Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တယောက်မကျန်တော်လှန်ကြလော့ (Opinion)

ဟေ့ကောင် ..အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ …

 

မင်း မျှော်လင့်သလို ဖြစ်လာမယ်ဆိုရင်တော့ ၂၀၂၂ ခု၊ ဩဂုတ်လကတည်းက အခုလို အတုအယောင် သမ္မတအဆောင်အယောင် စလွယ်ကြီး ဝတ်ဆင်ရတာမဟုတ်ဘဲ အစစ်အမှန်  သမ္မတအဆောင်အယောင်စလွယ်ကြီး ဝတ်ဆင်နေရပြီပေါ့ကွာ…။  ခုတော့..(၃)နှစ်ကျော် ကာလသည့်တိုင် မင်းမျှော်လင့်တောင့်တခဲ့တဲ့ သမ္မတဖြစ်ဖို့ နေနေသာသာ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် ဖြစ်နေပါပေါ့လား…။ မင်းမျှော်လင့်ခဲ့တာနဲ့ဆိုရင် နံ့သာဆီနဲ့ အီးလို ကွာပါ့…။

 

မင်းက ပြည်သူတွေ ယုံ-ယုံ မယုံ-ယုံ မဲသမာမှုတွေ ရှိတယ်ဆိုပြီး အာဏာသိမ်းလိုက်မယ်…။ ဆန္ဒထုတ်ဖော်မှုတွေလောက်တော့ ဖြစ်လာမှာပေါ့။ ဒါလည်း လွန်ရောကျွံရော ပြည်သူ (၁၀၀) လောက်ကို သတ်ပြလိုက်ရင် ငြိမ်သက်သွားကြလိမ့်မယ်။ 

 

မင်းက ပြည်သူတွေ ယုံ-ယုံ မယုံ-ယုံ မဲသမာမှုတွေ ရှိတယ်ဆိုပြီး အာဏာသိမ်းလိုက်မယ်…။ ဆန္ဒထုတ်ဖော်မှုတွေလောက်တော့ ဖြစ်လာမှာပေါ့။ ဒါလည်း လွန်ရောကျွံရော ပြည်သူ (၁၀၀) လောက်ကို သတ်ပြလိုက်ရင် ငြိမ်သက်သွားကြလိမ့်မယ်။ တက်ကြွတဲ့လူငယ်တချို့ကတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဆီ သွားရောက်ခိုလှုံချင် ခိုလှုံကြလိမ့်မယ်။ ဒါလည်း ရှစ်လေးလုံး အရေးတော်ပုံကလို နောက်ဆုံးတော့ အလိုအလျောက် မှေးမှိန် ပျောက်ကွယ် သွားကြမှာပါပဲ..။

 

၂၀၂၁ ခု၊ နှစ်ကုန်လောက်ဆိုရင် နိုင်ငံတဝှမ်းလုံး ငြိမ်ဝပ်ပိပြား တည်ငြိမ် အေးချမ်းသွားလိမ့်မယ်..။ သေချာသထက် သေချာအောင် ရွေးကောက်ပွဲကိုလည်း နိုင်သူအကုန်ယူ ဆိုတဲ့ ပုံစံကနေ အချိုးကျ ဝေခွဲတဲ့ပုံစံကို ပြောင်းလဲကျင့်သုံးကြတာပေါ့..။ တပ်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းရယ်၊ ကြံ့ဖွတ်လို သူတို့ကိုယ်စား ဖွဲ့စည်းပေးထားတဲ့ပါတီတွေက (၂၅) ရာခိုင်နှုန်းကျော်ရယ်…ပေါင်းလိုက်ရင် ရာခိုင်နှုန်း (၅၀) ကျော် (၆၀)။ မြေကြီး လက်ဝါးနဲ့ပုတ်တာကမှ လွဲချင်လွဲဦးမယ်…ဒင်း သမ္မတဖြစ်ဖို့က ရာနှုန်းပြည့်…။

 

ခုချိန် (၃)နှစ်ကျော်ကာလထိ နိုင်ငံတဝှမ်းမှာ မငြိမ်မသက် ဖြစ်နေတဲ့အပြင် နှစ်ရှည်လများ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နယ်မြေတွေကိုတောင် ဆုံးရှုံးနေပါပေါ့လား…။ ရွေးကောက်ပွဲ အကြားအလပ်မရှိ ကျင်းပနိုင်ရေးဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေး…။ 

 

စိတ်ကူးတွေ ချိုမြလိုက်တာ အီဆိမ့်လို့…။ ဒါပေမဲ့ တွက်ကြည့်တော့ စက်သူဌေး၊ လက်တွေ့ကျ စက်တလုံးမှမရှိ ဆိုတာလိုပဲ…။ ခုချိန် (၃)နှစ်ကျော်ကာလထိ နိုင်ငံတဝှမ်းမှာ မငြိမ်မသက် ဖြစ်နေတဲ့အပြင် နှစ်ရှည်လများ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နယ်မြေတွေကိုတောင် ဆုံးရှုံးနေပါပေါ့လား…။ ရွေးကောက်ပွဲ အကြားအလပ်မရှိ ကျင်းပနိုင်ရေးဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေး…။ ပြီးတော့ သမ္မတရာထူး မျှော်မှန်းဖို့ မပြောနဲ့.. လက်ရှိအနေအထား တည့်တံ့ဖို့တောင် အနိုင်နိုင်…။

 

ခုဆို.. ရှမ်းမြောက်၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ ကရင်နီတို့မှာရှိတဲ့ စစ်စခန်း ဗျူဟာကုန်းတွေလည်း ကုန်ခမန်း ဖြစ်နေပြီ။ ပြီးတော့ ဝင်ငွေကမရှိ၊ ကုန်ကျငွေတွေသာ ဒလဟော ဖြစ်နေလေတော့ စီးပွားရေးကလည်း ခရုဆံကျွတ်၊ ဖွတ်ကျောပြာစု ဆိုတာလို မွဲရုံမက ပြာတောင်နေပြီ။ အားကိုးရမလားလို့ ရုရှားပထွေးကို အဖေလို့ခေါ်ကြည့်လိုက်တယ်။ သူကလည်း ကျူးကျော်စစ် ဆင်နွှဲလိုက်လို့ သူ့ကိုယ်သူ အနိုင်နိုင် ရုန်းကန်နေရတယ်။ ထူးပါဘူးဆိုပြီး တရုတ်ပထွေးကိုလည်း အဖေခေါ်ကြည့်လိုက်တယ်…။ သူကလည်း အမေကို ယူရုံမက သမီးကိုပါ မျက်စပစ်နေတဲ့ ပထွေးမျိုး..။

 

အရေးကြီးတာက ငါ.. အာဏာတည်မြဲဖို့ပဲ..။ တရားတာတွေ မတရားတာတွေ၊ ဥပဒေနဲ့ ညီတာတွေ မညီတာတွေ လာပြောမနေနဲ့။ စေတနာနဲ့ မထိုက်တန်တဲ့ ပြည်သူတွေအပေါ် အစွမ်းကုန် ယုတ်မာပြမယ်။ နှိပ်စက်ပြမယ်။ ကျူးလွန်ပြမယ်…။

 

ဘာပဲဖြစ်ဖြစ် ဝက်၊ ခွေး ဖြစ်မှတော့ မစင်ကို ရွံနေလို့ မဖြစ်တော့ဘူး။ မြိန်ရေ ရှက်ရေ စားရတော့မှာပဲ…။ စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်ပေးနေတဲ့ စေတနာကို နားမလည်ကြတဲ့ ပြည်သူတွေ.. ဒင်းတို့ထိုက်နဲ့ ဒင်းတို့ကံ ခံကြပေတော့…။ အရေးကြီးတာက ငါ.. အာဏာတည်မြဲဖို့ပဲ..။ တရားတာတွေ မတရားတာတွေ၊ ဥပဒေနဲ့ ညီတာတွေ မညီတာတွေ လာပြောမနေနဲ့။ စေတနာနဲ့ မထိုက်တန်တဲ့ ပြည်သူတွေအပေါ် အစွမ်းကုန် ယုတ်မာပြမယ်။ နှိပ်စက်ပြမယ်။ ကျူးလွန်ပြမယ်…။ ဟေ့ကောင်..လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ. လ…။ အခု မင်းက အဲဒီအချိုးမျိုး ချိုးနေပြီမဟုတ်လား..။

 

ဒီနှစ်ပိုင်းမှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး အတင်းအဓမ္မ စစ်သားစုဆောင်းနေတယ် မဟုတ်လား…။ အဲဒါ အနာဂတ်လူငယ်တွေရဲ့ အညွန့်ကို ရိုက်ချိုးထားတာပဲ မဟုတ်လား…။ လူငယ်တွေရဲ့ အနာဂတ်ကို ရိုက်ချိုးခြင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်တာနဲ့ အတူတူပဲကွ…။ ဒါကို ဒင်းတို့ ပုလင်းတူ ဘူးဆို့ အကောင်တကောင်က အရှက်မရှိ ကိုယ့်အသိစိတ်နဲ့ကိုယ် စစ်မှုထမ်းကြတဲ့သူတွေကို ဂုဏ်ယူပါတယ် ပြောလိုက်သေး…။

 

ကုန်စျေးနှုန်းတွေ၊ ငွေလဲလှယ်နှုန်းတွေ၊ ရွှေစျေးတွေ အဆမတန် မြင့်တက်လာကုန်တယ်လေ…။ ဒါက စျေးကွက် သဘောတရားပဲ…။  ဒါကို ဒင်းတို့ရဲ့ အသုံးစရိတ်ကြောင့် မဟုတ်ဘဲ ဝိသမလောဘ စီးပွားရေးသမားတွေကြောင့်ဆိုပြီး စွပ်စွဲရုံမက ဖမ်းဟယ်ဆီးဟယ်၊ ပိုင်ဆိုင်မှုတွေ သိမ်းဟယ်တွေ လုပ်လာတယ်..။ 

 

ပြီးတော့…လိုငွေတွေကြောင့် ငွေစက္ကူတွေကို အတိုင်းအဆမရှိ ရိုက်ထုတ်လာတယ်။ အကျိုးဆက်အနေနဲ့ ငွေကြေးတွေ ဖောင်းပွလာရော…။ ဒီတော့..ကုန်စျေးနှုန်းတွေ၊ ငွေလဲလှယ်နှုန်းတွေ၊ ရွှေစျေးတွေ အဆမတန် မြင့်တက်လာကုန်တယ်လေ…။ ဒါက စျေးကွက် သဘောတရားပဲ…။  ဒါကို ဒင်းတို့ရဲ့ အသုံးစရိတ်ကြောင့် မဟုတ်ဘဲ ဝိသမလောဘ စီးပွားရေးသမားတွေကြောင့်ဆိုပြီး စွပ်စွဲရုံမက ဖမ်းဟယ်ဆီးဟယ်၊ ပိုင်ဆိုင်မှုတွေ သိမ်းဟယ်တွေ လုပ်လာတယ်..။ ဒါ့ပြင် စျေးထဲမှာ ဒင်းတို့သတ်မှတ်စျေးနဲ့ ရောင်းချပေးနေပြီဖြစ်ကြောင်း ကြေညာပေးနေပြန်သေးတယ်။ 

 

စျေးကွက်စီးပွားရေးကို အာဏာစီးပွားရေးအဖြစ် ဇွတ်အတင်း မဖြစ်နိုင်မှန်းသိလျက် လုပ်ကိုင်နေကြတယ်။ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးပြတဲ့သဘော…။ ဒစ်ဂျစ်တယ် ငွေကြေးကတ် ကျင့်သုံးဦးမတဲ့…။ နာရီပိုင်းအတွင်း မတည်မငြိမ်ဖြစ်နေ တဲ့ စျေးကွက်မှာ ဘယ်လိုလုပ် ငွေကြေးကတ် သုံးစွဲလို့ ဖြစ်နိုင်ပါ့မလဲ…။ က,တော့သာ ချိုမိုင်မိုင်ရယ်..အပြောကတော့ ရွှေမန်းပါပဲ…။

 

နိုင်ငံတကာက ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲ ကျင့်သုံးနေချိန်မှာ ဒင်းတို့ကတော့ ကျောက်ခေတ်စီးပွားရေးဆီ ပြန်လှည့်ပြေးနေကြပြန်တယ်…။ 

 

နိုင်ငံခြား ကုန်သွယ်ရေးကိုလည်း ပစ္စည်းဖလှယ်တဲ့စနစ် ပြောင်းလဲကျင့်သုံးဦးမတဲ့…။ နိုင်ငံတကာက ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲ ကျင့်သုံးနေချိန်မှာ ဒင်းတို့ကတော့ ကျောက်ခေတ်စီးပွားရေးဆီ ပြန်လှည့်ပြေးနေကြပြန်တယ်…။ ဒီမှာ ဒင်းတို့ရဲ့ အာဏာ တည်မြဲဖို့အတွက် မဆင်မခြင်သုံးစွဲမှုကြောင့် သေဆုံးသွားပြီဖြစ်တဲ့ စီးပွားရေးကို ဆေးမီးတိုနဲ့ကုလည်း မရတော့ပါဘူး…။ ကုရာနတ္ထိ ဆေးမရှိတဲ့ အနေအထားပါ…။

 

ဟော…အခု အကျိုးဆော့ အကန်းမော့ ဆိုတာလို လက်လွှတ်လိုက်ရတဲ့ ရှမ်းမြောက်ကို ပြည်ထောင်စုရဲ့ တစိတ်တပိုင်းဖြစ်လို့ ပြန်လည်ရရှိအောင်၊ စည်းလုံးမှု ဖြစ်အောင်၊ နိုင်ငံရေး စစ်ရေး ဘယ်နည်းလမ်းနဲ့မဆို ပြန်လည်ရယူဖို့ ကြိုးစားသွားရမယ်…တဲ့။ ခွဲထွက်သွားလို့ မဖြစ်ဘူး…တဲ့။  အဖြစ်မခံနိုင်ဘူး..တဲ့။ သမ္မတရာထူး ရူးမှုထက် ပိုမို မိုက်မဲတဲ့ ရူးသွပ်မှုပါပဲ…။ 

 

အခု နှစ်လကျော်ပြီ…ဒေါနတောင်တန်းကို မကျော်နိုင်သေးဘူး…။ ဆုံးရှုံးလိုက်တဲ့ စစ်လက်နက် အင်အားတွေလည်း မပြောပါနဲ့တော့..။. သေလိုက်ကြတဲ့ စ.ခတွေလည်း အတုံးအရုံး…။ 

 

အသစ်စုဆောင်းထားတဲ့ စ.ခတွေ သေဖို့သာ ပြင်ဆင်ထားကြပေရော့…။

ဟုတ်တယ်လေ…။ နယ်စပ်မြို့ မြ၀တီ လက်လွှတ်ရတော့မလို အနေအထားဖြစ်တော့ စိုးဝင်းကိုယ်တိုင်သွားပြီး နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းထိုးဖို့ စီစဉ်သတဲ့။ အခု နှစ်လကျော်ပြီ…ဒေါနတောင်တန်းကို မကျော်နိုင်သေးဘူး…။ ဆုံးရှုံးလိုက်တဲ့ စစ်လက်နက် အင်အားတွေလည်း မပြောပါနဲ့တော့..။. သေလိုက်ကြတဲ့ စ.ခတွေလည်း အတုံးအရုံး…။ ဒင်းပဲ ပြောခဲ့တာလေ…။ လူ့အသက်လောက် တန်ဖိုးရှိတာ ဘာမှမရှိဘူး…တဲ့။ ခုတော့… ဒင်းကိုယ်ကျိုးအတွက် အသက်တချောင်းဟာ တသိန်းကျပ်လောက်သာ တန်ဖိုးရှိနေပေါ့…။

 

ကချင်မှာလည်း အခြေစိုက်စခန်းတွေ ရာကျော် လက်လွှတ်လိုက်ရပြီ..။ ချင်းမှာလည်း မြို့တွေ တမြို့ပြီးတမြို့ ဆုံးရှုံးနေတယ်။ ရခိုင်မှာလည်း ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း အစွမ်းကုန် အသုံးချတာတောင်  အခြေအနေမကောင်းတော့…။ ဒါကြောင့် လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်တွေနယ်က ရွာသူရွာသားတွေကို မြို့ပေါ် ခေါ်ယူ စုခိုင်း ထားတာပ။ ကရင်နီမှာလည်း ခံစစ်သာ ပြင်ဆင်ရတော့တဲ့ အနေအထား…။

 

အခု လားရှိုးကို စ.ခတွေ  ဖြည့်တင်းနေတယ်။ ပြီးတော့ ဆက်သွယ်တဲ့ လမ်းကြောင်းတွေကိုလည်း ဖျက်ဆီးဖြတ်တောက်နေတာ တွေ့ကြရတယ်။ တရုတ်က ပြုလုပ်ပေးထားတဲ့ အပစ်အခတ် ရပ်စဲရေးကိုလည်း ဒင်းတို့က စတင်ချိုးဖောက်ပြနေတယ်။ 

 

ဒါကို ရှမ်းမြောက်ကို ပြန်လည်ရရှိဖို့ ကြိုးစားသွားမယ်တဲ့…။ သေသာသေ.. ချီးစိမ်းပါတာက မရပ်ဘူး ဆိုတာလိုပဲ…။ အခု လားရှိုးကို စ.ခတွေ  ဖြည့်တင်းနေတယ်။ ပြီးတော့ ဆက်သွယ်တဲ့ လမ်းကြောင်းတွေကိုလည်း ဖျက်ဆီးဖြတ်တောက်နေတာ တွေ့ကြရတယ်။ တရုတ်က ပြုလုပ်ပေးထားတဲ့ အပစ်အခတ် ရပ်စဲရေးကိုလည်း ဒင်းတို့က စတင်ချိုးဖောက်ပြနေတယ်။ မကြာခင် ရှမ်းမြောက်မှာ တိုက်ပွဲတွေ မလွဲမသွေ ပေါ်ထွန်းလာတော့မယ့် အနေအထားပါပဲ…။

 

ဒီမှာ…လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ…။ မင်းက ပုံမှန်စိတ် မဟုတ်တာတော့ သေချာရဲ့။ ဒါပေမဲ့ ထမင်းလွတ် ဟင်းလွတ်လည်း ရူးသွားတာ မဟုတ်သေးဘူး…။ ရူးတယ်ဆိုပြီး အိမ်ဦးခန်း ချီးတက်ပါတဲ့ကောင်ပါကွာ…။ ဒါကို ဒို့ပြည်သူတွေ ခွင့်လွှတ်ကြမလား…။ ခေါင်းငုံ့ခံကြမလား…။ ခုဆို အိမ်ဦးခန်းတင်မက ဘုရားစင်ပေါ်တက်ပြီး ချီးပါဖို့တောင် အားထုတ်နေပြီ။ ဒီတော့ ပြည်သူအားလုံး တယောက်မကျန် ကိုယ်တတ်စွမ်းတဲ့ဘက်က ပါဝင်ပြီး စစ်အာဏာရှင် အာဏာရူးတွေကို တော်လှန်သွားကြဖို့ လိုအပ်လှကြောင်းပါ…။

~~~~

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။