Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အောင်မောင်းရေ တောင့်ထားလိုက်ကြ (Opinion)

ဟေ့ကောင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ

 

မင်းမို့လို့ အရှက်မရှိ ပြောထွက်၀ံ့ပလေလို့ပဲ မှတ်ယူရတော့မယ် ထင်ပါရဲ့။ လာမယ့် အောက်တိုဘာလမှာ သန်းခေါင်စာရင်း ကောက်ယူသွားမယ်တဲ့။ လာမယ့်နှစ်အတွင်းမှာ ရွေးကောက်ပွဲကိုလည်း ကျင်းပသွားပါ့မယ်တဲ့လေ။ အခုဆို မြို့အချို့မှာ သန်းခေါင်စာရင်းကောက်ယူဖို့ လှုံ့ဆော်ပိုစတာကြီးတွေလည်း စိုက်ထူနေကြလေရဲ့။ မင်းတို့ရဲ့ လိမ်ညာမှုတွေကတော့ ဆလံသတဲ့နေရာမှာတောင် "ဒိုး" ဆလံသရမယ့်ကိန်းပါပဲ။

 

လောလောဆယ်ဖြစ်ပွားသွားတဲ့ ပဲခူး ၀င်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို စ.ခတွေရဲ့ ပစ်သတ်မှုကိုပဲ ကြည့်လေ။ လက်ချောင်း သုံးချောင်း ပြတ်တောက်ဒဏ်ရာရသွားတဲ့ ဒရိုင်ဘာကို PDF တွေက ပစ်သတ်သွားတာပါလို့ ထွက်ဆိုခိုင်းပြီး သတင်းထုတ်ပြန်လိုက်ကြတယ်။ ဟော မကြာဘူး ပစ်သတ်ခံရတဲ့ ဆရာတော်နဲ့ အတူ ကားတစီးတည်းမှာ လိုက်ပါလာတဲ့ ကန်သုံးဆင့်ဆရာတော်က ၀င်းနိမ္မိတာရုံကျောင်းတိုက်ရှိ သံဃာထုရှေ့မှောက်မှာ ဖောကားပေါ်က စ.ခတွေပစ်သတ်လို့ ပျံလွန်တော်မူသွားတာပါ ဆိုပြီး ရှင်းလင်းပြောဆို မိန့်ကြားလိုက်တော့ မင်းတို့တတွေ “ဂိန်” ခနဲ ဖြစ်သွားပါရောလား။

 

သီတဂူစတား ဒေါက်တာဆရာတော်တစ်ပါးကတော့ ပြစ်မှုအတွက် ၀န်ချတောင်းပန်ဖို့ တောင်းဆိုလိုက်တယ်။ အဲဒီမှာ ရွှေကျင်နိကာယအစည်းအ‌​ဝေးကို လာရောက်တဲ့ဆရာတော်ပစ်သတ်ခံရတာကို ရွှေကျင် သာသနာပိုင်ကြီးက လုံး၀ဥဿုံ နှုတ်ဆိတ်နေတာကိုလည်း အံ့သြပါ့။ 

 

ဒီလောက် ဆင်ကောင်ကြီးတွေ့နေတာကိုတောင် ဆင်ခြေရာ ရှာချင်ကြသေးတယ်။ အခင်းဖြစ်ပွားတာကို အသေအချာစုံစမ်းပြီးမှ သတင်းမှန်ကို ထုတ်ပြန်ပေးပါမယ်တဲ့လေ။ သီတဂူစတား ဒေါက်တာဆရာတော်တစ်ပါးကတော့ ပြစ်မှုအတွက် ၀န်ချတောင်းပန်ဖို့ တောင်းဆိုလိုက်တယ်။ အဲဒီမှာ ရွှေကျင်နိကာယအစည်းအ‌​ဝေးကို လာရောက်တဲ့ဆရာတော်ပစ်သတ်ခံရတာကို ရွှေကျင် သာသနာပိုင်ကြီးက လုံး၀ဥဿုံ နှုတ်ဆိတ်နေတာကိုလည်း အံ့သြပါ့။ ၀စီပိတ်နဲ့ပေါင်းသင်းနေလို့ ၀စီပိတ်များ ကျင့်ကြံနေသလား မသိ။

 

ဘာပဲဖြစ်ဖြစ် ဒင်းတို့ကားကို ကျော်တက်မောင်းသွားလို့ လက်လွတ်စပယ် မဆင်မခြင် ပစ်ခတ်တဲ့ စ.ခတွေရဲ့ လုပ်ရပ်ကို ဆရာတော်ရဲ့ တပည့်သံဃာတွေအနေနဲ့ ဒီအတိုင်း ခွင့်လွှတ်မထားသင့်ပါဘူး။ ကျောင်းမှန်းကန်မှန်းသိအောင် တစုံတရာ တုံ့ပြန်သွားသင့်ကြတယ်။ နို့မဟုတ်ရင် မိုက်ရိုင်းတဲ့ စ.ခတွေက သံဃာတွေရဲ့ ဦးပြည်းကတုံးပေါ်ကို စစ်ဖိနပ်ကြီးတွေနဲ့ နင်းချေလာကြလိမ့်မယ်။ တကယ်တော့ စစ်အာဏာရှင်တွေဟာ သူတို့အာဏာ တည်မြဲဖို့အတွက် ဘာသာရေးကို ခုတုံးလုပ်နေကြတာပါ။ သူတို့အာဏာကို ထိပါးလာရင်တော့ သံဃာကိုလည်း ပစ်ခတ်သုတ်သင်ဖို့ ၀န်လေးနေကြတဲ့ကောင်တွေ မဟုတ်ပါဘူး။ သမိုင်းသက်သေတွေလည်း ရှိပြီး မဟုတ်ပါလား။

 

သန်းခေါင်စာရင်းဆိုတာ နိုင်ငံတဝှမ်း အစွန်အဖျားတွေ မကျန်၊ အကြားအလပ်မရှိ ကောက်ယူရတာလေ။ အခုအခြေအနေက သိကြတဲ့အတိုင်း ရှမ်းမြောက်၊ ကချင်၊ ချင်း၊ ကရင်နီ၊ ရခိုင်၊ ကရင်နဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ တိုင်းဒေသတွေကို ဘယ်လိုအနေအထားနဲ့ ကောက်ယူသွားကြမှာလဲ။

 

စကားကို ပြန်ဆက်ပြီးပြောပါမယ်။ သန်းခေါင်စာရင်းဆိုတာ နိုင်ငံတဝှမ်း အစွန်အဖျားတွေ မကျန်၊ အကြားအလပ်မရှိ ကောက်ယူရတာလေ။ အခုအခြေအနေက သိကြတဲ့အတိုင်း ရှမ်းမြောက်၊ ကချင်၊ ချင်း၊ ကရင်နီ၊ ရခိုင်၊ ကရင်နဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ တိုင်းဒေသတွေကို ဘယ်လိုအနေအထားနဲ့ ကောက်ယူသွားကြမှာလဲ။ အေးလေ . . . ဒင်းတို့က လူယုတ်မာ အကြမ်းဖက်သမားပီပီ စကားကို ပေါက်လွှတ်ပဲစား ပြောနေတော့တာပါပဲ။ ရေပေါ် အရုပ်ရေးတာကမှ ထင်ကျန်ကောင်း ထင်ကျန်ပေလိမ့်မယ်။ ခုချိန်မှာ သန်းခေါင်စာရင်း ကောက်ယူသွားမယ် ဆိုတာကတော့ အတုမရှိတဲ့ လိမ်ညာမှုတရပ်ပါပဲ။

 

လာမယ့်နှစ် ၂၀၂၅ ခုနှစ်ပေါ့လေ၊ ရွေးကောက်ပွဲလုပ်ရအောင်က ဘယ်မှာလဲ တည်ဆဲ အခြေခံဥပဒေ။ ဒင်းတို့က ဒင်းတို့ကိုယ် ဒင်းတို့ တည်ဆဲအစိုးရလို့ ထင်မှတ်ခံယူထားကြသလား မပြောတတ်ပါဘူး။ တကယ်တော့ ဒင်းတို့က ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရဆီကနေ လက်နက်အားကိုးနဲ့ မတရားသဖြင့် အာဏာသိမ်းယူထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတရပ်ပဲ။ ဒင်းတို့ကို ပြည်သူတရပ်လုံးကလည်း တည်ဆဲအစိုးရလို့ အသိအမှတ်မပြုဘူး။ နိုင်ငံတကာကလည်း အသိအမှတ် မပြုကြဘူး။ တည်ဆဲအစိုးရ မဟုတ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတရပ်ဟာ ရွေးကောက်ပွဲလုပ်ပိုင်ခွင့် မရှိဘူး။

 

ဒင်းတို့က ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတာကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီကို တည့်မတ်ပေးချင်လို့ အာဏာကို ထိန်းသိမ်းရတာပါဆိုကိုး။ ရွေးကောက်ပွဲ မဲမသမာမှု ရှိခြင်း/ မရှိခြင်းဟာ သူတို့အလုပ်မှမဟုတ်ဘဲ။ ကော်မရှင်ရဲ့ အလုပ်တာ၀န်လေ။

 

ဒီမှာ ဒင်းတို့ စစ်အာဏာရှင်စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်ရှိဆဲ ရှင်သန်ဆဲလို့ ဆိုနေကြတယ်။ တကယ်တော့ ၂၀၀၈ ခြေ/ဥဟာ ဒင်းတို့အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ပျက်ပြယ်သွားပြီး ဖြစ်တယ်။ ဒင်းတို့က ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတာကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီကို တည့်မတ်ပေးချင်လို့ အာဏာကို ထိန်းသိမ်းရတာပါဆိုကိုး။ ရွေးကောက်ပွဲ မဲမသမာမှု ရှိခြင်း/ မရှိခြင်းဟာ သူတို့အလုပ်မှမဟုတ်ဘဲ။ ကော်မရှင်ရဲ့ အလုပ်တာ၀န်လေ။

 

အဲဒီမှာ ကော်မရှင်က မဲမသမာမှု မရှိတဲ့အကြောင်း စိစစ်ပြီး အဆုံးအဖြတ်ပေးပြီးပြီလေ။ ရွေးကောက်ပွဲ အောင်မြင်ပြီးစီးသွားပေါ့။ ဘာလို့လဲဆိုတော့ ၂၀၀၈ ခြေ/ဥမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဖြစ်ပေါ်လာမှု ပြဿနာတွေမှာ ကော်မရှင်ရဲ့ အဆုံးအဖြတ်သည်သာ အပြီးအပြတ် ဖြစ်တယ်လို့ ပြဋ္ဌာန်းထားတယ် မဟုတ်လား။ ဘယ်သူမှ ဘယ်အဖွဲ့အစည်းမှ ဟေတု တက်လို့ မရတော့ဘူး။ လက်ခံရပေတော့မယ်။ ဒါကို ဒင်းတို့က ကော်မရှင်ရဲ့ ဆုံးဖြတ်မှုကို ကျော်လွန်ပြီး အာဏာသိမ်းလိုက်တယ်။ အဲဒီကတည်းက ၂၀၀၈ ခြေ/ဥ ကို ချိုးဖောက်လို့  ၂၀၀၈ ခြေ/ဥ ဟာ ပျက်ပြယ်သေဆုံးသွားပြီ။ ဒင်းတို့ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ခြေ/ဥ ကို ဒင်းတို့ကိုယ်တိုင် ခြေနဲ့ဖျက်ဆီးလိုက်ခြင်းပဲ။ ဒင်းတို့ကိုယ်ကျိုးကို ဒင်းတို့ကိုယ်တိုင် ဖျက်ဆီးလိုက်တာလေ။

 

လက်နက်ကိုင်ဆောင်ထားတဲ့ တပ်မတော်ဟာ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေကို ပစ်သတ်လို့ တပ်မတော်အဖွဲ့အစည်းလည်း မဟုတ်တော့ပါဘူး။ 

 

ဆက်လက်ပြီး တည်ရှိနေတဲ့ သမ္မတကို ဖမ်း၊ ဒု-သမ္မတကို ယာယီသမ္မတ ခန့်၊ ပြီးတော့ ဒင်းတို့ကို အရေးပေါ်ကာလအဖြစ် အာဏာအပ်နှင်းတယ်ပေါ့လေ။ အဲဒါတွေဟာ အတုအယောင်တွေပါ၊ လိမ်ညာချက်တွေပါ။ အကြောင်းအရာတိုင်းဟာ တရား၀င်မှု တခုမှ မရှိတော့ဘူး။ ဒီနောက် လက်နက်ကိုင်ဆောင်ထားတဲ့ တပ်မတော်ဟာ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေကို ပစ်သတ်လို့ တပ်မတော်အဖွဲ့အစည်းလည်း မဟုတ်တော့ပါဘူး။ တပ်မတော်ဆိုတာက ပြည်သူရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ အဓိဋ္ဌာန်ပြုထားကြတယ် မဟုတ်ပါလား။ ခုတော့ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ မင်းတို့အဖွဲ့အစည်းက တကယ့် အကြမ်းဖက်အဖွဲ့အစည်းကွ။ ရေတောင် မရောတော့ဘူး။

 

တည်ဆဲအစိုးရလည်း မရှိ၊ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း မရှိ။ ဒါကို ရွေးကောက်ပွဲ ပြုလုပ်အုံးမတဲ့။ ရွေးကောက်ပွဲတောင် နိုင်သူအကုန်ယူစနစ်ကော၊ အချိုးကျစနစ်ကော အလျဥ်းသင့်သလို ရောယှက် ကျင်းပသွားမှာပါတဲ့။ တကယ့်ကို ဟာသမြောက်တဲ့ ပြက်လုံးတွေပါပဲ။ အေးလေ ဒင်းတို့ကတော့ အကြမ်းဖက် အဖွဲ့အစည်းပီပီ လက်တွေ့အနေအထား အခြေအနေတွေနဲ့ ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည် ဖြစ်စေ ဇွတ်အတင်း ပြောဆိုလုပ်ကိုင်ကြလိမ့်မယ်။ အဓိကကတော့ ဒင်းတို့ အာဏာတည်မြဲနေဖို့ပဲ မဟုတ်လား။

 

ဒီလို ဇွတ်အတင်း အာဏာတည်မြဲဖို့ ကြိုးစားရင်း ဒင်းတို့ရဲ့ အာဏာတည်မြဲရေးဟာ ပိုမို ယိမ်းယိုင် ပြိုလဲလာတာ တွေ့ကြရတယ်။ ဆန်းကြယ်တဲ့ကိစ္စတော့ မဟုတ်ပေဘူး။ အကျိုးတရားကြောင့် အကြောင်းတရား ထင်၊ အကြောင်းတရားကြောင့် အကျိုး ထင်ဟပ်လာတာပဲ မဟုတ်ပါလား။ ဒင်းတို့က လက်နက်ကိုင်ဆွဲထားရင် အာဏာတည်မြဲလိမ့်မယ် ဆိုတဲ့ အသိတရားလောက်သာ ရှိကြတာလေ။ ပြည်သူ့အားကို ဖွဲ ဆန်ကွဲလောက်သာ ထင်မှတ်ထားကြတာကိုး။ ဒါကြောင့်လည်း ခုချိန်ထိ ယုတ်မာ ရက်စက် အကြမ်းဖက်နေကြဆဲ။

 

ဒင်းတို့က TNLA နယ်မြေဘက်တွေနဲ့ ကရင်နီပြည်နယ်ဘက်တွေကို ထိုးစစ်ဆင်ဖို့ ကြိုးစားလာကြတယ်။ ဒင်းတို့ သေတွင်းဆီကို ခြေတလှမ်း ထပ်တိုးလာခြင်းလို့ပဲ မှတ်ယူပါတယ်။

 

ကြည့်လိုက်ပါ၊ ဒင်းတို့ အာဏာသိမ်းကာစ အနေအထားနဲ့ အခု ၃ နှစ်ကျော်ကာလအနေအထားကို ဒင်းတို့ ကိုယ်တိုင်လည်း သိရှိနားလည်ကြပါလိမ့်မယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘယ်အရာတခု ဖြစ်မြောက်ခဲ့တာ ရှိပါသလဲ။ တစထက်တစ တိုးတိုးပြီးသာ ကျပ်တည်းနိမ်ကျလာတာပဲ ရှိလာတယ် မဟုတ်ပါလား။ ဒင်းတိုအနေနဲ့ တို့ပြည်သူတွေအပေါ် ဒင်းတို့လုပ်နိုင်တဲ့ နည်းလမ်းအကုန်နဲ့ ဖိနှိပ်ခဲ့တာပဲလေ။ ဒါပေမဲ့ တို့ပြည်သူတွေက ဒင်းတို့ရဲ့ ဖိနှိပ်ရက်စက်မှုတွေကို အံတုတွန်းလှန်နိုင်ခဲ့ကြတယ်။ အခုလည်း အရှိန်အဟုန် မပျက် တွန်းလှန် တော်လှန်နေကြဆဲ ...။

 

ခုဆို ဒင်းတို့က TNLA နယ်မြေဘက်တွေနဲ့ ကရင်နီပြည်နယ်ဘက်တွေကို ထိုးစစ်ဆင်ဖို့ ကြိုးစားလာကြတယ်။ ဒင်းတို့ သေတွင်းဆီကို ခြေတလှမ်း ထပ်တိုးလာခြင်းလို့ပဲ မှတ်ယူပါတယ်။ ဘာပဲဖြစ်ဖြစ် တို့ပြည်သူတွေ အနေနဲ့ ဒင်းတို့ရဲ့ မတရား ဗိုလ်ကျ ဖိနှိပ်မှုတွေကို မခံမရပ်နိုင်လို့ တော်လှန်ခဲ့ကြတာပါ။ ပန်းတိုင်က မှုန်ပျပျသာ။ ခုတော့ ဒင်းတို့အမြစ်ပြတ်ရေးပန်းတိုင်ကို ထင်ထင်ရှားရှား မြင်နေရပြီ။ ရောက်ရှိဖို့လည်း လက်တကမ်းသာ လိုတော့တယ် မဟုတ်ပါလား။ အောင်မောင်း‌ရေ တောင့်ထားလိုက်ကြ။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။