Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ထိုင်း-မြန်မာနယ်စပ်ရှိ ရွေ့ပြောင်းလာသူများအရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ စိန်ခေါ်မှုများ ဆွေးနွေးပွဲကို OIA တက်ရောက်ဆွေးနွေး

ထိုင်းနိုင်ငံတော် လုံခြုံရေး ကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဋ္ဌ Mr. Rangsiman Rome နဲ့ ထိုင်းအောက်လွှတ်တော် အမတ်တွေ ဦးဆောင်ကာ ထိုင်း-မြန်မာနယ်စပ် တာခ်ခရိုင်ရှိ ရွေ့ပြောင်း အလုပ်သမားများအရေး၊ တိုက်ပွဲများကြောင့် ပြောင်းရွေ့ခိုလှုံလာတဲ့ စစ်ဘေးရှောင်များအရေး၊ သတင်းအချက်အလက် ကန့်သတ်မှုများ၊ နယ်စပ် ကုန်သွယ်ရေးနဲ့ စိန်ခေါ်မှုများအကြောင်း ဆွေးနွေးပွဲကို မနေ့က မေလ ၁၂ ရက်နေ့မှာ ကျင်းပခဲ့ပြီး Overseas Irrawaddy Association (OIA) အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံတော် လုံခြုံရေး ကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဋ္ဌ Mr.Rangsiman Rome က နှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် တက်ရောက်လာသူများက ရွေ့ပြောင်းလာသူများအရေး၊ နယ်စပ် ကုန်သွယ်ရေး၊ တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းများအရေး၊ စစ်ဘေးရှောင်များအရေး၊ ဒုက္ခသည်စခန်းများအရေးတို့ကို ကဏ္ဍအလိုက် ဆွေးနွေး တင်ပြခဲ့ကြပါတယ်။


OIA အဖွဲ့မှ ဆွေးနွေးတင်ပြရာမှာ နိုင်ငံရေး အခြေအနေများကြောင့် ပြောင်းရွေ့လာသူတွေရဲ့ လူ့အခွင့်ရေး ကာကွယ်စောင့်ရှောက်သူများအရေး၊ နယ်စပ် စစ်ဘေးရှောင် ပြည်သူများအရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ပြီး အောက်ဖော်ပြပါ အချက်(၃)ချက်ကို သက်ဆိုင်ရာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ အလေးထား ဆောင်ရွက်ပေးနိုင်ရေး အထူးပြု တောင်းဆို တိုက်တွန်းခဲ့တယ်လို့ OIA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


-နယ်စပ် သောင်းရင်းမြစ် ကမ်းနဘေးမှာ စစ်ဘေးရှောင် နေရတဲ့ စစ်ဘေးရှောင်များနဲ့ တဖက်ကမ်းရှိ ထိုင်းပြည်သူတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးများအရ လက်နက်ကြီးလက်နက်ငယ်တွေ အပါအဝင် လေကြောင်း တိုက်ခိုက်မှုတွေကို နယ်စပ်မျဉ်း (အကွာအဝေး တခု သတ်မှတ်၍)အနီးမှာ မပြုလုပ်ဖို့ ထိုင်းဘက်မှ နိုင်ငံတကာနဲ့ ပူးပေါင်းကာ တောင်းဆိုပေးရေး၊

 

-နိုင်ငံရေး အခြေအနေတွေကြောင့် ရွေ့ပြောင်းလာသူ လူသား အရင်းအမြစ်များကို စနစ်တကျအသုံးချဖို့ ရည်ရွယ်ကာ ၂၀၀၅ ခုနှစ်ကကဲ့သို့ နေထိုင်ခွင့် (ထောရော ၃၈) လက်မှတ်များကို သေချာစွာ စိစစ်ပြီး ထုတ်ပေးနိုင်ရေး၊ 

 

-စစ်ဘေးရှောင်များအတွက် ရိက္ခာပစ္စည်းများ ပို့ဆောင်မှုကို ပိုမို ခွင့်ပြုပေးရေး
ဆွေးနွေးတင်ပြမှုများ အပြီးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်မှ ၎င်းတို့ သိရှိလိုတာတွေကို ရင်းနှီး ပွင့်လင်းစွာ ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ကြကာ သတင်း အချက်အလက်တွေ အပြန်အလှန် မျှဝေခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံများ (source : OIA)
~~~~

သက်ပိုင်ဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။