Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နိဂုံးချုပ်တော့မယ် (Opinion)

ဟေ့ကောင်… အကြမ်းဖက်ခေါင်းဆောင် မ.အ.လ…


မင်းတို့ပဲ ပြောခဲ့တာလေ…အာဏာသိမ်းခါစတုန်းက…၊ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မယ်ဆိုတာ မျှော်လင့်တွက်ဆထားပြီးသားပါ…တဲ့။ ဒါပေမဲ့ မိတ်ဆွေတချို့နိုင်ငံတွေ နဲ့ လက်တွဲပြီး ကျော်လွှားသွားနိုင်မှာပါ…ဆိုတာလေ။ အဟမ်း…ခုတော့ မင်းတို့စိတ်ကြိုက် ဖွဲ့စည်းပေးထားတဲ့ ‘‘ ငါရယ်၊ မာလာရယ်၊ အာစရရယ် ’’ဆိုတာလို တပါတီ သုံးယောက်လောက်သာရှိတဲ့ ပါတီ(၂၅)ပါတီက နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုတွေကို ရပ်စဲပေးကြဖို့ တောင်းဆိုနေပါလားကွ။ ဒါပါပဲကွာ…‘ပယောဂမှန်ရင် တုန်ဆင်းစေရမယ်…’ ဆိုတာလို တုန်လှုပ်ချောက်ချားကုန်ကြပြီ မဟုတ်ပါလား…။

 

ရွေစျေး၊ ဒေါ်လာစျေးတွေ တက်ရကောင်းလား ဆိုပြီး ရွှေကုန်သည်တွေ၊ ငွေလဲလှယ်ကြတဲ့သူတွေကို ဖမ်းပါလေရော…။ အဲဒါပဲ.. မင်းတို့လုပ်ကိုင်တတ်တဲ့ အလုပ်က။ ဒါပေမဲ့ မုန့်လုံးစက္ကူကပ်သီချင်းက ဆုံးသွားမှာ မဟုတ်ပေဘူး…။


မတုန်လှုပ်လို့လည်း မဖြစ်ဘူးလေ…။ ဝင်ငွေကမရှိ၊ ထွက်ငွေတွေသာ ဒလဟောကုန်ကျနေလေတော့ ဘတ်ဂျက်လိုငွေက ကျပ်ဘီလီယံ (၁)သောင်းလောက်ထိတောင် မြင့်တက်သွားတယ်။ ဒါပေမဲ့ အကြံပက်စက် ယုတ်မာကြတဲ့သူတွေပီပီ ငွေစက္ကူတွေကို အတိုင်းအဆမရှိ တရစပ် ရိုက်နှိပ်ထုတ်ဝေလာကြတယ်။ ဒီတော့ ရွှေစျေးတွေ၊ ဒေါ်လာစျေးတွေက ထိန်းမရအောင် တက်ကုန်ကြတာပေါ့ကွာ…။ ရွေစျေး၊ ဒေါ်လာစျေးတွေ တက်ရကောင်းလား ဆိုပြီး ရွှေကုန်သည်တွေ၊ ငွေလဲလှယ်ကြတဲ့သူတွေကို ဖမ်းပါလေရော…။ အဲဒါပဲ.. မင်းတို့လုပ်ကိုင်တတ်တဲ့ အလုပ်က။ ဒါပေမဲ့ မုန့်လုံးစက္ကူကပ်သီချင်းက ဆုံးသွားမှာ မဟုတ်ပေဘူး…။

 

နိုင်ငံခြား ကုန်သွယ်မှုကိုလည်း ကုန်ပစ္စည်းလဲလှယ်တဲ့စနစ်ကို ကျင့်သုံးမယ်…တဲ့။ ဘိုးတော်ဘုရား…လေးဘက်တွားသွားခေတ်က စီးပွားရေးကုန်သွယ်မှုကို ပြန်ပြောင်းသွားတဲ့ သဘောပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့တိုင်းပြည်က နိုင်ငံတကာအဆင့်မီ ကုန်ပစ္စည်းတွေ ထွက်ရှိပါသလား…။ စပါးကိုတောင် နိုင်ငံတကာအဆင့်မီဆန်အဖြစ် ကြိတ်ခွဲနိုင်တာမှ မဟုတ်တာ…။ တကယ်တော့အကျပ်အတည်း ဖြစ်လာပြီး ထင်မိထင်ရာတွေ စိတ်ကူးပေါက်ရာ လုပ်လာခြင်းပါ။ အောင်မြင်လာစရာ အကြောင်းမရှိ။

 

ငွေကြေးတွေ အတိုင်းအဆမရှိ ဖောင်းပွလာတော့ ကုန်စျေးနှုန်းတွေကလည်း အတိုင်းအဆမရှိ ထိုးတက်လာကုန်တာပေါ့။ ဒီတော့ ပြည်သူတွေ စားရေးကျပ်တည်း ဖြစ်လာကြတယ်။ အထူးသဖြင့် ဝန်ထမ်းတွေ…။ သတ်မှတ်လစာငွေနဲ့ စားရေးဖြေရှင်းဖို့ အင်မတန် ကျပ်တည်းလာကြတယ်။ 


ငွေကြေးတွေ အတိုင်းအဆမရှိ ဖောင်းပွလာတော့ ကုန်စျေးနှုန်းတွေကလည်း အတိုင်းအဆမရှိ ထိုးတက်လာကုန်တာပေါ့။ ဒီတော့ ပြည်သူတွေ စားရေးကျပ်တည်း ဖြစ်လာကြတယ်။ အထူးသဖြင့် ဝန်ထမ်းတွေ…။ သတ်မှတ်လစာငွေနဲ့ စားရေးဖြေရှင်းဖို့ အင်မတန် ကျပ်တည်းလာကြတယ်။ ဘယ်အတိုင်းအတာအထိ ကြိတ်မှိတ်ခံနိုင်ကြမလဲ…။ ကြိတ်မှိတ်ခံနိုင်တဲ့ အတိုင်းအတာထိတော့ ကြိတ်မှိတ်ခံကြမှာပေါ့လေ…။ ကြိတ်မှိတ်မခံနိုင်တဲ့ အနေအထား ရောက်ရင်တော့ ထိန်းမရ၊ သိမ်းမရ ပေါက်ကွဲလာကြလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်တော့ မင်းတို့တတွေလည်း ခွေးကျ..ကျကြလိမ့်မယ်ဆိုတာ သိထားကြပေရော့…။


အကြမ်းဖက်ခေါင်းဆောင် မ.အ.လရာ…။ မင်းအနေနဲ့ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်း မရှိပါဘူးကွာ…။ စိုင်ကော်လို့သာ ချုံပေါ်ရောက်ခဲ့သူ မဟုတ်ပါလား…။ အရင်တုန်းကတော့ ဆင်ဖမ်းမယ်…ကျားဖမ်းမယ်ပေါ့လေ။ ခုတော့ဖြင့် ပဒပ်လေးတကောင်တောင် ဖမ်းပြနိုင်တဲ့ အဖြစ်မရှိဘူး။ အေး…မင်းအနေနဲ့ အပြောနဲ့အဟော ညီတာဆိုလို့ ‘ ဘာမဆို လုပ်ရဲတယ် ’ ဆိုတဲ့ စကားတခွန်းပဲ။

 

ခုဆို မင်းတို့က မယှဉ်သာအောင် စစ်ရှုံးနိမ့်လာတဲ့အခါ ရည်ရွယ်ချက် ရှိရှိ အရပ်သားပြည်သူတွေရဲ့ စည်းစိမ်တွေကို ဖျက်ဆီးလာတာကို တွေ့ကြရတယ်။ 

 

အမြော်အမြင်နည်းပါးစွာနဲ့ မိုက်မိုက်ကန်းကန်း အာဏာသိမ်းခဲ့တယ်။ အာဏာသိမ်းတာ မအောင်မြင်တော့ မိုက်ကန်းရုံတင်မက ယုတ်မာမှုတွေ အားလုံး လုပ်ကိုင်ဆောင်ရွက်လာတော့တယ်။ ယုတ်မာမှုရဲ့ အကျိုးရလဒ်ကတော့ ကျရှုံးပြီးရင်း စဉ်ဆက်မပြတ် ကျရှုံးနေလိမ့်ဦးမယ် ဆိုတာပါပဲ…။ ဟုတ်တယ်လေ…။ ခုဆို မင်းတို့က မယှဉ်သာအောင် စစ်ရှုံးနိမ့်လာတဲ့အခါ ရည်ရွယ်ချက် ရှိရှိ အရပ်သားပြည်သူတွေရဲ့ စည်းစိမ်တွေကို ဖျက်ဆီးလာတာကို တွေ့ကြရတယ်။ လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကရော၊ PDF တွေကရော စစ်ရေး ပစ်မှတ်တွေကိုသာ ရွေးချယ် တိုက်ခိုက်တတ်ကြတယ်။ လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက စစ်စခန်းတွေ၊ စစ်ဗျူဟာကုန်းတွေကိုသာ ရွေးချယ်တိုက်ခိုက် သိမ်းပိုက်ကြတာလေ။ PDF တွေကလည်း ရဲစခန်းတွေ၊ စစ်ယာဉ်တန်းတွေ၊ ဒေါက်တိုင်တွေ၊ ပျူတွေပဲရှိတဲ့ ရွာတွေကိုသာ တိုက်ခိုက်ကြလေ့ရှိတယ်။ ပြည်သူ့အိုးအိမ်ပစ္စည်းတွေနဲ့ ပြည်သူတွေကို လုံး၀ တိုက်ခိုက်ကြတာ မရှိဘူး။

 

စစ်ကြောင်းထိုးတယ်ဆိုပြီး ရွာတွေထဲထိ သေနတ်တွေ ပစ်ခတ်၊ ပစ်ဖောက်ပြီး ဝင်လာကြတယ်။ လက်နက်မဲ့ပြည်သူတွေခမျာ ကြောက်ရွံ့တော့ ထွက်ပြေးကြရတာပေါ့။ အဲဒါကို ဇော်မဲလုံးဆိုတဲ့အကောင်က ‘PDF တွေမို့ ထွက်ပြေးကြတာပေါ့၊ PDF မဟုတ်ရင် ပြေးစရာ မလိုဘူး’ တဲ့။


မင်းတို့ အကြမ်းဖက်အဖွဲ့အစည်း စ.ခတွေကတော့…မိုင်းဆွဲ မခံလိုက်ရနဲ့… ခံလိုက်ရတာနဲ့ အနီးဝန်းကျင်က ရွာတွေကို ဝင်ပြီး ပစ္စည်းတွေခိုးယူ၊ မီးရှို့ကြတော့တာပါပဲ။ ပြီးတော့ စစ်ကြောင်းထိုးတယ်ဆိုပြီး ရွာတွေထဲထိ သေနတ်တွေ ပစ်ခတ်၊ ပစ်ဖောက်ပြီး ဝင်လာကြတယ်။ လက်နက်မဲ့ပြည်သူတွေခမျာ ကြောက်ရွံ့တော့ ထွက်ပြေးကြရတာပေါ့။ အဲဒါကို ဇော်မဲလုံးဆိုတဲ့အကောင်က ‘PDF တွေမို့ ထွက်ပြေးကြတာပေါ့၊ PDF မဟုတ်ရင် ပြေးစရာ မလိုဘူး’ တဲ့။ မင်းတို့ စ.ခတွေက မင်းတို့လိုပဲ လူစိတ်ရှိကြတဲ့သူတွေမှ မဟုတ်ဘဲ။ မည်းမည်းမြင်ရာ ကိုက်တတ်ကြတဲ့ ခွေးရူးတွေ…။


PDF စခန်းတွေ ရှာဖွေပြီးတိုက်ကြပေါ့။ ခုတော့ နိမဲ့သက်သက် ရွာတွေကို မီးရှို့နေကြတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်။ လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်နေကြတယ်။ တကယ်တော့ ဒါတွေဟာ ရာဇဝတ်မှုတွေပဲ။ အကြမ်းဖက်လုပ်ရပ်တွေ မဟုတ်ပါလား။ စွမ်းရည်(၃)ရပ် ရှိဖို့လိုအပ်သတဲ့။ တိုက်ပွဲနိုင်အောင် တိုက်ရမယ်။ တပ်တိုးတက်အောင် လုပ်ကြမယ်။ ပြည်သူ့မေတ္တာ
ရရှိအောင် လုပ်ရမယ်…တဲ့။ ဒီပုံစံအတိုင်းသာ ဆိုရင်တော့ ပြည်သူ့မေတ္တာ ရရှိဖို့နေနေသာသာ…စ.ခတွေဆို ရွံလွန်းလို့ ပျို့ပျို့တောင် တက်လာတယ်…ဝေါ့…။

 

မင်းတို့ကတော့ ရွာကို မီးရှို့ရင်၊ ပြည်သူကိုသတ်ပြရင် PDF တွေကြောင့် ဖြစ်ကြရတာ၊ ခံကြရတာဆိုပြီး PDF တွေကို ဆန့်ကျင်လာကြလိမ့်မယ်..လို့ ထင်မှတ်ယူဆနေကြသလား မပြောတတ်ပါဘူး…။ ဝေးပါသေးရဲ့…။

 

မင်းတို့ကတော့ ရွာကို မီးရှို့ရင်၊ ပြည်သူကိုသတ်ပြရင် PDF တွေကြောင့် ဖြစ်ကြရတာ၊ ခံကြရတာဆိုပြီး PDF တွေကို ဆန့်ကျင်လာကြလိမ့်မယ်..လို့ ထင်မှတ်ယူဆနေကြသလား မပြောတတ်ပါဘူး…။ ဝေးပါသေးရဲ့…။ ပြည်သူတွေက PDF တွေကို သူတို့အပေါ် ရက်စက်ယုတ်မာနေကြတဲ့ စ.ခတွေကို သုတ်သင်နေကြသူတွေ၊ နိုင်ငံကို ကာကွယ်နေကြတဲ့ သူတွေဆိုပြီး တတ်စွမ်းသမျှ ကူညီပံ့ပိုးနေကြလေရဲ့။ အိမ်တွေကို နိမဲ့သက်သက် မီးရှို့ခံရလို့၊ အပြစ်မရှိဘဲ နိမဲ့သက်သက် အသတ်ခံနေရလို့…မင်းတို့စ.ခတွေကို အသည်းပေါက်အောင် နာကျည်းခံပြင်းနေကြလေရဲ့..။

 

ဒါကြောင့်လည်း မင်းတို့တတွေ လက်နက်အင်အား တောင့်တင်းပါလျက် တိုက်တိုင်းရှုံးပြီး သွားလေရာ ဘေးသင့်နေကြတာပေါ့။ ခုတော့ အင်အားတွေ လျော့နည်းလာလို့ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး နည်းဥပဒေမရှိဘဲ အတင်းအဓမ္မ စစ်သားစုဆောင်း နေရတာပေါ့။ လူတိုင်း နိုင်ငံတော်အတွက် စစ်မှုထမ်းသင့်ကြတယ်။ မူအရတော့ ဟုတ်သယောင်ပါပဲ။ ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားက မင်းတို့စစ်အာဏာရှင်တွေ အာဏာသိမ်းလို့ နိုင်ငံမတည်မငြိမ် ဖြစ်နေရတာလေ…။
မင်းတို့အာဏာ မစွန့်လွှတ်ရရေးအတွက် ကျားကုတ်ကျားခဲ ကြိုးစားနေကြလို့ စ.ခတွေ သေနေကြတာလေ..။ ဘာ..တိုင်းပြည်နဲ့ လူမျိုးအတွက်မှ မဟုတ်ဘဲ…။ မင်းတို့ အကျိုးစီးပွားအတွက်…။

 

ခုတော့ လူငယ်အများစုရဲ့ အနာဂတ်တွေ ရိုက်ချိုးခံနေရပြီ။ လူငယ် အနာဂတ်ကို ရိုက်ချိုးခြင်းဟာ နိုင်ငံရဲ့အနာဂတ်ကို ရိုက်ချိုးခြင်းပါပဲ။ 

 

ခုတော့ လူငယ်အများစုရဲ့ အနာဂတ်တွေ ရိုက်ချိုးခံနေရပြီ။ လူငယ် အနာဂတ်ကို ရိုက်ချိုးခြင်းဟာ နိုင်ငံရဲ့အနာဂတ်ကို ရိုက်ချိုးခြင်းပါပဲ။ အကြမ်းဖက် ခေါင်းဆောင် မ.အ.လရေ…မင်းကတော့ မင်းကိုယ်ကျိုးစီးပွားအတွက် ဘာမဆို လုပ်ရဲတယ်ဆိုတဲ့ စကားနဲ့တော့ ညီပါပေ့ကွာ…။. ပြောရရင် မင်းဟာမိုက်တဲ့နေရာမှာတော့ ခွေးထက်တောင် သာပါပေ့..။


မင်းရဲ့ ယုတ်မာမှုတွေကတော့ မပြောကောင်း ပြောကောင်းမင်းသမ္မတဖြစ်တောင်မှ ပျောက်ကွယ်သွားလိမ့်မယ် မဟုတ်ပေဘူး…။ အရိပ်ပမာ  ထက်ကြပ်မကွာ လိုက်ပါနေပေလိမ့်မယ်။ မင်းအနေနဲ့ အသက်ရှင်သန်ပေမဲ့ မင်းရဲ့ဘ၀ကတော့ သေဆုံးသွားပါပြီကွာ…။ မင်းရဲ့တသက်တင်မဟုတ်ဘူး… မင့် သမီး၊ မင့် သား…မင်းချစ်လှပါတယ်ဆိုတဲ့ မြေးတွေအထိ အစဉ်အဆက် ခေါင်းမဖော်ဝံ့လောက်အောင်ထိ ဘ၀တွေ သေဆုံးသွားကြပါပြီ။ နိုင်ငံ တည်ရှိနေသရွေ့ ကာလပတ်လုံးလည်း ဖေဖော်ဝါရီ (၁)နေ့ကို အာဏာရှင်နေ့ သတ်မှတ်ပြီး မင်းတို့ စစ်အာဏာရှင်တွေရဲ့ နိုင်ငံနဲ့ပြည်သူအပေါ် ရက်စက် ယုတ်မာမှုတွေကို ဖော်ထုတ် ရှုတ်ချသွားလိမ့်မယ်။ ကမ္ဘာမကျေအောင်ထိ မင်းတို့က ယုတ်မာခဲ့တာကိုး…။

 

စစ်တိုင်းတွေကို တန်းပြည့်အမိန့်တွေ ထုတ်လိုက်ရပြီ။ တန်းပြည့်ဆိုတာက ခွင့်မရ၊ အပြင်ထွက်ခွင့် မရ၊ အမြဲအချိန်ပြည့် တပ်ထဲမှာပဲ အဆင်သင့် ရှိနေရမယ့်သဘော…။ တပ်တွေ အရန်သင့် ဖြစ်နေရမယ်ဆိုတဲ့ တပ်လှန့်လိုက်တဲ့ သဘော။ အဲဒါက စစ်ရေး အရေးကြီးလာပြီဆိုတဲ့ သဘောကို ဖော်ဆောင်ပြလိုက်တာပါပဲ။ 

 

ခုဆို ဒင်းတို့အနေနဲ့ စစ်တိုင်းတွေကို တန်းပြည့်အမိန့်တွေ ထုတ်လိုက်ရပြီ။ တန်းပြည့်ဆိုတာက ခွင့်မရ၊ အပြင်ထွက်ခွင့် မရ၊ အမြဲအချိန်ပြည့် တပ်ထဲမှာပဲ အဆင်သင့် ရှိနေရမယ့်သဘော…။ တပ်တွေ အရန်သင့် ဖြစ်နေရမယ်ဆိုတဲ့ တပ်လှန့်လိုက်တဲ့ သဘော။ အဲဒါက စစ်ရေး အရေးကြီးလာပြီဆိုတဲ့ သဘောကို ဖော်ဆောင်ပြလိုက်တာပါပဲ။ ဒါ့အပြင် Crisis Group ကလည်း မ.အ.လကို ထိပ်ပိုင်းအရာရှိတွေက မကျေမနပ် ဖြစ်လာကြပြီ ဆိုတဲ့သတင်း ထုတ်ပြန်လာတာ တွေ့ကြရတယ်။

 

ဒင်းလက်ထက်မှာ စစ်စခန်းတွေ ဆုံးရှုံး လက်လွှတ်ရတာတွေ များလာတယ်။ စ.ခတွေ သေတာလည်း များလာတယ်။ လက်နက်တွေ ဆုံးရှုံးလာတာ များလာတယ်။ ပြီးတော့ ပြည်သူမုန်းရင် တပ်ပြုန်းတော့မယ်ပေါ့လေ…။ ဒါကြောင့် ဖယ်ရှားဖို့ ကြံစည်နေကြ သတဲ့။ ဥုံ နဲ့ ဖြစ်ဖြစ်…ဖွ နဲ့ ဖြစ်ဖြစ် ပြည်သူလက်မခံ ရွံမုန်းအတွက် အကြမ်းဖက် အဖွဲ့အစည်းကတော့ နိဂုံးချုပ်တော့မယ် ဖြစ်ပါကြောင်း…။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။