Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စောင့်ကြည့် (Opinion)

ဟေ့ကောင်.. အကြမ်းဖက်ခေါင်းဆောင် မ.အ.လ…

 

မင်းရဲ့အဖြစ်က အကြံကုန်တော့ ဂဠုန်ဆားချက် ဆိုတာလိုမျိုး ဖြစ်နေပါလားကွ…။ ဂဠုန်က သူ့အစာဖြစ်တဲ့နဂါးကိုတွေ့တော့ သုတ်ချီဖို့ ကြိုစားတာပေါ့။ ဒါပေမဲ့ နဂါးက ပင်လယ်ရေပြင်အောက် ငုပ်လျှိုးသွားတော့ မဖမ်းမိလိုက်ဘူး…။ အဲဒီမှာ ဂဠုန်က ဒင်း… ကြာကြာ ရေမငုပ်နိုင်ပါဘူးအတွေးနဲ့ ပင်လယ်ကမ်းစပ်ကနေ စောင့်ကြည့်နေသတဲ့။ တစ်လနေလည်း ပြန်မပေါ်လာ နှစ်လနေလည်း ပြန်မပေါ်လာတော့ ဂဠုန်က တခြား နည်းလမ်း စဉ်းစားကြည့်ပြန်ရော…

 

အင်း…ပင်လယ်ရေတွေ ကုန်ခန်းသွားရင်တော့ ဒင်း.. မလွဲမသွေ ပြန်ပြီး ပေါ်လာ ရမှာပေါ့လေ..။ ပြေးမလွတ်ပါဘူးပေါ့။ ဒါနဲ့ ဂဠုန်ဟာ ပင်လယ်ရေတွေကို ခပ်ပြီး ဆားချက်နေမိပါလေရော…တဲ့။ သူ့ခမျာ ပင်လယ်ရေဆိုတာ ဘယ်တော့မှ မခန်းခြောက်ဘူးဆိုတာ မသိနားမလည်နိုင်ရှာဘူးလေ…။ ခပ်ခပ်ပြီး ဆားချက်နေရင် တနေ့တော့ခန်းခြောက်သွားမယ် ဆိုတဲ့ အသိသာ သိနေတာကလား…။

 

မင်းတို့က မင်းတို့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူ့ဏ္ဍာတွေနဲ့ ဝယ်ယူစုဆောင်းထားတဲ့ လက်နက်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်၊ ပြည်သူတရပ်လုံးရဲ့အပေါ် အင်နဲ့အားနဲ့ သုံးဖြုန်း နှိမ်နင်းနေကြတာလေ…။ 

 

ခုလည်း  အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ… မင်းက (၁)နှစ်မက၊ (၂)နှစ်မက (၃)နှစ်ကျော် ကာလထိတိုင် ပြည်သူ့အင်အား ခန်းခြောက်သွားလိမ့်မယ် အထင်နဲ့ ရွာတွေကို မီးရှို့၊ ပြည်သူတွေကို အစုလိုက်၊ အပြုံလိုက် ရက်စက်ယုတ်မာစွာ သတ်ပြနေပါပေါ့လား..။ ဒီမှာ မင်းသိထားဖို့က ပြည်သူ့အင်အားဆိုတာ ပင်လယ်ရေလိုပဲ…ဘယ်တော့မှ ခန်းခြောက် မသွားဘူးကွ။

 

မင်းတို့က မင်းတို့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူ့ဏ္ဍာတွေနဲ့ ဝယ်ယူစုဆောင်းထားတဲ့ လက်နက်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်၊ ပြည်သူတရပ်လုံးရဲ့အပေါ် အင်နဲ့အားနဲ့ သုံးဖြုန်း နှိမ်နင်းနေကြတာလေ…။ ဒါပေမဲ့ မင်းတို့ရဲ့ စိတ်ရင်းသန္ဓေက တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားအတွက် မဟုတ်ဘဲ မင်းတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ ရည်ရွယ်တာဆိုတော့…အောင်မြင်မှုမရဘဲ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတာပေါ့ကွာ…။

 

ပြည်ပအားကိုး ပုဆိန်ရိုးဆိုတာ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းမှ အစစ်။ ထားဝယ်ရေနက် ဆိပ်ကမ်းကို ရုရှား လုပ်ကိုင်ခွင့်ပေးပြီး အနုမြူနည်းပညာ ရရှိအောင် ကြိုးစားမယ်ပေါ့လေ..။ အနုမြူနည်းပညာဆိုတာ နိုင်ငံဓနအင်အား တောင့်တင်းမှ အကောင်အထည် ဖော်နိုင်တာပေါ့ကွာ…။ 

 

အဲဒီမှာ မင်းတို့က တရုတ်နဲ့ရုရှား ပထွေးတွေကို အဖေခေါ်ဖို့ ကြိုးစားကြတယ်။ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတာ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းမှ အစစ်။ ထားဝယ်ရေနက် ဆိပ်ကမ်းကို ရုရှား လုပ်ကိုင်ခွင့်ပေးပြီး အနုမြူနည်းပညာ ရရှိအောင် ကြိုးစားမယ်ပေါ့လေ..။ အနုမြူနည်းပညာဆိုတာ နိုင်ငံဓနအင်အား တောင့်တင်းမှ အကောင်အထည် ဖော်နိုင်တာပေါ့ကွာ…။ အခု…မင်းတို့ စစ်အာဏာရှင်တွေကြောင့် နိုင်ငံက အရှေ့တောင်အာရှ (၁၁)နိုင်ငံ မှာတောင် အမွဲတေဆုံးနိုင်ငံ…။

 

ပထွေးရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ပိုင်ခွင့်ပေးလိုက်တော့ နောက်ထပ် ပထွေးဖြစ်တဲ့ တရုတ်က မကျေမနပ်ဖြစ်ရော…။. ဒီတော့..ပထွေးတရုတ်ကို မြစ်ဆုံစီမံကိန်း ပြန်လည်ပေးအပ်ပြီး ချွေးသိပ်ဖို့ စိုင်းပြင်းလာကြတယ်။ မြစ်ဆုံစီမံကိန်းဆိုတာ အမြော်အမြင် နည်းပါးတဲ့ မင်းတို့စစ်အာဏာရှင်တွေကပဲ နိုင်ငံဘာဖြစ်ဖြစ်  ငါတို့အာဏာရရင် ပြီးရောဆိုပြီး တဘို့တည်းစိတ်နဲ့ ပေးအပ်ခဲ့တာလေ…။ နောက် ပြည်သူတွေရဲ့အားကြောင့် ရပ်ဆိုင်းခဲ့ရတာ မဟုတ်လား…။

 

ခုလည်း ပထွေးတရုတ်ကို မြစ်ဆုံစီမံကိန်း လုပ်ပိုင်ခွင့်ပေးလိုက်ရင် မင်းတို့မထိန်းချုပ်နိုင်တဲ့ ကချင်ကို ပထွေးတရုတ်ရဲ့ ဖိအားနဲ့ တည်ငြိမ်မှု ရစေနိုင်တယ်လို့ မျှော်လင့်ထားဟန်တူပါရဲ့။ 

 

အခု မြစ်ဆုံစီမံကိန်းတည်ရှိရာ ကချင်ပြည်နယ်က ကချင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းကို မင်းတို့ မယှဉ်နိုင်တော့ဘူးလေ…။ ရှမ်းမြောက်ဒေသလို လက်လွှတ် ဆုံးရှုံးရတော့မယ့် အနေအထား ရောက်နေပြီ။ ရှမ်းမြောက်ဒေသကို မင်းတို့ ပြန်လည် မထိန်းချုပ်နိုင်ပေမဲ့ ပထွေးတရုတ်ရဲ့ ပံ့ပိုးကူညီပေးမှုကြောင့် ယာယီအပစ်အခတ်ရပ်စဲရေး ရရှိနေတာ မဟုတ်လား…။ ခုလည်း ပထွေးတရုတ်ကို မြစ်ဆုံစီမံကိန်း လုပ်ပိုင်ခွင့်ပေးလိုက်ရင် မင်းတို့မထိန်းချုပ်နိုင်တဲ့ ကချင်ကို ပထွေးတရုတ်ရဲ့ ဖိအားနဲ့ တည်ငြိမ်မှု ရစေနိုင်တယ်လို့ မျှော်လင့်ထားဟန်တူပါရဲ့။ 

 

ပြောရရင်တော့..မင်းတို့ လုပ်ရပ်တွေဟာ ကလေးကွက်တွေ ပါကွာ…။ ဒီမှာ တခုပဲ ပြောလိုက်ချင်တယ်။ တရုတ်က မင်းတို့ပထွေးဆိုတာ သူကိုယ်တိုင် သိရှိနားလည်ပါလျက် မင်းတို့ကိုယ်တိုင်က အဖေလို့ခေါ်အောင် လုပ်ကိုင်နိုင်စွမ်း ရှိတာကိုက မင်းတို့ထက် ပါးနပ်လိမ္မာတယ်ဆိုတာ သိထားကြဖို့ပါပဲ။

 

လက်ရှိအနေအထားမှာ အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းဟာ ရခိုင်ပြည်နယ်ဘက်မှာ ရှိနေတယ်။ ယခု အာရက္ခတပ်မတော် AA က ကုလားတန်မြစ်ကို ထိန်းချုပ်လိုက်တော့ အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မသေချာမရေရာတဲ့ အနေအထား  ဖြစ်သွားတယ်။ ပြီးတော့ AA က သူတို့ကိုယ်သူတို့ ပြည်နယ်အစိုးရလို့ သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို  ဖိတ်ခေါ်နေတယ်မဟုတ်လား…။ ဒီတော့ အိန္ဒိယနိုင်ငံအနေနဲ့ သူတို့ရင်းနှီးမြှုပ်နှံမှုကို ရတက်မအေး ဖြစ်နေရှာပြီပေါ့။ အဲဒီအခြေအနေကို တရုတ်က မသိရှိဘဲ နေမယ်တဲ့လား…။

 

တရုတ်က စီးပွားရေးနဲ့ပတ်သက်လာရင် ‘ဘနဖူး သိုက်တူးကြတယ်’ ဆိုပေမဲ့ ဒီလောက်ထိတော့ အရဲကိုး စွန့်စားကြလိမ့်မယ် မထင်ဘူး။ တကယ်လို့ မြစ်ဆုံစီမံကိန်းကို ယူကြမယ်ဆိုရင်တော့ တရုတ်ဟာ ‘ ခွေးထက်သာတာ ဆိုလို့ ခွေးထက်မိုက်တာပဲကွာ ’ လို့ ဆိုရမယ့်ကိန်းပါပဲ။

 

အခုလည်း မင်းတို့က ပထွေးကို  အဖေလို့ခေါပြီး မြစ်ဆုံစီမံကိန်းကိုပေးလည်း  တရုတ်က ယူမှာတဲ့လား။ အခြေအနေက KIA က ပြည်နယ်မြို့တော် မြစ်ကြီးနားကို အချိန် မရွေး ထိန်းချုပ်သွားနိုင်တဲ့ အနေအထားလေ။ တရုတ်က စီးပွားရေးနဲ့ပတ်သက်လာရင် ‘ဘနဖူး သိုက်တူးကြတယ်’ ဆိုပေမဲ့ ဒီလောက်ထိတော့ အရဲကိုး စွန့်စားကြလိမ့်မယ် မထင်ဘူး။ တကယ်လို့ မြစ်ဆုံစီမံကိန်းကို ယူကြမယ်ဆိုရင်တော့ တရုတ်ဟာ ‘ ခွေးထက်သာတာ ဆိုလို့ ခွေးထက်မိုက်တာပဲကွာ ’ လို့ ဆိုရမယ့်ကိန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေ အနေနဲ့ အကြံပက်စက် ယုတ်မာလှတဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ခြေလှမ်းတိုင်းကို သတိထားကြဖို့တော့ လိုအပ်တယ်။

 

တကယ်တော့ စစ်တိုက်တယ်ဆိုတာ စီးပွားဓန တောင့်တင်းခိုင်မာဖို့ လိုအပ်တယ်။ ခုဆို အကြမ်းဖက် အဖွဲ့အစည်းအနေနဲ့ သူတို့အာဏာတည်တံ့ခိုင်မြဲရေးအတွက် မဆင်မခြင် ကြိုးစားနေကြလို့ အနှစ်နှစ်အလလက စုဆောင်းထားတဲ့ လက်နက်ခဲယမ်းတွေလည်း ကုန်လုခမန်း ဖြစ်နေပြီ…။ အိန္ဒိယက အကြွေးနဲ့ လက်နက်တွေ ရောင်းချပေးနေတယ် ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ်နေတယ်။ ‘ဖွတ်မရ ဓားမဆုံး’ ဆိုတဲ့ အဖြစ်မျိုး ရောက်တော့မယ်။

 

စီးပွားရေး ဒလဟော ထိုးစိုက်ကျဆင်းနေတာ၊ စ.ခတွေ တိုက်တိုင်းရှုံး နေ့စဉ် သေဆုံးနေကြတာဟာ ဒင်းတို့အသက်ထွက်တော့မယ့် လက္ခဏာရပ်တွေ မဟုတ်ပါလား။

 

ဒီမှာ စ.ခအင်အား လျော့နည်း ဆုံးရှုံးတာလည်း မကြုံဖူးတဲ့ အခြေအနေတရပ်ပါပဲ။ ကာကွယ်ရေးဝန်ကြီး ဆိုတဲ့အကောင်ရဲ့ တရားလက်လွှတ် မိုက်မိုက်ရိုင်းရိုင်း စကားတွေက သက်သေပဲလေ…။ ဒါပေမဲ့ ဘယ်လိုပင် ဆေးဝါးကုသကုသ လက်လွှတ်ရမယ့် လူနာ အခြေအနေလို ဒင်းတို့ရဲ့ အနေအထားကလည်း ဆေးကု၍မရတော့…။ ဟုတ်တယ်လေ..။ စီးပွားရေး ဒလဟော ထိုးစိုက်ကျဆင်းနေတာ၊ စ.ခတွေ တိုက်တိုင်းရှုံး နေ့စဉ် သေဆုံးနေကြတာဟာ ဒင်းတို့အသက်ထွက်တော့မယ့် လက္ခဏာရပ်တွေ မဟုတ်ပါလား။ ခေါခေါတို့ရဲ့ ငိုသံ ကိုသာ နားစွင့်ထားလိုက်ကြတော့…။

 

ဒီမယ်…၊ အသိဉာဏ်ပညာနဲ့ အမြော်အမြင် ရှိကြတဲ့သူတွေဟာ မဖြစ်နိုင်တဲ့ လုပ်ငန်းတခုကို (၁)နှစ်ထက် ပိုမိုမလုပ်ကိုင်ကြဘူး ဆိုတဲ့စကား ရှိတယ်ကွ။ ခုတော့  မင်းတို့ အာဏာသိမ်းခဲ့တာ (၃)နှစ်ကျော်လာပြီ…။ ကချင်၊ ရှမ်းမြောက်၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ ကရင်…တို့မှာ အခြေစိုက်ထားတဲ့ စခန်းတွေလည်း အားလုံးနီးပါး လက်လွှတ်ဆုံးရှုံးလိုက်ရပြီ..။ စစ်ကိုင်း၊  မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသတွေမှာလည်း မတည်မငြိမ်၊ အုပ်ချုပ်နိုင်စွမ်း မရှိ။ ဒါကို မင်းတို့က ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွား မယ်လို့ ပြောနေတုန်း…။ သန်းခေါင်စာရင်း ကောက်သွားမယ်၊ အကြားအလပ်မရှိ ရွေးကောက်ပွဲတွေ ပြုလုပ်သွားမယ်လို့ ပြောနေတုန်း…။ တကယ်ကို အသိဉာဏ်ပညာ မရှိ၊ အမြော်အမြင် မရှိကြတဲ့ သူတွေပါကွာ…။

 

စစ်အာဏာရှင်တွေလက်ထဲ ဆုပ်ကိုင်ထားတဲ့ အာဏာကို ဒီအတိုင်းတောင်းယူလို့ မရ၊ အာဏာဆုပ်ကိုင်ထားတဲ့လက်ကို ဖြတ်ယူမှ ရမယ်..တဲ့။

 

ဒါကြောင့်လည်း အသိဉာဏ်ပညာ အမြော်အမြင် ရှိကြတဲ့သူတွေက ပြောခဲ့ကြတာပေါ့…။ စစ်အာဏာရှင်တွေလက်ထဲ ဆုပ်ကိုင်ထားတဲ့ အာဏာကို ဒီအတိုင်းတောင်းယူလို့ မရ၊ အာဏာဆုပ်ကိုင်ထားတဲ့လက်ကို ဖြတ်ယူမှ ရမယ်..တဲ့။ ခုတော့..အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ…၊ မင်းရဲ့ (၃)ကြိမ်မြောက် အာဏာသိမ်းမှုမှာတော့…အစပထမ. ပြည်သူတွေက ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါသေးရဲ့…။ အဲဒီမှာမင်းတို့က လက်နက်အားကိုးနဲ့ သတ်ဖြတ် နှိမ်နင်းလာတော့ တို့ပြည်သူတွေအနေနဲ့ မင်းတို့လက်ကို ဖြတ်ကြဖို့ကလွဲပြီး တခြား မရှိတော့…။ ဒါကို ခြင်္သေ့မြက်စားအောင် လေ့ကျင့်မပေးနိုင်ကောင်းလား ဆိုပြီး အပြစ်တင်ကြ သူတွေလည်း ရှိရဲ့။ အံ့ပါ့…။

 

ခုတော့ တို့ပြည်သူတွေအနေနဲ့ ဘ၀တွေ၊ စည်းစိမ်တွေ၊  အသက်တွေ ပေးအပ်ပြီး ခက်ခဲကြမ်းတမ်းလှတဲ့ ခရီးလမ်းကို ဖြတ်သန်းလာကြတာ ပန်းတိုင်ကို မြင်ရတဲ့အနေအထား ထိ ရောက်ခဲ့ကြပြီ။ ဒီအချိန်ရောက်မှ မင်းတို့အနေနဲ့ ဝန်ချတောင်းပန်နေလည်း ရနိုင်တော့မယ် မဟုတ်ပေဘူး။ မင်းတို့အနေနဲ့လည်း ဝန်ချတောင်းပန်ဖို့ စိတ်ကူးရှိဟန် မတူဘူး။ တကယ်တော့…မင်းတို့က မင်းတို့ကိုယ်မင်းတို့ အထင်ကြီးလွန်းပြီး တလွဲ ခေါင်းမာကြတဲ့ သူတွေ မဟုတ်ပါလား…။

 

အေးလေ…မင်းတို့အနေနဲ ခိုင်းတာလုပ်၊ စေရာသွားနေကြတဲ့ စ.ခတွေ ရှိနေတော့လည်း ခေါင်းမာနိုင်ကြမယ်ပေါ့။ နောက်ဆုံး မင်းတို့ရဲ့ အသက်နဲ့ရင်းပြီး ခေါင်းမာနိုင်ကြမလား ဆိုတာတော့ စောင့်ကြည့်ကြသေးတာပေါ့ကွာ…။ တို့များပြည်သူတွေ အနေနဲ့တော့ ဘ၀၊ အသက်တွေရင်းပြီး စစ်အာဏာရှင်တွေ နိုင်ငံရေးစင်မြင့်ကနေ အပြီးတိုင် မောင်းချနိုင်ရေး ဆုံးဖြတ်ရည်ရွယ် ထားကြလေတော့ မရောက်မချင်း မဆုတ်မနစ် တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါကြောင်း…။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။