Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နောက်ဆုံးလှိုင်း အိမ်ပြန်မယ့်လှိုင်း (Opinion)

ဟေ့ကောင် လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ ...

 

အခု တရုတ်ကြီးက မင်းကို အာဏာက စွန့်လွှတ်ပေးရန် နားချဖို့ ကြားဖြတ်အစိုးရတရပ်ဖွဲ့စည်းပြီး ရွေးကောက်ပွဲကျင်းပကြဖို့ သမ္မတဟောင်းသိန်းစိန်ကို ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းကြားနေရပါလားကွ။ ဒါက ဘေးလူတယောက်ကနေ ဖြစ်သင့်ဖြစ်ထိုက်တာကို အကြံပြုလိုက်တာလို့ ဆိုကြပါစို့ကွာ။ ဒါပေမဲ့ အင်မတန် ဖြစ်နိုင်ခြေ မရှိလောက်တဲ့ အနေအထားပါပဲ။

 

ဘာပြုလို့လဲဆိုတော့ မင်းက အာဏာငန်းဖမ်းလွန်းလို့ ဆင်ခြင်တုံမဲ့ အာဏာသိမ်းခဲ့တဲ့ ကောင်လေ။ အခု သုံးနှစ်ကျော်ကာလအတွင်း မကြုံစဖူး စိုးမိုးနယ်မြေတွေ လက်လွတ်ဆုံးရှုံးနေခဲ့ရတာတောင်မှ အသည်းအသန် အာဏာတည်မြဲဖို့ ဆက်လက် မိုက်တွင်းနက်ဆဲ မဟုတ်လား။ ဒီတော့ အာဏာစွန့်လွှတ်ဖို့ နားချဖို့ ဆိုတာက နွားကို ပလာတာကျွေးသလို ဖြစ်နေမှာပေါ့။ ဒါဖြင့် သိန်းစိန်က မင်းကို အာဏာစွန့်လွှတ်ဖို့ နားမချလောက်၀ံ့ဘူး ထင်ပါရဲ့။ မင်းက အကြမ်းဖက်ခေါင်းဆောင်လေ၊ ငါ ရှင်ဘုရင် ငါ ထင်ရာ ငါလုပ်မယ် ဆိုတဲ့ အချိုးအစားထဲက မဟုတ်လား။ နတ်နေကိုင်းသော ဘာသော နားလည်တဲ့ကောင်မှ မဟုတ်တာ။

 

သိန်းစိန်လိုအကောင်မျိုး မပြောနဲ့ ဒင်းကို ရာဇာဘိသိက်သွန်းလောင်း မင်းမြှောက်ခဲ့တဲ့ သန်းရွှေလို အကောင်မျိုးတောင် တုပ်တုပ်မှ မလှုပ်၀ံ့တာ ကြည့်..။ ဘာပဲဖြစ်ဖြစ် တရုတ်ကြီးက မင်းကို မလိုလားတော့ဘူး ဆိုတာတော့ အကဲခတ်လို့ ရလိုက်ပါရဲ့။

 

မင်း နားလည်တာက မင်း အာဏာတည်မြဲနေရေး တခုတည်းသာ နားလည်တာ မဟုတ်လား။ ဒီတော့ သိန်းစိန်လိုအကောင်မျိုး မပြောနဲ့ ဒင်းကို ရာဇာဘိသိက်သွန်းလောင်း မင်းမြှောက်ခဲ့တဲ့ သန်းရွှေလို အကောင်မျိုးတောင် တုပ်တုပ်မှ မလှုပ်၀ံ့တာ ကြည့်..။ ဘာပဲဖြစ်ဖြစ် တရုတ်ကြီးက မင်းကို မလိုလားတော့ဘူး ဆိုတာတော့ အကဲခတ်လို့ ရလိုက်ပါရဲ့။ ပြည်သူတရပ်လုံးက မလိုလားလို့ လက်နက်ဆွဲကိုင် တော်လှန်နေကြတာတောင် ဘူးလုံးနားမထွင်း နေတဲ့အကောင်က တရုတ်ကြီး မလိုလားတာကိုတော့ ကြောက်ရှာသားဟ ...။ လောက်ကိုင်‌ဒေသက ကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်တယောက်ကို ကျားဖြန့်ကိစ္စနဲ့ ပတ်သက်ပြီး ကြိုးပေးသတ်ဖြတ်လိုက်တာဟာ တရုတ်ကို မျက်နှာချိုသွေးပြလိုက်တာဆိုပဲ။ ဇာတ်တူသားစားတဲ့ ဟင်္သာကိုးသောင်းပုံပြင်တွေ စတင်လို့လာပေါ့။ မလွတ်မြောက်ကြတဲ့အပြင် ပျက်စီးကိန်းတွေ စတင်လာပြီ။

 

ပြီးတော့ တရုတ်ကြီးက မဟာမိတ်ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်ခေါင်းဆောင် အပြောင်းအလဲနဲ့ ပတ်သက်ပြီး သဘောထား တီးခေါက်ကြည့်တယ်ဆိုပဲ။ အဲဒီမှာ အားလုံးက တညီတညွတ်တည်း သဘောမတူကြောင်း တုံ့ပြန်ကြလို့ တရုတ်ကြီး အံ့အားတသင့် ဖြစ်သွားရှာသတဲ့လေ။ ဘာပြုလို့ သဘောမတူကြတာလဲ ဆိုတော့ စစ်ဆင်ရေး အင်မတန် ညံ့ဖျင်းနုံချာတဲ့ ခေါင်းဆောင်လက်အောက်က စ.ခတွေကို တိုက်ခိုက်ကြရတာ လွယ်လင့်တကူ ရှိလို့တဲ့ဗျာ။ ဒါ့အပြင် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေလည်း အလျှံပယ် ထောက်ပံ့မှုရရှိနေလို့ပါတဲ့။ ကောင်းကြပါရော ...။

 

အခု နိုင်ငံဟာ ကျရှုံးနိုင်ငံဆိုတာထက် ဆုံးရှုံးနိုင်ငံဆီ ဦးတည်နေပြီ။ အနာဂတ်နိုင်ငံအတွက် သွေးသစ်အားသစ် လူငယ်တွေကို နည်းဥပဒေ ခုချိန်ထိမထုတ်ပြန်ဘဲ စစ်မှုထမ်းဥပဒေ အတင်းအကျပ် ပြဋ္ဌာန်းပြီး သွတ်သွင်းခြင်းက နိုင်ငံကို ဆုံးရှုံးနိုင်ငံ ဖြစ်စေတာပါပဲ။

 

အေးလေ ဒင်း အာဏာသိမ်းပြီး သုံးနှစ်ကျော် ကာလအတွင်းမှာ ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ အခြေအနေရပ် အားလုံးက ဒင်းရဲ့ သဘောထားနဲ့ အရည်အသွေး အမှန်အကန်ကို မှတ်ကျောက်တင်ထားခဲ့ပြီပဲ။ ထူးပြောစရာ မလိုတော့ပါဘူး။ အခုတော့ ဒင်းက နိုင်ငံတည်ငြိမ်ရေးအတွက် လုပ်ဆောင်နေတာ မဟုတ်တော့ဘူးလေ။ နိုင်ငံပျက်စီးအောင် ဖျက်ဆီးရေးကို ဦးတည်လုပ်ဆောင်နေတာ တွေ့ကြရတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာ၊ ပြည်သူ့ အသက် အိုးအိမ်တွေကို လေယာဥ်နဲ့ ဗုံးကြဲချနေတာတွေဟာ သက်သေပဲပေါ့။

 

အခု နိုင်ငံဟာ ကျရှုံးနိုင်ငံဆိုတာထက် ဆုံးရှုံးနိုင်ငံဆီ ဦးတည်နေပြီ။ အနာဂတ်နိုင်ငံအတွက် သွေးသစ်အားသစ် လူငယ်တွေကို နည်းဥပဒေ ခုချိန်ထိမထုတ်ပြန်ဘဲ စစ်မှုထမ်းဥပဒေ အတင်းအကျပ် ပြဋ္ဌာန်းပြီး သွတ်သွင်းခြင်းက နိုင်ငံကို ဆုံးရှုံးနိုင်ငံ ဖြစ်စေတာပါပဲ။ အဲဒီမှာ အဓိက တာ၀န်အရှိဆုံး တရားခံကတော့ မင်းပဲ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ ယုတ်မာမှုကတော့ အနှိုင်းမဲ့ပါပဲကွာ။ မင်းကို ဒို့ပြည်သူတွေက  ကမ္ဘာကြေတောင် ဥဒါန်းမကျေဘူးမှတ်ပါ။

 

စိုက်ပျိုးရေးနိုင်ငံ ဖြစ်တာနဲ့အညီ ကျေးလက်အခြေခံတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို တိုးတက် အောင် ဆောင်ရွက်သွားမယ်တဲ့။ ခုတော့ ကျေးလက်က ပြည်သူ့အိုးအိမ်တွေ သောင်းချီရုံမက သိန်းဂဏန်းနီးပါးထိ အကြောင်းမဲ့ ဖျက်ဆီးလိုက်ကြတယ်။ 

 

အာဏာသိမ်းခါစ လပိုင်းလောက်ကတော့ လျှပ်စစ်ရထားတွေ ပြေးဆွဲနိုင်အောင် ကြိုးပမ်းသွားမယ်တဲ့၊ ခုတော့ အဓိကဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်ရထားတောင် ဖြစ်ဖြစ်မည်ရုံ ပြေးဆွဲနေရတဲ့ အနေအထား မဟုတ်လား။ စိုက်ပျိုးရေးနိုင်ငံ ဖြစ်တာနဲ့အညီ ကျေးလက်အခြေခံတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို တိုးတက် အောင် ဆောင်ရွက်သွားမယ်တဲ့။ ခုတော့ ကျေးလက်က ပြည်သူ့အိုးအိမ်တွေ သောင်းချီရုံမက သိန်းဂဏန်းနီးပါးထိ အကြောင်းမဲ့ ဖျက်ဆီးလိုက်ကြတယ်။ ခုလည်း ဒင်းတို့ အကြမ်းဖက်မိစ္ဆာတွေ ဝင်ရောက်လာရင် ပြေးလွှား ပုန်းအောင်နေရဆဲ။ မပြေးလွှားလို့ ဖြစ်မတဲ့လား။ ဒင်းတို့က တရား၀င် လုယက်၊ မုဒိန်းကျင့်ဖို့ လိုင်စင်ရထားတဲ့ သူတွေလေ။ ဒီတော့ ဘယ်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အာရုံစိုက်လုပ်ကိုင်နိုင်တော့မှာလဲ။ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်လာပါတော့ အားကြီးကြီး။

 

ပြီးတော့ SME လုပ်ငန်းတွေ တွင်ကျယ်အောင် အားပေးရင် စီးပွားရေး တိုးတက်လာရစေမတဲ့။ ဒါပေမဲ့ ရန်ကုန်မြို့မှာတောင် လျှပ်စစ်က အချိန်ပိုင်းသာ ပေးစွမ်းနိုင်တာကြောင့် SME လုပ်ငန်းတွေ မမွေးခင်က သားလျှောသွားကြကုန်ပေါ့။ ခုတော့ ဒင်းအနေနဲ့ လျှပ်စစ်ရထားရော၊ စီးပွားရေးအကြောင်းတွေရော မပြောနိုင်တော့ဘဲ နှုတ်ဆိတ်နေရရှာပါပြီ။

 

နိုင်ငံရဲ့ စီးပွားရေးသာ ချွတ်ခြုံကျသွားတာပါဗျာ။ ဒင်းနဲ့ ဒင်းရဲ့သားသမီးတွေကတော့ အာဏာသိမ်းပြီးတဲ့နောက်မှာ ပိုမို ချမ်းသာကြွယ်၀လာကြလေရဲ့။ ဒင်းဆို ရှစ်ဘီလီယံလောက်သာ ချမ်းသာရာကနေ ခုဆို (၃၂) ဘီလီယံထိတောင် ချမ်းသာလာသတဲ့။ 

 

ဒါ့အပြင် ဗဟိုဘဏ်ကလည်း ဒေါ်လာငွေတွေ သန်းချီပြီး ထုတ်ရောင်းနေလိုက်တာ ခုတင်ခု ပါဗျာ။ ခုတော့ အပ်ထားကြတဲ့ ငွေတွေကို လိုအပ်သလောက် ထုတ်မပေးနိုင်ကြတော့ဘူးတဲ့။ ခွဲတမ်းနဲ့ ကန့်သတ်ဦးရေ လောက်သာ ထုတ်ပေးနေတော့တယ်။ ထုတ်လို့ရတဲ့ ငွေပမာဏကလည်း တကယ့်ကို ဆင့်ပါးစပ် နှမ်းပက်တဲ့ အတိုင်း ။ ၀န်ထမ်းလစာပေးဖို့လောက်သာ ရှိတော့တာ။ ဘယ်မှာ စီးပွားရေး လုပ်ကိုင်လို့ရပါတော့မလဲ။ နိုင်ငံခြားငွေ မဆိုထားဘိ မြန်မာငွေတောင် လုံလောက်အောင် ထုတ်မပေးနိုင်သည်ထိ အခြေအနေက ဆိုးဝါးသွားပါပြီ။

 

နိုင်ငံရဲ့ စီးပွားရေးသာ ချွတ်ခြုံကျသွားတာပါဗျာ။ ဒင်းနဲ့ ဒင်းရဲ့သားသမီးတွေကတော့ အာဏာသိမ်းပြီးတဲ့နောက်မှာ ပိုမို ချမ်းသာကြွယ်၀လာကြလေရဲ့။ ဒင်းဆို ရှစ်ဘီလီယံလောက်သာ ချမ်းသာရာကနေ ခုဆို (၃၂) ဘီလီယံထိတောင် ချမ်းသာလာသတဲ့။ ဒင်း သမီးနဲ့ သားကလည်း (၃၅၀) ဘီလီယံလောက်ထိတောင် ချမ်းသာနေကြပြီတဲ့လေ။

 

နိုင်ငံရဲ့ စီးပွားရေး ထိုးဆင်းသွားတာလည်း မပြောနဲ့လေ။ စစ်အသုံးစရိတ်တွေက အတိုင်းအဆမရှိ ကုန်ခမ်းနေရတာကိုး။ ဒီလိုကုန်ခမ်းနေရအောင် ဘယ်နိုင်ငံရဲ့ ကျူးကျော်စစ်ကို တိုက်ခိုက်နေရလို့ပါလဲ။ ဘယ်ပြည်နယ်က ခွဲထွက်ခွင့် စစ်ဆင်နွှဲနေလို့ တိုက်ခိုက်နေရလို့ပါလဲ။ ပြောရရင်တော့ နိုင်ငံ ပြည်သူတွေအနေနဲ့ ဟာသများ ဖြစ်နေမလား မပြောတတ်ဘူး။ ဒင်းတို့ စစ်အာဏာရှင်တွေရဲ့ မတရားသဖြင့် အုပ်ချုပ်ခွင့်ကို မခံချင်လို့ လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ ပြည်သူတွေကို နှိမ်နင်းနေကြရတဲ့ စစ်ပွဲတဲ့ဗျာ။

 

ခုဆို နောင်ချိုကို TNLA က သိမ်းယူလိုက်ပြီ။ တန့်ယန်းကို ‘၀’ လက်ထဲ ထိုးအပ်လိုက်ရပြီ။ မိုင်ရယ်ကို SSPP/SSA လက်ထဲ ထိုးအပ်လိုက်ရပြီ။ အထူးသဖြင့် PDF တွေက မတ္တရာ၊ စဥ့်ကူးနယ်က စခန်းတွေကို သိမ်းပိုက်နိုင်လိုက်ကြတယ်။

 

စစ်ပွဲက ဒီလကုန်ရင် သုံးနှစ်နဲ့ ခြောက်လပြည့်လို့ သက်တမ်းတိုးယူအုံးမယ်။ ဒင်းတို့က ဥပဒေအတိုင်း သွားတယ် ဆိုတဲ့ လိမ်ညာပြီး လုပ်ပြတာပေါ့လေ။ အဲဒီမှာ ဒင်းတို့ရဲ့ စစ်ရေးအခြေအနေက နာလန်ထူနိုင်စရာ ရှိပါ့မလား။ ‌​ဝေးပါသေးရဲ့။ ခုဆို နောင်ချိုကို TNLA က သိမ်းယူလိုက်ပြီ။ တန့်ယန်းကို ‘၀’ လက်ထဲ ထိုးအပ်လိုက်ရပြီ။ မိုင်ရယ်ကို SSPP/SSA လက်ထဲ ထိုးအပ်လိုက်ရပြီ။ အထူးသဖြင့် PDF တွေက မတ္တရာ၊ စဥ့်ကူးနယ်က စခန်းတွေကို သိမ်းပိုက်နိုင်လိုက်ကြတယ်။ မင်းကင်း၊ ဖောင်းပြင်တို့ကိုလည်း PDF တွေက ထိန်းချုပ်ထားလိုက်ကြပေါ့။

 

ရခိုင် သံတွဲဘက်က ကမ္ဘာကျော် ငပလီကမ်းခြေကို အာရက္ခတပ်တော်က လုံး၀ ထိန်းချုပ်လိုက်ပြီ။ အဲဒီမှာ ရှိတဲ့ ကြယ် ငါးပွင့်ကနေ သုံးပွင့်အဆင့်ရှိတဲ့ ခရိုနီ ခရိုပြာတွေရဲ့ ဟိုတယ် (၆၅) လုံးကိုလည်း AA ရဲ့ ထိန်းချုပ်မှုလက်အောက် ရောက်သွားပေါ့။ ဟိုတယ်ပိုင်ရှင်အများစုကတော့ စစ်အာဏာရှင်တွေနဲ့ ပတ်သက် ဆက်နွှယ်နေကြတဲ့ သူတွေပါ။ မင်းတို့ရဲ့ အကျိုးစီးပွားကိုတောင် အကာအကွယ်မပေးနိုင်တော့တဲ့ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရဲ့ အရည်အချင်းကို သိရှိကြပြီ မဟုတ်လား။ အဲဒီမှာ ရေချုပ် ဇွဲမြင့်၀င်း ကတော့ ကျွန်၀ယ်ရာ အဆစ်ပါသွားရှာပေါ့။

 

စစ်တွေကို ရန်ပယ်ဘုရား နှစ်ဆူ သွားရောက်ထားရှိသတဲ့လေ။ ရန်တွေပယ်စေမယ့် ယတြာအစီအရင်တွေပေါ့။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ ရန်တွေက ဘယ်သူတွေပါလဲ။ 

 

ရခိုင်ပြည်နယ် လက်မလွှတ်ရအောင် ဒင်းရဲ့ ကြိုးပမ်းအားထုတ်မှုကို မှတ်တမ်းတင်ကြရအုံးမယ်။ စစ်တွေကို ရန်ပယ်ဘုရား နှစ်ဆူ သွားရောက်ထားရှိသတဲ့လေ။ ရန်တွေပယ်စေမယ့် ယတြာအစီအရင်တွေပေါ့။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ ရန်တွေက ဘယ်သူတွေပါလဲ။ ဒင်းရဲ့ စ.ခ တွေ။ AA က ရခိုင်ပြည်နယ်ကို ကယ်တင်ကြတဲ့သူတွေ။ ဒီတော့ ကြည့်နေပါ။ ဒီနှစ်အတွင်းမှာ ရခိုင်ပြည်နယ်က လွတ်မြောက်နယ်မြေ ဖြစ်လာတော့မှာပါ။

 

ဒီမှာ မန္တလေး - မြစ်ကြီးနား ကားလမ်း ရထားလမ်းတွေလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီ ဆိုတဲ့ သတင်းတွေလည်း ကြားနေရပြန်တယ်။ ပြည်လုံးကျွတ် အကြားအလပ်မရှိ သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ကလည်း ကြားကာလ နှစ်လပဲ ရှိတော့တယ်။ မဖြစ်မနေ ခန့်မှန်းစာရင်းပဲ ကောက်ရတော့မယ် ထင်ပါရဲ့။ ဒါမှ ၂၀၂၅ ခုနှစ်မှာ ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ မဲစာရင်း အတိအကျ ဖြစ်မှာလေ။ ဒင်းတို့က မဲမသမာမှုရှိလို့ အာဏာသိမ်းခဲ့ရတာပါလို့ ခုတုံးလုပ် ပြောဆိုခဲ့တာ မဟုတ်လား။

 

ကိုင်း ၂၀၂၅ ခုနှစ်မှာ ဒင်းတို့ကပဲ ရွေးကောက်ပွဲ ကျင်းပနိုင်ကြမယ်လား။ ဒို့ပြည်သူတရပ်လုံးကပဲ စစ်အာဏာရှင် အမြစ်ပြတ်ရေး အောင်ပွဲကို ဆင်နွှဲနိုင်ကြမလား။ ခုလို အခြေအနေအတိုင်း ဆိုရင်တော့ ဒို့ပြည်သူတွေရဲ့ အောင်ပွဲဟာ လာမယ့်နှစ်အတွင်းမှာ မုချ မလွဲမသွေ ကြုံတွေ့ရမယ်လို့ ယုံကြည်မိကြောင်းပါဗျား ...။

~~~~

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။