Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပစ်ခတ်တာ မမှား၊ ပျံလွန်ခြင်းကို တောင်းပန်တယ်ဆိုတဲ့ မင်းအောင်လှိုင် (Opinion)

စစ်တပ်က ပစ်ခတ်တာဟာ မမှားပေမဲ့ ဝိနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားခြင်းအပေါ် တောင်းပန်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဆိုလိုက်တယ်။

 

ဇွန်လ ၂၄ ရက်မှာ မင်းအောင်လှိုင်ခန့် သာသနာရေးဝန်ကြီးလို့ဆိုသူ တင်ဦးလွင်နဲ့အဖွဲ့ ပဲခူးမြို့၊ ဝိနိမ္မိတာရုံကျောင်းတိုက်သို့ သွားရောက်ပြီး မင်းအောင်လှိုင်ရဲ့ တောင်းပန်ချက်ကို ဆရာတော်ကြီးတွေရှေ့ ဖတ်ကြား လျှောက်ထားခြင်းကို ပြန်ကောက်ယူရရင် အဲဒီလို အဓိပ္ပါယ်ထွက်တယ်။

 

ဝိနိမ္မိတာရုံဆရာတော်နဲ့ ကန်သုံးဆင့်ဆရာတော်တို့ စီးလာတဲ့ကားကို ဇွန်လ ၁၉ ရက်မှာ ငါန်းဇွန် မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ ဝိနိမ္မိတာရုံဆရာတော် ပွဲချင်းပြီး ပျံလွန်ခဲ့ပြီး ၅ ရက်အကြာမှာ မင်းအောင်လှိုင်တောင်းပန်ခြင်းလည်း ဖြစ်တယ်။

 

ဆရာတော်တွေ စီးလာတဲ့ယာဉ်ဟာ အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ အရပ်သားယာဉ်ဖြစ်ပြီး လုံခြုံရေးအရ စစ်ဆေးဖို့၊ မှန်ချမောင်းဖို့၊ ကားရပ်ဖို့ တားတာကို မရပ်တာကြောင့် စစ်တပ်က ပစ်ခတ်ခဲ့တာလို့ ဆိုလိုတာတွေ့ရတယ်။  

 

မင်းအောင်လှိုင်ရဲ့ တောင်းပန်လွှာမှာ “ဆရာတော် စီးနင်းလိုက်ပါလာသည့်ယာဉ်မှာ သာသနာရေး အ မှတ်အသားများ မပါရှိသည့်အရပ်ယာဉ်ဖြစ်ပြီး အရှိန်ပြင်းစွာမောင်းနှင်လာသဖြင့် လုံခြုံရေးအရစစ်ဆေးရန်၊ မှန်ချ မောင်းနှင်ရန်၊ ရပ်တန့်ရန် တားဆီးဆောင်ရွက်ခဲ့သော်လည်း ဆက်လက်မောင်းနှင်သွားသည့်အတွက် ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရခြင်းကြောင့် ဆရာတော်ကြီးကို ထိမှန်ပြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားသည်ကို ဝမ်းနည်းစွာ သိရှိရပါသည်ဘုရား။ ပရိယတ္တိသာသနာတွင် တန်ဖိုးရှိ ထင်ရှားကျော်ကြားလှသော သံဃာတပါး ဖြစ်သည့် ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့်အတွက် တပည့်တော်တို့ အနေဖြင့် များစွာဝမ်းနည်း ကြေကွဲရသည့် အပြင် ယခုဖြစ်စဉ်အတွက်လည်း အလေးနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားလိုပါသည်ဘု ရား”လို့ ဆိုတယ်။

 

အဲဒီလျှောက်ထားချက်ကို ပြန်ဖြည်ကြည့်လိုက်ရင် ဆရာတော်တွေ စီးလာတဲ့ယာဉ်ဟာ အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ အရပ်သားယာဉ်ဖြစ်ပြီး လုံခြုံရေးအရ စစ်ဆေးဖို့၊ မှန်ချမောင်းဖို့၊ ကားရပ်ဖို့ တားတာကို မရပ်တာကြောင့် စစ်တပ်က ပစ်ခတ်ခဲ့တာလို့ ဆိုလိုတာတွေ့ရတယ်။ ပြောရရင် အခုလိုလုပ်လို့ ပစ်သင့်ပစ်ထိုက်လို့ ပစ်တယ်ဆိုတဲ့သဘောမျိုး ပေါ်လွင်နေတယ်။

 

နောက်ထပ် အရေးကြီးတဲ့အချက်က အခုလို မင်းအောင်လှိုင်ရဲ့တောင်းပန်ကြောင်း ကိုယ်စား လျှောက်ထားမှုကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြခြင်းမရှိတာပါပဲ။

 

ဆရာတော်တွေစီးလာတဲ့ယာဉ်ဟာ အရပ်သားယာဉ်ဖြစ်ပြီး မှန်ချမထားဘဲ အမြန်မောင်းကာ စစ်သားတင် Faw ကားကို ကျော်တက်တာမှန်ပေမဲ့ Faw ကားပေါ်က စစ်သားတွေက ရပ်ခိုင်းတာ မရပ်ဘူးဆိုတာကတော့ ငါတို့ဘက်ကပစ်တာမှန်ကန်ကြောင်း သက်သေထူချင်တာကြောင့် ကိုယ့်ဘာသာ လိုသလို ဖြည့်စွက်လိုက်တာလို့ နားလည်ရတယ်။ ထပ်ပြောရရင် ဆရာတော်တွေစီးလာတဲ့ကားကို မှန်မချ၊ အမြန်မောင်းနဲ့ကျော်တက်တာလောက်နဲ့ စစ်တပ်က စူးစမ်းဆင်ခြင်ခြင်းလုံးဝမရှိ၊ ကားရပ်သွားအောင် ခြောက်လှန့်ပစ်ခတ် သတိပေးခြင်း လုံးဝမရှိဘဲ အပြတ်အသတ် လုံးဝအသေ ချေမှုန်းပစ်ခတ်ခဲ့ခြင်းသာ ဖြစ်တယ်။

 

နောက်ထပ် အရေးကြီးတဲ့အချက်က အခုလို မင်းအောင်လှိုင်ရဲ့တောင်းပန်ကြောင်း ကိုယ်စား လျှောက်ထားမှုကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြခြင်းမရှိတာပါပဲ။ ဇွန် ၂၄ ရက်၊ မွန်းလွဲ ၃ နာရီကျော်မှာ တင်ဦးလွင်နဲ့အဖွဲ့ ဝိနိမ္မိတာရုံကျောင်းတိုက်သို့ရောက်လာကာ တောင်းပန်စာ ဖတ်ကြားခဲ့ပေ မဲ့ ဇွန် ၂၄ ရက်ည စစ်ကောင်စီထိန်းချုပ်ရုပ်သံတွေမှာ တောင်းပန်စာရော တောင်းပန်ကြောင်း လျှောက်ထားတဲ့သတင်းရော ဖော်ပြခြင်းမရှိသလို ဇွန် ၂၅ ရက်ထုတ် မြန်မာ့အလင်းနဲ့ကြေးမုံမှာ ဖော်ပြထားခြင်းမရှိဘူး။ လွတ်လပ်တဲ့မီဒီယာတွေရဲ့ ဖော်ပြချက်ကြောင့်သာ တောင်းပန်ခြင်းအမှု မင်းအောင်လှိုင်ပြုခဲ့ကြောင်း သိရခြင်းဖြစ်တယ်။

 

ချောင်းဦးကနေ စတင်လိုက်တဲ့ ကံဆောင်သပိတ်တွေဟာ မြို့ကြီးတွေအထိ ကူးစက်လာမှာကြောက်တာကြောင့် မတတ်သာလို့ စိတ်ထဲမပါဘဲ တောင်းပန်ခြင်းဖြစ်လို့ စစ်ကောင်စီမီဒီယာတွေမှာ မဖော်ပြခြင်းဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး) ဆရာတော်  အရှင်သူရိယာလင်္ကာရ က MPA သတင်းဌာနကို မိန့်တာ တွေ့ရတယ်။

 

ထေကြီးဝါကြီးဆရာတော်ကြီးတစ်ပါးကို စစ်တပ်က သတ်ဖြတ်ခဲ့တဲ့အမှု။ သံဃာထုအတွင်းရော ပြည်သူတွေရဲ့ကြားမှာပါ နိုင်ငံနဲ့ချီတောက်လောင်နေတဲ့ မီးတောက်ကြီး။ သူ့ကိုယ်သူ ဝန်ကြီးချုပ်လည်းခန့်အပ်၊ ကာချုပ်လို့လည်းဆိုတဲ့ မင်းအောင်လှိုင်က တောင်းပန်တာကို တောင်းပန်ကြောင်း အများပြည်သူသိရှိအောင် ဘာ့ကြောင့် ထုတ်ဖော်ပြသခြင်းမရှိရတာပါလဲ။

 

ချောင်းဦးကနေ စတင်လိုက်တဲ့ ကံဆောင်သပိတ်တွေဟာ မြို့ကြီးတွေအထိ ကူးစက်လာမှာကြောက်တာကြောင့် မတတ်သာလို့ စိတ်ထဲမပါဘဲ တောင်းပန်ခြင်းဖြစ်လို့ စစ်ကောင်စီမီဒီယာတွေမှာ မဖော်ပြခြင်းဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး) ဆရာတော်  အရှင်သူရိယာလင်္ကာရ က MPAသတင်းဌာနကို မိန့်တာ တွေ့ရတယ်။

 

နွေဦးတော်လှန်ရေးသံဃကွန်ရက်အဖွဲ့ဝင် ဆရာတော်ဦးဝါယမကလည်း မတောင်းပန်ချင်ဘဲ တောင်းပန်ရတာလို့ ဆိုသလို အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဝိနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက စနစ်တကျလုပ်ကြံတာလို့တောင် မိန့်ကြားထားတာတွေ့ရတယ်။

 

“တောင်းပန်တာတောင်မှ ကားရပ်မပေးဘူး။ကားမှာ သံဃာတံဆိပ်မပါဘူးဆိုပြီး အပြစ်ပြောသလို မျိုးလည်းပါတယ်။ သာသနာတံဆိပ်တွေဆိုတာ အကုန်လုံးကိုထုတ်ပေးထားတာမဟုတ်ဘူး။ သူတို့ (စစ် ကောင်စီ)အဆင်ပြေတဲ့သူတွေကိုပဲ ထုတ်ပေးထားတာ။ ဆရာတော်ကြီးတွေ တော်တော်များများကလည်း သာသနာတံဆိပ်ကို သုံးတာရှားတယ်”ဟု အရှင်သူရိယာလင်္ကာရက ဆက်လက် မိန့်တယ်။

 

နွေဦးတော်လှန်ရေးသံဃကွန်ရက်အဖွဲ့ဝင် ဆရာတော်ဦးဝါယမကလည်း မတောင်းပန်ချင်ဘဲ တောင်းပန်ရတာလို့ ဆိုသလို အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဝိနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက စနစ်တကျလုပ်ကြံတာလို့တောင် မိန့်ကြားထားတာတွေ့ရတယ်။

 

နောက်ထပ် မဖြစ်မနေ တောင်းပန်ဖို့လိုတာက ကိုယ့်အပြစ်ကိုယ်ဝန်မခံဘဲ ရည်ရွယ်ချက်ရှိရှိ လိမ် လည်သတင်းထုတ်ပြန်ခြင်းနဲ့ ကန်သုံးဆင့်ဆရာတော်ကြီးကို လိမ်လည်ထွက်ဆိုဖို့ ဖိအားပေးခြင်းပဲဖြစ်တယ်။

     

ကန်သုံးဆင့်ဆရာတော်ကို ဆေးကုမပေးဘဲ PDF သတ်တာပါဆို တဲ့အဖြေမျိုးရအောင် မရမကစစ်မေးခဲ့တယ်။ ဆေးရုံမှာစစ်ပြီးနောက် နန်းတွင်းထဲအထိ ခေါ်စစ်။ နန်းတွင်းထဲ ရောက်မှသာ ခေါင်း ၃ ချက်ချုပ်ပေးခဲ့တယ်။

 

ဇွန် ၁၉ ရက်ညနေပိုင်း တံတားဦးဆေးရုံပေါ် ကန်သုံးဆင့်ဆရာတော် ရောက်ရှိတဲ့အချိန်မှာ အသတ်ခံရတဲ့ဆရာတော်နဲ့ ကန်သုံးဆင့်ဆရာတော်တို့ဟာ နိုင်ငံအဆင့်ထေကြီးဝါကြီး ဆရာတော်ကြီးတွေမှန်း စစ်ကောင်စီသိရှိပြီး ဖြစ်တယ်။ အဲဒီလိုသိရှိပြီးတာတောင် ကန်သုံးဆင့်ဆရာတော်ကို ဆေးကုမပေးဘဲ PDF သတ်တာပါဆို တဲ့အဖြေမျိုးရအောင် မရမကစစ်မေးခဲ့တယ်။ ဆေးရုံမှာစစ်ပြီးနောက် နန်းတွင်းထဲအထိ ခေါ်စစ်။ နန်းတွင်းထဲ ရောက်မှသာ ခေါင်း ၃ ချက်ချုပ်ပေးခဲ့တယ်။

 

ကန်သုံးဆင့်ဆရာတော်က အဖြစ်မှန်အတိုင်း စစ်တပ်ပစ်ခတ်ကြောင်း ပြောကြားခဲ့ပေမဲ့ ဇွန် ၁၉ ရက် ည စစ်ကောင်စီမီဒီယာမှာ PDF ပစ်လို့ ဝိနိမ္မိတာရုံဆရာတော် ပျံလွန်ကြောင်း ထုတ်ပြန်ခဲ့တာဟာ အဖြစ်မှန်ကို သိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိ ပြောင်းပြန်လုပ်ပစ်ကြောင်း ပေါ်လွင်နေတယ်။အဲဒီလို လိမ်လည်သတင်းထုတ်တာနဲ့ ကန်သုံးဆင့်ဆရာတော်ကြီးကို ဆေးမကုပေးဘဲ လိမ်လည်ထွက်ဆိုဖို့ ဖိအားပေးတာဟာ သံဃာထုကြီးကို စော်ကားခြင်းဖြစ်ပေမဲ့ မင်းအောင်လှိုင် မတောင်းပန်ခဲ့ဘူး။

 

ဒါ့အပြင် ဇွန်လ ၂၂ ရက်ညမှာ မြင်းခြံမြို့နယ်၊ ဆခမကျောင်းဆရာတော် လူနာပို့ပြီးပြန်လာစဉ် စစ်တပ်က ပစ်ခတ်လို့ ပျံလွန်သွားပြန်တယ်။ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေကလည်း PDF ပစ်လို့ ဆရာတော် ပျံလွန်ကြောင်း ရေးသားကြပြန်တယ်။

 

အရှင်သူရိယာလင်္ကာရက “တောင်းပန်ပြီးရင် ဒါမျိုးနောက်မဖြစ်စေရပါဘူးလို့ ဝန်ခံကတိတွေပေးမှ တောင်းပန်တာမြောက်မှာဖြစ်တယ်”လို့ ဆိုတယ်။

 

ဇွန် ၂၂ ရက်၊ ည ၁၂ နာရီလောက်မှာလည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာဘုန်းကြီးကျောင်း တည့်တည့် စစ်တပ် တိုက်လေယာဉ်ပေါ်ကနေ ကြဲချတဲ့ ဗုံးကျရောက်ခဲ့တာကြောင့် ရွာသား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် ဦးဇင်းတစ်ပါးလည်း ပျံလွန်ခဲ့တယ်။

 

အရှင်သူရိယာလင်္ကာရက “တောင်းပန်ပြီးရင် ဒါမျိုးနောက်မဖြစ်စေရပါဘူးလို့ ဝန်ခံကတိတွေပေးမှ တောင်းပန်တာမြောက်မှာဖြစ်တယ်”လို့ ဆိုတယ်။

 

မင်းအောင်လှိုင်ရဲ့ တောင်းပန်ချက်ကတော့ မကောင်းတတ်လို့၊ မတတ်သာလို့၊ သံဃာတော်တွေ ကံ ဆောင်ကြတော့မှာမို့ အပေါ်ယံ လျှာဖျားလေးနဲ့ ဟန်ပြလုပ်တာ ပေါ်လွင်နေပေတယ်။

~~~~

လင်းခေတ်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။