Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ခွေးထက်မိုက်တဲ့ကောင် (Opinion)

ဟေ့ကောင်..အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ…

 

မင်းကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သူငယ်ချင်းကဗျာဆရာ ပြောသလိုပါပဲလားကွ။ သူပြောခဲ့တာက ‘ခွေးထက်သာတာဆိုလို့ ခွေးထက်မိုက်တာပါပဲ’တဲ့။ အခုလည်း မင်းက ခွေးတော့ခွေး ဒါပေမဲ့ သာတာဆိုလို့ ခွေးထက်မိုက်ပြနေပါလားကွ..ဟေ…။

 

ဘယ့်နှယ်ကွာ..သင်္ကန်းဝတ်ဆင်ထားပြီး လူသတ်ဖို့ကြိုးစားအားထုတ်နေတဲ့ ပျူခေါင်းဆောင် ကတုံးဝါသ၀ကို မင်းရဲ့လက်ကိုင်တုတ် YMBA က ‘မင်္ဂလာဓမ္မ ဇောတိကဓဇဘွဲ့’ ချီးမြှင့်ပေးအပ်သတဲ့။ 

 

ဘယ့်နှယ်ကွာ..သင်္ကန်းဝတ်ဆင်ထားပြီး လူသတ်ဖို့ကြိုးစားအားထုတ်နေတဲ့ ပျူခေါင်းဆောင် ကတုံးဝါသ၀ကို မင်းရဲ့လက်ကိုင်တုတ် YMBA က ‘မင်္ဂလာဓမ္မ ဇောတိကဓဇဘွဲ့’ ချီးမြှင့်ပေးအပ်သတဲ့။ သာသနာစောင့်ရှောက် စည်ပင်ထွန်းကားအောင် ဆောင်ရွက်နေလို့ ဆိုလားပဲ။ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ချင်ကြတဲ့ မ.ဘ.သ နောက်မြီးဆွဲတွေကလည်း ငြိမ်သက်လို့ပါလား။  တကယ်တော့ အကြမ်းဖက်ခေါင်းဆောင် မ.အ.လရာ.. မင်းနဲ့အပေါင်းအပါတစုက ဘာသာ သာသနာကို ယုံကြည်စောင့်ရှောက်ချင်ကြတဲ့သူတွေမှ မဟုတ်ဘဲ။ မိမိအာဏာတည်မြဲဖို့၊ မိမိ အကျိုးစီးပွားအတွက် ဘာသာသာသနာကို ခုတုံးလုပ်နေကြတယ်ဆိုတာ ပိုမို ထင်ရှားစေတာပေါ့ကွာ။

 

ခုတော့ဖြင့် မင်းတို့အာဏာသိမ်းလိုက်တဲ့အတွက် မင်းတို့လက်တဆုပ်စာ အာဏာရှင် မိသားစုတွေကလွဲပြီး ခုနစ်ရက်သားသမီးအားလုံး စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ကြုံတွေ့ခံစားနေကြပေါ့။ မင်းတို့လူတစု အုပ်ချုပ်ခြင်းကို လက်မခံ၊ မကျေမချမ်း ဖြစ်နေခြင်းကလည်း တော်လှန်ရေးအင်အားစုတွေအတွက် အင်အားတွေပေါ့ကွာ။ မင်းတို့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကျားကုတ်ကျားခဲ အားထုတ်နေကြတဲ့ အသိုင်းအဝန်းဟာ ကြာလေ ကျဉ်းမြောင်းသေးကျုံ့လာပြီ။ မကျေနပ်ကြတဲ့၊ တော်လှန်ကြတဲ့ အသိုင်းအဝိုင်းဟာ ကြာလေ ကျယ်ပြန့်ပြီး အရှိန်အဟုန် ကောင်းလာကြပြီ။ ဒီတော့ မင်းတို့ဟာ မလွဲမသွေ လွင့်စင်ကျဆုံးကြတော့မှာ အမှန်ပဲ။ သိကြားမင်း နားကင်းကြီးနဲ့ ဆင်းကယ်လည်း မရတော့…။

 

ငါတို့ကတော့ လောက်ကိုင်မှာ ဗိုလ်မှူးချုပ်(၆)ယောက် လက်နက်ချ အညံ့ခံလိုက်ကတည်းက မင်းတို့တတွေ နာလန်မထူအောင် ရှုံးနိမ့်သွားပြီလို့ အကဲဖြတ်ပြီးသားပါ။ 

 

အဲဒီမှာ မင်းတို့က မြ၀တီကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အောင်ဇေယျ စစ်ကြောင်းကြီး ထိုးနေတယ်ဆိုပဲ။  လက်နက်အင်အား၊ လူအင်အား အစွမ်းကုန် ပုံအော သုံးစွဲလို့ပေါ့။ အဲဒီစစ်ကြောင်း အရှုံးအနိုင်ဟာ မင်းတို့အတွက် အဆုံးအဖြတ် ပေးလိုက်မယ်လို့ အကဲဖြတ်နေကြတယ်။  ငါတို့ကတော့ လောက်ကိုင်မှာ ဗိုလ်မှူးချုပ်(၆)ယောက် လက်နက်ချ အညံ့ခံလိုက်ကတည်းက မင်းတို့တတွေ နာလန်မထူအောင် ရှုံးနိမ့်သွားပြီလို့ အကဲဖြတ်ပြီးသားပါ။ အခုလည်း အောင်ဇေယျစစ်ကြောင်းက အခြေမလှ ဖြစ်နေပြီမဟုတ်ပါလား…။

 

နိုင်ငံရဲ့အကျိုး၊ ပြည်သူရဲ့အကျိုးအတွက်မဟုတ်ဘဲ ဒင်းတို့အာဏာ တည်တံ့ရေး အကျိုးအတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတာ စ.ခတွေ သဘောပေါက်သင့်ကြပြီ။ သုံးနှစ်သုံးမိုး မနားမနေ ထမ်းဆောင်နေကြရတာ ပင်ပန်းရောပေါ့။ ပြီးတော့.. မစားရတနပ် စားရတနပ်နဲ့…၊ သတ္တိရှိရှိ ရုန်းထွက်ကြဖို့ လိုအပ်တယ်။ မရုန်းထွက်ရင်တော့ မင်းတို့ အသက်နဲ့ခန္ဓာ အိုးစားကွဲမှပဲ အဆုံးသတ်ရတော့မယ်။ အသေခံမလား၊ ရုန်းထွက်မလား ဆိုတာ ရွေးချယ်ကြပေတော့…။

 

အခုရက်ပိုင်းမှာ အကြမ်းဖက်ခေါင်းဆောင်နဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ အထက်လွှတ်တော် ဥက္ကဋ္ဌတို့ ဗီဒီယိုကွန်ဖရင့်နဲ့ တွေ့ဆုံဆွေးနွေးကြတဲ့သတင်း ထွက်ပေါ်လာတယ်။

 

အခုရက်ပိုင်းမှာ အကြမ်းဖက်ခေါင်းဆောင်နဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ အထက်လွှတ်တော် ဥက္ကဋ္ဌတို့ ဗီဒီယိုကွန်ဖရင့်နဲ့ တွေ့ဆုံဆွေးနွေးကြတဲ့သတင်း ထွက်ပေါ်လာတယ်။ ဟိုက အာဆီယံက ချမှတ်ထားတဲ့မူ(၅)ချက်ကို လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းတာပေါ့။ ဒါပေမဲ့ အကြမ်းဖက်ခေါင်းဆောင်က သူတို့မှာ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ထားပြီးဖြစ်တယ်။ အဲဒီ(၅)ရပ်ကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်သွားမယ်လို့ ခေါင်းမာမာနဲ့ရပ်ခံပြီး အားလုံးကို ပယ်ချသွားတယ်ဆိုပါတော့…။

 

ဒီမှာ ဒင်းတို့ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်က ဘာတွေလဲ..။ နံပါတ်(၁)က ‘လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ပြည်ထောင်စုတဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေ စိုးမိုးရေး အပြည့်အ၀ရရှိအောင် အလေးထား ဆောင်ရွက်သွားမည်’ တဲ့။ ကျန်ရှိတဲ့ အချက်(၄)ချက်ကို မပြောခင် အဲဒီ နံပါတ်(၁)ကိုပဲ ပြောကြည့်လိုက်ရအောင်…။

 

 ဒင်းတို့ စစ်အာဏာရှင်တွေက တတိယလွှတ်တော်သက်တမ်း စတင်မယ့် ၂၀၂၁ ခု၊ ဖေဖော်ဝါရီ(၁)ရက်နေ့မှာပဲ ခိုင်လုံမှုမရှိတဲ့ မဲမသမာမှုတွေ ပြုလုပ်တယ်ဆိုပြီး နိုင်ငံတော် အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူလိုက်တယ်။ တကယ်တမ်းကျတော့ အကြမ်းဖက် ခေါင်းဆောင်အနေနဲ့ သက်တမ်းတိုးထားတဲ့ ဒင်းရဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူးဟာ ကုန်ဆုံးသွားပါပြီ။ လာမယ့် လွှတ်တော်သက်တမ်းအတွင်းမှာ ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်ဖို့ မလွဲမသွေ ဆောင်ရွက်ရတော့မယ်။ အဲဒီမှာ အကြမ်းဖက်ခေါင်းဆောင်ဟာ ဒင်းရဲ့ အကျိုးစီးပွား တခုတည်းအတွက် မိုက်မိုက်ကန်းကန်း အာဏာသိမ်းလိုက်တာပါပဲ။ အဲဒါ လက်တွေ့ဖြစ်စဉ်ရဲ့ အမှန်တရားပါ။

 

ပြည်သူတွေအနေနဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ နည်းလမ်းမှတပါး တခြားမရှိတော့။ လူငယ်အမြောက်အမြား EAO တွေဆီ ခိုလှုံပြီး စစ်ပညာတွေ သင်ကြားကြတော့တယ်။ ဒါကို တချို့က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကြရကောင်းလားလို့ အပြစ်စကား ဆိုကြတယ်။ 

 

ဒင်းရဲ့အာဏာသိမ်းတာကို လက်မခံကြောင်း နိုင်ငံတဝန်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ အဲဒီလို  လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေကို ဒင်းတို့က နိုင်ထက်စီးနင်း ပစ်သတ်ခဲ့ကြတယ်။ ပြည်သူ့အိုးအိမ်တွေထဲ ဝင်ရောက်ဖျက်ဆီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဒီနောက် ရွာတွေကို အကြမ်းဖက်မီးရှို့ ဖျက်ဆီးခဲ့ပြန်တယ်။ ပြည်သူတွေအနေနဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ နည်းလမ်းမှတပါး တခြားမရှိတော့။ လူငယ်အမြောက်အမြား EAO တွေဆီ ခိုလှုံပြီး စစ်ပညာတွေ သင်ကြားကြတော့တယ်။ ဒါကို တချို့က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကြရကောင်းလားလို့ အပြစ်စကား ဆိုကြတယ်။ သူတို့က အသားစားခြင်္သေ့ကို မြက်ကျွေးပြီး ယဉ်ပါးလာအောင် ကြိုးစားချင်တဲ့သူတွေပေါ့။

 

ခုတော့ဖြင့် နိုင်ငံတဝန်း လက်နက်ကိုင်တော်လှန်နေကြပြီ…။ အကြမ်းဖက် အဖွဲ့အစည်းအနေနဲ့ ရှမ်းမြောက်၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နီနဲ့ ကရင်ပြည်နယ်က စစ်ဗျူဟာကုန်းတွေ၊ စစ်အခြေစိုက်စခန်းတွေ စွန့်လွှတ်ပေးလိုက်ရပြီ။ ဘယ်အချိန် ဘယ်ကာလမှာ ပြည်ထောင်စုတဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အ၀ရရှိအောင် ဆောင်ရွက်နိုင်ပါ့မလဲ။ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ တသက်တော့ ဆောင်ရွက်နိုင်တော့အံ့ မထင်…။ မ.အ.လမှ မဟုတ်ပါဘူး…။ စစ်အာဏာရှင်တွေ ရှိနေသမျှ ကာလပတ်လုံး ဆောင်ရွက်နိုင်မယ် မဟုတ်ပေဘူး…။

 

လောလောဆယ်အနေအထားမှာတော့  ရှမ်းမြောက်မှာ တိုက်ပွဲတွေ ငြိမ်နေတာ တွေ့ကြရတယ်။ အဲဒါကလည်း ဒင်းတို့စွမ်းရည်ကြောင့်မဟုတ်ဘဲ တရုတ်ရဲ့အစွမ်းကြောင့် ငြိမ်သက်နေကြတယ်ဆိုတာ အားလုံးသိကြပါရဲ့။

 

ဒင်းတို့ဟာ လွတ်လပ်ပြီး  တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စုတဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရား ဥပဒေ စိုးမိုးရေး အပြည့်အ၀ရရှိဖို့ လိုအပ်တယ်ဆိုကိုး..။ ဒီတော့ နိုင်ငံတည်ငြိမ်းအေးချမ်းမှု မရှိလို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့အတွက် ဒင်းတို့ပဲ ဆက်လက်အုပ်ချုပ်သွားတော့မယ် ဆိုတဲ့ သဘောပေါ့။ မှတ်သားထားလိုက်ပါ့မယ်ကွာ…။

 

လောလောဆယ်အနေအထားမှာတော့  ရှမ်းမြောက်မှာ တိုက်ပွဲတွေ ငြိမ်နေတာ တွေ့ကြရတယ်။ အဲဒါကလည်း ဒင်းတို့စွမ်းရည်ကြောင့်မဟုတ်ဘဲ တရုတ်ရဲ့အစွမ်းကြောင့် ငြိမ်သက်နေကြတယ်ဆိုတာ အားလုံးသိကြပါရဲ့။ အဲဒီအချက်ကလည်း နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာရပ်တော့ မဟုတ်ပေဘူး။ ဒါပေမဲ့ တရားမဝင် စစ်အာဏာရှင်တွေ အခိုက်အတန့် လွှမ်းမိုးထားတဲ့ကာလ ဖြစ်နေလေတော့ ပြည်သူတွေအနေနဲ့ ‘နေသေးသပ ခြုံထဲက…ဂျိုသွေးသပ တမြမြ’ ဆိုတာလို ဖြစ်နေတာပေါ့လေ…။

 

တလောကတော့ မိုးကုတ်နယ်ထဲက TNLA အခြေစိုက် ရွာတရွာကို အကြမ်းဖက် အဖွဲ့အစည်းက ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်း ကြားလိုက်ရတယ်။ TNLA ဆိုတာကလည်း စစ်အာဏာရှင်တွေရဲ့အကြောင်းကို ‘စောဖေတို့က နောကြေ’ လို့ ဆိုတာလို နောကြေအောင်သိနေကြတဲ့ အဖွဲ့အစည်းပါ။ ဒီတော့လည်း အရမ်းကာရော ပြစ်တင်ဝေဖန်နေလို့ မဖြစ်ပေဘူး။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိ၊ အစစ အရာရာ သတိရှိကြဖို့တော့ ပြောလိုက်ပါရစေ…။

 

အဲဒီမှာ ရှမ်းပြည်တိုးတက်ရေး ပါတီကလည်း တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ လမ်းကြောင်းဟာ မဖြစ်နိုင်တော့လို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်လိုက်ပါပြီ…တဲ့။ TNLA နဲ့ ဘုံတူညီချက်ရှိကြတဲ့ တလမ်းတည်းသွား ရဲဘော်တွေ ဖြစ်ကြပြီပေါ့ကွာ…။ 

 

အဲဒီမှာ ရှမ်းပြည်တိုးတက်ရေး ပါတီကလည်း တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ လမ်းကြောင်းဟာ မဖြစ်နိုင်တော့လို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်လိုက်ပါပြီ…တဲ့။ TNLA နဲ့ ဘုံတူညီချက်ရှိကြတဲ့ တလမ်းတည်းသွား ရဲဘော်တွေ ဖြစ်ကြပြီပေါ့ကွာ…။ လက်တွဲမဖြုတ် ဆုပ်ကိုင်ထားကြမယ်။ 

 

ဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လကတော့ သူတို့ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတိုင်း သွားမယ်တဲ့..။ နံပါတ်(၁) အချက်ကို ပြောပြီးပြီ။ နံပါတ်(၂)က စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပြီး လူမှုစီးပွားဘ၀ မြင့်မားအောင် ကြိုးစားမယ်..တဲ့။ နံပါတ်(၃)က NCA သဘောတူညီချက်အတိုင်း ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားမယ်..တဲ့။ နံပါတ်(၄)က သူတို့ခင်းထားတဲ့ ဒီမိုကရေစီလမ်းမကြီးကို အရှိန်အဟုန်မပျက် လျှောက်လှမ်းမယ်..တဲ့။ နံပါတ်(၅)ကတော့ လုပ်ငန်းတွေ အားလုံးပြီးစီးရင် ရွေးကောက်ပွဲပြုလုပ်ပြီး အနိုင်ရပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမယ်ပေါ့လေ။ ဒင်းတို့ကို ဘယ်သူတွေက တာဝန်ပေးလို့ အဲဒီတာဝန်တွေကို ထမ်းရွက်နေပါလိမ့်။ ပြီးတော့ ဒင်းတို့ရှေ့လုပ်ငန်းစဉ် (၅)ရပ်က ရေပေါ် အရုပ်ရေးနေသလိုပါ…။

မဖြစ်နိုင်တဲ့လမ်းကို လျှောက်နေလို့…မ.အ.လရေ…မင်းကို ခွေးထက်သာတာဆိုလို့ ခွေးထက်မိုက်တဲ့ကောင်လို့ ပြောလိုက်ချင်တာပဲကွာ…။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။