မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ တိုင်းပြည်စီးပွားရေးအခြေအနေတွေကြောင့် ပြည်တွင်းက ထွက်ခွါလာသူ မြန်မာနိုင်ငံသားအများစုဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံတဝှမ်းက အလုပ်အကိုင်တွေမှာ ပွဲစားတွေရဲ့ အဆက်အသွယ်နဲ့လည်းကောင်း၊ တဆင့်ချိတ်ဆက်၍လည်းကောင်း ရွှေ့ပြောင်းလုပ်သားတွေအဖြစ်လုပ်ကိုင်နေကြပါတယ်။
လက်ရှိအချိန်မှာတော့ ထိုင်းအစိုးရရဲ့ နိုင်ငံခြားသားစီမံခန့်ခွဲရေးကော်မတီမှာ ပါဝင်တဲ့ ဝန်ကြီးဌာနအသီးသီးကနေပြီး တရားမဝင်နိုင်ငံခြားသား ရှာဖွေဖော်ထုတ်ဖမ်းဆီးစစ်ဆေးရေး ၄ လ စီမံချက်ကို အကောင်အထည်ဖော်နေပါတယ်။ အဲဒီစီမံချက်ကို၂၀၂၄ ဇွန်လဆန်းကနေ လာမယ့် စက်တင်ဘာလအထိ ထိုင်းအစိုးရရဲ့ ဘုရင့်တပ်မတော်၊ နယ်ခြားစောင့်တပ်၊ မြို့စောင့်တပ်၊ လဝကရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လူကုန်တား ရဲတပ်ဖွဲ့တို့အပြင် အမိမြေလုံခြုံရေးဌာနက စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့၊ အလုပ်သမားဌာနက တာဝန်ရှိသူတွေ စသဖြင့် အဖွဲ့စုံပူးပေါင်း ဆောင်ရွက်ပါတယ်။
စီမံချက်အတွင်း ဖမ်းမိတဲ့ မြန်မာလုပ်သားအများစုမှာ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမစ်မရှိတဲ့ အလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံမှာ လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်အမျိုးအစားတွေကို လုပ်ကိုင်မိသူတွေဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စီမံချက်မှာ ဇွန်လ ၅ ရက်ကနေ ဇူလိုင်လ ၂၅ ရက်နေ့ထိ ရက်ပေါင်း ၅၀ အတွင်း ထိုင်းနိုင်ငံတစ်ဝှမ်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းခွင်ပေါင်း (၁,၁၇၂၉) နေရာတို့ကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၄၇,၇၂၆ ဦးဖမ်းဆီးရမိကြောင်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကြောက်ခမန်းလိလိ ကိန်းဂဏန်းပါပဲ။
စီမံချက်အတွင်း ဖမ်းမိတဲ့ မြန်မာလုပ်သားအများစုမှာ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမစ်မရှိတဲ့ အလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံမှာ လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်အမျိုးအစားတွေကို လုပ်ကိုင်မိသူတွေဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့နိုင်ငံအလိုက်အလုပ်သမားများမှာ မြန်မာ အလုပ်သမား ၁၁၀,၁၃၀ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၂၂,၉၉၉ ဦး ၊ လာအိုအလုပ်သမား ၉,၆၇၅ ဦး ၊ ဗီယက်နမ်အလုပ်သမား ၁၀၄ ဦး နဲ့ အခြားနိုင်ငံသားအလုပ်သမား ၄,၈၁၈ ဦးဖြစ်ကြပြီး ယင်းတို့အနက် မြန်မာအလုပ်သမား ၆၅၈ ဦး၊ လာအိုအလုပ်သမား ၁၄၇ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၁၄၁ ဦး ၊ဗီယက်နမ်အလုပ်သမား ၂၁ ဦး၊ အခြားနိုင်ငံအလုပ်သမား ၇၀ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီလို့ သိရပါတယ်။
“ ဒီလိုအရေးယူခံရမှုအပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် (၂) နှစ် ပိတ်သိမ်းခံရမယ့်အပြင် မိမိနေရပ်နိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်းခံရမှာပါ။ တကယ်လို့ အဲဒီ ၂ နှစ်အတွင်း ထိုင်းနိုင်ငံကို ပြန်လာမယ်ဆိုရင်လည်း ထောင်ဒဏ် ၂ နှစ်ကို ထောင်ကြွေးအနေနဲ့ ကျခံရမှာ ဖြစ်ပါတယ်”
ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေအရ နိုင်ငံခြားသားအလုပ်သမားတစ်ဦးမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိပေမယ့် ခွင့်ပြုထားတဲ့နေရာမှာ လုပ်ကိုင်တာမဟုတ်ဘဲ အခြားနေရာမှာ သွားရောက်လုပ်ကိုင်တာ၊ (သို့) အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ လုပ်ငန်းခွင်တစ်ခုခုတွင် ဝင်ရောက်လုပ်ကိုင်စဉ် တာဝန်ရှိသူများမှ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ဘတ် ၅၀,၀၀၀ အထိ ပေးဆောင်ရမှာ ဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။
“ ဒီလိုအရေးယူခံရမှုအပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် (၂) နှစ် ပိတ်သိမ်းခံရမယ့်အပြင် မိမိနေရပ်နိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်းခံရမှာပါ။ တကယ်လို့ အဲဒီ ၂ နှစ်အတွင်း ထိုင်းနိုင်ငံကို ပြန်လာမယ်ဆိုရင်လည်း ထောင်ဒဏ် ၂ နှစ်ကို ထောင်ကြွေးအနေနဲ့ ကျခံရမှာ ဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်သမားကို အလုပ်ရှင်က လက်ခံမိခဲ့ရင်လည်း အလုပ်ရှင်ကို ဘတ် ၁ သောင်းကနေ ၁ သိန်းထိ ဒဏ်ငွေရိုက်မှာဖြစ်သလို အလုပ်ရှင်က ထပ်မံကျူးလွန်မယ်ဆိုရင် ထောင်ဒဏ် အများဆုံး ၁ နှစ်နဲ့ ဒဏ်ငွေ ၅ သောင်းကနေ ၂ သိန်းဘတ်အထိ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်သမားကို အလုပ်ရှင်က လက်ခံမိခဲ့ရင်လည်း အလုပ်ရှင်ကို ဘတ် ၁ သောင်းကနေ ၁ သိန်းထိ ဒဏ်ငွေရိုက်မှာဖြစ်သလို အလုပ်ရှင်က ထပ်မံကျူးလွန်မယ်ဆိုရင် ထောင်ဒဏ် အများဆုံး ၁ နှစ်နဲ့ ဒဏ်ငွေ ၅ သောင်းကနေ ၂ သိန်းဘတ်အထိ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီအလုပ်ရှင်ဟာ ရွှေ့ပြောင်းအလုပ်သမား ငှားရမ်းခွင့် ၃ နှစ်အပိတ်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို လုပ်ကိုင်ခွင့်မပြုတဲ့ အလုပ်အကိုင်(၂၇)မျိုး ရှိပါတယ်။
ထိုင်းအစိုးရက သူတို့နိုင်ငံသား အခြေခံလူတန်းစားတွေ လုပ်ကိုင်နေတဲ့အလုပ်အကိုင်တွေကို နိုင်ငံခြားသားအလုပ်သမားတွေက ဝင်ရောက်လုပ်ကိုင်မှာစိုးတဲ့အတွက် အခုလို ကန့်သတ်ထားတာဖြစ်ပါတယ်။
“ရွေ့ပြောင်းအလုပ်သမားတွေက D သုံးလုံး ကိုပဲလုပ်ရမယ်။ အဲဒါတွေက အိမ်ရှင်နိုင်ငံသားတွေ မလုပ်နိုင်တဲ့ မလုပ်ကြတဲ့ Dirty - ညစ်ပတ်တဲ့အလုပ်တွေ လုပ်ရမယ်၊ Dangerous - အန္တရာယ်ရှိတဲ့ အလုပ်တွေလုပ်ရမယ်၊ Difficult - ခက်ခဲတဲ့အလုပ်တွေ လုပ်ရမယ်၊ တချို့နိုင်ငံမှာတော့ Demanding - သိမ်ငယ်တဲ့အလုပ်တွေလုပ်ရမယ်လို့ ဆိုတယ်”
ထိုင်းအစိုးရက လုပ်ကိုင်ခွင့်မပြုတဲ့ အလုပ်အကိုင်(၂၇) မျိုးမှာ ၁။ သစ်သား ပန်းပုလုပ်ငန်း၊ ၂။ ယာဉ်မောင်းလုပ်ငန်း၊ ၃။ လေလံတင်အရောင်းအဝယ်လုပ်ငန်း၊ ၄။ ကျောက်မျက်ရတနာလုပ်ငန်း၊ ၅။ ဆံပင်ညှပ် အလှပြင်လုပ်ငန်း၊ ၆။ ယက်ကန်းလုပ်ငန်း၊ ၇။ ဖျာယက်ခြင်းလုပ်ငန်း၊ ၈။ စက္ကူထုတ်လုပ်ခြင်းလုပ်ငန်း၊ ၉။ ပန်းယွန်းလုပ်ငန်း၊ ၁၀။ ထိုင်းတူရိယာလုပ်ငန်း၊ ၁၁။ ကြေးထည်ကနုတ်ဖော်ခြင်းလုပ်ငန်း၊ ၁၂။ ရွှေထည် ငွေထည်လုပ်ငန်း၊ ၁၃။ ကြေထည်လုပ်ငန်း၊ ၁၄။ ထိုင်းရိုးရာအရုပ်ပြုလုပ်ခြင်းလုပ်ငန်း၊ ၁၅။ သပိတ်လုပ်ငန်း၊ ၁၆။ ချည်ယက်လုပ်ငန်း၊ ၁၇။ ဗုဒ္ဓရုပ်ပွားတော်ထုဆစ်ခြင်းလုပ်ငန်း၊ ၁၈။ စက္ကူနှင့်ပိတ်ဖြင့်ပြုလုပ်သောထီးလုပ်ငန်း၊ ၁၉။ ပွဲစားနှင့် အေဂျင်စီလုပ်ငန်း၊ ၂၀။ ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ၂၁။ ဆေးလိပ်လိပ်ခြင်းလုပ်ငန်း၊ ၂၂။ ဧည့်လမ်းညွှန်လုပ်ငန်း၊ ၂၃။ ဈေး/ လှည့်လည်ရောင်းခြင်း လုပ်ငန်း၊ ၂၄။ ထိုင်းအက္ခရာစီခြင်းလုပ်ငန်း၊ ၂၅။ ပိုးချည်လုပ်ငန်း၊ ၂၆။ အတွင်းရေးမှူးလုပ်ငန်း၊ ၂၇။ ဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်းတို့ ဖြစ်ပါတယ်။
“ရွေ့ပြောင်းအလုပ်သမားတွေက D သုံးလုံး ကိုပဲလုပ်ရမယ်။ အဲဒါတွေက အိမ်ရှင်နိုင်ငံသားတွေ မလုပ်နိုင်တဲ့ မလုပ်ကြတဲ့ Dirty - ညစ်ပတ်တဲ့အလုပ်တွေ လုပ်ရမယ်၊ Dangerous - အန္တရာယ်ရှိတဲ့ အလုပ်တွေလုပ်ရမယ်၊ Difficult - ခက်ခဲတဲ့အလုပ်တွေ လုပ်ရမယ်၊ တချို့နိုင်ငံမှာတော့ Demanding - သိမ်ငယ်တဲ့အလုပ်တွေလုပ်ရမယ်လို့ ဆိုတယ်” လို့ ဦးမိုးကြိုးက ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေ အထူးသဖြင့် မြန်မာနိုင်ငံသားတွေဟာ ပြည်ပနိုင်ငံမှာ အထောက်အထားရဖို့ ခက်ခဲရ၊ အလုပ်အကိုင်ရဖို့ ခက်ခဲရနဲ့ ဒါ့အပြင် အလုပ်အကိုင် ရလာပြန်တော့လည်း ကိုယ်မလုပ်ချင်တဲ့အလုပ်တွေ လုပ်နေရပါတယ်။ အဲလိုမှမဟုတ်ပြန်ရင်လည်း အခုလို အဖမ်းဆီးခံ၊ အရေးယူခံရတာတွေနဲ့ လက်တွေ့ဘဝတွေကို မောနေအောင် ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။