မနက်ဖြန်အကြောင်းကို မစဉ်းစားမိအောင် ဘီယာတစ်ခွက်ကိုမြန်မြန်ဆန်ဆန်ပဲ သူတို့ မော့ချလိုက် တယ်။သူတို့ သူငယ်ချင်း ၅ ယောက်။ ၃ ယောက်က ပဲခူးတိုင်းကနေ ရန်ကုန်ရောက်လာကြတဲ့ ငယ်သူငယ်ချင်းတွေ။ သူတို့ ၃ ယောက်ထဲမှာ ၁ ယောက်က ရန်ကုန်မှာ တိုက်ခန်းအပိုင်ရှိတာမို့ အဲဒီတိုက်ခန်းမှာနေပြီး ပြည်ပထွက် အလုပ်လုပ်ဖို့ အိပ်မက်မက်နေကြသူတွေ။ နောက်ထပ် ၂ ဦးကျတော့ ရန်ကုန်တိုင်း မြို့ငယ်တစ်မြို့ကနေ ထိုင်းသို့ထွက်ခွာ အလုပ်လုပ်ဖို့ ရုန်းကန်နေရင်း တွေ့ဆုံပေါင်းဖက် စိတ်ဓာတ်ကျဖော်တွေအဖြစ် အခု ဘီယာဆိုင်ထဲ အငုပ်လာတည်နေကြတာပေါ့။ သူတို့ ၅ ဦးစလုံးရဲ့ အသက်အရွယ်က ၂၃၊ ၂၄ နှစ် ပတ်လည် စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်တွေ။ ပြီးတော့ မိဘတွေက ငွေကြေး သိပ်မပူပန်ရတဲ့ လူလတ်တန်းစားအဆင့်တွေမို့ မဖြုန်းနိုင်ပေမဲ့ သုံးနိုင်စွဲနိုင်နဲ့ ပြည်ပအလုပ်ထွက်လုပ်ဖို့ ဝန်ဆောင်ခငွေ မပူရသူတွေချည်း။
ပဲခူးတိုင်းနေ လူငယ် ၃ ဦးက ပထမ၊ ကိုရီးယားအလုပ်ရရှိရေးအတွက် ကိုရီးယားဘာသာစကားတက် မယ်၊ စာမေးပွဲဖြေမယ်ပေါ့။ ရန်ကုန်မှာ တစ်နှစ်လောက်နေကာ ကြိုးစားကြမယ်ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီက တည်းက ရောက်ရှိလာကြ။
ဖေဖေါ်ဝါရီ ၁၀ ရက်နေ့၊ စစ်မှုထမ်းဥပဒေထွက်လာတော့ သူတို့အိပ်မက်တွေ ဆတ်ခနဲမကျိုးသွားရအောင် အလန့်တကြားနဲ့ ကျစ်ကျစ်ပါ ဆုပ်ကိုင်ခဲ့ရတယ်။ ဥပဒေထွက်လာပေမဲ့ တကယ်လက်တွေ့ရော အသက်ဝင်နိုင်ပါ့မလား။ သူတို့ရဲ့မိဘတွေကလည်း အခြေအနေကို စောင့်ကြည့်ရင်း ကိုယ့်ကိစ္စကိုယ်ဆက်လုပ်ဖို့ တိုက်တွန်းခဲ့တယ်။
“ကိုရီးယားအလုပ်ဆိုတာလည်း မရေရာဘူး။ ရေရာတယ်ဆိုရင်တောင် အချိန်ကြာဦးမှာဆိုတော့ မြန်မြန်အလုပ်ရမယ့် ထိုင်းအလုပ်ရှာဖို့ ကျနော်တို့ ဆုံးဖြတ်ချက် ပြန်ပြင်ခဲ့တယ်”
ဒါပေမဲ့၊ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး သိပ်မကြာခင်မှာပဲ စစ်အုပ်စုဩဇာသက်ရောက်တဲ့ဒေသတွေမှာ ဝရုန်းသုန်းကား စစ်မှုထမ်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့တာတွေ။ ဧပြီလအတွင်းမှာ စစ်သင်တန်းအပတ်စဉ်(၁) ဖွင့်လှစ်ခဲ့တာတွေကြောင့် ပြည်ပကို မြန်မြန်ထွက်နိုင်ဖို့လိုပြီဆိုတာ သူတို့ကောင်းကောင်းသိသွား ကြတယ်။
“ကိုရီးယားအလုပ်ဆိုတာလည်း မရေရာဘူး။ ရေရာတယ်ဆိုရင်တောင် အချိန်ကြာဦးမှာဆိုတော့ မြန် မြန်အလုပ်ရမယ့် ထိုင်းအလုပ်ရှာဖို့ ကျနော်တို့ ဆုံးဖြတ်ချက် ပြန်ပြင်ခဲ့တယ်”လို့ ပဲခူးသားတစ်ဦးက ဆိုတယ်။
စစ်မှုထမ်းရမည့် အမည်စာရင်းမှာ သူတို့ နာမည်တွေ ပါနေတယ်။ ဒါပေမဲ့၊ စစ်မှုထမ်းဥပဒေမထွက်ခင်ကတည်းက ဇာတိမြို့မှာ သူတို့ မရှိတော့တာကြောင့် သူတို့ရဲ့မိဘတွေက ရပ်ကွက်လူကြီးဆီ လက်ဆောင်ပစ္စည်းလေးဘာလေးဝယ်သွားကာ ခခယယ။ ကျနော်၊ကျမတို့သားတွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြပြီလို့ လိမ်လည်ပြောပြ၊ စစ်မှုထမ်းဖို့ လူဌားခေါ်မယ်ဆိုရင် ငွေထည့်ဝင်ပါ့မယ်လို့ ကတိပြုကာ ကိစ္စဖြတ်ခဲ့ရတယ်။ ဆိုတော့ လောလောဆယ်မှာ သူတို့ ၃ ဦးစလုံး စစ်မှုထမ်းရမယ့် အခြေအနေကနေ ကင်းလွတ်နေသေးပေမဲ့ ဇာတိမြို့ကိုတော့ ပေါ်ပေါ်ထင်ထင် ပြန်ဝင်လို့မရတော့တဲ့ဘဝ။ တရားခံပြေးနဲ့ မခြား။
“ဘယ်လောက်ရင်နာစရာကောင်းသလဲဗျာ။ ကိုယ့်အိမ်ကိုယ် ပြန်ချင်တာတောင် ပေါ်တင်ပြန်လို့မရ တာ။ ကျနော်တို့ PDF မလုပ်နိုင်လို့သာ မလုပ်တာ။ မင်းအောင်လှိုင်ရဲ့ ယုတ်မာချက်က အင်မတန်ရင်နာဖို့ ကောင်းတယ်”
“ဘယ်လောက်ရင်နာစရာကောင်းသလဲဗျာ။ ကိုယ့်အိမ်ကိုယ် ပြန်ချင်တာတောင် ပေါ်တင်ပြန်လို့မရ တာ။ ကျနော်တို့ PDF မလုပ်နိုင်လို့သာ မလုပ်တာ။ မင်းအောင်လှိုင်ရဲ့ ယုတ်မာချက်က အင်မတန်ရင်နာဖို့ ကောင်းတယ်”လို့ ပဲခူးသားတစ်ဦးက ဆိုတယ်။
ပြီးတော့ သူတို့ ၃ ဦးစလုံးမှာ အရင်လို ရန်ကုန်မှာ စိတ်လွတ်ကိုယ်လွတ်နေလို့မရတော့။ ဘယ်အချိန် အဖမ်းခံရပြီး စစ်တပ်ထဲ အော်တိုရောက်သွားမလဲလို့ တထိတ်ထိတ်။ ဒါတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူက ရပ်ဆွေရပ်မျိုး သူတို့မိဘတွေနဲ့က သူငယ်ချင်းတွေမို့ ဧည့်စာရင်းတိုင်စရာမလို။ ဧည့်စာရင်းစစ်မယ်ဆိုရင်လည်း အုပ်ကြီးက ကြိုတင်သိရှိတာကြောင့် မဆိုးလှ။
“အုပ်ကြီးနဲ့ ကျနော်တို့နဲ့က တစ်တိုက်တည်းဆိုတော့ အုပ်ကြီးနေတဲ့တိုက် ဧည့်စာရင်းတစ်ခါမှ ဝင်မ စစ်သေးဘူး။ အခြေအနေမဟန်ရင် အုပ်ကြီးအခန်းထဲ ဝင်နေလို့လည်း ရတော့ သိပ်ပူစရာမလိုပေမဲ့ တွေးပူနေရတာတွေ ရှိတယ်။ ဥပမာ-အုပ်ကြီးကို အကြောင်းမကြားဘဲ စစ်တပ်က ရှောင်တခင် ဧည့်စာရင်းဝင်စစ်ရင် ဘယ်နှယ့်လုပ်မလဲဆိုတာမျိုးပေါ့။ ပြီးတော့ ကိုယ်တို့နားဝန်းကျင် ဗုံးမကွဲပါစေနဲ့လို့လည်း ကြိတ်ဆုတောင်းနေရတယ်”လို့ ပဲခူးသားက ပြောပြတယ်။
မီးမလာတဲ့ညတွေမှာ ခွေးဟောင်သံတွေကြားရင် စစ်သားတွေ ရောက်လာတာလားလို့ ဝရန်တာထွက်ကြည့်ကာ ပူရတာတစ်မျိုး။ ပူတကာ့အပူကို မခံနိုင်တော့လို့ အင်္ကျီရော လုံချည်ပါ ချွတ်ချ၊ အတွင်းခံလေးတစ်ထည်နဲ့ ချွေးပြိုက်ပြိုက်ကျရတာလည်း ဖြူကာပြာကာကျလို့။
ရန်ကုန်မှာ နေရတဲ့ဒုက္ခက ရာသီဥတုနဲ့ လျှပ်စစ်မီး အနည်းငယ်သာရတာကြောင့်လည်း တယ်မလွယ်။ မီးမလာတဲ့ညတွေမှာ ခွေးဟောင်သံတွေကြားရင် စစ်သားတွေ ရောက်လာတာလားလို့ ဝရန်တာထွက်ကြည့် ကာ ပူရတာတစ်မျိုး။ ပူတကာ့အပူကို မခံနိုင်တော့လို့ အင်္ကျီရော လုံချည်ပါ ချွတ်ချ၊ အတွင်းခံလေးတစ်ထည်နဲ့ ချွေးပြိုက်ပြိုက်ကျရတာလည်း ဖြူကာပြာကာကျလို့။ “ရန်ကုန်မှာ ငရဲလာခံနေတာလားလို့ တစ်ခါတလေ တွေးမိတယ်”လို့ သူက ဆိုတယ်။
တကယ့်ကို စိတ်မလုံခြုံမှုတွေနဲ့ တရိပ်ရိပ်တက်နေတဲ့ အပူကြား တထိတ်ထိတ်ငရဲသားများ။ နေ့ခင်း နေ့လယ် အပြင်ထွက်ရင်တောင် ၃ယောက်တွဲ မထွက်ရဲကြ။ ရပ်ကွက်တွင်း ဒလန်တွေက မျက်နှာစိမ်းလူငယ် ၃ယောက် လာနေနေပါတယ်လို့ စစ်တပ်ကို အကြောင်းကြားလိုက်ရင် PDF ဆိုပြီး ဖမ်းဆီးရိုက်သတ်ခံရမှာ အသေအချာမို့ နေ့ခင်းကြောင်တောင်လည်း ရပ်ကွက်တွင်း မျက်စိမနောက်အောင် မလိုအပ်ဘဲ အပြင်မထွက်၊ အပြင်ထွက်ရင်လည်း လူခွဲထွက်။ တိုက်ခန်းထဲနေရင်လည်း သီချင်းကျယ်ကျယ်မဖွင့်နဲ့၊ဆူတာ ညံတာတွေ မလုပ်နဲ့။ကိုယ့်ဘဝပေးအသိနဲ့ကိုယ် အဲဒီလို။ “ရန်ကုန်မှာ ကျနော်တို့ သတိဆွဲပြီး နေနေရတယ်”လို့ အမောဖောက်နေတဲ့ရယ်သံနဲ့ သူက ဆိုတယ်။
စစ်တပ်ကိုဆန့်ကျင်နေခြင်းလည်း မရှိ၊ ဥပဒေနဲ့မညီတဲ့ ခိုးဆိုးလုယက်နေခြင်းလည်း မရှိ၊ ကိုယ့်မိဘ ပိုက်ဆံနဲ့ကိုယ် ဘယ်သူ့ကိုမှ အနှောက်မယှက်မပေးဘဲ နေတာတောင် မှောင်ရိပ်ခိုနေရတဲ့ဘဝ။
စစ်တပ်ကိုဆန့်ကျင်နေခြင်းလည်း မရှိ၊ ဥပဒေနဲ့မညီတဲ့ ခိုးဆိုးလုယက်နေခြင်းလည်း မရှိ၊ ကိုယ့်မိဘ ပိုက်ဆံနဲ့ကိုယ် ဘယ်သူ့ကိုမှ အနှောက်မယှက်မပေးဘဲ နေတာတောင် မှောင်ရိပ်ခိုနေရတဲ့ဘဝ။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက စစ်မှုမထမ်းလိုတဲ့ လူငယ်အများအပြားကို တရားမဝင်ဖြစ်သွားစေတယ်လို့ သူက ပြောတယ်။
အဲဒီလို မသေချာ မရေရာ တထိတ်ထိတ်တွေကြား မေ ၁ ရက်နေ့ စစ်အုပ်စုကြေညာချက် ပြည်ပအလုပ် လုပ်ခွင့် ပိတ်လိုက်ပြီဆိုတော့ ချက်ချင်းအားကုန်ခမ်းသွားသလို ပုံလဲကျသွားကြတယ်။ အဲဒီနောက် ပြန်လည် ဖြေလျော့ပေးမှာလိုလို ကြားရပြန်တော့ ဘုရားတ မျှော်လင့်ရ။ဖြေလျော့ပေးတယ်ဆိုတာက အသက် ၂၃ ကနေ ၃၁ နှစ်ကြား အမျိုးသားတွေကိုသာ ပြည်ပအလုပ်လုပ်ခွင့်ပိတ်တယ်ဆိုတာကြောင့် ဘာမှမထူးခြား။ အရွယ်ကောင်း လူငယ်အကုန် ကျွမ်းထိုးမှောက်ခုံ ဖြစ်ကြရတယ်။
“ရူးမသွားအောင် ကိုယ့်အချင်းချင်း ပြန်အားပေးနေရတယ်။ မနက်ဖြန်အကြောင်း စဉ်းစားမိတိုင်း ရူးချင်ချင် ဖြစ်လာတယ်”
“ရူးမသွားအောင် ကိုယ့်အချင်းချင်း ပြန်အားပေးနေရတယ်။ မနက်ဖြန်အကြောင်း စဉ်းစားမိတိုင်း ရူးချင်ချင် ဖြစ်လာတယ်”လို့ သူက ဆက်ပြောရှာတယ်။
စစ်အုပ်စုက သူတို့လူငယ်တွေအားလုံးကို အုတ်တံတိုင်းခတ်ကာ စစ်တပ်ထဲ မောင်းသွင်းမယ်ဆိုတာ သိပ်သေချာသွားတယ်။ ကိုယ့်နိုင်ငံတွင်းလည်း လွတ်လပ်စွာ သွားလာခွင့်မရှိ၊ ကိုယ့်နိုင်ငံပြင်ပသို့လည်း လွတ် လပ်စွာ ထွက်ခွာခွင့်မရှိ။ အခုလို ကိုယ့်ထမင်းကိုယ်စားပြီး ခိုးကြောင်ခိုးဝှက်နေရတဲ့ဘဝက တစ်ချိန်မဟုတ် တစ်ချိန် စစ်တပ် ဖမ်းဆီးခြင်းခံရနိုင်တာမို့ နောက်ထပ် တရားမဝင်ဘဝတစ်ခုကို ရွေးချယ်ဖို့သာ ပိုင်းဖြတ် လိုက်ရတယ်လို့ ဆိုရဲ့။ အခုသူတို့ ၅ ဦးစလုံးရဲ့ အရွေ့က ထိုင်းနိုင်ငံထဲ အောက်လမ်းကနေ ခိုးဝင်ကာ ထိုင်းမှာ အလုပ်အကိုင် တစ်နေရာရရှိရေး။
ပြန်စရာအိမ်ရှိပေမဲ့ အိမ်ပြန်လို့မရတော့တဲ့ သူတို့လူငယ်တွေရဲ့ဘဝ။ စစ်ကောင်စီရှေ့မှောက် ဒူးထောက် စစ်တပ်ထဲဝင်တဲ့လမ်းကို ရွေးမလား၊ PDF ထဲဝင်မလား၊ ဖြစ်ချင်ရာဖြစ် တရားမဝင် ပြည်ပထွက်ခွာ အလုပ်အကိုင်ရှာကြမလား။
“အခု တရားဝင်အေဂျင်စီတွေ ကိုယ်တိုင်ကိုက တရားဝင်အလုပ်သမားလွှတ်ဖို့ မလွယ်တော့ဘူးဆို တော့ တရားမဝင်အောက်လမ်းကနေ လွှတ်ဖို့ လုပ်လာတယ်။ ကုန်ကျစရိတ်ပိုများမယ်။ ထိုင်းရောက်မယ်၊ အလုပ်ရမယ်ဆိုတာအထိ သူတို့တာဝန်ယူမယ်။ နောက်ပိုင်း ထိုင်းမှာ တရားဝင်ကတ်တစ်ခုခုလုပ်ဖို့က ကိုယ့် ဘာသာ ဆက်လုပ်ရမယ့်အပိုင်း”လို့ မရေရာတဲ့ သူတို့ရဲ့အနာဂတ်ကို ရေရွတ်ပြတယ်။
ပြန်စရာအိမ်ရှိပေမဲ့ အိမ်ပြန်လို့မရတော့တဲ့ သူတို့လူငယ်တွေရဲ့ဘဝ။ စစ်ကောင်စီရှေ့မှောက် ဒူးထောက် စစ်တပ်ထဲဝင်တဲ့လမ်းကို ရွေးမလား၊ PDF ထဲဝင်မလား၊ ဖြစ်ချင်ရာဖြစ် တရားမဝင် ပြည်ပထွက်ခွာ အလုပ်အကိုင်ရှာကြမလား။ ရွေးချယ်စရာတွေက သိပ်ပါးရှား။
ဘဝတွေ သိပ်ခါးလွန်းလှတယ်လို့ ဆိုကာ ခါးသက်သက်ဘီယာ နောက်တစ်ခွက်ကို ခပ်မြန်မြန်ပဲ သူတို့ ဆက် မော့ချလိုက်ကြတယ်။
သူတို့ ဘီယာဆိုင်ကနေ ထလာတော့ ရန်ကုန်မီးက ပျက်နေတုန်းပဲ။ သူတို့ဘဝတွေ အမှောင်ထဲ တရွေ့ရွေ့၊ ရှေ့မှာ ကြုံရမယ့်နေ့တွေက နည်းနည်းဖြစ် လင်းလာမှာလား မရေရာပေမဲ့ ခေါင်းမီးတောက်နေတဲ့ ဘဝတွေ တရွေ့ရွေ့။အမှောင်ထဲ အရိပ်တွေ ယိမ်းထိုးလို့။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။