ပြီးခဲ့တဲ့ ၄ လကျော်ကတည်းက အခွင့်သာတာနဲ့ အလင်းဝင်တော့မယ်လို့ ပိုင်းဖြတ်ကာ ကြိုတင်ချိတ်ဆက်မှုတွေ လုပ်ထားခဲ့ပေမဲ့ တိုက်ပွဲတစ်နေရာမှာ သူ့အသက် ကျည်ခသွားခဲ့တယ်။
သူက စစ်တပ်အရာရှိတစ်ဦး။ ဒီအတိုင်း ဆက်သွားရင် သေတော့မယ်ဆိုတာကို သူ ကောင်းကောင်းသိခဲ့တယ်။ ရှေ့တန်းဆိုပြီး ထွက်ခဲ့ရတာ တစ်နှစ်ခွဲကျော်ကြာ၊ တပ်ရင်းကို တစ်ချက်တောင် မပြန်ရ။ သူ့မိသားစုက တပ်ရင်းထဲက အရာရှိအိမ်ရာထဲမှာ တပ်အပြင်မထွက်ရ။ ဘာပဲဖြစ်ဖြစ် သူ့မိသားစုရဲ့ လုံခြုံရေးအတွက် မပူရပေမဲ့ သူ့မိသားစုကတော့ သတင်းဆိုး ဘယ်တော့ ကြားရမလဲလို့ နေ့စဉ် ညစဉ် တထိတ်ထိတ် ထိုင်စောင့်နေရသတဲ့။
“ရှေ့တန်းထွက်တာ တစ်နှစ်လောက်ကြာတဲ့အချိန်မှာ သူ့မိန်းမကရော ကျမတို့ကရော နှုတ်က ထုတ်မပြောရဲပေမဲ့ ဒီတစ်သက်တော့ ပြန်တွေ့ရမှာ မဟုတ်တော့ဘူးလို့ တွေးခဲ့မိတယ်”
“ရှေ့တန်းထွက်တာ တစ်နှစ်လောက်ကြာတဲ့အချိန်မှာ သူ့မိန်းမကရော ကျမတို့ကရော နှုတ်က ထုတ် မပြောရဲပေမဲ့ ဒီတစ်သက်တော့ ပြန်တွေ့ရမှာ မဟုတ်တော့ဘူးလို့ တွေးခဲ့မိတယ်”လို့ အဲဒီအရာရှိရဲ့ အစ်မက ဆိုတယ်။
သူတို့တပ်ထဲမှာလည်း အိမ်ထောင်သည်တိုင်းဟာ တမှိုင်တွေတွေ။ သူတို့လင်သား ဘယ်တော့ပြန်လာမလဲလို့ မျှော်ငေးနေကြပေမဲ့ တစ်နှစ်ကျော်ကြာလာတော့ သူတို့ယောကျာ်း ပြန်လာမယ့်ရက်ဆိုတာကို အယုံအကြည်ကင်းမဲ့လာ။ ဘယ်အရာရှိကြီးကိုပဲ မေးမေး၊ တပ်ရင်း ပြန်ကြရမယ့်ရက်ကို ဘယ်သူကမှ မဖြေနိုင်ကြလေတော့ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ မင်းအောင်လှိုင်ကိုသာ တိုးလို့ ကျိန်ဆဲကြရ၊ သူတို့တတ်နိုင်တာက အဲဒါပဲ ရှိတယ် မဟုတ်လား။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်၊ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းမှာ နေ့စဉ်မဟုတ်တောင် မကြာခဏဆိုသလို သေစာရင်းတွေက ရောက်လာနေတော့ သူတို့တပ်ရင်းထဲ ငိုသံတွေက ဘယ်စဲတော့မလဲ။ အားလုံးရဲ့အတွေးထဲမှာ ဘယ်နေ့ ငါငိုရမယ့်အလှည့်လဲလို့ မတွေးချင်တဲ့ အတွေးက အလိုလို ဝင်လာရောတဲ့။
"ရှေ့တန်းရောက်နေတဲ့ စစ်သားတွေလည်း စိတ်ဓာတ်ကျ၊ နောက်တန်းက မိသားစုတွေလည်း စိတ်ဓာတ်ကျနဲ့ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် ကျန်ခဲ့တဲ့ မိသားစုကို ငဲ့မနေနဲ့၊ ပြေးလို့ရတာနဲ့ ပြေးဆိုပြီး မိန်းမတွေကိုယ်တိုင်ကိုက တိုက်တွန်းတော့တာ”လို့ သေဆုံးအရာရှိရဲ့ အစ်မက ပြောပြတယ်။
“ရှေ့တန်းထွက်တာ တစ်နှစ်ခွဲကြာတဲ့အထိ တပ်ရင်းမပြန်ရဘူးဆိုတာ မင်းအောင်လှိုင်လက်ထက်ကျ မှ ရှိတာလေ။ ဒါပေမဲ့၊ များသောအားဖြင့် ဖုန်းတို့ အင်တာနက်တို့နဲ့ ပုံမှန် အဆက်အသွယ်တော့ ရှိကြတယ်။ ရှေ့တန်းရောက်နေတဲ့ စစ်သားတွေလည်း စိတ်ဓာတ်ကျ၊ နောက်တန်းက မိသားစုတွေလည်း စိတ်ဓာတ်ကျနဲ့ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် ကျန်ခဲ့တဲ့ မိသားစုကို ငဲ့မနေနဲ့၊ ပြေးလို့ရတာနဲ့ ပြေးဆိုပြီး မိန်းမတွေကိုယ် တိုင်ကိုက တိုက်တွန်းတော့တာ”လို့ သေဆုံးအရာရှိရဲ့ အစ်မက ပြောပြတယ်။
ဆက်နေရင် တစ်ကွေ့မဟုတ် တစ်ကွေ့ သေတော့မယ်ဆိုတာ သူတို့ကိုယ်တိုင်လည်း သိကြတယ်။ ဒါ ပေမဲ့၊ အလင်းဝင်ပြီးနောက်ပိုင်း ဘာဖြစ်လို့ ဖြစ်မယ်မှန်းမသိတဲ့ အခြေအနေကိုလည်း သူတို့ စိုးထိတ်ကြတယ်။ သူတို့အလင်းဝင်သွားပြီးရင် တပ်ရင်းမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့မိသားစု တစ်ခုခုဖြစ်သွားမှာ သူတို့ပိုကြောက်ကြ။ သူတို့စစ်တပ် ဘယ်လောက်ထိ ရက်စက်သလဲဆိုတာ သူတို့အသိဆုံးမို့ အဲဒီအတွေးက သူတို့ကို အခြောက်လှန့်ဆုံးလို့ ဆိုတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့မောင်က ကျမတို့လို နွေဦးစိတ်ဓာတ်ရှိတာတော့ မဟုတ်ဘူး။ အလင်းမဝင်ရင် သေမယ်ဆိုတာ သိလာတယ်။ သူ့ဆီမှာရှိတဲ့ ကောင်းတဲ့အသိက မအလအတွက် အသေမခံနိုင်ဘူးဆိုတာပဲ။ အဲဒါကြောင့် အလင်းဝင်ချင်တာပါ”
သူ့အစ်မတွေနဲ့ သူ့ဆွေမျိုးတွေ အကုန်နီးပါးက စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံတဲ့သူတွေ။ စစ် တပ်က အာဏာသိမ်းပြီးနောက် ရုတ်ချည်းဆိုသလို တစ်တိုင်းပြည်လုံး ဒုက္ခရောက် ဘေးသင့်နေတာကြောင့် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုကို အခြားသောပြည်သူတွေလို တူးတူးခါးခါး မုန်းတီးနေကြသူတွေဆို တော့ သူတို့မောင်နဲ့ အဆက်အသွယ်ရတိုင်း ‘နင်အလင်းမဝင်သေးဘူးလား’ဆိုတဲ့မေးခွန်းကိုပဲ အပ်ကြောင်း ထပ် မေးနေကြ။ အဲဒါနဲ့ သူက အလင်းဝင်ဖို့ရာ အဆက်အသွယ်ရှာနေတုန်းလို့ ဆိုလိုက်တယ်။ ဒါနဲ့၊ သူ့အစ်မတွေက သူတို့နဲ့ ရင်းနှီးတဲ့ ကျနော့်ဆီ လှမ်းအကူအညီတောင်းတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့မောင်က ကျမတို့လို နွေဦးစိတ်ဓာတ်ရှိတာတော့ မဟုတ်ဘူး။ အလင်းမဝင်ရင် သေမယ်ဆိုတာ သိလာတယ်။ သူ့ဆီမှာရှိတဲ့ ကောင်းတဲ့အသိက မအလအတွက် အသေမခံနိုင်ဘူးဆိုတာပဲ။ အဲဒါကြောင့် အလင်းဝင်ချင်တာပါ”လို့ သူ့အစ်မက ဆိုတယ်။
အဲဒါနဲ့ အထက်မြန်မာက ကျနော့်မိတ်ဆွေတွေကို လှမ်းချိတ်ဆက်။ NUG ပြည်သူ့ရင်ခွင်က အလင်းဝင်ချင်ရင် ဒီလိုလုပ်ပါဆိုတဲ့ နည်းနာတွေ ပေးပြီးနောက် အားလုံး အိုကေပြီဖြစ်ကြောင်း သူ့အစ်မတွေဆီ အကြောင်းကြား၊ လုပ်ရမယ့်လုပ်ငန်းစဉ်တွေ၊ ချိတ်ဆက်ရမှာတွေ ပြောပြ။ အဲဒီအချိန်မှာ သူတို့မောင်နဲ့ အဆက်အသွယ်မရတာ နှစ်ပတ်ကြာပြီမို့ စိတ်ထဲထိတ်နေရတယ်တဲ့။
သူ့ရဲ့ အဖြစ်ချင်ဆုံးအလင်းဝင်လိုမှုက အလင်းဝင်သွားမှန်း စစ်တပ်က တပ်အပ်သိတာမျိုး မဟုတ်ဘဲ တိုက်ပွဲမှာပဲ ကျသလိုလို၊ ပျောက်ဆုံး သွားသလိုလိုပုံစံမျိုး။ အဲဒါမှပဲ တပ်ရင်းမှာ ကျန်ခဲ့တဲ့ သူ့မိသားစု အန္တရာယ်ကင်းမှာလို့ ဆိုတယ်။
တစ်လကျော်အကြာ အဆက်အသွယ်ပြန်ရတော့ လုံခြုံရေးတင်းကျပ်ထားတဲ့ မြို့တစ်မြို့ထဲ ရောက်ရှိနေတာမို့ အပြင်ထွက်ဖို့ရာ မလွယ်။ ပြီးတော့ သူ့ရဲ့ အဖြစ်ချင်ဆုံးအလင်းဝင်လိုမှုက အလင်းဝင်သွားမှန်း စစ်တပ်က တပ်အပ်သိတာမျိုး မဟုတ်ဘဲ တိုက်ပွဲမှာပဲ ကျသလိုလို၊ ပျောက်ဆုံး သွားသလိုလိုပုံစံမျိုး။ အဲဒါမှပဲ တပ်ရင်းမှာ ကျန်ခဲ့တဲ့ သူ့မိသားစု အန္တရာယ်ကင်းမှာလို့ ဆိုတယ်။
အခွင့်အရေးကို သူဆက်စောင့်တယ်။ အခွင့်အရေးရတာနဲ့ ပြေးမယ်လို့ သူပိုင်းဖြတ်ထားတယ်။ သူတို့ တပ်ထဲ အလင်းဝင်သူတွေလည်း ခပ်စိပ်စိပ်မို့ အဆင့်ဆင့် အလစ်မပေး၊ ပိုခက်လာတယ်။ အလင်းဝင်ပြီးလို့ စိတ်ချရပြီဆိုတဲ့နေ့ရောက်ရင် ပင်ပန်းခဲ့သမျှ၊ ပူပန်ခဲ့သမျှ တစ်သက်တာ သက်ပြင်းတွေကို တစ်ဝကြီးမှုတ်ထုတ်ပစ်လိုက်မယ်လို့လည်း သူ့အစ်မတွေကို ပြောပြခဲ့သေးသတဲ့။ အဲဒီလိုပြောပြီး အလွန်ဆုံးကြာလှ လေးရက်၊ ငါးရက်ပေါ့။ ဝေဟင်ကနေ အပြင်းနှင်လာတဲ့ ဒရုန်းဗုံးတစ်လုံးက ဘဝတစ်ခုကို နိဂုံးချုပ်ပေးလိုက်တယ်။ မင်းအောင်လှိုင်တပ်သားအဖြစ်နဲ့ အရှက်တကွဲ သေဆုံးခဲ့ရတယ်။
“အခုဇူလိုင်လထဲမှာပဲ ကျနော်တို့ကို ပုံမှန်သတင်းပေးနေတဲ့ အရာရှိတစ်ယောက် ကျသွားသေးတယ်။ သူပေးတဲ့သတင်းတွေက အရေးကြီးသတင်းတွေချည်းဆိုတော့ သူ့ကို တပ်ထဲမှာပဲ ဆက်မြှုပ်နှံထားတဲ့အချိန်မှာ ကျသွားတာ”
သူသေဆုံးပြီးနောက် အထက်ဗမာပြည် NUG က ကျနော့်မိတ်ဆွေဆီ လှမ်းချိတ်ဆက်ကာ အလင်းဝင်မယ့်အရာရှိ လမ်းတစ်ဝက်မှာ သေဆုံးသွားပြီဖြစ်ကြောင်း လှမ်းပြောပြတော့ သူတို့လို ပြေးမယ်ပြင်ပြီးခါမှ မပြေးခင် သေသွားတဲ့ စစ်သားတွေ မနည်းတော့ဘူးလို့ မိတ်ဆွေက ပြန်ပြောပြတယ်။
“အခုဇူလိုင်လထဲမှာပဲ ကျနော်တို့ကို ပုံမှန်သတင်းပေးနေတဲ့ အရာရှိတစ်ယောက် ကျသွားသေးတယ်။ သူပေးတဲ့သတင်းတွေက အရေးကြီးသတင်းတွေချည်းဆိုတော့ သူ့ကို တပ်ထဲမှာပဲ ဆက်မြှုပ်နှံထားတဲ့အချိန်မှာ ကျသွားတာ”လို့ မိတ်ဆွေက ဆိုတယ်။
လက်ရှိအခြေအနေက အကြမ်းဖက်စစ်သားတွေအတွက် အခုဒီမှာတွေ့ပြီး နောက် ၅ မိနစ်အကြာ ကျည်ဇကာပေါက်ဖြစ်သွားပြီး တမလွန်ခရီးကို ဖြတ်ခနဲ လစ်ထွက်သွားသလိုမျိုး အခုမြင် အခုပျောက်။ စစ်ကောင်စီလက်အောက်ခံ စစ်တိုင်း ၁၄ ခုထဲမှာ တတိယမြောက် အင်အားအတောင့်ဆုံးလို့ဆိုတဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်။ အဲဒီစစ်ဌာနချုပ်မှာ ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးအပြီး လူနဲ့လက်နက်တွေ ထပ်ဖြည့်၊ ခံစစ် အခိုင်အမာ ပြင်ဆင်ထားတယ်ဆိုပေမဲ့ တော်လှန်ရေးတပ်တွေ ဝင်တိုက်ပြီး တစ်လအကြာ နေဝန်းနီ တပ်လို့ ဂုဏ်ဆာခဲ့ကြတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ နေဝန်းမှောင်ဘဝသို့ ကျရောက်။ ဘာ့ကြောင့် ဒီ လောက်မြန်မြန်ဆန်ဆန် အလဲထိုးခံလိုက်ရသလဲလို့ မေးရင် တကယ့်တိုက်နေကြတဲ့စစ်သားတွေမှာ တိုက်ချင်၊ ခိုက်ချင် အနိုင်ယူချင်စိတ် လုံးဝမရှိတော့ခြင်းကြောင့်လို့ ဆိုရပါမယ်။
တိုက်ချင်၊ ခိုက်ချင်စိတ် မရှိတော့ဘဲ ဘာ့ကြောင့် ဒီအတိုင်း ပေငုတ်တုတ်ထိုင်နေကြတာလဲ။ ဘာလုပ် လို့လုပ်ရမယ်မှန်းမသိဘူးဆိုပြီး တွေဝေ ထိုင်းမှိုင်းနေခြင်းဟာ ကိုယ့်အသက်ကိုယ် မနှမြောခြင်းလို့ အဓိပ္ပါယ် ထွက်နေပါတယ်။
တိုက်ချင်၊ ခိုက်ချင်စိတ် မရှိတော့ဘဲ ဘာ့ကြောင့် ဒီအတိုင်း ပေငုတ်တုတ်ထိုင်နေကြတာလဲ။ ဘာလုပ် လို့လုပ်ရမယ်မှန်းမသိဘူးဆိုပြီး တွေဝေ ထိုင်းမှိုင်းနေခြင်းဟာ ကိုယ့်အသက်ကိုယ် မနှမြောခြင်းလို့ အဓိပ္ပါယ် ထွက်နေပါတယ်။ အခုမြင် အခုပျောက်ကာလမှာ ရှည်ရှည်ဝေးဝေး အနာဂတ်တွေ ဘာတွေ လျှောက်တွေးငေး မှိုင်မနေဘဲ မြန်မြန်ဆန်ဆန် အလင်းဝင်ခြင်းဟာ ကိုယ့်အသက်ကိုယ် ဉာဏ်ပညာရှိစွာ စောင့်ရှောက်နိုင်ခြင်းပဲ ဖြစ်တယ်။
အခွင့်အရေး ရတာနဲ့ မြန်မြန်အလင်းဝင်ကြဖို့ လိုတယ်။ မြန်မြန်အလင်းဝင်ဖို့ လိုကြောင်း ကိုယ့် ကိုယ်ကိုယ် မပြတ်သတိပေးနေဖို့လိုပါမယ်။ ကိုယ့်အသက်ကိုယ် နှမြောရင် မြန်မြန် အလင်းဝင်ကြဖို့လိုမယ်။ အထက်မှာ ပြောပြခဲ့သလို အလင်းဝင်မယ်လို့ ပိုင်းဖြတ်ပြီးခါမှ အလင်းမဝင်နိုင်ခင် အသက်ပေးလိုက်ရသူတွေ မနည်းတော့ဘူးဆိုတာ အထူးသတိချပ်ကြစေလိုပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။