Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တီမောသံရုံးကို အကြမ်းဖက် စစ်ကောင်စီ နှင်ထုတ်တဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေးကို ကာကွယ်တဲ့အတွက် တုံ့ပြန်မှုဖြစ်လို့ ဂုဏ်ယူကြောင်း သမ္မတ ဟိုဆေးရာမို့စ်-ဟော်တာ ပြောကြား

အရှေ့တီမော သံရုံးနဲ့ သံတမန်တွေကို မြန်မာနိုင်ငံထဲက ထွက်ခွာသွားဖို့ ကြေညာခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ အရှေ့တီမောအစိုးရက ထုတ်ပြန် ကြေညာလိုက်ပါတယ်။


အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ ဆက်ဆံရေး ထူထောင်ထားတဲ့  အရှေ့တီမော ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံရုံး ၏  တာဝန်ခံ Avelino Fernandes Ximenes Pereira ကို မြန်မာနိုင်ငံကနေ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွါဖို့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက နှင်ထုတ်လိုက်တယ်လို့ နိုင်ငံတကာ သတင်း တွေမှာ ဖော်ပြတာ တွေ့ရပါတယ်။


အရှေ့တီမောအစိုးရရဲ့ ကြေညာချက်ထဲမှာ "မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး ကြိုးပမ်းအားထုတ်မှု အားလုံး ကို ထောက်ခံအားပေးကြဖို့ အရေးကြီးပြီး မြန်မာစစ်တပ် အနေနဲ့  လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်တယ်”လို့ ဖော်ပြထားပါတယ်။


“အရှေ့တီမောနိုင်ငံအနေနဲ့ မြန်မာစစ်တပ်က အာဏာသိမ်းယူပြီး အရပ်သား ပြည်သူတွေကို သတ်ဖြတ်နေတာ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို သတ်ဖြတ်နေတဲ့အပေါ် ရှုတ်ချပါတယ်။ ယူကရိန်းမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် ပူတင်မှာ တာဝန် ရှိသလို မြန်မာနိုင်ငံမှာလည်း ပြည်သူတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် စစ်တပ်မှာ တာဝန်ရှိတယ်” လို့ အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာက ပြောပါတယ်။


အာဆီယံက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အာဆီယံက မဖြေရှင်းပေးနိုင်သရွေ့ အရှေ့တီမောနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်မှာ မဟုတ်ဘူးလို့ အရှေ့တီမော ဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး အရှေ့တီမောနိုင်ငံ အစိုးရသစ် တင်မြှောက်တဲ့ အခမ်းအနားကို အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဝန်ကြီးတွေကို ဖိတ်ကြားခဲ့တဲ့အတွက် အကြမ်းဖက် စစ်ကောင်စီက အရှေ့တီမော သံရုံးကို မြန်မာနိုင်ငံက နှင်ထုတ်တာ ဖြစ်နိုင်တယ်လို့ သတင်း တွေမှာ သုံးသပ်ဖော်ပြတာ တွေ့ရပါတယ်။

………

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။