Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လူမှန်ရင် သိကြလိမ့်မယ် (Opinion)

ဟေ့ကောင်.. အကြမ်းဖက်ခေါင်းဆောင် မ.အ.လ…

 

မင်းက ‘ခြင်္သေ့ယောင်ဆောင်ထားတဲ့ ခွေး’ ပုံပြင်ထဲက ခွေးလိုပါပဲကွာ…။ တခါတုန်းက တောမှီရသေ့တပါးဆီမှာ ခွေးလေးတကောင် ရှိသတဲ့။ ညအချိန်ခွေးအ အူသံ၊ ကျားဟောက်သံ၊ ခြင်္သေ့ဟိန်းသံတွေ ကြားရင် ခွေးလေးခမျာ ကြောက်ရှာလွန်းလို့ အိပ်မပျော်နိုင်အောင် ဖြစ်နေရှာသတဲ့။ ဒါနဲ့ တောမှီရသေ့က သနားပြီး ခွေးလေးကို  ခြင်္သေ့အဖြစ် ဖန်တီးပေးလိုက်သတဲ့။

 

ခြင်္သေ့အသွင် ဖြစ်သွားတဲ့ခွေးဟာ မာန်မာနတွေတက်ပြီး ကျောင်းသင်္ကန်းကို စွန့်ခွာပြီး တောထဲမှာ ရှင်ဘုရင်သဖွယ် မင်းမူနေတော့သတဲ့။ 

 

ခြင်္သေ့အသွင် ဖြစ်သွားတဲ့ခွေးဟာ မာန်မာနတွေတက်ပြီး ကျောင်းသင်္ကန်းကို စွန့်ခွာပြီး တောထဲမှာ ရှင်ဘုရင်သဖွယ် မင်းမူနေတော့သတဲ့။ အားငယ်တဲ့ သမင်၊ ယုန်တွေကိုလည်း လောဘတကြီး သတ်ဖြတ်စားသောက်နေတာပေါ့လေ။ ခြင်္သေ့မတကောင်နဲ့လည်း ပေါင်းဖက်နေသတဲ့။ အဲဒီမှာ အနီးကပ်ပေါင်းသင်းနေတဲ့ ခြင်္သေ့မက သူ့လင် ခြင်္သေ့ရဲ့ အနေအထိုင် အပြုအမူတွေကို သတိထားမိသတဲ့လေ။

 

သူ့လင် ခြင်္သေ့က ခြင်္သေ့တော့ခြင်္သေ့ပါပဲ။ ဒါပေမဲ့ အနေအထိုင်၊ အပြုအမူတွေ ဟာ ခြင်္သေ့နဲ့မတူဘဲ ခွေးရဲ့ အနေအထိုင် အပြုအမူတွေနဲ့ တူညီနေလို့ သံသယ ဖြစ်နေရှာသတဲ့။ ဒါနဲ့…သူ့ဆရာ ရသေ့ကြီးဆီ  သွားရောက်မေးကြည့်ဖို့ စိတ်ကူးမိတာ ပေါ့လေ…။ ဒီတော့ ခြင်္သေ့ယောင်ဆောင်ထားတဲ့ ခွေးက သူအရင်သွားနှင့်မယ်..့ရှင်မ နောက်က လိုက်ခဲ့လို့ ..ပြောသတဲ့။

 

သူ့အကြံက သူ့အဖြစ်မှန်ကို တောမှီရသေ့တာ သိရှိတာလေ။ တောမှီရသေ့ကိုသာ  ကိုက်ဖြတ်သတ်လိုက်ရင် သူ့ရဲ့အဖြစ်မှန်ကို ဘယ်သူမှ မသိနိုင်ကြတော့ဘူးပေါ့။ အကြံပိုင်တဲ့ ခွေးပေါ့လေ…။ ဒါပေမဲ့ တောမှီရသေ့က သူ့ရဲ့အကြံကို သိလေတော့ မူလခွေးအသွင်ကို ပြန်ပြောင်းလိုက်တာပေါ့ကွယ်…။

 

ငါတို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အစပြုချိန်မှာ မင်းက ကိုယ်နဲ့ မတန်မရာ သမ္မတရာထူးကို မျှော်မှန်းပြီး အာဏာသိမ်းလိုက်တော့ အားလုံး ဖရိုဖရဲတွေ ဖြစ်ကုန်တော့တာပေါ့။ ဒီတော့..ဒို့ပြည်သူ တရပ်လုံးကလည်း ခြင်္သေ့ယောင်ဆောင်နေတဲ့ မင်းကို မူလခွေးအသွင် ဖြစ်အောင် ကြိုးစားနေကြလေရဲ့…။

 

ဆိုလိုချင်တာက လောကကြီးမှာ ခြင်္သေ့နေရာ ခြင်္သေ့၊ ခွေးနေရာခွေး နေထိုင်ကြရင်တော့ ပုံမှန်အတိုင်း လည်ပတ်တည်ရှိနေမှာပါပဲ…။ ဒါပေမဲ့ ခြင်္သေ့နေရာ ခွေးရောက်နေရင်တော့ လောကကြီးဟာ ပုံမှန်အတိုင်း မဟုတ်တော့ဘဲ  ကပြောင်းကပြန်နဲ့ ဖရိုဖရဲတွေ ဖြစ်ကုန်တော့တာပါပဲ။ အခုလည်း ငါတို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အစပြုချိန်မှာ မင်းက ကိုယ်နဲ့ မတန်မရာ သမ္မတရာထူးကို မျှော်မှန်းပြီး အာဏာသိမ်းလိုက်တော့ အားလုံး ဖရိုဖရဲတွေ ဖြစ်ကုန်တော့တာပေါ့။ ဒီတော့..ဒို့ပြည်သူ တရပ်လုံးကလည်း ခြင်္သေ့ယောင်ဆောင်နေတဲ့ မင်းကို မူလခွေးအသွင် ဖြစ်အောင် ကြိုးစားနေကြလေရဲ့…။

 

ကြည့်လေ.. မင်းက အကြမ်းဖက်အဖွဲ့အစည်းဝင် အဖွဲ့အားလုံးကို  ဆယ်တော်မူဘုရား ဂါထာပရိတ်ကို နေ့စဉ် မနက်(၉)ခေါက်၊ ည(၉)ခေါက် ရွတ်ဆို ကြဖို့ အမိန့်ထုတ် ညွှန်ကြားသတဲ့…။ ဒါမှ.. ဆောင်ရွက်နေတဲ့ တာဝန်၀တ္တရားတွေ အောင်မြင် ချောမောမယ်ပေါ့လေ…။ ပြောရရင်တော့ ဘုရားကုကုတဲ့ ယတြာပေါ့လေ..။ ဒါဟာလည်း စိတ်ဓာတ်တွေ ပျက်ပြားပြီး ကျရှုံးနေတဲ့သူတွေရဲ့ တွေ့ကရာ ကောက်ရိုးတမျှင်ကို ဖမ်းဆုပ်ကိုင်တွယ်ကြတဲ့ သဘောပါပဲ..။

 

မြင်းမူမြို့နယ်ထဲက လက်ထုတ္တောရွာက အပြစ်မဲ့ပြည်သူ (၃၂)ယောက်ကို မင်းတို့ အကြမ်းဖက်အဖွဲ့အစည်းက ရက်စက်ကြမ်းကြုတ်စွာ အစုလိုက် အပြုံလိုက် ပစ်သတ်လိုက်ကြတယ်..။ 

 

တပြိုင်နက် မြင်းမူမြို့နယ်ထဲက လက်ထုတ္တောရွာက အပြစ်မဲ့ပြည်သူ (၃၂)ယောက်ကို မင်းတို့ အကြမ်းဖက်အဖွဲ့အစည်းက ရက်စက်ကြမ်းကြုတ်စွာ အစုလိုက် အပြုံလိုက် ပစ်သတ်လိုက်ကြတယ်..။ မင်းတို့ရဲ့ နေ့စဉ်သတင်းတွေမှာ သတင်းတု၊ သတင်းမှား၊ မဟုတ်မမှန် ထုတ်လွှင့်နေကြခြင်းဆိုတာ ဖော်ပြနေတယ် မဟုတ်လား..။ အဲဒီမှာ လက်ထု​​တ္တောရွာ ဖြစ်ရပ်ကိုတော့ သတင်းတု၊ သတင်းမှား၊ မဟုတ်မမှန် ထုတ်လွှင့်ခြင်း ကဏ္ဍမှာ မတွေ့ရဘူး။ ဒီတော့ ဖြစ်ရပ်မှန်သတင်းလို့ပဲ ကောက်ချက်ချရတော့မှာပေါ့..။ အဲဒီဖြစ်ရပ်ကတော့ မင်းတို့ Standard Army ရဲ့ ခွေးကျင့်ခွေးကြံ လုပ်ရပ်တွေထဲက လုပ်ရပ်တခုပေါ့ကွာ…။ ခြင်္သေ့ယောင်ဆောင်ထားတဲ့ ခွေးရဲ့အပြုအမူ၊ စရိုက်လက္ခဏာ တရပ်ပါပဲ…။ 

 

ခုတော့ မင်းတို့ကလည်း မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့နဲ့ တရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးလို့..၊ အာဆီယံ  အသိုင်းအဝိုင်းကလည်း လာရောက် တွေ့ဆုံနေကြတယ်ပေါ့လေ…။ ဒါပေမဲ့ မင်းတို့က မင်းတို့ကိုယ်မင်းတို့ ခြင်္သေ့အစစ်လို့ မှတ်ထင်ပြီး တကြောင်းသွား ခေါင်းမာလွန်းသူတွေဆိုတော့ ‘ ပိုးသာကုန် မောင်ပုံ စောင်းမတတ်’ ဖြစ်ကြမှာပါပဲ။ မင်းတို့က စိတ်ကူးယဉ် အင်မတန်ဆန်လွန်းစွာ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတိုင်း ဆက်လက်သွားမယ်..တဲ့လား…။

 

လက်တွေ့ မှာတော့ အရှေ့တောင်အာရှ (၁၁)နိုင်ငံ ရှိရာမှာ နိုင်ငံရဲ့ GDP  ဝင်ငွေဟာ နံပါတ် (၁၁) ချိတ်လို့ပါလား…။ အမွဲဆုံးနိုင်ငံပေါ့ကွာ…။

 

ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှာ နံပါတ်(၂) အချက်က..ဘာတဲ့…‘ တိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့ အကြုံးဝင်တဲ့ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင့်ပြီး နိုင်ငံစီးပွား မြင့်မားရေးနဲ့ ပြည်သူတရပ်လုံးရဲ့ လူမှုစီးပွားဘ၀ မြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ် ’ တဲ့လား…။  လက်တွေ့ မှာတော့ အရှေ့တောင်အာရှ (၁၁)နိုင်ငံ ရှိရာမှာ နိုင်ငံရဲ့ GDP  ဝင်ငွေဟာ နံပါတ် (၁၁) ချိတ်လို့ပါလား…။ အမွဲဆုံးနိုင်ငံပေါ့ကွာ…။ ဒါတောင်(၁၂)နိုင်ငံ မရှိလို့ဗျ…။ (၁၂) နိုင်ငံ ရှိရင် နံပါတ်(၁၂) ချိတ်မှာဗျ…လို့ ပြောရမယ့်ကိန်း…။

 

၂၀၁၆ ခုနှစ်တုန်းက ဒေါ်လာတွေ (၁၃၀၀) ကျပ်ထိ မြင့်တက်လာတော့ အခု မင်းတို့ အကြမ်းဖက်အစိုးရအဖွဲ့ထဲမှာ ဟိုတယ်ဝန်ကြီးဖြစ်နေတဲ့ ပြားပြားပွတ် (PPP) ပါတီဥက္ကဋ္ဌ ပြောခဲ့တဲ့စကားကို အမှတ်ရမိပါရဲ့…။ သူက ‘ (၁) ဒေါ်လာ (၁၅၀၀)ကျပ် ဖြစ်ရင် နိုင်ငံပျက်ပြီ…’ တဲ့။ အခု (၁) ဒေါ်လာ (၄၁၀၀) ကျပ် ဖြစ်နေပြီ။ နိုင်ငံကလည်း နာလန်ထူအောင် အင်မတိအင်မတန် ကြိုးစားရဦးမယ့် အခြေအနေထိ ပျက်စီးနေပါပြီ…။ ဒီမှာ ဂန်းမကြီးကတော့  ဝန်ကြီးရာထူး ယူပြီး ငြိမ်လို့ပါဗျာ…။ တခွန်းမှ မဟလောက်အောင် သူ့ပါးစပ်က ဘာများ အဆို့ခံထားရသလဲ မသိ။

 

ဒီမှာ ဒု-ချုပ်စိုးဝင်းကလည်း အောက်တိုဘာမှာ သန်းခေါင်စာရင်း ကောက်ယူမယ်လို့ ကယောင်ကတမ်းတွေ ပြောလာပြန်တယ်။ မင်းတို့တတွေ ပုံမှန်အနေအထားတွေ မဟုတ်တော့ဘူး ထင်ရဲ့နော်…။ အေးလေ.. အခြေအနေတွေကလည်း  မင်းတို့အတွက် ပုံမှန်အနေအထား မဟုတ်လောက်အောင်ထိ ဖြစ်နေတယ်မဟုတ်လား။ ကချင်၊ ချင်း၊ ရခိုင်နဲ့ ကရင်နီတွေ မဆိုထားနဲ့…မြင်းခြံလို မြေပြန့်စစ်ကြောင်း ထိုးတာတောင် အရှုံးကြီး ရှုံးနေပြီလေ…။ ဒီတော့..ဒင်းတို့က ထုံးစံအတိုင်း ရွာလုံးကျွတ် မီးရှို့ပြီး ခွေးဇာတ်ခင်းကြတော့တာပ…။

 

စစ်ကြောင်းက ပုံမှန်အချိန် နာရီပိုင်းလောက် သွားရမယ့်ခရီးကို လချီနေတာတောင်မှ ရှေ့မဆက်နိုင်၊ မတက်နိုင် ဖြစ်နေသတဲ့။ ဒီမှာ ဘယ်သူက နောက်လိုက်လဲ မသိပါဘူး..။ ‘‘ အကုန်သေကြ အောင်ဇေယျ’’ ဆိုတဲ့ တဘောင်စကား ပေါ်လာသတဲ့လေ။ 

 

မြ၀တီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းကြီး ထိုးသတဲ့။ လေကြောင်းပစ်ကူရော၊ လက်နက်ကြီး ပစ်ကူရော အစွန်းကုန် အသုံးချတာပေါ့လေ…။ ဒါပေမဲ့လည်း စစ်ကြောင်းက ပုံမှန်အချိန် နာရီပိုင်းလောက် သွားရမယ့်ခရီးကို လချီနေတာတောင်မှ ရှေ့မဆက်နိုင်၊ မတက်နိုင် ဖြစ်နေသတဲ့။ ဒီမှာ ဘယ်သူက နောက်လိုက်လဲ မသိပါဘူး..။ ‘‘ အကုန်သေကြ အောင်ဇေယျ’’ ဆိုတဲ့ တဘောင်စကား ပေါ်လာသတဲ့လေ။ ခုတော့ စစ်ကြောင်းရဲ့အမည်ကို ပြောင်းလိုက်ကြပြီ ဆိုလားပဲ။

 

ကချင်ဘက်မှာလည်း စစ်စခန်းတွေက လက်လွှတ်ပြီးရင်း လက်လွှတ်နေရ။ ဖောင်းပြင်၊ မော်လိုက်၊ မြို့သစ်…စစ်ကိုင်းတိုင်းအတွင်းက ပျူစခန်းတွေလည်း ကျပြီးရင်းကျ။ ရခိုင်ဘက်က သံတွဲမှာဆို ဌာနဆိုင်ရာဝန်ထမ်းတွေ မရှိကြတော့ဘူး တဲ့။ တနင်္သာရီတိုင်းဘက်မှာလည်း အခြေအနေက မကောင်း…။ သေလိုက်ကြတဲ့ အုပ်ကြီးတွေကလည်း နေ့စဉ်နဲ့အမျှ…။. အုပ်ကြီးတွေသေတာ သာမန်ကိစ္စ၊ သတင်းမဟုတ်တော့။ ဒါကို သန်းခေါင်စာရင်း ကောက်ယူမယ်တဲ့။ အကြမ်းဖက် ခေါင်းဆောင်တွေ အရူးမီးဝိုင်းသလို ဖြစ်နေကြဟန် တူပါရဲ့…။

 

ကျေးဇူးရှင် ပြည်သူတွေကို သတ်ဖြတ်ချင်တဲ့၊ သတ်ဖြတ်နေတဲ့ ခြင်္သေ့ယောင်ဆောင်ထားတဲ့ ခွေးဟာ… မကြာခင် ခွေးအဖြစ် ပြန်လည်ရောက်ရှိတော့မှာ အသေအချာပါပဲ…။.

 

စစ်မှုထမ်းဥပဒေကလည်း ဥပဒေသာထုတ်ပြီး နည်းဥပဒေမထုတ်ဘဲ အတင်းအဓမ္မ စစ်သားစုဆောင်းနေလို့ ကန့်ကွက်နေကြလေရဲ့။ ကြာလေကြာလေ စ.က.စ အဖွဲ့အစည်းဟာ တို့တတွေ သတ်မှတ်ပြောဆိုထားသလို အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တည် ပီပြင်လာပေါ့…။ ပြည်သူတရပ်လုံးကို ရန်သူလို သဘောထားဆက်ဆံ ပြုမူနေတဲ့ အဖွဲ့အစည်းဟာ အကြမ်းဖက်အဖွဲ့အစည်းတရပ်ပါပဲ။ အဲဒီလို ကျေးဇူးရှင် ပြည်သူတွေကို သတ်ဖြတ်ချင်တဲ့၊ သတ်ဖြတ်နေတဲ့ ခြင်္သေ့ယောင်ဆောင်ထားတဲ့ ခွေးဟာ… မကြာခင် ခွေးအဖြစ် ပြန်လည်ရောက်ရှိတော့မှာ အသေအချာပါပဲ…။.

 

 ဒီမှာ… အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ…၊ ခုဆို နယ်စပ်မှာရှိတဲ့ စစ်စခန်းတွေ အားလုံးနီးပါးလို လက်လွှတ်ဆုံးရှုံးလိုက်ရပြီ..။ စ.ခတွေ အိန္ဒိယ၊ တရုတ်၊  ဘင်္ဂလားဒေ့ရှ်၊ ထိုင်း တို့ဘက် ထွက်ပြေးကြတာ သက်သေလေ…။ စ.ခ အင်အားတွေ လျော့နည်းကျဆင်းလာတာလည်း စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းက သက်သေပေါ့။ မင်းတို့ စစ်အာဏာရှင်တွေ အာကိုးအားထားပြုတဲ့ လက်နက်နဲ့စိုးမိုးခြင်း ကျရှုံးသွားတာ လင်ပြင် ဆင်သွားသလို ဖြစ်နေပေါ့…။

 

ပြီးတော့ ဒေသတွင်း အမွဲဆုံးနိုင်ငံဖြစ်သွားတာ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ မတရား ကွာဟသွားတာတွေက မင်းတို့တတွေ စီးပွားရေး တိုးတက်အောင် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်လို့ ဘယ်လိုပဲ ပြောနေ ပြောနေ တက်တူတကောင်၊ ပဒပ် တကောင်တောင် မဖမ်းနိုင်တော့တဲ့ အနေအထား မဟုတ်ပါလား…။ လက်နက်အားကိုးနဲ့ မတရားသဖြင့် နှိပ်ကွပ်လည်း မရ။ စီးပွားရေးလည်း နာလန်မထ။ အဲဒီလို အဖွဲ့အစည်းရဲ့ လားရာဟာ အောင်မြင်မလား၊ ကျရှုံးမလားဆိုတာ ပြောဆိုဖို့ လိုအပ်ပါသေးသလား…။ ဦးနှောက်ပါတဲ့သူတိုင်း သိကြပါရဲ့…။

~~~~

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။