Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မိဘမဲ့ဖြစ်သွားရတဲ့ မြေစာပင်လေးတွေ (Human Rights)

ပြီးခဲ့တဲ့ တစ်ပတ်တုန်းက “ကျမ ဒီကလေးကို မြင်လည်း မမြင်ချင်တော့ဘူး၊  ဆက်လည်း မမွေးနိုင်တော့ဘူး”လို့ဆိုပြီး အမျိုးသမီးငယ်တစ်ယောက် သူမရဲ့ မွေးကာစ ကလေးငယ်လေးကို ခိုင်နှင်းဝေ‌‌ဂေဟာကို သွားပို့ခဲ့ပါတယ်။

 

ခန့်မှန်းခြေ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်ဟာ သူမရဲ့ ဆေးသမားဖြစ်သူ အမျိုးသားနဲ့ မိဘသဘောမတူတဲ့ကြားက အကြောင်းပါခဲ့ပေမယ့် အမျိုးသားက ပစ်သွားတာကြောင့် လူမမယ်ကလေးငယ်နဲ့အတူ ရုန်းကန်နေရတယ်လို့ သိရပါတယ်။

 

“ကျမက မကောင်းတာ လုပ်စားတာ” မီဒီယာတွေရှေ့မှာ သူဖြေခဲ့တဲ့စကား။ သူမစကားက သူမ ဒီအလုပ်လုပ်နေတဲ့အတွက် ကလေးကို မထိခိုက်စေချင်လို့ သူတစ်ပါးကို ပေးပစ်ချင်တဲ့ မိဘမေတ္တာ။

 

သူမကို သူမရဲ့ မိဘတွေကလည်း လက်မခံတဲ့အပြင် စားစရာနဲ့ နေစရာလည်း မရှိတာကြောင့် လမ်းဘေးမှာပဲ နေရပြီး ကလေးမွေးဖွားပြီးနောက် ကြံရမရတဲ့အဆုံး  အပျော်မယ်အလုပ်ကို ဘဝအခြေအနေအရ ရွေးချယ်လိုက်ရပါတယ်။ 

 

“ကျမက မကောင်းတာ လုပ်စားတာ” မီဒီယာတွေရှေ့မှာ သူဖြေခဲ့တဲ့စကား။ သူမစကားက သူမ ဒီအလုပ်လုပ်နေတဲ့အတွက် ကလေးကို မထိခိုက်စေချင်လို့ သူတစ်ပါးကို ပေးပစ်ချင်တဲ့ မိဘမေတ္တာ။ အများက သူမကို မိခင်စိတ်မရှိဘူး၊ ဘာညာ ပြောကြပေမယ့် တကယ်တမ်းတော့ သူမက သူမနဲ့ကလေးအတွက် အပျော်မယ်အလုပ်ကို ‌မလုပ်ချင်ဘဲ ရွေးချယ်ရတယ်၊ သူမကိုယ်တိုင် ဘာမှမစားဘဲ ကလေးကို နို့ဘူးရအောင် တိုက်တယ်၊ နို့ဘူးတိုက်တာကလည်း သူမမှာ ရောဂါရှိရင် ကလေးကို ကူးမှာစိုးတဲ့ မိခင်တစ်ယောက်ရဲ့ စိတ်စေတနာ၊ အဆိုးဝါးဆုံးကတော့ ကလေးကို ပေးတဲ့အချိန်မှာ မိခင်တစ်‌ယောက်အနေနဲ့ ကလေးအပေါ် သံယောဇဉ်ဖြတ်နိုင်အောင် စကားလုံးတွေ ခပ်ကြမ်းကြမ်းသုံးကာ သူမကိုယ်သူမ ဗီလိန်ဇာတ်သွင်းပြီး ပေးပစ်လိုက်ခြင်းပင်။ နောက်ဆုံး အပြန်ကားပေါ်တက်တော့ ‌ဂေဟာဘက်ဆီ လည်ပြန်ကြည့်တဲ့ သူမအကြည့်က ကလေးအတွက် စိတ်ချသွားပြီဆိုတဲ့ သဘော။

 

ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ အခြေခံလူ့အဖွဲ့အစည်းရဲ့ ပျက်စီးယိုယွင်းနေတဲ့အခြေအနေကို မျက်ဝါးထင်ထင်မြင်တွေ့ရတဲ့ ဖြစ်ရပ်တွေထဲက တစ်ခုပါ။

 

မိသားစုအများစုက ဆင်းရဲတွင်းနက်မှုနဲ့ မိဘမေတ္တာကြားမှာ လွန်ဆွဲနေရတဲ့ ကြောက်စရာအခြေအနေတွေကို ရင်ဆိုင်နေကြရတာပါ။ ဘယ်လိုပဲဖြစ်စေ အကျိုးဆက်ကတော့ မိဘမဲ့ကလေးတွေ ပိုများလာတာပါပဲ။

 

ပြည်တွင်းမှာ အခြေခံလူတန်းစားတွေကြား ဆင်းရဲမွဲတေမှုလှိုင်းက ဘယ်လောက်ထိအောင် ရိုက်ခတ်နေပြီလဲဆိုတာ ပေါ်လွင်နေပါတယ်။ အနယ်နယ်အရပ်ရပ်ကနေ ဂေဟာကို ကလေးမွေးစားဖို့ ပေးတဲ့ သတင်းတွေ၊ ရုပ်သံတွေက နေ့စဉ်နဲ့အမျှ မမြင်ချင်လည်း မြင်။ မတွေ့ချင်လည်း တွေ့နေရတာပါ။ ဆင်းရဲကျပ်တည်းလွန်းတာကြောင့် ခိုင်နှင်းဝေ ဂေဟာကို မိမိတို့ရဲ့ ကလေးတွေ ပိုမိုကောင်းမွန်တဲ့ဘဝရောက်ဖို့ အားကိုးတကြီး ပို့ကြသူတွေ၊ ကလေးတွေကို မပေးချင်ပဲ ပေးနေကြသူတွေ အခုအချိန်မှာ တစ်စတစ်စ ပိုများလာပါတယ်။ 

 

မိသားစုအများစုက ဆင်းရဲတွင်းနက်မှုနဲ့ မိဘမေတ္တာကြားမှာ လွန်ဆွဲနေရတဲ့ ကြောက်စရာအခြေအနေတွေကို ရင်ဆိုင်နေကြရတာပါ။ ဘယ်လိုပဲဖြစ်စေ အကျိုးဆက်ကတော့ မိဘမဲ့ကလေးတွေ ပိုများလာတာပါပဲ။

 

ဘာမဆို တည်ဆောက်ဖို့ရာ  ခက်ခဲပြီး ပျက်ဆီးဖို့ရာ လွယ်ကူနေတဲ့ ခေတ်ကာလအ‌ခြေအနေမှာ နေ့စဉ်နဲ့အမျှ ပြည်သူတွေရဲ့ အသက်တွေ၊ အိုးအိမ်စည်းစိမ်တွေ အာဏာသိမ်းစစ်တပ်ကြောင့် ပျက်စီးဆုံးရှုံးနေရပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံရဲ့ နေရာတိုင်းမှာ စစ်ရဲ့ အကျိုးဆက်ကို ရင်ဆိုင်နေကြရပါတယ်။ ဘာမဆို တည်ဆောက်ဖို့ရာ  ခက်ခဲပြီး ပျက်ဆီးဖို့ရာ လွယ်ကူနေတဲ့ ခေတ်ကာလအ‌ခြေအနေမှာ နေ့စဉ်နဲ့အမျှ ပြည်သူတွေရဲ့ အသက်တွေ၊ အိုးအိမ်စည်းစိမ်တွေ အာဏာသိမ်းစစ်တပ်ကြောင့် ပျက်စီးဆုံးရှုံးနေရပါတယ်။

 

ရွှေစျေး၊ ဒေါ်လာစျေးတွေနဲ့ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး ဝင်ငွေနဲ့ ထွက်ငွေ မမျှတတော့တဲ့ အခြေအနေ၊ ကြက်ဥတစ်လုံး ‌ဂေါ်ဖီတစ်စိတ်တောင် ဝယ်ဖို့ မနည်းကျားကန်နေရတဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝဟာ ကမ္ဘာမီးလောင် သားကောင်ချနင်းရတာနဲ့ မခြားတော့ပါ။ 

 

စစ်ဘေးရှောင်တွေလည်း တစ်စတစ်စ များလာပြီး စစ်မရှောင်ရသေးသူတွေကြားမှာလည်း ငွေကြေးအကြပ်အတည်းတွေကြား နလန်မထူနိုင်ကြတဲ့ အခြေအနေပါ။ လမ်းမတွေထက် တောင်းစားသူတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတယ်။ 

 

ဒါ့အပြင် စစ်ဘေးရှောင်တွေလည်း တစ်စတစ်စ များလာပြီး စစ်မရှောင်ရသေးသူတွေကြားမှာလည်း ငွေကြေးအကြပ်အတည်းတွေကြား နလန်မထူနိုင်ကြတဲ့ အခြေအနေပါ။ လမ်းမတွေထက် တောင်းစားသူတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတယ်။ တော်လှန်ရေးမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာသူတွေနဲ့ စစ်ဘေးရှောင်တွေ ပြည့်နှက်နေတဲ့ မဲဆောက်ရဲ့ အထင်ကရ စျေးဝယ်စင်တာတွေရှေ့မှာတောင် စစ်ရှောင်ဆိုင်းဘုတ်တွေကိုင်ပြီး တောင်းရမ်းစားသောက်နေရတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ တစ်နေ့ထက်တစ်နေ့ လျော့သွားတယ် မတွေ့ရပါဘူး။

 

ဘယ်သူက တောင်းရမ်းစားသောက်တဲ့ဘဝကို လိုချင်မလဲ။ ဘယ်လိုအမျိုးသမီးက အပျော်မယ်ဘဝကို လိုချင်မလဲ၊ ဘယ်သူက ကိုယ့်ရင်သွေးသားသမီးနဲ့ ခွဲခွါနေချင်မလဲ၊ လူသားတစ်ယောက်ရဲ့ အခြေခံ အခွင့်အရေးတွေ ဘယ်သူက မရဘဲ နေချင်မလဲ။  ဘယ်သူကများ ဆင်းရဲတွင်း နက်ချင်မလဲ။ 

 

တစ်နေ့ ဝင်ငွေ ၃၀၀၀ ဆိုတာ အိမ်တစ်အိမ်၊ မိသားစုတစ်စုမှာ လက်ရှိမြန်မာနိုင်ငံအခြေအနေအရ ငပိရည်၊ တို့စရာနဲ့စားရင်တောင် နပ်မမှန်တော့ပါဘူး။

 

ကမ္ဘာ့ဘဏ်ကတော့ လူတစ်ယောက်ရဲ့တစ်နေ့အနိမ့်ဆုံး ဝင်ငွေ ကျပ်သုံးထောင်အောက်သာ ရရှိသူကို ဆင်းရဲမွဲတေတယ်လို့ သတ်မှတ်ထားပါတယ်။ တစ်နေ့ ဝင်ငွေ ၃၀၀၀ ဆိုတာ အိမ်တစ်အိမ်၊ မိသားစုတစ်စုမှာ လက်ရှိမြန်မာနိုင်ငံအခြေအနေအရ ငပိရည်၊ တို့စရာနဲ့စားရင်တောင် နပ်မမှန်တော့ပါဘူး။ တစ်နေ့က ပြည်တွင်း ရုပ်သံတစ်ပုဒ်မှာ လမ်းဘေးက ကန်စွန်းရွက်ခူးပြီး ရောင်းချတဲ့ အမယ်အိုက တစ်နေ့ကို ဝင်ငွေ ၅ထောင်လောက်ရပေမယ့် သူ့အိမ်မှာ ထမင်းကို ငပိရည်၊ တို့စရာနဲ့ စားရရုံပဲ ရှိတယ်လို့ ပြောထားပါတယ်။


၂ဝ၂၂ ခုနှစ် အာရှဖွံဖြိုးရေးဘဏ်ရဲ့ခန့်မှန်းချက်အရ စီးပွားရေးအသည်းနှလုံးမြိုံတော် ရန်ကုန်နေ လူဦးရေရဲ့ လေးပုံ တစ်ပုံဟာ တစ်နှစ်ပတ်လုံး တစ်ပြားတစ်ချပ်မျှပင် ဝင်ငွေမရှိခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့အစီရင်ခံစာအရ သိရှိရပါတယ်။ ဒါ့အပြင် လက်ရှိ ၂၀၂၄ ခုနှစ်ရဲ့ သုတေသနပြုစစ်တမ်းတွေအရ အာရှအဆင်းရဲဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာက အဆင့် ၆ နေရာကနေ ပါဝင်နေပါတယ်။

 

ဒီအခြေအနေတွေကနေ ရုန်းထွက်ဖို့ဆိုရင် ပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်နေတဲ့ အကြမ်းဖက် စစ်အာဏာရှင်ကို အရင်ဆုံး အမြစ်ဖြုတ်ပစ်ဖို့ကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး။  

 

လူတိုင်း မိမိတို့ရဲ့ ရှင်သန်နေထိုင်နိုင်ရေးအတွက် ရရာနည်းမျိုးစုံနဲ့ ရပ်တည်နေကြရတဲ့ အနေအထားပါ။ ၂ဝ၂၁ ခုနှစ် စစ်ကောင်စီရဲ့ အာဏာသိမ်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအနှံ့ လုံခြုံရေး ပျက်ပြားသွားခဲ့ပြီး ကျေးရွာအတော်များများနဲ့ မြို့နယ်အချို့ဟာ ပြာပုံအတိပြောင်းလဲသွားစေခဲ့သလို တဖက်မှာလည်း ပြည်သူတွေကို ဆင်းရဲမွဲတေမှုကြား နလန်မထူနိုင်အောင် စနစ်တကျ ဖိစီးနှိပ်စက်လိုက်တာပါ။

 

ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံတွေကိုကြည့်လိုက်ရင် နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ပြည်တွင်းပဋိပက္ခတွေနဲ့ အကျင့်ပျက်ခြစားမှုတွေက စီးပွား‌ရေးဖွံ့ဖြိုးမှုတွေကို နောက်ကျကျန်ခဲ့စေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာလည်း ဆင်းရဲတွင်းနက်နေတာ မဆန်းပါ။ ဒီအခြေအနေတွေကနေ ရုန်းထွက်ဖို့ဆိုရင် ပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်နေတဲ့ အကြမ်းဖက် စစ်အာဏာရှင်ကို အရင်ဆုံး အမြစ်ဖြုတ်ပစ်ဖို့ကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး။ မဟုတ်ရင်တော့ ဆင်းရဲမွဲတေတာတွေနဲ့ ကလေးတွေ မိဘမဲ့ဖြစ်တာတွေက သံသရာလည်နေအုံးမှာပါ။ 

~~~~

ခေးလု

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။