Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

‌‌သန်းခေါင်ရဲ့ ဟိုဘက် ... မနက် (Opinion)

ဟေ့ကောင် လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မအလရေ ...

 

မင်းက အစွမ်းအစ တုံးတဲ့ကောင်ပီပီ ဗေဒင်ယတြာတွေကို အကြွင်းမဲ့ ယုံကြည်ကိုးစားတဲ့သူ ဆိုတော့ ပြောရသေးတာပေါ့ကွာ။ မင်းလည်း တွေ့ရှိ သိရှိပြီးလောက်ပါပြီ။ ဗေဒင်ဆရာမတယောက်က မင်းရဲ့မွေးနေ့မှာ မင်းဇာတာကို စစ်ဆေးပြီး ဟောပြောလိုက်တာတဲ့လေ။ ဘာတဲ့ မင်းရဲ့ဇာတာဟာ ရှင်ဘုရင်ဖြစ်နိုင်တဲ့ ဇာတာ မဟုတ်ဘူးတဲ့။ အဆုံးစွန် စစ်သူကြီးလောက်ပဲ ဖြစ်ကိန်းရှိတဲ့ ဇာတာပါတဲ့။ အခုခေတ်စကားနဲ့ ပြောရရင်တော့ သမ္မတမဖြစ်နိုင်ဘူး၊ ကာချုပ်အဆင့်နဲ့ပဲ ဂိတ်ဆုံးသွားပြီဆိုတဲ့ သဘောပေါ့ကွာ။

 

ပြီးတော့ မင်းဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ လုပ်ကြံမှု ၂ ကြိမ်တွေ့ကြုံပြီး သေကိန်း ရှိနေသတဲ့။ မင်းသေမယ်ဆိုတော့ ၀မ်းသာမိပါရဲ့။ ဒါပေမဲ့ သိပ်တော့ ဘ၀င်မကျလှဘူး။ ဘာလို့လဲဆိုတော့ ဒို့က အရှင်ဖမ်းဆီးပြီး တရားရုံးမှာ မင်းရဲ့ ရာဇ၀တ်မှုတွေကို စွဲချက်တင်ပြီးသကာလ မင်းနဲ့ထိုက်တန်တဲ့ ကြိုးပေးကွပ်မျက်မှုနဲ့ သေစေချင်တာလေ။ အဲဒီလောက်ထိ မင်းကို မေတ္တာထားမိပါရဲ့။ တကယ်လို့ မင်းဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ မသေခဲ့ရင် ၂၀၂၉ ခုနှစ်မှာတော့ မလွဲမသွေ မုချသေပါလိမ့်တဲ့ဗျား။

 

ဗေဒင်ဆရာမက ဆက်ပြီး ပြောလိုက်သေးတယ်ဗျ။ သူ ဒီလိုဟောပြောလိုက်လို့ ဖမ်းချင်လည်း ဖမ်း၊ သတ်ချင်တယ်ဆိုရင်လည်း သတ်နိုင်ပါသတဲ့။ သူကတော့ သူ့ပညာရပ်ကို သူ့ဘ၀ သူ့အသက်နဲ့ လောင်းကြေးထပ်ပြီး ဟောပြောလိုက်တာပါတဲ့ ဗျား။ 

 

ဗေဒင်ဆရာမက ဆက်ပြီး ပြောလိုက်သေးတယ်ဗျ။ သူ ဒီလိုဟောပြောလိုက်လို့ ဖမ်းချင်လည်း ဖမ်း၊ သတ်ချင်တယ်ဆိုရင်လည်း သတ်နိုင်ပါသတဲ့။ သူကတော့ သူ့ပညာရပ်ကို သူ့ဘ၀ သူ့အသက်နဲ့ လောင်းကြေးထပ်ပြီး ဟောပြောလိုက်တာပါတဲ့ ဗျား။ ကိုင်း မင်းအနေနဲ့ အဲဒီ ၀စီပိတ် ကတုံးခေါ်ပြီး ယတြာလေးဘာလေး လုပ်ဖို့ စီစဥ်ကြပေရော့။

 

ဘာရယ် ... ဒို့ပြောတာတောင် နောက်ကျသွားပြီ ဟုတ်လား။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး စတင်ချိုးဖောက်ပြလိုက်တာဟာ မင်းရဲ့ ယတြာအစီအရင်တဲ့လား။ စ.ခတွေ ထောင်ချီပြီ သေကုန်ကြမယ်ဆိုရင် မင်းရဲ့ အသက်တချောင်း လွတ်မြောက်မယ်တဲ့လား။ အေးကွာ ဒို့ ကြားဖူးနားရှိတာကတော့ စာကလေး ငါးကလေး တကောင်လွှတ်ရင် “မင်းအသက် တခါလွှတ် ငါ့အသက် ဆယ်ခါလွတ်” ဆိုတာပဲ ကြားဖူးပါတယ်။ ခုတော့ “မင်းတို့အယောက် ထောင်ချီပြီး သေ၊ ငါ့အသက်တချောင်း လွတ်” ဖြစ်နေပါပေါ့လား။ အတော်ကို မိစ္ဆာဆန် ယုတ်မာပက်စက်တဲ့ ယတြာအစီအရင်ပါလား။ ဒါပေမဲ့ ဆင်ခြင်တုံမဲ့ လက်တွေ့ လုပ်ချပြလိုက်တယ်။

 

လားရှိုးမြို့ကို မတိုက်ရသေးဘူး။ ၀ိုင်းပတ်ထားရုံရှိသေး၊ ရာထူးကြီးတဲ့သူတွေက ဒင်းတို့မိသားစုတွေကို နေပြည်တော် ပို့ထားလိုက်ကြသတဲ့။ တိုက်ပွဲ၀င် ရဲဘော်တွေရဲ့ မိသားစုတွေကိုတော့ ကျီးထိုးထိုး၊ လဒဆွဲဆွဲပေါ့လေ။ 

 

ခုဆို နောင်ချို၊ မိုးကုတ်၊ မိုးမိတ်တို့မှာ တိုက်ပွဲတွေ တကြော့ပြန် ပြန်လည်ဖြစ်ပွားလာတယ်။ နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် တစုံတရာမှ မရှိဘဲ နိုင်ငံရဲ့ ဘဏ္ဍာငွေတွေ အဟောသိကံ ဖြစ်စေတာနဲ့ ပြည်သူတွေ ဒုက္ခသုက္ခဖြစ်စေတဲ့ တိုက်ပွဲတွေပါပဲ။ ဒင်းတို့ အာဏာတည်တံ့ဖို့ သိက္ခာဆယ်ကြတဲ့ တိုက်ပွဲတွေပါပဲ။ စ.ခတွေလည်း ဒင်းရဲ့ ဗေဒင်ယတြာ အစီအရင်အတွက် သေပြလိုက်ကြစမ်းပါ။ သေလည်း သေကုန်ကြတာပါပဲ။ အသက်ပေးလိုက်ရလို့ အသက်အာမခံကြေးလေး မျှော်လင့်မိကြပါတယ်၊ ပျောက်ဆုံးစာရင်းထဲ ထည့်သွင်းထားလိုက်လို့ မပေးနိုင်ဘူးတဲ့။ အသက်အာမခံကြေး လိုချင်ကြရင်တော့ မသာအလောင်းကို ယူလာပြလေတဲ့။

 

ပြီးတော့ လားရှိုးမြို့ကို မတိုက်ရသေးဘူး။ ၀ိုင်းပတ်ထားရုံရှိသေး၊ ရာထူးကြီးတဲ့သူတွေက ဒင်းတို့မိသားစုတွေကို နေပြည်တော် ပို့ထားလိုက်ကြသတဲ့။ တိုက်ပွဲ၀င် ရဲဘော်တွေရဲ့ မိသားစုတွေကိုတော့ ကျီးထိုးထိုး၊ လဒဆွဲဆွဲပေါ့လေ။ ဒီလောက်ထိ ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ တိုက်ပွဲတွေကလည်း အောင်မြင်တော့မှာပါ။ ဒီတော့ စ.ခတွေရေ ... မင်းတို့ သက်စွန့်ကြရတာ အင်မတန် ထိုက်တန်ပါတယ်ကွာ။ စွန့်လိုက်ကြပေါ့။ သေလိုက်ကြပေါ့ ဟုတ်ပြီလား။

 

ရှမ်းမြောက်ကို ဆန် ဆီ ဆားနဲ့ လောင်စာဆီတွေ တင်ပို့မှု တရား၀င် ပိတ်ပင်လိုက်သတဲ့။ ဒီအခြေအနေအတိုင်းမှာလည်း တင်ပို့မှုတွေက အခက်အခဲ ဖြစ်နေကြတယ် မဟုတ်လား။ ခါတိုင်း မန္တလေး-လားရှိုး ခရီးသည်တယောက် သောင်းချီသာ ပေးကြရတာကနေ အခု ၅ သိန်းတဲ့လေ။

 

ဒီမှာ ရှမ်းမြောက်ကို ဆန် ဆီ ဆားနဲ့ လောင်စာဆီတွေ တင်ပို့မှု တရား၀င် ပိတ်ပင်လိုက်သတဲ့။ ဒီအခြေအနေအတိုင်းမှာလည်း တင်ပို့မှုတွေက အခက်အခဲ ဖြစ်နေကြတယ် မဟုတ်လား။ ခါတိုင်း မန္တလေး-လားရှိုး ခရီးသည်တယောက် သောင်းချီသာ ပေးကြရတာကနေ အခု ၅ သိန်းတဲ့လေ။ ဒါကို တရား၀င် ပိတ်ပင်လိုက်တယ်ဆိုတော့ ဖြတ် ၄ ဖြတ်ကို ကျင့်သုံးလိုက်တဲ့သဘောပေါ့ကွာ။ ဒင်းတို့ရဲ့ အမြော်အမြင် နည်းပါးမှုနဲ့ အောက်တန်းကျလှတဲ့ ယုတ်မာမှုတွေ လှစ်ဟထုတ်ပြလိုက်တဲ့ သဘောပ။

 

ဒါပေမဲ့ ဒင်းတို့ရဲ့ အကြမ်းဖက်အဖွဲ့အစည်းက ဟိုးခေါင်က မင်းအစ ဟိုးအောက်ဆုံးထိ လစ်ရင်လစ်သလို တမျိုး ဗြောင်တမျိုး ခိုး၀ှက်လုယက်ယူနေကြတာ မဟုတ်လား။ ဒီတော့ စစ်ဆေးရေးဂိတ်တွေမှာ တာ၀န်ကျတဲ့ စ.ခတွေကတော့ ဥစ္စာစောင့် ထီပေါက်တဲ့ ကိန်း ဆိုက်ကျပြီပေါ့ကွာ။ ဟုတ်တယ်လေ၊ မင်းတို့ အကြမ်းဖက် အဖွဲ့အစည်း အာဏာသိမ်းပြီး ကမ္ဘာမှာ နံပါတ် တစ်အဖြစ် ရယူနိုင်ခဲ့တာဆိုလို့ မူးယစ်ဆေး၀ါးတွေ ထုတ်လုပ် တင်ပို့တဲ့နေရာမှာသာ အာဖဂန်နစ္စတန်ကို ကျော်ပြီး ကမ္ဘာ့နံပါတ်တစ်အဖြစ် စွမ်းဆောင်နိုင်ခဲ့တဲ့ အဖွဲ့အစည်း မဟုတ်ပါလား။

 

ဒီတော့ ဆန် ဆီ ဆား လောင်စာဆီ ဖြတ်တောက်တာလောက်တော့ သင်္ကြန်သံချပ်ထိုးသလို “ရီတာပေါ့ ရီတာပေါ့” ထိုးလိုက်ချင်ပါသေးရဲ့။ ချင်း၊ ရခိုင်တို့ဘက် တိုက်ပွဲပြင်းထန်စဥ်ကလည်း အလုံစုံ ပိတ်ဆို့ခဲ့တာ မဟုတ်လား၊ ချင်းပြည်နယ် ဘာဖြစ်သလဲ။ ရခိုင်ပြည်နယ် ဘာဖြစ်သလဲ။

 

ဒီတော့ ဆန် ဆီ ဆား လောင်စာဆီ ဖြတ်တောက်တာလောက်တော့ သင်္ကြန်သံချပ်ထိုးသလို “ရီတာပေါ့ ရီတာပေါ့” ထိုးလိုက်ချင်ပါသေးရဲ့။ ချင်း၊ ရခိုင်တို့ဘက် တိုက်ပွဲပြင်းထန်စဥ်ကလည်း အလုံစုံ ပိတ်ဆို့ခဲ့တာ မဟုတ်လား၊ ချင်းပြည်နယ် ဘာဖြစ်သလဲ။ ရခိုင်ပြည်နယ် ဘာဖြစ်သလဲ။ မင်းတို့သာ တမြို့ပြီးတမြို့ တနယ်ပြီးတနယ် လက်လွှတ်ဆုံးရှုံးခဲ့ရတာ မဟုတ်ပါလား။ ခုဆို ရခိုင်ပြည်နယ်မှာရော ချင်းပြည်နယ်မှာရော စစ်အာဏာရှင် ကင်းစင်နယ်မြေတွေ ဖြစ်ဖို့ လက်မတင်အနေအထား ရောက်ရှိနေကြပြီ။

 

“သူတင်ပဲလား၊ ဆားနဲ့ပါ” ဆိုတာလို ကချင်၊ ကရင်နီနဲ့ ကရင်တို့ကလည်း တော်လှန်တိုက်ပွဲတွေ စဥ်ဆက်မပြတ် အရှိန်အဟုန်မပျက် ဖော်ဆောင်နေကြတယ်။ အောင်ပွဲအလီလီလည်း ရရှိနေကြလေရဲ့။ ဒီမှာ ဒင်းတို့ အားသာချက်ဆိုလို့ လေကြောင်းစိုးမိုးနိုင်မှုပဲ ရှိတော့တယ်။ ဒါပေမဲ့ လေကြောင်းကလည်း နယ်မြေစိုးမိုးမှုကို ခြိမ်းခြောက်နိုင်ရုံသာပါ။ နယ်မြေစိုးမှု အဓိကအင်အားက ခြေလျင်ထိုးစစ်တွေပါပဲ။ ဒင်းတို့အနေနဲ့ နယ်စပ်ပြည်နယ်တွေ မဆိုထားနဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ တွေတောင် နယ်မြေစိုးမိုးမှု ထိုးစစ်ဆင်နိုင်ကြလို့လား။

 

မတရား အတင်းအဓမ္မဖမ်းဆီးပြီး ဖုတ်ပူမီးတိုက် သင်တန်းပေးထားတဲ့ စ.ခအသစ်တွေကို အားကိုးဟန်တူပါရဲ့။ တကယ်တော့ အနာဂတ်လူငယ်တွေကို အသေခံခိုင်းလိုက်သလိုပါပဲ။ အနာဂတ်လူငယ်တွေကို ဖြုန်းတီးခြင်းဟာ အနာဂတ်နိုင်ငံကို ဖျက်စီးသတ်ဖြတ်ခြင်းပါပဲ။

 

ခုဆို စစ်ကိုင်းတိုင်း ကလေး၊ မန္တလေး မတ္တရာတို့ဘက်၊ မကွေး ငဖဲတို့ဘက်၊ တနင်္သာရီ ရေဖြူတို့ဘက်တွေက စခန်းတွေ ဗျူဟာကုန်းတွေကို တိုက်ခိုက်ထိုးစစ်ဆင်နေကြတာ PDF တွေနော် ဘယ် EAO အဖွဲ့မှ ပါ၀င်တာမရှိဘူး။ ဆိုလိုချင်တာက ဒင်းတို့ အကြမ်းဖက် အဖွဲ့အစည်းအနေနဲ့ ထိုးစစ်ဆင်မှု အနေအထားကနေ ခုခံစစ်အနေအထား ရောက်ရှိနေပြီဆိုတာပါပဲ။ ဒါကို ရှမ်းမြောက်ကို ပြန်လည် ထိုးစစ်ဆင်သတဲ့လေ။ မတရား အတင်းအဓမ္မဖမ်းဆီးပြီး ဖုတ်ပူမီးတိုက် သင်တန်းပေးထားတဲ့ စ.ခအသစ်တွေကို အားကိုးဟန်တူပါရဲ့။ တကယ်တော့ အနာဂတ်လူငယ်တွေကို အသေခံခိုင်းလိုက်သလိုပါပဲ။ အနာဂတ်လူငယ်တွေကို ဖြုန်းတီးခြင်းဟာ အနာဂတ်နိုင်ငံကို ဖျက်စီးသတ်ဖြတ်ခြင်းပါပဲ။

 

အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ ဒင်းတို့ ကျွမ်းကျင်ပါတယ်ဆိုတဲ့ စစ်ရေးအနေအထားတောင် နာလံမထူနိုင်အောင် ရှုံးနိမ့်နေပြီ ဖြစ်တယ်။ ဒါပေမဲ့ ထိရောက်မှုနည်းပါးပြီး ပျက်စီးမှု များပြားစေတဲ့ ၊ ကုန်ကျမှုစရိတ်လည်း ကြီးမြင့်တဲ့ လေကြောင်းကို ဆင်ခြင်တုံမဲ့ သုံးစွဲနေတာ တွေ့ရတယ်။ ဒါကြောင့် နိုင်ငံရဲ့ အရံငွေအင်အားတွေ မရှိသလောက် ကုန်ခမ်းလာတယ်။ အဲဒီမှာ ငွေစက္ကူတွေ အတိုင်းအဆမရှိ ရိုက်နှိပ် ထုတ်‌​ဝေလိုက်တယ်။ အကျိုးဆက်က ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာတော့တာပါပဲ။ ရွှေစျေး၊ ဒေါ်လာစျေး၊ စားဆီ၊ စက်သုံးဆီ၊ ဆန်စျေးနဲ့ ဆေး၀ါးလူသုံးကုန်ပစ္စည်းအားလုံး စျေးတွေ ခုန်တက်တော့တယ်။

 

စစ်ရေးပြိုလဲမှုသာမက စီးပွားရေးပါ ပြိုလဲလာရင်တော့ မင်းတို့ အကြမ်းဖက် အဖွဲ့အစည်းလည်း ဘာသားနဲ့ ထုဆစ်ထားတာမို့လဲ။ ပြိုလဲရုံသာ ရှိတော့တာပေါ့ကွာ။ ဘယ်ယတြာမှလည်း ကယ်တင်နိုင်တော့မယ် မထင်။ 

 

ဒီတော့ ဒင်းတို့က ရွှေကုန်သည်တွေ၊ ငွေကြေးလဲလှယ်ကြတဲ့သူတွေ၊ ဆီကုန်သည်တွေ၊ ဆန်ကုန်သည်တွေ၊ လူသုံးကုန်ပစ္စည်းတွေ ရောင်းချသူတွေကို အားလုံးဖမ်းဆီးပြီး စျေးနှုန်းတွေကို အမိန့်အာဏာနဲ့ သတ်မှတ်လိုက်တယ်။ စျေးကွက်စီးပွားရေး ပျက်စီးသွားတော့တာပဲ။ ခုလည်း ဘဏ်လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ ချေးငွေထက် ပိုမိုချေးလို့ဆိုပြီး စစ်ဆေးမှုတွေ ပြုလုပ်လာပြန်တယ်။ ပြီးတော့ အပ်နှံထားကြတဲ့ ငွေ ထုတ်ယူမှုကိုလည်း ကန့်သတ်လာပြန်တယ်။ အဲဒီကန့်သတ်ချက်ထဲမှာ အကြမ်းဖက် အဖွဲ့အစည်း၀င်တွေတော့ မပါဘူးပေါ့။ ဘဏ်လုပ်ငန်းတွေ ပျက်စီးမယ့် အရိပ်အယောင်တွေ တွေ့မြင်လာရပြီ။

 

စစ်ရေးပြိုလဲမှုသာမက စီးပွားရေးပါ ပြိုလဲလာရင်တော့ မင်းတို့ အကြမ်းဖက် အဖွဲ့အစည်းလည်း ဘာသားနဲ့ ထုဆစ်ထားတာမို့လဲ။ ပြိုလဲရုံသာ ရှိတော့တာပေါ့ကွာ။ ဘယ်ယတြာမှလည်း ကယ်တင်နိုင်တော့မယ် မထင်။ ဒါတောင် တနေ့က ပြုလုပ်သွားတဲ့ စည်း‌ဝေးပွဲမှာ ဒင်းက နိုင်ငံတ၀ှမ်း သန်းခေါင်စာရင်းကို ဖြစ်နိုင်တဲ့ နည်းနဲ့ ကောက်ယူသွားမယ်ဆိုတာ မလျှော့သေးဘူး။ ရွေးကောက်ပွဲကျင်းပမယ် ဆိုတာတော့ နှုတ်ဆိတ်သွားတယ်။

 

တို့ပြည်သူတွေအနေနဲ့လည်း သန်းခေါင် ဟိုဘက် မနက်ဆိုတာ အားတင်းထားကြပေရော့။ ဘ၀တွေ အသက်တွေ ခါးသီးရင်နင့်ဖွယ် ပေးဆပ်ခဲ့ပြီ မဟုတ်လား။ ဒီတော့ ဒို့မှာ စစ်အာဏာရှင်တွေ အမြစ်ပြတ်သည်အထိ တော်လှန်ကြရုံမှတပါး ...။

~~~~

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။