Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကိုင်း…သိုင်းကြ ဝိုင်းကြပေရော့… (Opinion)

ဟေ့ကောင်…လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ …

 

မင်းကလည်း ဘုရားလက်ထက်တုန်းက ဒေဝဒတ်လိုပါပဲကွာ…။ ဒေဝဒတ်က ဘုရား ဖြစ်ချင်တဲ့သူကွ။ ဘုရားဖြစ်ချင်ရင် ဘုရားဖြစ်နိုင်တဲ့ အကျင့်သီလတွေ ကျင့်ကြံအားထုတ်ဖို့ လိုအပ်တာပေါ့။ ဒါပေမဲ့ ဒေဝဒတ်က ဘုရားကို လုပ်ကြံတယ်။ ဘုရင်တွေနဲ့ပေါင်းပြီး အာဏာစက်နဲ့ လွှမ်းမိုးဖို့ ကြိုးစားအားထုတ်တယ်။ အဲဒီမှာ အခြေခံပန္နက်ကို လွဲမှားနေပြီ…။ ဒီတော့ နောက်ဆုံးမှာ မဟာပထဝီမြေကြီးက လူယုတ်မာတယောက်ကို ထမ်းပိုးထားရတာ အလုပ် ရှုပ်တယ် ဆိုပြီး ဝါးမြိုလိုက်တော့တယ်။ ဒေဝဒတ် ဇာတ်သိမ်းသွားရရှာပေါ့…။

 

ခုလည်း…မင်းက ပြည်သူတွေရဲ့ခေါင်းဆောင် သမ္မတဖြစ်ချင်တယ်။ သမ္မတဖြစ်ချင်ရင် သမ္မတဖြစ်နိင်တဲ့ အရည်အချင်းတွေ ကြိုးစားအားထုတ်ဖို့ လိုအပ်တာပေါ့ကွာ။ ဒါပေမဲ့ မင်းက လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တယ်။ အာဏာစက်နဲ့ လွှမ်းမိုးပြီး ရယူဖို့ ကြိုးစားအားထုတ်လာတယ်။ အခြေခံပန္နက်ကိုက လွဲမှားနေပြီလေ…။ ဒီတော့ ဖြစ်ထွန်းလာတဲ့ အဆောက်အအုံကလည်း ဘယ်မှာ တည့်မတ်ခိုင်ခန့်ပါ့မလဲ။ နောက်ဆုံး ပြည်သူတရပ်လုံးရဲ့ လက်မခံတော်လှန်မှုကြောင့် ပျက်စီးပြိုလဲသွားရမှာပဲ…။ မင်းလည်း အဆောက်အအုံပိပြီး နိဂုံးချုပ်ရမယ်ဆိုတာ…မှတ်။

 

အကြီးဆုံးကျောက်ဆင်းတု ထိုင်တော်မူ ဘုရားကြီး တည်ဆောက်ပြီး ဘုရားဒါယကာ သာသနာပြုမင်းအဖြစ် ခံယူပြတယ်။ မင့် အကြိုက် မြှောက်ပင့်ပြီး စည်းပွားဩဇာ တည်ဆောက်ချင်ကြတဲ့ သီလကြောင် ကတုံးတွေရဲ့ အလယ်မှာ မင်း ကျေနပ်ပီတိ ဖြစ်နေတယ် မဟုတ်လား…။ 

 

ဟုတ်တယ်လေကွာ…မင်း အာဏာသိမ်းလာတာ (၃)နှစ်ကျော်လာပြီ..။ ဘယ်မှာ မင်း လုပ်ပြနိုင်တာ ဘာအဖြစ်ရှိလဲ…။ မင်းက…ဘုန်းရှင်ကံရှင် တယောက်မို့ ဆင်ဖြူတော်လေး မွေးဖွားလာရတယ်လို့ လုပ်ပြတယ်။ ပြီးတော့ အကြီးဆုံးကျောက်ဆင်းတု ထိုင်တော်မူ ဘုရားကြီး တည်ဆောက်ပြီး ဘုရားဒါယကာ သာသနာပြုမင်းအဖြစ် ခံယူပြတယ်။ မင့် အကြိုက် မြှောက်ပင့်ပြီး စည်းပွားဩဇာ တည်ဆောက်ချင်ကြတဲ့ သီလကြောင် ကတုံးတွေရဲ့ အလယ်မှာ မင်း ကျေနပ်ပီတိ ဖြစ်နေတယ် မဟုတ်လား…။ ဒါပေမဲ့ ပြည်သူတရပ်လုံးကတော့ ရူးကြောင်ကြောင်ဇာတ်လမ်းတွေလို့ပဲ သတ်မှတ်ရှုမြင်ကြသကွ…။

 

လက်တွေ့အနေအထားမှာတော့ (၃)နှစ်ကျော် ကာလအတွင်းမှာ ကချင်၊ ရှမ်းမြောက်၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ ကရင်ပြည်နယ်မှာ ရှိကြတဲ့ ဗျူဟာကုန်းတွေ၊ အခြေစိုက်စခန်းတွေအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရပြီ မဟုတ်လား…။ ဒါ့အပြင် စစ်လက်နက် ပစ္စည်းတွေ၊ စ.ခ အင်အား အများအပြားလည်း ဆုံးရှုံးခဲ့ရပြီ မဟုတ်လား။ သမိုင်းမှာ မကြုံစဖူးအောင် ဆုံးရှုံးနစ်နာခဲ့ရတာမို့ မင်းရဲ့ရှေ့က စစ်အာဏာရှင်ကြီးတွေလည်း မကျေမနပ်အသံတွေ ညံစီလာကုန်ပြီလေ..။ တို့ပြည်သူတွေကတော့ တို့ပြည်သူတွေရဲ့ အောင်ပွဲတွေလို့ သတ်မှတ်ပြီး နှစ်ထောင်းအားရ ရှိနေကြတယ်ကွ။

 

အေးလေ…မင်းတို့လူယုတ်မာ စစ်အာဏာရှင်တစု နှစ်ပေါင်း (၆၀)ကျော် လွှမ်းမိုး ဗိုလ်ကျ စိုးမိုးအုပ်ချုပ်ခဲ့တာ ခုမှ ပြိုလဲပျက်စီးတော့မယ့် အရိပ်အယောင်တွေ မြင်ရတော့ တို့ပြည်သူတွေ ဝမ်းမြောက်ဝမ်းသာ ရှိကြပေမယ်ပေါ့…။ 

 

အခု … လျော့နည်းသွားတဲ့ စ.ခအင်အား ဖြည့်တင်းဖို့ မင်းတို့အနေနဲ့ တရားမဝင်တဲ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး လူငယ်တွေကို နိုင်ထက်စီးနင်း ဖမ်းဆီးစုဆောင်းနေကြရပြီလေ…။ ပြီးတော့…ပင်စင်သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးတွေနဲ့ ဗိုလ်ကြီးအကြား အရာရှိ စစ်သည်ဟောင်းတွေလည်း ပြန်လည်ခေါ်ယူနေရပြီ..ဆို….။

 

ပြည်နယ်တင်မှာလားဆိုတော့… စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီ တိုင်းတွေမှာလည်း မင်းတို့ လုံး၀အုပ်ချုပ်လို့ မရတော့ဘူးလေ…။ ဒါပေမဲ့ မင်းတို့က လက်နက်အားကိုးနဲ့ လူမဆန်တဲ့ အပြုအမူတွေကြောင့် လုံခြုံမှုတော့ အပြည့်အ၀ မရရှိကြသေးဘူးပေါ့ကွာ…။ ဒါပေမဲ့ တို့ပြည်သူတွေက ဘ၀တွေလဲပြိုသွားကြပေမဲ့ ဘယ်တော့မှ ဒူးထောက်ကြလိမ့်မယ် မဟုတ်ဘူး…။ နာကြည်းစိတ်တွေနဲ့ တော်လှန်ရေးအရှိန်အဟုန် ပိုမိုမြင့်မားလာကြပြီး မင်းတို့တတွေ အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားကြမယ်ဆိုတာ သိမှတ်လိုက်ကြ။

 

အခု … လျော့နည်းသွားတဲ့ စ.ခအင်အား ဖြည့်တင်းဖို့ မင်းတို့အနေနဲ့ တရားမဝင်တဲ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး လူငယ်တွေကို နိုင်ထက်စီးနင်း ဖမ်းဆီးစုဆောင်းနေကြရပြီလေ…။ ပြီးတော့…ပင်စင်သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးတွေနဲ့ ဗိုလ်ကြီးအကြား အရာရှိ စစ်သည်ဟောင်းတွေလည်း ပြန်လည်ခေါ်ယူနေရပြီ..ဆို….။ စ.ခစိတ် မကုန်ခန်းကြတဲ့ သူတွေကတော့ လေးဘက်ထောက် သွားနေကြမှာပေါ့လေ…။ ဒီမှာ…မင်းတို့က နိုင်ထက် စီးနင်း အင်အားဖြည့်တင်းနေသလို… တော်လှန်နေကြတဲ့ အင်အားစုဘက်မှာလည်း ကိုယ့် အသိစိတ်နဲ့ကိုယ် အင်အားဖြည့်တင်းနေကြတာလည်း ရှိတယ်ဆိုတာ သိမှတ်ထားလိုက်ကြ။

 

ဒီမှာ မင်းတို့က စစ်အသုံးစရိတ်တွေကို ၂၀၂၁- ၂၂ ခု ဘဏ္ဍာနှစ်မှာ ဘီလီယံ (၁၇၀၀)၊ ၂၀၂၂- ၂၃ ခု ဘဏ္ဍာနှစ်မှာ ဘီလီယံ (၃၇၀၀)၊ ၂၀၂၃- ၂၄ ခု ဘဏ္ဍာနှစ်မှာ ဘီလီယံ (၅၇၀၀) အသုံးပြုခဲ့ကြတယ်။ အဲဒီဘဏ္ဍာငွေ သုံးစွဲမှုတွေဟာ နိုင်ငံအတွက်လည်း မဟုတ်ဘူး။ ပြည်သူ့ အတွက်လည်း မဟုတ်ဘူး။ မင်းတို့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် မဟုတ်ပါလား။ ဘယ်လောက်ထိ မင်းတို့ စစ်အာဏာရှင်တွေဟာ ထင်တိုင်းကြဲ…မိုက်ရိုင်းယုတ်မာကြပါသလဲ…။ 

 

စက်မှုဇုန်တွေမှာ လျှပ်စစ်ပေးစွမ်းနိုင်တာ တနေ့မှ (၂)နာရီ..။ ပေးတဲ့အချိန်လည်း ကြည့်လိုက်ပါဦး…။ မနက် (၅)နာရီမှ (၇)နာရီထိ…တဲ့။ စက်မှုလုပ်ငန်းတွေ တဟုန်ထိုး တိုးတက်တော့မှာပဲ…။ ခုဆို အထည်ချုပ်စက်ရုံတွေက ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားကို လုပ်သားတွေနဲ့အတူ ပြောင်းရွှေ့ဖွင့်လှစ်ကုန်ကြပြီ..။ 

 

ဒါတောင်  ပြည်သူ့ခေါင်းဆောင်တွေ ဖြစ်ချင်ကြသေးသတဲ့…။ အံ့ဩ ကုန်နိုင်ဖွယ်ပ…။

အဲဒီလို စစ်စရိတ်တွေ သုံးဖြုံးနေနိုင်လောက်အောင် နိုင်ငံက ချမ်းသာကြွယ်၀ နေပါသလား…။ ဒင်းကတော့ NLD အစိုးရလက်ထက်မှာ စီးပွားရေး ကျဆင်းခဲ့ပေမဲ့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ  စီးပွားရေး ဦးမော့လာပါသတဲ့…။ စိုက်ပျိုးရေးနိုင်ငံမို့ စိုက်ပျိုးသီးနှံ၊ သီးရွက်တွေ ထွက်ရှိအောင် လုပ်နိုင်ပါသလား…။ ဒင်းတို့က ရွာစဉ်လိုက်မီးရှို့၊ လူသတ်နေကြလို့ စိုက်ပျိုးရေး လုပ်ကိုင်နေကြတဲ့ ကျေးလက်နေ ပြည်သူများခမျာ အချိန်မရွေး ရှောင်တိမ်းထွက်ပြေး နေကြရတယ်မဟုတ်လား…။ ဘယ်မှာ သီးနှံတွေ စိုက်ပျိုးနိုင်ကြမလဲ…။

 

အလတ်စား၊ အသေးစား စက်မှုလုပ်ငန်းတွေ တိုးတက်အောင် ဖန်တီးပြီး စီးပွားရေး မြှင့်တင်သွားမယ်…တဲ့။ စက်မှုဇုန်တွေမှာ လျှပ်စစ်ပေးစွမ်းနိုင်တာ တနေ့မှ (၂)နာရီ..။ ပေးတဲ့အချိန်လည်း ကြည့်လိုက်ပါဦး…။ မနက် (၅)နာရီမှ (၇)နာရီထိ…တဲ့။ စက်မှုလုပ်ငန်းတွေ တဟုန်ထိုး တိုးတက်တော့မှာပဲ…။ ခုဆို အထည်ချုပ်စက်ရုံတွေက ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားကို လုပ်သားတွေနဲ့အတူ ပြောင်းရွှေ့ဖွင့်လှစ်ကုန်ကြပြီ..။ ရင်းနှီးမြှုပ်နှံမှုတွေက တိုးတက်လာဖို့ နေနေသာသာ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေတောင် ရုပ်သိမ်းထွက်ခွာသွားကြတာ ကုန်ခမန်း ဖြစ်နေပေါ့…။

 

ဒင်းတို့က အာဏာသိမ်းတဲ့ (၃)နှစ်အတွင်း ငွေကျပ် ဘီလီယံ (၃)သောင်းကျော်ထိတောင် ရိုက်နှိပ်ထုတ်ဝေခဲ့တယ်ဆိုပဲ…။ ဒီတော့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာတော့တာပေါ့…။ 

 

ဒီတော့ တရားဝင်အသိအမှတ်ပြု အစိုးရမဟုတ်တဲ့အပြင် အကြမ်းဖက်အဖွဲ့အစည်းတရပ် ဖြစ်နေလေတော့ ငွေစက္ကူတွေကို အတိုင်းအဆမဲ့ ရိုက်နှိပ်ပြီး ဖြေရှင်းလာတော့တယ်။ ဒင်းတို့က အာဏာသိမ်းတဲ့ (၃)နှစ်အတွင်း ငွေကျပ် ဘီလီယံ (၃)သောင်းကျော်ထိတောင် ရိုက်နှိပ်ထုတ်ဝေခဲ့တယ် ဆိုပဲ…။ ဒီတော့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာတော့တာပေါ့…။ ရွှေစျေးတွေ တဟုန်ထိုး တိုးတက်၊ ငွေမာဖြစ်တဲ့ ဒေါ်လာစျေးတွေ တဟုတ်ထိုး တိုးတက်လာရော…။ အဓိကအကြောင်းအရင်းက ငွေစက္ကူတွေ အတိုင်းအဆမဲ့ ရိုက်နှိပ်ထုတ်ဝေလို့ပါပဲ…။ ဒါကို ရွှေသမားတွေက စျေးကစားလို့၊ ငွေကြေးလဲလှယ်တဲ့ သူတွေက စျေးကစားလို့ ဆိုပြီး ယိုးစွပ်လိုက်တယ်။

 

မတရားသဖြင့် ဖမ်းဟယ်၊ ဆီးဟယ်တွေ လုပ်လာတယ်။ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ် သိမ်းဆည်းတာတွေ ဖြစ်လာတယ်။ ဒါ့အပြင် ငွေကြေးပြောင်းလဲ လုပ်ကိုင်သူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းတာလည်း ပြုလုပ်လာတယ်။ ပြောရရင်တော့ အကြမ်းဖက် အဖွဲ့အစည်းဟာ အကြမ်းဖက်အဖွဲ့အစည်းပီပီ ပိုင်ဆိုင်တဲ့ ငွေတွေ ရွှေတွေကို ဓားပြတိုက် ယူလိုက်တာပါပဲ…။ ခုတော့ ချမ်းသာ ဆင်းရဲ လူတန်းစားမရွေး၊ လူငယ် လူကြီး အရွယ်မရွေး…အားလုံးသော ပြည်သူတရပ်လုံးဟာ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ဖိနှိပ်မှုကို၊ ရက်စက်ယုတ်မာမှုတွေကို ရင်ဆိုင်တွေ့ကြုံ ခံစားနေကြရပါပြီ။

 

မြ၀တီမြို့ ပြန်လည်ထိန်းချုပ်နိုင်ဖို့လည်း စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးနေပေမဲ့၊ စ.ခတွေ ကျဆုံးနေပေမဲ့ ဇွတ်အတင်း ထိုးစစ်ဆင်ခိုင်းနေတယ်။ နိုင်ငံနဲ့ ပြည်သူတွေ ဘာပဲဖြစ်ဖြစ် တချက်ကလေးမှ ထည့်တွက် မစဉ်းစားတော့ဘူး…။

 

အကြမ်းဖက်အဖွဲ့အစည်းဟာ စစ်ရေးရှုံးနိမ့်မှု၊ စီးပွားရေး ချွတ်ခြုံကျမှုတွေ ကြုံတွေ့ နေရပေမဲ့ အာဏာကိုတော့ စွန့်လွှတ်လိမ့်မယ် မဟုတ်ပေဘူး…။ ခုဆို ရှမ်းမြောက်ကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်စုဆောင်းမှုတွေ ပြုလုပ်လာတာ တွေ့ကြရတယ်။ မြ၀တီမြို့ ပြန်လည်ထိန်းချုပ်နိုင်ဖို့လည်း စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးနေပေမဲ့၊ စ.ခတွေ ကျဆုံးနေပေမဲ့ ဇွတ်အတင်း ထိုးစစ်ဆင်ခိုင်းနေတယ်။ နိုင်ငံနဲ့ ပြည်သူတွေ ဘာပဲဖြစ်ဖြစ် တချက်ကလေးမှ ထည့်တွက် မစဉ်းစားတော့ဘူး…။ ဒင်းတို့အာဏာ တည်မြဲရေးအတွက်သာ ‘ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်’ ဆိုတာလို ကြိုးစားနေတော့တယ်…။

 

ဒီတော့… တို့ပြည်သူတွေ တရပ်လုံးအနေနဲ့လည်း ဒင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ် တော်လှန်ရေးကို ညီညီညွတ်ညွတ်နဲ့ အလေးနက်ထား အာရုံစိုက် ဆောင်ရွက်ကြဖို့ လိုလိမ့်မယ်…။ 

 

ဒင်းတို့အနေနဲ့တော့…ဘာသာရေး မှိုင်းတိုက် သွေးခွဲမှုတွေ၊ ဆင်းရဲတွင်း နက်သထက်နက်အောင် ဖန်တီးမှုတွေ၊ ရက်စက်ယုတ်မာမှု ပေါင်းစုံတွေ ဖန်တီးလုပ်ကိုင် ဆောင်ရွက်လာကြလိမ့်မယ်…။ အဆုံးစွန်ထိ သည့်ခံတောင့်ခံသွားကြမလား…။ ဒါမှမဟုတ် လွတ်မြောက်အောင် တော်လှန်သွားကြမလား…။ တို့ပြည်သူတွေအနေနဲ့ မတရားသဖြင့် ယုတ်မာနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကို တတ်နိုင်တဲ့ဘက်က ပါဝင်တော်လှန်သွားကြဖို့ လိုအပ်ပါကြောင်း….။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။