Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လက်ရှိကာလမှာ လျစ်လျူရှုလို့ မဖြစ်တဲ့ Child Trauma တွေ (Human Rights)

ဒီနှစ်ရဲ့ မေလ ဒုတိယပတ်အကုန်မှာတော့ မဲဆောက်ထဲမှာရှိတဲ့ ထိုင်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်လာတာ တွေ့ရပြီး မြန်မာရွှေ့ပြောင်းကျောင်းတွေလည်း မကြာခင် ဖွင့်လှစ်တော့မှာဖြစ်ကာ ကျောင်းအများစုက ကျောင်းအပ်လက်ခံတာတွေတောင် လုပ်ပြီးနေကြပါပြီ။ မဲဆောက်မှာ ပညာရေးများ ပလူပျံသက်ဝင်လာပြန်ပါပြီ။ တချို့နာမည်ကြီး ဆာသူးလေလို ကျောင်းတွေမှာတော့ ကျောင်းသားလူဦးရေများလွန်းတာကြောင့် လူသစ်တွေတောင် ထပ်ပြီးလက်မခံနိုင်တော့ပါ။

 

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အကြောင်းအမျိုးမျိုးကြောင့် အလုံးအရင်းနဲ့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာကြသူတွေထဲမှာ ကျောင်းနေအရွယ်ကလေးတွေ အများအပြားပါဝင်လာပါတယ်။ အဲဒီကလေးတွေထဲမှာ စစ်ဘေးရှောင်ကြောင့်ဖြစ်စေ၊ နိုင်ငံရေးကြောင့် ဖြစ်စေ၊ တောထဲ သေနတ်သံ ဗုံးသံတွေကြားကနေ လာခဲ့ရတာဖြစ်စေ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ကလေးတွေ ပါဝင်ပါတယ်။ 

 

“ကျနော်တို့မိသားစုက တောထဲမှာ သေနတ်သံ ဗုံးသံတွေကြား ၆ လနီးပါး နေခဲ့ရတာကြောင့် အသံတစ်ခုခုကြားတာနဲ့ ကျနော့်ရဲ့ ၆ နှစ်အရွယ်ကလေးက အိမ်ထဲမှာ ပတ်ပြေးနေပြီ၊ ညဘက်တွေလည်း အိပ်မက်ဆိုးတွေ ခဏခဏမက်လို့ မနည်းချော့ထားရတယ်”

 

ပြီးခဲ့တဲ့ နှစ်က လေးကေ့ကော်ဘက်ကနေ စစ်ရှောင်လာတဲ့ မိသားစုက ပြောပြရာမှာတော့ “ကျနော်တို့မိသားစုက တောထဲမှာ သေနတ်သံ ဗုံးသံတွေကြား ၆ လနီးပါး နေခဲ့ရတာကြောင့် အသံတစ်ခုခုကြားတာနဲ့ ကျနော့်ရဲ့ ၆ နှစ်အရွယ်ကလေးက အိမ်ထဲမှာ ပတ်ပြေးနေပြီ၊ ညဘက်တွေလည်း အိပ်မက်ဆိုးတွေ ခဏခဏမက်လို့ မနည်းချော့ထားရတယ်”လို့ ပြောပါတယ်။

 

ဒါကြောင့် တော်လှန်ရေးကာလနောက်ပိုင်း ရောက်လာတဲ့ ကလေးတွေမှာ trauma တွေ ပါလာနိုင်တာကို သတိထားရမှာဖြစ်ပြီး ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အခွင့်အရေးတွေအပေါ် ကျောင်းတွေဘက်ကလည်း ပိုမိုထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။

 

“ ကျမသားလေးကို ပထမ migrant ကျောင်းတစ်ခုမှာ ထားတယ်၊ သားက အသက် ၇ နှစ်ပဲ ရှိသေးတယ်၊ သား ကျောင်းက ပြန်လာတော့ အတန်းဖော်ကလေးတစ်ယောက်က လက်သီးနဲ့ ထိုးလိုက်လို့ မျက်လုံးတစ်ဖက် ရောင်လာတယ်၊ ဖြစ်တဲ့ကိစ္စကလည်း ကျမသားကို သူ့အတန်းဖော်တွေက မင်းအဖေက မကောင်းတဲ့လူမို့လို့၊ လူဆိုးမို့လို့ ထောင်ကျတာဆိုပြီး ဝိုင်းပြောကြလို့ ရန်ဖြစ်ကြရင်း ကျမသားကပဲ အထိုးခံလိုက်ရတာပါ။ တကယ်တော့ သားရဲ့အဖေက လက်ရှိနိုင်ငံရေးအကျဉ်းသားအနေနဲ့ အင်းစိန်ထောင်ထဲမှာပါ၊ သားကိုလည်း ဖေဖေက လူဆိုးမဟုတ်ဘူးဆိုတာ နားလည်အောင် ရှင်းပြထားတယ်၊ အခုတော့ နောက်ထပ် migrant ကျောင်းတစ်ကျောင်းကို ထပ်ပြောင်းထားပါတယ်” လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ  မတင်ဇာက ငွေမောင်းသံကို ပြောပါတယ်။

 

ဒီကာလမှာ နိုင်ငံရေးအခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ကြေမွနေတဲ့ ကျောင်းနေအရွယ် လူမမယ်ကလေးငယ်လေးတွေ ဘယ်နှယောက်များ ရှိနေမလဲဆိုတာ တွေးကြည့်တာနဲ့တင် စိတ်မချမ်းမြေ့ဖွယ်ရာပါပဲ။ 

 

ဒီအဖြစ်အပျက်မှာ ကလေးအချင်းချင်း စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်သာမက ရုပ်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေပါ ပါဝင်တာကို အတိုင်းသား မြင်ကြရမှာပါ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီကာလမှာ နိုင်ငံရေးအခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ကြေမွနေတဲ့ ကျောင်းနေအရွယ် လူမမယ်ကလေးငယ်လေးတွေ ဘယ်နှယောက်များ ရှိနေမလဲဆိုတာ တွေးကြည့်တာနဲ့တင် စိတ်မချမ်းမြေ့ဖွယ်ရာပါပဲ။ 

 

နောက်ထပ် ကလေးတစ်ဦးကလည်း ကျောင်းမှာ ကလေးအချင်းချင်း အနိုင်ကျင့်ခံရတာကို အိမ်ရောက်တော့ မိဘကို ပြောပြတယ်။ မိဘက ကျောင်းကအတန်းပိုင်ဆရာမကို သွားပြောတော့ ကလေးကို နေရာချင်း လဲထိုင်ပေးလိုက်ပါတယ်။ ဒါပေမဲ့ မိဘပြန်သွားချိန်မှာတော့ အဲဒီကလေးကို မိဘ တိုင်ရပါ့မလားဆိုပြီး ဆရာမက ဆူတယ်၊ နောက်တစ်ခါ ကျောင်းကကိစ္စ မိဘကို ပြန်တိုင်ရင် အပြစ်ပေးမယ်လို့ ဆရာမက ခြိမ်းခြောက်လိုက်တယ်။ 

 

နောက်တစ်ခါ ကျောင်းက ကိစ္စ မိဘကို ပြန်တိုင်ရင် အပြစ်ပေးမယ်လို့ ခြိမ်းခြောက်သလိုပြောတာကြောင့် ကျမကလေးကို ကျောင်းပြောင်းလိုက်ပြီ၊ ဒါ ကလေးအခွင့်အရေးပဲလေ၊ ကလေးက ဘယ်လိုပဲ အနိုင်ကျင့်ခံရခံရ ငြိမ်ခံနေရတော့မှာလား၊ 

 

“နောက်တစ်ခါ ကျောင်းက ကိစ္စ မိဘကို ပြန်တိုင်ရင် အပြစ်ပေးမယ်လို့ ခြိမ်းခြောက်သလိုပြောတာကြောင့် ကျမကလေးကို ကျောင်းပြောင်းလိုက်ပြီ၊ ဒါ ကလေးအခွင့်အရေးပဲလေ၊ ကလေးက ဘယ်လိုပဲ အနိုင်ကျင့်ခံရခံရ ငြိမ်ခံနေရတော့မှာလား၊ တကယ်တော့ အလုပ်တွေ အရှုပ်ခံ၊ ပိုက်ဆံတွေ ထပ်အကုန်ခံပြီး ဘယ်သူက ပြောင်းချင်မလဲ၊ ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ အခွင့်အရေးဆုံးရှုံးတယ်လို့ ခံစားရလို့ အခုတော့ နောက်ထပ်တစ်ကျောင်းကို ပြောင်းလိုက်ပြီ” လို့ မဲဆောက်ရောက် လျှပ်စစ် cdm အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

တကယ်တော့ ကိုယ့်နိုင်ငံမဟုတ်တဲ့ အခြားနေရာတစ်ခုမှာ ရုန်းကန်နေကြရတာ ဘယ်သူမှ လွယ်ကူမနေပါ။ လူကြီးပဲဖြစ်စေ ကလေးသူငယ်ပဲဖြစ်စေ ဒါဟာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားနေကြရတာပဲ ဖြစ်ပါတယ်။ ရွှေ့ပြောင်းကျောင်းတွေဘက်ကလည်း ကလေးတွေအတွက် ပညာရေးအဆက်ပြတ်မသွားစေဖို့နဲ့  ကုန်ကျစရိတ်အနည်းငယ်နဲ့ ပညာသင်ယူနိုင်စေဖို့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ကြိုးပမ်းအားထုတ်နေကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ သို့သော် ကလေးသူငယ်တွေရဲ့ trauma ဖြစ်နိုင်ချေတွေကိုတော့ လူ့အဖွဲ့အစည်းက မေ့ထားလို့မဖြစ်ပါ။ ကျောင်းတွေအနေနဲ့လည်း မေ့ထားလို့ မဖြစ်ပါ။

 

ငွေကြေးတတ်နိုင်တဲ့သူတချို့ကတော့ မဲဆောက်မှာရှိတဲ့ International learning Centre တွေမှာ အပ်နိုင်ကြပေမယ့် ငွေကြေးမတတ်နိုင်သူတွေကတော့ အဆင်ပြေရာ migrant school တွေမှာ တက်ကြရပါတယ်။ 

 

မိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို မြန်မာပြည်မှာ ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် လက်ရှိအချိန်မှာ အသက်တွေ ကြီးလာပြီး ပညာရေးနောက်ကျန်ခဲ့မှာစိုးတာကြောင့် ကျောင်းအပ်လက်ခံသေးတဲ့ ရရာရွေ့ပြောင်းကျောင်းတွေမှာ အလုအယက်ကို ကျောင်းအပ်နေကြရ ပါတယ်။

 

ငွေကြေးတတ်နိုင်တဲ့သူတချို့ကတော့ မဲဆောက်မှာရှိတဲ့ International learning Centre တွေမှာ အပ်နိုင်ကြပေမယ့် ငွေကြေးမတတ်နိုင်သူတွေကတော့ အဆင်ပြေရာ migrant school တွေမှာ တက်ကြရပါတယ်။ 

 

အခုနှစ် ဖေဖော်ဝါရီလထဲမှာ ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံထဲ ရောက်ရှိနေတဲ့ အထောက်အထားမရှိတဲ့ ကလေးတွေကို ထိုင်းကျောင်းတွေမှာ ကျောင်းအပ်လက်ခံပေးဖို့ ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

 

အမှန်တကယ်လက်တွေ့မှာ တော့ ထိုင်းကျောင်းတွေကို ဝင်ရောက်ခွင့်ရဖို့ဆိုတာ ထင်သလောက် မလွယ်ကူဘူးလို့လည်း သိရပါတယ်။ 

 

ဒီထုတ်ပြန်ချက်ဟာ ရွှေ့ပြောင်းကလေးတွေအတွက် ကောင်းတဲ့အရွေ့တစ်ခုဖြစ်တယ်လို့လည်း ထိုင်းရောက် ပညာရေးအသိုင်းအဝန်းက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်လက်တွေ့မှာ တော့ ထိုင်းကျောင်းတွေကို ဝင်ရောက်ခွင့်ရဖို့ဆိုတာ ထင်သလောက် မလွယ်ကူဘူးလို့လည်း သိရပါတယ်။ လက်ရှိထိုင်းကျောင်းတွေမှာ အပ်မယ်ဆိုရင် မွေးစာရင်း၊ ထိုင်းဘာသာအခြေခံအပြင် မြန်မာရွှေ့ပြောင်းကျောင်းသားဦးရေမှာလည်း တစ်ကျောင်းကို ၁၀ ဦးသာ အကန့်အသတ်နဲ့ လက်ခံနေသေးတယ်လို့ ရွှေ့ပြောင်းမြန်မာကျောင်းသားမိဘအချို့က ပြောပါတယ်။  

 

မြန်မာအများစုဟာ ထိုင်းနိုင်ငံရောက်လာပြီဆိုတာနဲ့ ထိုင်းကျောင်းတွေမှာ မိမိတို့ရဲ့ ကလေးတွေ တက်ရောက်နိုင်ဖို့ ဦးစွာ ကြိုးပမ်းကြပေမယ့် ထိုင်းကျောင်းတွေဟာ ကန့်သတ်ချက်တွေ များတာကြောင့် အများစုက migrant ကျောင်းတွေကိုသာ ရွေးချယ်ကြရပါတယ်။

 

ကလေးတွေအနေနဲ့ ထိုင်းအစိုးရကျောင်းပဲ တက်တက်၊ International School တွေမှာပဲ တက်တက်၊ ရွေ့ပြောင်း Migrant ‌ကျောင်းတွေမှာပဲ တက်တက် အမှန်တကယ် လိုအပ်တာက ကလေးငယ်တွေကို နွေးထွေးစွာလက်တွဲခေါ်နိုင်မယ့်၊ ကလေးတွေရဲ့  Trauma ကို သက်သာအောင် ကောင်းစွာနားလည်လက်ခံဝန်းရံပေးနိုင်မယ့် အဝန်းအဝိုင်းတစ်ခုဖြစ်ဖို့သာ အရေးကြီးပါတယ်။

 

တကယ်တော့ ကလေးတွေအနေနဲ့ ထိုင်းအစိုးရကျောင်းပဲ တက်တက်၊ International School တွေမှာပဲ တက်တက်၊ ရွေ့ပြောင်း Migrant ‌ကျောင်းတွေမှာပဲ တက်တက် အမှန်တကယ် လိုအပ်တာက ကလေးငယ်တွေကို နွေးထွေးစွာလက်တွဲခေါ်နိုင်မယ့်၊ ကလေးတွေရဲ့  Trauma ကို သက်သာအောင် ကောင်းစွာနားလည်လက်ခံဝန်းရံပေးနိုင်မယ့် အဝန်းအဝိုင်းတစ်ခုဖြစ်ဖို့သာ အရေးကြီးပါတယ်။ ဒီလိုဖြစ်ဖို့ကလည်း ထိုင်းအစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း လူပုဂ္ဂိုလ်တွေရဲ့ ပူးပေါင်းပါဝင်မှုတွေကလည်း အဓိကနေရာမှာ ပါဝင်နေပါတယ်။ 

 

လက်ရှိမှာ မဲဆောက်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးအတွက် တာ့ခ် ခရိုင်တစ်ခုတည်းမှာပဲ မြို့နယ် ၆ ခုမှာ ထိုင်းအစိုးရခွင့်ပြုချက်နဲ့ ဖွင့်ထားတဲ့ စာသင်ကျောင်း ၆၅ ကျောင်းအပြင် ခွင့်ပြုချက် မရသေးတဲ့ တခြားစာသင်ကျောင်းတွေလည်း အများအပြား ရှိနေပါသေးတယ်။   

~~~~

ခေးလု

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။