Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဆုံးခန်းတိုင်သည်ထိ (Opinion)

ဟေ့ကောင် လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မအလ‌ရေ ...

 

လူတစ်ယောက် ကိုယ်မျှော်မှန်းထားတဲ့ လုပ်ငန်းစဥ်တရပ် အောင်မြင်ပြီးမြောက်ဖို့ အချိန်ကာလ (၁၈) လ သတ်မှတ်ထားတယ် ဆိုပါစို့။ ဒါပေမဲ့ အချိန်ကာလ (၃၆) လ ကျော်သည့်တိုင် ကိုယ်မျှော်မှန်းထားတဲ့ လုပ်ငန်းစဉ်တရပ်ဟာ အောင်မြင်ဖို့ နေနေသာသာ အရှုံးတွေသာ ဆက်တိုက် ကြုံတွေ့နေရတယ်ဆိုရင် ကိုယ့်လုပ်ရပ် မှားယွင်းနေပြီ ဆိုတာ သိရှိနားလည်ဖို့ လိုအပ်တယ်။ အဲဒါကို နားမလည် မသိရှိဘဲ ဆက်လက် ဇွတ်တိုးလုပ်ကိုင်နေပြီဆိုရင်တော့ အဲဒီလူဟာ ပုံမှန် လူစိတ်မရှိတဲ့ သူသော် လည်းကောင်း၊ ဆင်ခြင်တုံတရားကင်းမဲ့ပြီး မိုက်ကန်းတဲ့ သူသော် လည်းကောင်း ဖြစ်နေပြီဆိုတာ သေချာတယ်။ ဥပမာ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မအလရေ မင်းလိုအကောင်ပေါ့ကွာ။

 

တရုတ်ကိုယ်စားလှယ်မှ တရုတ်ပြည်ကို ပြန်ရောက်ဟန်မတူသေးဘူး။ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်တို့မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတော့တယ်။ တခါ တိုက်ပွဲမှ စတင်ကာရှိသေးတယ်၊ ကျောက်မဲနဲ့ နောင်ချိုတို့ကို လက်လွှတ်လိုက်ရပြီ။ 

 

ဟုတ်တယ်လေကွာ၊ မင်းက မင်းအာဏာသိမ်းပြီး (၁၂) လမှာ နိုင်ငံတည်ငြိမ်အေးချမ်းမယ်။ (၂၄) လအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး အစိုးရသစ်တရပ် တည်ဆောက်နိုင်မယ်လို့ မျှော်မှန်းခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ (၃၆) လကျော်ကာလ ရောက်သည့်တိုင် နိုင်ငံဟာ တည်ငြိမ်အေးချမ်းဖို့ နေနေသာသာ တည်ရှိနေတဲ့ အနေအထားတွေတောင် လက်လွှတ်ဆုံးရှုံးသွားကုန်ကြပြီ မဟုတ်ပါလား။ ဒါကို လေးလအတွင်း မဲစာရင်းမှန်ကန်မှု ရှိစေရေးအတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွေ ကောက်ယူမယ်။ (၁၈) လအတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုနေလိုက်သေးတယ်။ ဒီတော့ မင်းမှာ ပုံမှန်လူစိတ်မရှိတော့ဘဲ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး မိုက်မိုက်ကန်းကန်း မှားနေတဲ့လမ်းကို ဆက်လက်သွားနေပြီလို့ သတ်မှတ်ရုံမှတပါး အခြားမရှိ။

 

နိုင်ငံတော်အဆင့် စစ်ကြောင်းထိုး​နေတဲ့ အောင်ဇေယျစစ်ကြောင်းကလည်း ပေးဆပ်မှုတွေ များပြားလွန်းပေမဲ့ အရာမထင်။ အရာမထင်ဆို စိတ်ဓာတ်ရေးရာတွေက သုံးစားလို့မရအောင် ပျက်စီးနေပြီကိုး။ ရခိုင်မှာလည်း ရှုံးပြီးရင်း ရှုံး၊ ဆုံးပြီးရင်း ဆုံးနေလိုက်တာ နာလန်ထူဖို့ ‌ဝေးစွ၊ အားလုံး လက်လွှတ်ရတော့မယ့်သဘော ဖြစ်နေပြီ။ ချင်းနဲ့ ကရင်နီမှာလည်း ထိုနည်းလည်းကောင်း။ ‌သြော် တရုတ်က အာရှရေးရာကိုယ်စားလှယ် လာရောက်တယ်ဆိုတော့ ရှမ်းမြောက်က အပစ်အခတ်ရပ်စဲရေးကို ဆွဲဆန့်နိုင်မယ် ထင်ပါရဲ့။ ဟော တရုတ်ကိုယ်စားလှယ်မှ တရုတ်ပြည်ကို ပြန်ရောက်ဟန်မတူသေးဘူး။ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်တို့မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတော့တယ်။ တခါ တိုက်ပွဲမှ စတင်ကာရှိသေးတယ်၊ ကျောက်မဲနဲ့ နောင်ချိုတို့ကို လက်လွှတ်လိုက်ရပြီ။ မကြာခင် မိုးကုတ်ကို လက်လွှတ်ရတော့မယ်။

 

ပြီးတော့ PDF တွေကလည်း မင်းတို့ရဲ့ စစ်ဆေးရေးဂိတ်တွေကို အဆက်မပြတ် တိုက်ခိုက်လာကြတယ်။ မတ္တရာနယ်ထဲက လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကို PDF တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ကြတယ်လေ။ မင်းတို့ရဲ့ Standard Army ကြီးက PDF တွေကိုတောင် မယှဥ်နိုင်တော့ပါလား။ မင်းတို့ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ စစ်ရေးတောင် လက်နက်အင်အား သလွန်၊ စ.ခ သာလွန်တွေနဲ့ အသုံးပြုနေပေမဲ့ အရှက်တကွဲ ရှုံးနိမ့်နေပါပေါ့လား။ ကျန်ရှိတဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ ကျဆင်းပြိုလဲနေတာ အံ့သြစရာ မဟုတ်တော့။

 

တရားလက်လွတ် နိုင့်ထက်စီးနင်း ဖမ်းနေရုံနဲ့ ဆီစျေး၊ ဒေါ်လာစျေး၊ ရွှေစျေး၊ ဆန်စျေးတွေက ကျဆင်းသွားရောတဲ့လား။ စျေးကွက်စီးပွားရေးသဘောကို အမိန့်အာဏာနဲ့ ထိန်းချုပ် မရ။ ဘာကြောင့် ဆီစျေး၊ ဒေါ်လာစျေး၊ ရွှေစျေး၊ ဆန်စျေးတွေက ခုန်တက်သွားရသလဲ။ ငွေကြေး အဆမတန် ဖောင်းပွသွားလို့လေ။ 

 

ဆီစျေးတက်တော့ ဆီကုန်သည်တွေကို ဖမ်း။ ရွှေစျေး ဒေါ်လာစျေးတွေ တက်တော့ ရွှေကုန်သည်တွေ၊ ငွေကြေးဖလှယ်ပေးနေသူတွေကို ဖမ်း။ ဆန်စျေးတက်တော့လည်း ဆန်ကုန်သည်တွေကို ဖမ်းပြန်ပြီလေ။ အဲဒီလို တရားလက်လွတ် နိုင့်ထက်စီးနင်း ဖမ်းနေရုံနဲ့ ဆီစျေး၊ ဒေါ်လာစျေး၊ ရွှေစျေး၊ ဆန်စျေးတွေက ကျဆင်းသွားရောတဲ့လား။ စျေးကွက်စီးပွားရေးသဘောကို အမိန့်အာဏာနဲ့ ထိန်းချုပ် မရ။ ဘာကြောင့် ဆီစျေး၊ ဒေါ်လာစျေး၊ ရွှေစျေး၊ ဆန်စျေးတွေက ခုန်တက်သွားရသလဲ။ ငွေကြေး အဆမတန် ဖောင်းပွသွားလို့လေ။ ဘာကြောင့် ငွေကြေး အဆမတန် ဖောင်းပွသွားရသလဲ။

 

မင်းတို့က မင်းတို့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် စစ်အသုံးစရိတ်တွေ မဟားဒရားသုံးစွဲနေတော့ ဘတ်ဂျက်လိုငွေ ပြပြီပေါ့။ အဲဒီမှာ ငွေစက္ကူတွေ လိုသလောက် ရိုက်နှိပ်ထုတ်လိုက်ရော ငွေကြေးတွေ ဖောင်းပွလာတော့တာပါပဲ။ ရွှေစျေး၊ ဒေါ်လာစျေး၊ ဆီစျေး၊ ဆန်စျေးတွေကလည်း မိုးပေါ် ပျံတက်သွားကုန်တာပေါ့။ ဒီတော့ ပြည်သူအများ စား၀တ်နေရေး ကျပ်တည်းရုံမက ငတ်ပြတ်မှုတွေပါ ဖြစ်လာတာပေါ့ကွာ။

 

ဟုတ်ပါတယ်၊ ပြည်သူတွေ ငတ်ပြတ်တာ၊ အတိဒုက္ခရောက်ကြတာ မင်းတို့တာ၀န်မှ မဟုတ်တာပဲ။ မင်းတို့က ပြည်သူ့တာ၀န်ထမ်းရွက်​နေတဲ့ ပြည်သူ့အစိုးရမှ မဟုတ်တာ။ အာဏာကို မတရားရယူဖို့ ကြိုးစားအားထုတ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတရပ်ပေပဲ။ ဒါကြောင့်လည်း ရခိုင်က ပြည်သူတွေကို ထောက်ပံ့ဖို့ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေကို ပြောင်ပြောင်တင်းတင်း ခိုးယူဖျက်ဆီး၀ံ့တာပဲ။ ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတာပဲ။ အဲဒီလို ပြည်သူအပေါ် လက်နက်အားကိုးနဲ့ မင်းတို့အာဏာ တည်တံ့ဖို့အတွက် ရက်စက်ယုတ်မာနေတဲ့ အကျိုးဆက်က မင်းတို့ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ အစိုးရတရပ်အဖြစ် တည်ရှိလာစရာ အကြောင်းမရှိပေဘူး။ ရာဇ၀တ်ပြစ်မှုတွေက ကိုယ်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ကြရမယ့် အကြောင်းတရားတွေသာ ဖြစ်ပေါ်လာပေလိမ့်မယ်။ ကြည့်နေပါ၊ မကြာတော့တဲ့အချိန်မှာ မျက်၀ါးထင်ထင် မြင်တွေ့ရတော့မှာပါ။

 

 ခုချိန်မှာ သင်္ကန်း၀တ်၊ ကတုံးကောင်တွေရဲ့ သြဇာအရှိန်အဝါက ကျဆင်းပြီး သာသနာအရောင်ကတော့ လွှမ်းခြုံနေဆဲကွ။ အဲဒီအချက်ကို မင်းလည်းသိလို့ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ကျောက်ဆင်းတု မာရ၀ိဇယ ရုပ်ပွားတော်တည်ပြီး ဦးဆောင်ဘုရားဒါယကာ ခံယူခဲ့သေးတာ မဟုတ်လား။ ဒါပေမဲ့ လူယုတ်မာ လူသတ်ကောင်တယောက်က ဘုရားနဲ့ကွယ်ပြီး ဖျောက်ဖျက်ချင်လို့ မရပါဘူး။ 

 

ခုဆို သံဃာတော်တွေကလည်း ပတ္တနိကုဇ္ဇန (ပတ်တနိတ်ကုတ်ဇန) ကံဆောင်သပိတ်တွေ ပြုလုပ်လာကြပြီ။ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မအလရေ မင်းလည်း သိမှာပါ။ မှတ်မိအုံးမှာပါ။ မင်းရဲ့ဆရာ သန်းရွှေလက်ထက်တုန်းကလည်း အဲဒီကံဆောင်သပိတ် ပေါ်ပေါက်လာလို့ စစ်အာဏာရှင်တွေ သက်ဇိုးရှည် တည်တံ့စေမယ့် ၂၀၀၈ ခြေ/ဥ ပြဋ္ဌာန်းပြီး အာဏာလက်လွှတ်ပေးခဲ့ရတယ် မဟုတ်လား။ ခုချိန်မှာ သင်္ကန်း၀တ်၊ ကတုံးကောင်တွေရဲ့ သြဇာအရှိန်အ၀ါက ကျဆင်းပြီး သာသနာအရောင်ကတော့ လွှမ်းခြုံနေဆဲကွ။ အဲဒီအချက်ကို မင်းလည်းသိလို့ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ကျောက်ဆင်းတု မာရ၀ိဇယ ရုပ်ပွားတော်တည်ပြီး ဦးဆောင်ဘုရားဒါယကာ ခံယူခဲ့သေးတာ မဟုတ်လား။ ဒါပေမဲ့ လူယုတ်မာ လူသတ်ကောင်တယောက်က ဘုရားနဲ့ကွယ်ပြီး ဖျောက်ဖျက်ချင်လို့ မရပါဘူး။ လူယုတ်မာက လူယုတ်မာပါပဲ။ လူသတ်တဲ့ကောင်က လူသတ်ကောင်ပဲကွ။

 

ခုတော့ စစ်ရေးအနေနဲ့ မင်းတို့မှာ အရူး မီး၀ိုင်းတာထက် ဆိုးနေပြီမဟုတ်လား။ စစ်မှုထမ်းဥပဒေကလည်း နိုင်ငံရဲ့ အနာဂတ်လူငယ်တွေကို သတ်ကွင်းထဲ တွန်းပို့နေသလို ဖြစ်နေပြီ မဟုတ်လား။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)က သက်သေပဲလေ။ နိုင်ငံရေးမှာလည်း အိန္ဒိယက လက်နက်၀ယ်ယူနေတဲ့ ဖောက်သည်အဖြစ် မျက်နှာလေးမှမထောက် ပြောင်ပြောင်တက်၊ ၀န်ကြီးချုပ် ကျန်းသစ္စာကျန်ဆိုပွဲမှာ မဖိတ်ကြားဘဲ ချန်ပစ်ထားခဲ့တယ်လေ။ လူသတ်သမားနဲ့ လက်ဆွဲနှုတ်ဆက်ရမှာ ရွံရှာဟန်တူပါရဲ့ကွာ။

 

နောက်ဆို ဆရာသမား သန်းရွှေ ကျင့်သုံးသလို ဘုရားဆင်းတုတော်ရဲ့ ၀မ်းဗိုက်ကို  ဖောက်ရတော့မယ် ထင်ပါရဲ့။ ဘုရားစေတီမှာရှိတဲ့ နိုင်ငံခြားငွေတွေကို မြန်မာငွေစက္ကူနဲ့ လဲယူနေတာလည်း ကုန်ပြီ။ 

 

စီးပွားရေးကျတော့လည်း ပြည့်၀မ်းကို ဖောက်နေရသလို ဖြစ်နေပြီ ဖြစ်နေပြီ။ နောက်ဆို ဆရာသမား သန်းရွှေ ကျင့်သုံးသလို ဘုရားဆင်းတုတော်ရဲ့ ၀မ်းဗိုက်ကို  ဖောက်ရတော့မယ် ထင်ပါရဲ့။ ဘုရားစေတီမှာရှိတဲ့ နိုင်ငံခြားငွေတွေကို မြန်မာငွေစက္ကူနဲ့ လဲယူနေတာလည်း ကုန်ပြီ။ မတတ်သာတဲ့အဆုံး ကိုယ့်အရင်က သူခိုးကြီးတွေကို ဖမ်းပြီး သူတို့ပိုင်ဆိုင်တာတွေ သိမ်းပိုက်လိုက်ပါတယ်။ သူခိုးလက်က သူ၀ှက်လု ဆိုတာလို အစစ်နဲ့ အတုပဲ လဲလှယ်လိုက်ကြသတဲ့။ ကတုံးပေါ် ထိပ်ကွက်ခံလိုက်ရတဲ့ အဖြစ်။

 

ဒီမှာ ဒင်းတို့ စစ်အာဏာရှင်တွေ လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် နိုင့်ထက်စီးနင်း နှစ်ပေါင် (၆၀) ကျော် ယုတ်မာရက်စက်ခဲ့ကြတာဟာ ခုတော့ဖြင့် “တဲလေး မခိုင့်တခိုင် ဆင်တိုးလို့ ယိုင်” လို့ ဆိုတဲ့ အဆိုရှိတယ် မဟုတ်လား။ ဒီတော့ ဆင်အားနဲ့ တူတဲ့ ပြည်သူတရပ်လုံးအင်အားနဲ့ ဒင်းတို့ရဲ့ မခိုင်တခိုင် တဲလေးကို တွန်းလိုက်ကြဖို့ပဲ ရှိပါတော့တယ်။ ယိုင်ရုံမက ပြိုလဲပျက်စီးသွားသည်အထိပေါ့။

 

သိကြတဲ့အတိုင်း ဒင်းတို့မှာ ယုတ်မာတဲ့ လေကြောင်းပစ်ကူ အင်အား ကျန်ရှိနေသေးတယ်။ ဒင်းတို့ကတော့ မစားရတဲ့အမဲ သဲနဲ့ပက် ဆိုတာလို ဒင်းတို့ မတည်တံ့နိုင်တော့မှန်း သိပေမဲ့ အစွမ်းကုန် ယုတ်မာရက်စက်နေအုံးမှာပါပဲ။ ဒီတော့ ပြည်သူတရပ်လုံးအနေနဲ့ လက်တကမ်းအကွာမှာ ရှိတော့တဲ့ အောင်ပန်းကို ဆွတ်ခူးနိုင်ဖို့အတွက် ညီညီညွတ်ညွတ်ရှိနေကြဖို့ လိုအပ်တယ်။ ညီညီညွတ်ညွတ်နဲ့ ဆုံးခန်းတိုင်ထိ တော်လှန်သွားကြဖို့ လိုအပ်ကြောင်းပါဗျာ။

~~~~

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။