ပြည်သူတွေ သေရင်သေ၊ မသေရင် ငတ်နေကြတဲ့ မီးဟုန်းဟုန်းတောက်နေတဲ့ တိုင်းပြည်မှာ ဂျလေ ဘီအဆိုတော်က ဘယ်ပြည်သူကိုမှ ဂရုမစိုက်ဘူးလို့ ကြွေးကြော်ခဲ့သလို အဖြူရောင်အနုပညာရှင်ဆိုသူတွေကလည်း မင်းအောင်လှိုင်ခင်းတဲ့ တော်သလင်းဇာတ်မှာ အပြုံးပန်းဆင်မပျက် တွေ့ရပြန်တယ်။
အခုဇူလိုင်လအတွင်း ရှမ်းမန်းစစ်ဆင်ရေးကြောင့် စစ်တပ်စခန်းတွေလည်း ပြုတ်ပြုတ်ပြုန်း၊ ထင်ရာ မြင်ရာ ဘာကိုမှမရှောင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရ။ ဘဏ်တွေလည်း လှုပ်၊ ငွေထုတ်မရ၊ ဇောက်ထိုးဆင်းနေတဲ့ ကျပ်ငွေတန်ဖိုးအရ ရွှေဈေး သိန်း ၆၀ အထိ အပေါ်လေမိကာ ဝရုန်းသုန်းကား ဖြစ်နေပေမဲ့ တယောထိုးမပျက်သူတွေကလည်း ရှိမြဲ၊ ဘယ်ဆန်းပါ့မလဲ။
ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် လှိုင်းကြီး လေထန် တည့်တည့်မှန်သွားတာကတော့ ဘယ်သူ့ကိုမှ ဂရုမ စိုက်ဘူးဆိုတဲ့ ရော့ကာကြီးလေးဖြူ။ ဇူလိုင် ၂ ရက်က နေပြည်တော် VIP ဘား တစ်ကိုယ်တော်ရှိုးမှာ သီချင်းမဆိုခင် အာချောင်မိလို့ ပြည်သူ့တံတွေးခွက်ထဲ ပက်လက်မျော။
လေးဖြူဆိုတာက မြန်မာမှာ သက်တမ်းရှည်ကြာ အောင်လံစိုက်ထားတဲ့ ရော့ကာကြီး။ သူ့ထက် နှစ်အနည်းငယ်စောပြီး အောင်မြင်ခဲ့တဲ့ အဆိုတော်ဇော်ဝင်းထွဋ်တစ်ယောက် နာမည်ကျသွားတာနည်းနည်း ကြာပြီ ဖြစ်ပေမဲ့ လေးဖြူက မနေ့၊ တစ်နေ့ကအထိ ပရိသတ်ခိုင်မာနေဆဲပဲမို့ လေးဖြူဟာ သူ့ကိုယ်သူလည်း တော်တော် ဟုတ်လှပြီ ထင်ပုံလည်း ရတယ်။
ကျနော့်ရဲ့ ဝမ်းရေးအတွက် တခြားဆိုရမယ့် နေရာလည်းမရှိလို့ ဒီနေရာမှာ ဆိုပါရစေ”လို့ မျက်လွှာအောက်ချ ပြောပြခဲ့ရင် ပြည်သူတချို့ကသာ “မင်းမိသားစုချည်း အစာအိမ်ရှိတာ မဟုတ်ဘူး”ဆိုတာလောက်ပြောပြီး အများစုကတော့ နားလည်ခွင့်လွှတ်ပေးနိုင်မယ်လို့ ထင်ရဲ့။
ဒီနေ့ခေတ် ဘားတွေ၊ ကလပ်တွေဆိုတာ စစ်ကောင်စီနဲ့ ရေပေါ်ဆီအသိုင်းအဝိုင်းက လူငယ်တွေသာ ဝင်ထွက်သွားလာပျော်ပါးကြတဲ့နေရာဖြစ်ပေမဲ့ “ကျနော့်ရဲ့ ဝမ်းရေးအတွက် တခြားဆိုရမယ့် နေရာလည်းမရှိလို့ ဒီနေရာမှာ ဆိုပါရစေ”လို့ မျက်လွှာအောက်ချ ပြောပြခဲ့ရင် ပြည်သူတချို့ကသာ “မင်းမိသားစုချည်း အစာအိမ်ရှိတာ မဟုတ်ဘူး”ဆိုတာလောက်ပြောပြီး အများစုကတော့ နားလည်ခွင့်လွှတ်ပေးနိုင်မယ်လို့ ထင်ရဲ့။ ဘာလို့ ဆိုတော့ ဘားတွေ၊ ကလပ်တွေရဲ့ စင်မြင့်ဆိုတာက ပြည်သူသတ်စစ်ကောင်စီ တရားဝင်ဖိတ်ခေါ်ပြုလုပ်တဲ့ပွဲ မဟုတ်တာကြောင့်ပါပဲ။
ဒါပေမဲ့၊ လေးဖြူက သူဆိုချင်တဲ့နေရာမှာ ဆိုမယ်။ BC(Boycott)တွေ ဘာတွေလာမပြောနဲ့၊ BC လည်း နားမလည်ဘူးလို့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ ဘယ်ပြည်သူကိုမှ လူမထင်ဘူးဆိုတဲ့အပေါက်မျိုး ပြောကြားခဲ့လေတော့ BC နားမလည်တဲ့ လေးဖြူကို Boycott လုပ်ကြဖို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက် အပြင်းထန်ဆုံး လှုံ့ဆော်ကြတော့တယ်။
တအောင်းတပ်မတော် TNLA ဗိုလ်ချုပ်တာ့ဘုန်းကျော် က “ ဆရာ့ကဗျာကြောင့် အလင်းပွင့်ရပါတယ်။ တကယ်မလွမ်းလောက်တော့ပါ…ငယ်ငယ်ကတည်းက လည် ချောင်းကွဲမတတ်အော်ခဲ့တာကို နှမျော….” လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တယ်။
တော်လှန်တဲ့ အနုပညာရှင်တွေကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဝိုင်းကန့်ကွက်ကြတယ်။ စာ ရေးဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က “လွမ်းလောက်လို့လား”အမည်ရ ကဗျာတစ်ပုဒ်ရေးကာ ပြည်သူကို ကျောခိုင်းသွားတဲ့အနုပညာရှင်ကို လစ်တော့လို့ ဆိုတယ်။ တအောင်းတပ်မတော် TNLA ဗိုလ်ချုပ်တာ့ဘုန်းကျော် က “ ဆရာ့ကဗျာကြောင့် အလင်းပွင့်ရပါတယ်။ တကယ်မလွမ်းလောက်တော့ပါ…ငယ်ငယ်ကတည်းက လည် ချောင်းကွဲမတတ်အော်ခဲ့တာကို နှမျော….”လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တယ်။ သီချင်းရေး ဆရာမိုဃ်းသွေးက လေးဖြူဆိုထားတဲ့ သူ့သီချင်း “ရေမျောကမ်းတင်”ကို ဘယ်နေရာမှာမှ ထပ်မဆိုဖို့ တားမြစ်လိုက်တယ်။
ပြည်သူကို စိန်ခေါ်တဲ့ လေးဖြူအပေါ် ပြည်သူတွေက အပြင်းထန်ဆုံး တုံ့ပြန်ကြတယ်။ အပြောအဆို ခံရတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တွေထဲမှာ လေးဖြူက အခံရဆုံးလို့ ထင်တယ်။
လေးဖြူထက် ပိုကျော်ကြားကာ ထိုင်းပရိသတ်ပါ အခိုင်အမာရှိခဲ့တဲ့ သရုပ်ဆောင် ပိုင်တံခွန်ဆိုရင် နွေဦးတော်လှန်ရေး သပိတ်တိုက်ပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားပင် ဖြစ်ခဲ့တဲ့သူ။ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ပိုင်တံခွန် လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့အချိန်မှာ မြန်မာပြည်သူတွေရဲ့ကြား ပိုင်တံခွန်မှ ပိုင်တံခွန်ဖြစ်ခဲ့ကြပေမဲ့ ၂၀၂၃ ခုနှစ်သင်္ကြန်၊ နေပြည်တော် ကြည်း၊ ရေ၊ လေ စစ်တပ်မဏ္ဍပ်မှာ သွားဖျော်ဖြေလိုက်ရာကနေ ပိုင်တံခွန်သည်လည်း မြောင်းထဲရောက်။ အဲဒါကို လေးဖြူ မေ့လျော့နေလေသလား။
နေပြည်တော်မှာ အမျိုးသမီးရေးရာပဒေသာကပွဲလုပ်တော့ စစ်ကောင်စီအခမ်းအနားတွေမှာ အမြဲဆိုသလိုတွေ့ရတဲ့ မျက်နှာတွေကို မင်းအောင်လှိုင်မယား ကြူကြူလှနဲ့ တွဲပြီး တွေ့ရ။ ရခိုင်၊ ကချင်၊ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်း စစ်သားတွေ နေ့စဉ် သောက်သောက်လဲ သေနေကြတဲ့အချိန်။
လေးဖြူလို ခံမပက်ပေမဲ့ လေးဖြူလိုပဲ ဘယ်ပြည်သူကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ အဖြူရောင်အနုပညာရှင် လို့ဆိုသူတွေကလည်း နေပြည်တော်မှာ တရုန်းရုန်း။ ဇူလိုင် ၁ ရက်က အမျိုးသမီးများနေ့အထိမ်းအမှတ်တဲ့။ နေပြည်တော်မှာ အမျိုးသမီးရေးရာပဒေသာကပွဲလုပ်တော့ စစ်ကောင်စီအခမ်းအနားတွေမှာ အမြဲဆိုသလိုတွေ့ရတဲ့ မျက်နှာတွေကို မင်းအောင်လှိုင်မယား ကြူကြူလှနဲ့ တွဲပြီး တွေ့ရ။ ရခိုင်၊ ကချင်၊ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်း စစ်သားတွေ နေ့စဉ် သောက်သောက်လဲ သေနေကြတဲ့အချိန်။ သေသွားတဲ့စစ်သားတွေနဲ့ သူတို့မိသားစုဝင်တွေရဲ့ မျက်နှာကိုမှ မထောက်ထား။ ဘယ်သူသေသေ ငတေတွေမာနေကြတဲ့ ပွဲတော်တွေက နေပြည်တော်မှာ အဲဒီလို အောင်ပွဲခံမပျက်။
ပြီးတော့ ရှိသေးတယ်။ စစ်ကောင်စီပေးတဲ့ ဟာသထူးချွန်ဆုတဲ့။ ဒိန်းဒေါင်နဲ့ မြင့်မြတ်ကို ဇော်မင်းထွန်း ကဆုချီးမြှင့်။ နောက်ဆက်တွဲသတင်း ထပ်တက်လာတယ်။ ဒိန်းဒေါင်နဲ့အဖွဲ့ကို စစ်ကောင်စီက နေပြည်တော်မှာ မြေကွက်တွေ ချပေးလိုက်တယ်တဲ့။
မင်းအောင်လှိုင်ခြေတော်ရင်း ဝပ်စင်းခြင်းမဟုတ်ပေမဲ့ အခုဇူလိုင်လအတွင်း စာနယ်ဇင်းအသိုင်းအဝိုင်းကြား ကြောက်မက်ဖွယ်အဆိုးသတင်းက Eleven မီဒီယာရဲ့ အယ်ဒီတာချုပ်ဟောင်းကို မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်အဖြစ် ပြန်တွေ့ရခြင်းပါပဲ။
အဲဒီလို နေပြည်တော်မှာ လောက်တဖွားဖွားကျနေတဲ့အချိန် ကျနော်တို့စာပေရပ်ဝန်းကြီးထဲက အဖြူ ရောင် စာ၊ ကဗျာ၊ စာနယ်ဇင်းဆရာတွေကတော့ မင်းအောင်လှိုင် ခေါ်မသုံးလို့ ငုတ်တုတ်။ နေပြည်တော်ပွဲလမ်း သဘင်တွေ တက်ချင်၊ မင်းအောင်လှိုင်ပေးတဲ့ စာပေဆုကိုလည်း ဟီရိဩတ္တပ္ပတရားကင်းစွာနဲ့ မျက်နှာပြောင်တိုက် ဆုတက် ယူချင်သူတွေကလည်း ဘယ်ပြည်သူကိုမှ ဂရုမစိုက် သူ့အုပ်စုနဲ့သူ ဟုတ်လှပြီထင်နေကြ။
မင်းအောင်လှိုင်ခြေတော်ရင်း ဝပ်စင်းခြင်းမဟုတ်ပေမဲ့ အခုဇူလိုင်လအတွင်း စာနယ်ဇင်းအသိုင်းအဝိုင်းကြား ကြောက်မက်ဖွယ်အဆိုးသတင်းက Eleven မီဒီယာရဲ့ အယ်ဒီတာချုပ်ဟောင်းကို မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်အဖြစ် ပြန်တွေ့ရခြင်းပါပဲ။
ဇူလိုင် ၄ ရက်မှာ မီဒီယာပလက်ဖောင်းပေါ် သတင်းတက်လာတယ်။ “Eleven အယ်ဒီတာချုပ်ဟောင်း ဦးဆောင်သည့် မူးယစ်ဆေးဝါးဂိုဏ်းကို နေပြည်တော်တွင် ဖမ်းမိ”ဆိုတဲ့သတင်း။ ရှမ်းပြည်နယ်ကနေ ရန်ကုန်ကို ကျပ် ဘီလီယံ ၂၀ ကျော်တန် စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်စဉ် လယ်ဝေးမှာ ဖမ်းဆီးရမိခြင်း။ ဂွင်းဆက်တွေကို လိုက်ကြည့်တော့ ရွှေပြည်သာက Eleven အယ်ဒီတာချုပ်ဟောင်း ဝေဖြိုးဆီမှာ ဂိုဏ်းချုပ်ကြီးအဖြစ် လမ်းဆုံးတာတွေ့ရသတဲ့။ ဒါပေမယ့် ဝေဖြိုးဆိုတာ အဲဒီဖမ်းမိတဲ့ စိတ်ကြွဆေးပြားတန်ဖိုးရဲ့ အစွန်းထွက်ငွေတောင် မရှိတဲ့သူ။ ထားတော့။
မီဒီယာကြီးလို့ဆိုတဲ့ Eleven မီဒီယာမှာ ဒီလောက်နှစ်အကြာကြီးရပ်တည်ခဲ့တဲ့ သတင်းသမားတစ်ယောက်က လူသားတိုင်းရဲ့ အန္တရာယ် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ငွေရပြီးရော လုပ်ကိုင်ရဲခြင်းပဲ ဖြစ်တယ်။
Eleven မီဒီယာဆိုတာ အခုစစ်အုပ်စုအကျိုးဆောင်မီဒီယာအဖြစ် စုံလုံးကန်းရပ်နေတာက ထား။ အရင့် အရင် ဒုတိယအာဏာရှင်လက်ထက်ကစခဲ့တဲ့ Eleven မီဒီယာဆိုတာ မီဒီယာတိုက်ကြီးတစ်တိုက်အနေနဲ့တ ကယ့်ကို အခိုင်အမာ။ ပြီးတော့ သူတို့ကို ထိပါးလာတယ်လို့ ယူဆရင် စာနယ်ဇင်းလောကသားချင်းလည်း မ ရှောင်။ တရားစွဲပစ်လိုက်မယ်ဆိုတဲ့ လာမထိနဲ့ မီးပွင့်သွားမယ်ဆိုတဲ့ မီဒီယာ။ ဝေဖြိုးဆိုတာက Eleven မီဒီယာ မှာ သတင်းထောက်ဘဝကနေ အယ်ဒီတာချုပ်ဖြစ်တဲ့အထိ ငယ်မွေးခြံပေါက်အဖြစ် နှစ်လရှည်ကြာ လုပ်ကိုင်လာခဲ့တာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်မှ အဲဒီကနေ အလုပ်ထွက်ခဲ့တဲ့သူ။
ပြောချင်တာက မီဒီယာကြီးလို့ဆိုတဲ့ Eleven မီဒီယာမှာ ဒီလောက်နှစ်အကြာကြီးရပ်တည်ခဲ့တဲ့ သ တင်းသမားတစ်ယောက်က လူသားတိုင်းရဲ့အန္တရာယ် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ငွေရပြီးရော လုပ်ကိုင် ရဲခြင်းပဲဖြစ်တယ်။ ထပ်ပြောရရင် Eleven မီဒီယာက သူ့ရဲ့ ငယ်မွေးခြံပေါက်သတင်းသမားတစ်ယောက်ကို သာမန်လူတွေတောင် နားလည်နိုင်စွမ်းတဲ့ အမှန်နဲ့ အမှား အခြေခံအဆင့် သိရှိလိုက်နာအောင်ပင် တည်ဆောက်ပေးနိုင်စွမ်း မရှိဘူးလားလို့ မေးခွန်းထုတ်ရပါမယ်။
Eleven မီဒီယာရဲ့ အယ်ဒီတာချုပ်ဟောင်း မူးယစ်ဂိုဏ်းခေါင်းဆောင်ဖြစ်လာတာဟာ ခေတ်အဆက် ဆက်မြန်မာ့စာနယ်ဇင်းလောကမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဘူးတဲ့ ပထမဆုံးအကြိမ် အံ့ဘနန်းဖြစ်ရပ် ဆန်း ဖြစ်သလို ခေတ်သစ်ကမ္ဘာမှာလည်း တစ်ခါမှ မကြားခဲ့ရဖူးလေတော့ ငွေရရင် ဘာမဆိုလုပ်ဝံ့တဲ့စိတ်ဓာတ်ကို အယ်ဒီတာချုပ်ဟောင်းကြီးက ဘယ်ကနေဘယ်လို လေ့ကျင့်သင်အံခဲ့သလဲလို့လည်း မေးခွန်းထုတ်ရပါမယ်။
ခေတ်က ထမ်းခိုင်းတဲ့တာဝန်ကို မထမ်းဘဲ ကိုယ့်အတွက်ကိုယ်ကြည့်ပြီး ခေတ်ကြီးကို မမြင်ချင် ယောင်ဆောင်နေရင်တောင် အဲဒီလိုလူကို ပြည်သူတွေက မသိချင်ယောင်ဆောင်ကာ ကျော်ခွသွားလေ့ရှိတယ်။
တိုင်းပြည်က မီးဟုန်းဟုန်းတောက်နေတဲ့အချိန်၊ လူတိုင်းဟာ အချိန်မရွေးသေသွားနိုင်သလို အချိန်မ ရွေး အငတ်ဘေးသင့်သွားနိုင်တဲ့အချိန်၊ သူဌေးကြီး၊ သူဌေးလေးတွေတောင် ထောင်ထဲရောက်သူရောက်၊ လက် ထိပ်တန်းလန်းဖြစ်သူဖြစ်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့အချိန်မျိုးမှာ ခေတ်ကြီးက လူတိုင်းကို တောင်းဆိုနေတာ ဓမ္မဘက် အခိုင်အမာရပ်တည်ကာ တတ်နိုင်သမျှ နွေဦးတော်လှန်ရေးမှာ ပါဝင်ရေး။
ခေတ်က ထမ်းခိုင်းတဲ့တာဝန်ကို မထမ်းဘဲ ကိုယ့်အတွက်ကိုယ်ကြည့်ပြီး ခေတ်ကြီးကို မမြင်ချင် ယောင်ဆောင်နေရင်တောင် အဲဒီလိုလူကို ပြည်သူတွေက မသိချင်ယောင်ဆောင်ကာ ကျော်ခွသွားလေ့ရှိတယ်။ အဲဒီလိုမှမဟုတ်ဘဲ ပြည်သူ့အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက် ငါ့ဘာသာ လုပ်ချင်ရာလုပ်မယ်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုရင်တော့ ပြည်သူတွေကလည်း အဲဒီလိုလူကို သမိုင်းအမှိုက်ပုံထဲ သွန်ကာ တံတွေးနဲ့ အခါခါ ထွေးနေမှာ အသေအချာပါပဲ။
လူဆိုတာ ဓမ္မဘက်တော်သားအဖြစ် အတိအလင်း မရပ်ရဲခဲ့ရင်တောင် ဓမ္မရဲ့ ဆန့်ကျင်ဘက်မှာ သွား မရပ်မိဖို့လိုတယ်။ လေးဖြူမဖြစ်စေနဲ့၊ အဖြူရောင်အနုပညာရှင်ဆိုပြီး ပုပ်ပွနေတဲ့ အလောင်းနား သွားမကပ်မိစေနဲ့။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။