ​နေက ၂၀၂၀-၂၁ GDP တိုးတက်မှုဟာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိရာမှ အ​ခြေခံစီးပွား​ရေး ဖြစ်တဲ့ စိုက်ပျိုး​ရေးနဲ့ ​​မွေးမြူ​ရေးကို အဓိကထားခဲ့တာ​ကြောင့် ၆ လအတွင်း အ​ပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့သတဲ့။ ၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သတဲ့။

 

ကောက်ပဲသီးနှံ စိုက်ပျိုးကြတဲ့ ​တောင်သူ​တွေခမျာ စစ်​​ဘေး​ရှောင်​နေကြရလို့ လုပ်ငန်းခွင်ကို ဖိဖိစီးစီး မလုပ်ကိုင်နိုင်ကြဘူး။ နယ်စပ်ကုန်သွယ်​ရေးဂိတ်​တွေလည်း လက်လွှတ်ဆုံးရှုံး​နေရပြီ။ ရင်းနှီးမြှုပ်နှံမှု​တွေကလည်း တခုပြီးတခု ထွက်ခွာရုပ်သိမ်းသွားကြပြီ။ 

 

၂၀၂၂-၂၃ မှာ ၃ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၂၃-၂၄ မှာ ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသတဲ့။ ၂၀၂၄-၂၅ မှာ ၃ ဒသမ ၈ ရာခိုင်နှုန်းထိ တိုးတက်​အောင် အစွမ်းကုန် ကြိုးပမ်း​ဆောင်ရွက်​နေပါသတဲ့။ စစ်အသုံးစရိတ်​တွေ အတိုင်အဆမရှိ ပြုန်းတီး​နေတဲ့ကြားက GDP ​တွေ တိုးတက်လာ​အောင် ​ဆောင်ရွက်နိုင်ခဲ့တာက​တော့ အံ့သြစရာပါ။ ​ဒါ​ပေမဲ့ ကောက်ပဲသီးနှံ စိုက်ပျိုးကြတဲ့ ​တောင်သူ​တွေခမျာ စစ်​​ဘေး​ရှောင်​နေကြရလို့ လုပ်ငန်းခွင်ကို ဖိဖိစီးစီး မလုပ်ကိုင်နိုင်ကြဘူး။ နယ်စပ်ကုန်သွယ်​ရေးဂိတ်​တွေလည်း လက်လွှတ်ဆုံးရှုံး​နေရပြီ။ ရင်းနှီးမြှုပ်နှံမှု​တွေကလည်း တခုပြီးတခု ထွက်ခွာရုပ်သိမ်းသွားကြပြီ။ ဒီ​တော့ GDP တိုးတက်လာတယ်ဆိုတဲ့ ဒင်းရဲ့လျှာအရိုးမရှိတိုင်း​ပြောထွက်တဲ့ စကား​တွေဟာ မုသား​တွေပဲ​ပေါ့။ တခု​တော့ ရှိရဲ့၊ ​ငွေစက္ကူ​တွေ အတိုင်းအဆမရှိ ရိုက်နှိပ်ထုတ်​ဝေ​နေမယ်ဆိုရင်​တော့ GDP တိုးတက်မှုဟာ ​နှေး​ကွေး​နေတယ်လို့ ဆိုရမှာပါပဲ။ 

 

လက်​တွေ့အ​နေအထားမှာ​တော့ ဒင်းတို့ အာဏာမသိမ်းခင်က ​ငွေလဲနှုန်းဟာ အ​မေရိကန်တ​ဒေါ်လာကို မြန်မာ​ငွေ ၁၃၀၀ ကျပ်သာရှိခဲ့ပါတယ်။ အဲဒီတုန်းက အခု ဟိုတယ်ဝန်ကြီးဆိုသူရဲ့ စကားကို အမှတ်ရ​နေမိပါ​သေးရဲ့။ တ​ဒေါ်လာ ၁၅၀၀ ကျပ်ဖြစ်ရင် တိုင်းပြည်ပျက်ပြီတဲ့။ အခု တ​ဒေါ်လာ ၇၅၀၀ ကျပ်တဲ့။ ဟုတ်ကဲ့ တိုင်းပြည်လည်း တစစီပြန်​ကောက်ရမယ့်အချိန်လည်း နီးကပ်​နေပါပြီ။

 

ဒီ​နေရာမှာ အ​ရေးကြီးတာက စစ်အာဏာရှင် အမြစ်ပြတ်​ရေးဆိုတဲ့ ပြည်သူ့​တော်လှန်​ရေးကြီးဟာ ​အောင်မြင်မှုပန်းတိုင်ကို ​ရောက်ဖို့ လက်တကမ်းသာ လိုပါ​တော့တယ်။ စစ်အာဏာရှင်တွေ ကျဆုံးခန်းကလည်း ​နောက်ဆုံးအ​နေအထားကို ​ရောက်ရှိ​နေပါပြီ။ ဒီ​တော့ မနက်ဖြန်ရဲ့ ပြန်လည်တည်​ဆောက်​ရေးကို ပြင်ဆင်ထားကြဖို့ လိုအပ်ပါတယ်။ ပြည်​ထောင်စုနိုင်ငံ ဖြစ်တာနဲ့အညီ။ ပြည်​ထောင်စုစိတ်ဓါတ်​တွေ ကိန်းဝပ်ဖို့၊ ရှိ​နေဖို့၊ ကျင့်သုံးလိုက်နာကြဖို့ အထူး လိုအပ်ပါတယ်။ တဆက်တည်းမှာ ​သွေးခွဲသပ်လျှိုတာ​တွေလည်း သတိပြုသင့်ကြ​ကြောင်းပါ ခင်ဗျား။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။