ဒီတလော ထူးခြားတဲ့ သတင်းတွေကတော့ အလွန် စိုးရိမ်တတ်တဲ့ ကမ္ဘာကြီးက ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအတွက် အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွေ တွေ့ရတာပါပဲ။ NGO ဆိုတဲ့ အဖွဲ့ ၁၉၀ ကျော်ကလည်း အသေးစိတ် အခြေအနေတွေကို ဂဃဏန သေသေချာချာ နားမလည်သေးဘဲ လေဖမ်းဒန်းစီးပြီး စိုးရိမ်ကြောင်း ဝင်အာကြ ပြန်ပါတယ်။
NUG ကလည်း ကြေညာချက်တစ်ခု ထွက်တာ တွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်တွေနဲ့ ပါတ်သက်လို့ AA ဘက်ကလည်း ပြန်လည် ရှင်းလင်းတာ၊ NGO တွေနဲ့ပါတ်သက်လို့ ထုတ်ပြန်တာတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။
ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး ခွဲခြားဆက်ဆံ ခံရသူများထဲမှာ ပါပါတယ်။ ဒီအချက်ဟာ အငြင်းပွားစရာ မရှိပေမယ့် ဒီလိုအခြေအနေဆိုးကြီးကို တလျှောက်လုံး ဖန်တီးလာတဲ့ စစ်အုပ်စုဟာ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ နေရာရနေဆဲဆိုတာကို မမေ့ကြဖို့ လိုပါတယ်။
အနောက်နိုင်ငံများက သူတို့ တိမ်းညွှတ်မှုနဲ့ သူတို့ ထုတ်ပြန်ကြတာ ဖြစ်ပေမယ့် ပြည်တွင်းအဖွဲ့တွေ အနေနဲ့ကတော့ အခြေအနေ အရပ်ရပ်ကို သေသေချာချာ လေ့လာပြီးမှာ ဆောင်ရွက်သင့်တာ ဖြစ်ပါတယ်။ စိုးရိမ်ပြတာဟာ စိုးရိမ်ပြတာပဲဖြစ်ပြီး မြေပြင်လက်တွေ့ အခြေအနေတွေကို တကယ်တမ်း အကျိုးမပြုရုံ သာမက အကျိုးယုတ်တာတွေပါ ဖြစ်နိုင်လို့ပါပဲ။
ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး ခွဲခြားဆက်ဆံ ခံရသူများထဲမှာ ပါပါတယ်။ ဒီအချက်ဟာ အငြင်းပွားစရာ မရှိပေမယ့် ဒီလိုအခြေအနေဆိုးကြီးကို တလျှောက်လုံး ဖန်တီးလာတဲ့ စစ်အုပ်စုဟာ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ နေရာရနေဆဲဆိုတာကို မမေ့ကြဖို့ လိုပါတယ်။
စစ်အုပ်စုဟာ ရှုံးနိမ့်မယ့် အခြေအနေတွေ ကြုံရတော့မယ်ဆိုရင် မစားရတဲ့အမဲ သဲနဲ့ ပက်လေ့ရှိတာ အားလုံး အသိပါပဲ။
ဒီအခြေအနေကို ထပ်ပြီးဆိုးအောင် ဖန်တီးနေတယ်ဆိုတာလည်း ဟိုတလောကပဲ ထုတ်ပြန်တဲ့ ICG အစီရင်ခံစာမှာ ပါခဲ့လို့ အားလုံးအသိပဲ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရှုံးနိမ့်မယ့် အခြေအနေတွေ ကြုံရတော့မယ်ဆိုရင် မစားရတဲ့အမဲ သဲနဲ့ ပက်လေ့ရှိတာ အားလုံး အသိပါပဲ။
ဒီလို အခြေအနေတွေမှာ အနောက်နိုင်ငံတွေ အနေနဲ့က အလွန် စိုးရိမ်ပြကြတာဟာ လေပဲ စိုက်ရတဲ့ ကိစ္စတွေမို့လို့ ဒီလို လုပ်ကြတာ ပြဿနာ မရှိပေမယ့် ကိုယ်နိုင်ငံကလို့ ကိုယ့်ဘာသာကိုယ်သတ်မှတ် ထားကြသူတွေအဖို့တော့ ဒီလိုလုပ်တာဟာ အတော် ဆင်ခြင်တုံတရား နည်းတယ်လို့ ဆိုရမှာပါပဲ။
ရခိုင်ပြည်နယ်တွင်း ပြဿနာဟာ အရင်အစိုးရ လက်ထက်ကတည်းက အလွန် ပျော့ပြောင်းစွာကိုင်တွယ်ခဲ့ကြတာ မှတ်မိကြမှာပါ။ ဒီပြဿနာက တစ်စုနဲ့ တစ်စုကြား အပြတ်ရှင်းရေး လုပ်လို့မရဘဲ သဟဇာတ ဖြစ်ရေးကိုပဲ သွားဖို့ လုပ်ခဲ့ကြတာပါ။ ဒီလုပ်ငန်းစဥ် အတော် ခရီးရောက်ချိန်မှာ တကယ် သဟဇာတ ဖြစ်သွားရင် နေရာပျောက်တော့မှာ ဖြစ်တဲ့ အစွန်းရောက်အဖွဲ့တွေက စစ်စခန်းတွေကို ဝင်တိုက်တာတွေ လုပ်ရာက ပြဿနာဟာ ခုချိန်ထိ ဆက်လာတာပါ။
မြန်မာမှာ တကယ့် တရားခံတွေကပျောက်နေပြီး ခေါင်းခံရှင်းပေးခဲ့တဲ့ အစိုးရနဲ့ လူပုဂ္ဂိုလ်တွေသာ သိက္ခာကျရတဲ့ အခြေအနေရောက်သွားတာပါ။
အခု အစ္စရေး-ဟားမတ်စ်ကိစ္စကလည်း အလားတူပါပဲ။ အစ္စရေးနဲ့ ဆော်ဒီ အစရှိတဲ့ ဒေသတွင်းနိုင်ငံတွေကြား ဆက်ဆံမှုတွေ စကောင်းလာတဲ့အချိန်မှာ ဟားမတ်စ်က တစခန်းထပြတာပါပဲ။ ဒါပေမယ့် ကမ္ဘာကြီးက ဒီလို အချက်တွေကို မမြင်ကြပါဘူး။ မြန်မာမှာ တကယ့် တရားခံတွေကပျောက်နေပြီး ခေါင်းခံရှင်းပေးခဲ့တဲ့ အစိုးရနဲ့ လူပုဂ္ဂိုလ်တွေသာ သိက္ခာကျရတဲ့ အခြေအနေရောက်သွားတာပါ။
ဒါတွေကို လက်ရှိ ရခိုင်ပြည် အစိတ်အပိုင်း အတော်များများ စိုးမိုးထားပြီး ဖြစ်နေတဲ့ အာရက္ခတပ်တွေက ကောင်းကောင်း သိပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ရခိုင်ပြည်နယ်တွင်း လူမျိူးစုံအတွက် အကာအကွယ် ပေးသွားမယ်ဆိုတာကို တွင်တွင်ကျယ်ကျယ် ပြောနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် နှစ်ပေါင်းများစွာ သွေးကွဲလာတဲ့ အခြေအနေအောက်မှာ ကြီးပြင်းလာသူတွေအဖို့ အောက်ခြေမှာ တစွန်းတကွက် မှားနိုင်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ (ဒါကလည်း စကားအဖြစ်သာ ပြောရတာဖြစ်ပြီး လက်တွေ့မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။)
ဒီလို ရှိခဲ့ရင်တောင်မှ ဒါက တစ်ခုလုံး အခြေအနေကို ကိုယ်စားမပြုနိုင်ဘူးဆိုတာ ပြည်တွင်းကသူတွေ အားလုံးနီးပါး သိကြပါတယ်။ ဒါကြောင့် အခုလို ဝင်ယောင်ကြစရာ မလိုပေမယ့် သိသိကြီးနဲ့ တာဝန်ကြေစွာ ဝင်ယောင်ခဲ့ကြပါတယ်။ ဘယ်သူ့အတွက် တာဝန်ကြေ ကြတာလဲဆိုတာက မေးခွန်း ထုတ်စရာ ဖြစ်လာပါပြီ။ အဖြေကိုတော့ ကိုယ်ဘာသာကိုယ်ပဲ ဖြေကြည့်ကြပါ။
သုံးနှစ်တာ ကာလအတွင်းမှာဆိုရင် ဘာသာရေး အဆောက်အအုံ ရာဂဏန်းနီးပါး ဖျက်ဆီးခံခဲ့ရပြီးပါပြီ။ တစ်နိုင်ငံလုံး စစ်ပြေးဒုက္ခသည် ၃ သန်းကျော်ရှိပြီး သန်း၂၀ နီးပါး အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
Myanmar witness ရဲ့မကြာသေးမီက ထုတ်ပြန်ချက်မှာ ဧပြီ ၂၁ ရက်ကနေ မေ ၁၁ ရက်အထိ ကြားကာလအတွင်း မြန်မာနိုင်ငံတဝှမ်း ဘာသာရေး အဆောက်အအုံ ၇ ခု ဗုံးကြဲ တိုက်ခိုက်တာခံခဲ့ရပါတယ်။
သုံးနှစ်တာ ကာလအတွင်းမှာဆိုရင် ဘာသာရေး အဆောက်အအုံ ရာဂဏန်းနီးပါး ဖျက်ဆီးခံခဲ့ရပြီးပါပြီ။ တစ်နိုင်ငံလုံး စစ်ပြေးဒုက္ခသည် ၃ သန်းကျော်ရှိပြီး သန်း၂၀ နီးပါး အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး စစ်တပ်က မီးရှို့ခဲ့တဲ့ အိမ်ခြေ တစ်သိန်းနီးပါး ရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်း တစ်ခုထဲမှာတင် အိမ်ခြေ ၈ သောင်းလောက် မီးရှို့ခံခဲ့ရတာ ဖြစ်တယ်။ ဒီသုံးနှစ်တာ ကာလအတွင်း စစ်တပ်ဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၃၀ ကျော် ကျူးလွန်ထားတာ ဖြစ်ပါတယ်။ AAPP စာရင်းအရ လူပေါင်း ၆၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။
စစ်မြေပြင် ကျဆုံးမှုနဲ့ အရပ်သား သေဆုံးမှုတွေ အားလုံးပေါင်းရင် လူပေါင်းသောင်းချီ သေဆုံးခဲ့ပြီးပါပြီ။ ဒါတွေအပြင် စစ်တပ်ဟာ လူသတ်မှု၊ မဒိန်းမှု၊ ဓါးပြတိုက်မှု စတဲ့ အမှုပေါင်းများစွာကိုလည်း ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
စစ်မြေပြင် ကျဆုံးမှုနဲ့ အရပ်သား သေဆုံးမှုတွေ အားလုံးပေါင်းရင် လူပေါင်းသောင်းချီ သေဆုံးခဲ့ပြီးပါပြီ။ ဒါတွေအပြင် စစ်တပ်ဟာ လူသတ်မှု၊ မဒိန်းမှု၊ ဓါးပြတိုက်မှု စတဲ့ အမှုပေါင်းများစွာကိုလည်း ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကိစ္စတွေအတွက်လည်း ကမ္ဘာကြီးက စိုးရိမ်တာလေးတွေတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု စိုးရိမ်မှုက အရင်က စိုးရိမ်မှုတွေ အားလုံးကို ကျော် သွားသလိုပါပဲ။ ဒါဟာ ဘာကြောင့် ပါလဲဆိုတာကလည်း မေးခွန်းတစ်ခုပါပဲ။
တော်လှန်ရေး ဆင်နွှဲနေသူတွေအဖို့ ဒီမေးခွန်းတွေကို ဖြေဖို့ အချိန် မရှိပါဘူး။ ဒီသုံးနှစ်တာကာလအတွင်း ကမ္ဘာ့နိယာမ တချို့ကို အတော် သင်ယူခဲ့ပြီး ဖြစ်လို့ ထူးပြီးဆန်းနေတဲ့ ကိစ္စတွေလို့ မထင်ကြတော့ပါဘူး။
လတ်တလော လုပ်စရာရှိတာတွေ ဆက်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးက အလားအလာ အလွန် ကောင်းနေတဲ့အချိန်မှာ အချိန်ဆွဲ မခံဖို့၊ လမ်းလွှဲ မခံဖို့၊ သွေး မကွဲဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ ဒီလို ပြဿနာတွေအတွက် ဆယ်စုနှစ်များစွာ တလရ အတွေ့အကြုံရှိထားတဲ့ EAO တွေရော၊ လက်နက်ကိုင်တာ သုံးနှစ်သားဆိုပေမယ့် သမိုင်းသင်္ခန်းစာတွေ သင်ယူ လေ့လာထားကြပြီး ဖြစ်တဲ့ PDF များပါ လမ်းကြောင်းမှန် ပေါ်မှာ ဆက်ရှိနေမှာ ဖြစ်တာကို ယုံမှားသံသယ ဖြစ်စရာ မရှိကြောင်းပါ။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။