Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လမ်းနှစ်သွယ် ကြိုက်ရာရွေးပေတော့ (Opinion)

ဟေ့ကောင်..အကြမ်းဖက် ရာဇဝတ်မှု ဂိုဏ်းခေါင်းဆောင် မ.အ.လ …

 

မင်းတို့တတွေ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တာ (၃)နှစ်ကျော် (၄)နှစ်အတွင်း ရောက်လာခဲ့ပြီ။ ဘယ်မှာ နိုင်ငံကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့လို့လဲ။ ပိုလို့တောင် ပြည်သူတွေရဲ့ တော်လှန်ရေးအရှိန်အဟုန်က အားကောင်းမောင်းသန် ရှိလာခဲ့တယ်မဟုတ်လား။ အဲဒီမှာ ပုရွက်ဆိတ်လောက် ဦးနှောက်ရှိတဲ့သူဆိုရင်တောင်မှ ပကတိလက်တွေ့ အခြေအနေ အနေအထားတွေကို ပြန်လည်စေ့ငု သုံးသပ်ကြည့်သင့်ပြီပေါ့ကွာ။

 

ဒါပေမဲ့ မင်းတို့က အစဉ်အဆက် အာဏာသိမ်းခဲ့တဲ့ အောင်မြင်မှုအစဉ်အလာတွေကို နမူနာယူ စံထားပြီး သေချာပေါက်ဖြစ်မြောက်ရမယ်လို့ တရားသေ တလမ်းသွား စွဲမှတ်ယူထားကြတော့လည်း အခက်သားလား…။ တကယ်တော့ ၁၉၈၈ ခုနဲ့ ၂၀၂၁ ခု နှစ်ပေါင်း (၃၀)ကျော် ပြည်သူတွေရဲ့အရွေ့ကို မင်းတို့တတွေ ထည့်သွင်းမစဉ်းစားခဲ့တာဟာ မင်းတို့ကို နှာခေါင်းကျည်ပွေ့တွေ့စေတဲ့ မဟာအမှားကြီး တရပ်ပါပဲ။

 

အေးလေ…မင်းတို့စစ်အာဏာရှင်တွေက အခြေအနေအရ ‘ ပြည်သူသာအမိ ပြည်သူသာ အဖ’ လို့ ဆိုင်းဘုတ်ပြောင်းလဲတင်ထားပေမဲ့ ‘ တပ်မတော်သာအမိ တပ်မတော်သာအဖ’ လို့သာ စွဲမှတ်ခံယူထားကြတာ မဟုတ်လား။

 

အေးလေ…မင်းတို့စစ်အာဏာရှင်တွေက အခြေအနေအရ ‘ ပြည်သူသာအမိ ပြည်သူသာ အဖ’ လို့ ဆိုင်းဘုတ်ပြောင်းလဲတင်ထားပေမဲ့ ‘ တပ်မတော်သာအမိ တပ်မတော်သာအဖ’ လို့သာ စွဲမှတ်ခံယူထားကြတာ မဟုတ်လား။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမယ်လို့ လက်ခံထားကြတဲ့ သူတွေလေ။ မင်းတို့သာ နိုင်ငံရဲ့အုပ်ချုပ်သူလူတန်းစား၊ ပြည်သူတွေဆိုတာက ထားရာနေ စေရာသွားကြရမယ့် အခိုင်းအစေ ကျွန်တွေလို့ သတ်မှတ်ထားကြတာလေ။ 

 

ခုတော့ဖြင့်…ငါတို့ပြည်သူတွေကလည်း နိုင်ငံရဲ့အားဟာ ပြည်သူရဲ့အား၊ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး လက်နက်အားကိုးနဲ့ ငါတို့ထင်ရာ ငါတို့လုပ်မယ်ဆိုတဲ့ မင်းတို့ စစ်အာဏာရှင်တွေကို ‘ဓား ဓားချင်း၊ လှံ လှံချင်း ’ဆိုတာလို ‘ သေနတ် သေနတ်ချင်း’နဲ့ နိုင်ငံတဝန်းလုံး ခုခံတော်လှန်နေကြပြီလေ…။

 

ဒီမှာ.. မင်းတို့စစ်အာဏာရှင်တွေ စွဲစွဲမြဲမြဲ သိထားကြဖို့ရာက သမိုင်းဆိုတာ မင်းတို့စစ်အာဏာရှင်တွေ ရေးထိုးကြတာမဟုတ်ဘူး၊ တို့ပြည်သူတွေကသာ ရေးထိုးကြစမြဲ ဆိုတာပါပဲ။

 

ခုဆို သိကြတဲ့အတိုင်း ရှမ်းမြောက်က စစ်ဗျူဟာကုန်းတွေ၊ နယ်ခြားကုန်သွယ်ရေးဂိတ်တွေ၊ မြို့တွေနဲ့ ကုန်သွယ်ရေး လမ်းမကြီးကိုပါ လက်လွှတ်လိုက်ရပြီ မဟုတ်ပါလား။ ပြည်လည်ရရှိဖို့ဆိုတာ အိပ်မက်ထဲတောင် မဖြစ်နိုင်တော့တဲ့ အနေအထားပါ။

 

ခုဆို သိကြတဲ့အတိုင်း ရှမ်းမြောက်က စစ်ဗျူဟာကုန်းတွေ၊ နယ်ခြားကုန်သွယ်ရေးဂိတ်တွေ၊ မြို့တွေနဲ့ ကုန်သွယ်ရေး လမ်းမကြီးကိုပါ လက်လွှတ်လိုက်ရပြီ မဟုတ်ပါလား။ ပြည်လည်ရရှိဖို့ဆိုတာ အိပ်မက်ထဲတောင် မဖြစ်နိုင်တော့တဲ့ အနေအထားပါ။ အဲဒီလိုပဲ… ကချင်၊ ချင်း၊ ကရင်နီနဲ့ ရခိုင်တို့ဘက်မှာလည်း စစ်ဗျူဟာကုန်းတွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ စ.ခတွေ ဆုံးရှုံးမှုဟာ သမိုင်းမှတ်တိုင်လို စိုက်ထူလို့လေ။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊  ပဲခူး၊ ရန်ကုန်နဲ့ တနင်္သာရီတို့ဘက်မှာလည်း အောက်ခြေအုပ်ချုပ်မှု ယန္တရားတခုလုံး ပျက်ပြားသွားပြီလေ…။ တည်ငြိမ်အောင် မစွမ်းဆောင်နိုင်တော့…။

 

အဲဒီမှာ အကြမ်းဖက်အဖွဲ့အစည်းဟာ မင်းတို့ရဲ့ အာဏာတည်မြဲမှု ယိမ်းယိုင်လာတာနဲ့ အမျှ ‘ ဆင်ကန်း တောတိုး’ ဆိုတာလို စစ်ရာဇဝတ်မှုတွေ၊ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ပြုလုပ်လာကြတော့တယ်။ ဘယ်အခြေထိ ဆိုက်ရောက်လာပြီလဲ ဆိုတော့…စစ်အာဏာရှင်တွေဟာ ပြည်သူတရပ်လုံးကို ရန်သူတွေအဖြစ် သတ်မှတ်ထားလိုက်ကြပါပြီ။ အဲဒီအချက်ဟာ ဒင်းတို့ကိုယ်ဒင်းတို့ သေတွင်းနဲ့ ကြိုးစင်ကို ရွေးချယ်လိုက်ကြတာပါပဲ။

 

တကယ်တော့ တောဟိန်းတောင် ဗျူဟာကုန်း ရရှိအောင်မြင်လိုက်ခြင်းဟာ ရခိုင်ပြည်နယ်ကို အကြမ်းဖက် အဖွဲ့အစည်း ကင်းမဲ့ဇုန် ဖြစ်သွားစေသလိုပါပဲ။ အဲဒီဗျူဟာကုန်းဟာ အင်အားထောင်ချီပြီး အခြေစိုက်ထားတဲ့ ဗျူဟာကုန်းပါ။

 

လက်ရှိအနေအထားမှာတော့ မြ၀တီသတင်းဟာ ပြည်သူအများကို စိတ်ဝင်စားစေတယ်။ ဘယ်လောက်ထိ စိတ်ဝင်စားကြသလဲဆိုတော့ ရခိုင်ဘက်က တောဟိန်းတောင် ဗျူဟာကုန်းကြီးကို သိမ်းပိုက်နိုင်လိုက်တယ် ဆိုတာကို ဖုံးလွှမ်းမတတ်ပါပဲ။ တကယ်တော့ တောဟိန်းတောင် ဗျူဟာကုန်း ရရှိအောင်မြင်လိုက်ခြင်းဟာ ရခိုင်ပြည်နယ်ကို အကြမ်းဖက် အဖွဲ့အစည်း ကင်းမဲ့ဇုန် ဖြစ်သွားစေသလိုပါပဲ။ အဲဒီဗျူဟာကုန်းဟာ အင်အားထောင်ချီပြီး အခြေစိုက်ထားတဲ့ ဗျူဟာကုန်းပါ။ ဒါကြောင့်လည်း AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က မေလကုန်မှာ ရခိုင်ပြည်နယ် လွတ်မြောက်ဒေသ ဖြစ်စေရမယ်လို့ ကြုံးဝါးနေတာပ…။

 

အဲဒီမှာ ကျောက်ဖြူရေနက်စီမံကိန်းကို တရုတ်လူမျိုး (၅၀၀)လောက် မြေတူး မြေကော်စက်တွေနဲ့အတူ ရောက်ရှိလာကြတယ် ဆိုတဲ့သတင်းလည်း ကြားသိရတယ်။ နယ်မြေခံတွေ ပြောစကားအရ လမ်းတွေ တိုးချဲ့ဖောက်လုပ်မယ် ထင်မိရဲ့။ တရုတ်လူမျိုးတွေ ရောက်ရှိလာတာဟာ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ရောက်ရှိလာကြတာလား၊ ဒါမှမဟုတ် AA ကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ထားတာဆိုတော့ AA ရဲ့ သဘော တူညီမှုနဲ့ ရောက်ရှိလာကြတာလား…၊ စိတ်ဝင်စားစရာပါ။ ပြောရရင်တော့ တရုတ်ဟာ မသာအိမ် ဖဲလာရိုက်တဲ့သူပဲလေ။ ကာယကံရှင် မသာအိမ်ရဲ့ ပူဆွေးမှု၊ နာကျင်မှုတွေကို ဘယ်မှာ နားလည်ခံစားပေးနိုင်ပါ့မလဲ။ သူ့အဖို့တော့ ဖဲနိုင်ဖို့ပဲလေ…။

 

ဒီလိုပါပဲ..လောက်ကိုင်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေက သူတို့နိုင်ငံစီးပွား ထိခိုက်လာတော့ အကြမ်းဖက်အဖွဲ့အစည်းကို တားဆီးဖို့ ပြောကြည့်တယ်။ အကြမ်းဖက် အဖွဲ့အစည်းကလည်း သူ့အတွက် အထောက်အပံ့ဖြစ်နေလေတော့ မသိကျိုးကျွံ ပြုနေလိုက်တယ်။ ဒီတော့ တရုတ်က မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ကို မီးစိမ်းပြလိုက်တဲ့အပြင် ဒရုန်းတွေကိုပါ အားဖြည့်ပေးလိုက်တယ် မဟုတ်ပါလား…။ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ ဗျူဟာကုန်းတွေ လက်လွှတ်လိုက်ရတဲ့အပြင် ဒင်းတို့လူ ပယ်ဆောက်ချိန်ကို ထိုးအပ်လိုက်ရတယ်လေ…။

 

ရွှေကုက္ကိုက အပုပ်နံ့သင်းလာတော့ NLD အစိုးရလက်ထက်မှာ စစ်ဆေးဖို့ ဖြစ်လာပါရော..။ အဲဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လက စစ်ရေးအစီအမံ ပြုလုပ်မယ့် နယ်မြေဖြစ်တယ်ဆိုပြီး တင်ပြလာလို့ စစ်ဆေးမှုတွေ ရပ်ဆိုင်းခဲ့ရတယ်။

 

ကျားဖြန့်လုပ်ငန်းတွေလည်း ရွှေကုက္ကိုကို ပြောင်းရွှေ့သွားကြရတယ်။ ရွှေကုက္ကိုဆိုတာက မြ၀တီနဲ့ (၁၀)မိုင်လောက်ဝေးတဲ့၊ ထိုင်းနိုင်ငံနဲ့ ချောင်းလောက်သာခြားတဲ့ နေရာမှာ မကောင်းမှုဒုစရိုက် လုပ်ငန်းပေါင်းစုံ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရနေတဲ့ နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီးစောချစ်သူ အပိုင်စားရရှိထားတဲ့ နယ်မြေပါ။ အဲဒီနယ်မြေကို သိန်းစိန်အစိုးရလက်ထက်က စစ်တပ်ရဲ့ တောင်းဆိုမှုအရ ခွင့်ပြုထားခဲ့တာပါ။ ရွှေကုက္ကိုက အပုပ်နံ့သင်းလာတော့ NLD အစိုးရလက်ထက်မှာ စစ်ဆေးဖို့ ဖြစ်လာပါရော..။ အဲဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လက စစ်ရေးအစီအမံ ပြုလုပ်မယ့် နယ်မြေဖြစ်တယ်ဆိုပြီး တင်ပြလာလို့ စစ်ဆေးမှုတွေ ရပ်ဆိုင်းခဲ့ရတယ်။ ပြောရရင် အဲဒီအချိန်ကတည်းက အကြမ်းဖက်ခေါင်းဆောင် မ.အ.လဟာ စောချစ်သူရဲ့ ပို့ဆွမ်းကို စားသောက်နေခဲ့တဲ့သူပါ…။

 

အဲဒီမှာ အကြမ်းဖက်အဖွဲ့အစည်းက ပယ်ဆောက်ချိန်ကို ထိုးအပ်လိုက်တော့ စောချစ်သူက BGF အဖြစ် တာဝန်မယူတော့ဘဲ သီးခြားရပ်တည်တယ်ဆိုပြီး KNA ဆိုပြီး အမည်ပြောင်းလိုက်တယ်။ မ.အ.လခမျာ နှာနုဖြတ်ကန် ခံလိုက်ရသလို ဖြစ်သွားတာပ။ နောက် KNU က သင်္ကန်းညီနောင်မှာရှိတဲ့ ခ.မ.ရ တပ်ရင်း(၃)ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြ၀တီကို ချီတက်လာတယ်။ 

 

အကြမ်းဖက်အဖွဲ့အစည်းက ဘဏ်အားလုံးရဲ့ ငွေတွေနဲ့ ဝန်ထမ်းတွေကို ထိုင်းနိုင်ငံ အကူအညီတောင်းပြီး သယ်ထုတ်သွားတယ်။ မြို့စောင့်တပ် ခ.လ.ရ(၂၇၅)လည်း နယ်ခြားတံတား အမှတ်(၂)အောက် ရောက်သွားပေါ့။

 

အကြမ်းဖက်ခေါင်းဆောင် မ.အ.လဟာ နိုင်ငံအတွက် အမှိုက်ဖြစ်သလို စောချစ်သူကလည်း ကရင်ပြည်နယ်အတွက် အမှိုက်စ တစပါပဲ။ အမှိုက်တွေကို ဖယ်ရှားပစ်ဖို့ လက်တွေလည်း စုံညီလာကြပါပြီ။ မကြာခင် ဒေသတဝှမ်း အမှိုက်ကင်းစင်နယ်မြေ ဖြစ်လာတော့မှာပါ။

 

အဲဒီ စ.ခတွေကို စောချစ်သူက ကျွေးမွေးထားတယ်။ သတ်မှတ်ရက်ရောက်သည်ထိ လက်နက်မချတော့ KNU က ဝင်တိုက်တယ်။ ပြီးတော့ အောင်ဇေယျစစ်ကြောင်းကို ဟန့်တားဖို့ဆိုပြီး တပ်တွေ ရုပ်သိမ်းသွားတယ်။ စောချစ်သူက စ.ခတွေကို ခ.လ.ရ(၂၇၅)ထဲ ပြန်ထားပေးလိုက်တယ်။ အဲဒီမှာ YSIP က အစီရင်ခံစာ ထွက်လာတယ်။ ရာပြည့် တရုတ်ကို သွားတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်လည်း တရုတ်ကို ရောက်လာတယ်။ ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းက အမေရိကန်နိုင်ငံကို အဓိက ပစ်မှတ်ထား လုပ်ကိုင်နေတယ်လို့ ဆိုတယ်။ လုပ်ကိုင်နေကြတဲ့သူတွေက တရုတ်လူမျိုးတွေ…။

 

 

ရွှေကုက္ကိုက တရုတ်၊ အမေရိကန်၊ ထိုင်းတို့နဲ့ ယှက်နွှယ်နေပြီး ကျယ်ပြန့်လာတဲ့ သဘောပါ။ ဒင်းတို့ စစ်အာဏာရှင်အတွက်တော့ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ အဲဒီမှာ တပ်ရင်းမှူးသစ်က စောချစ်သူနဲ့ တွေ့ဆုံညှိနှိုင်းသွားတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ် လာတယ်။ လူသွမ်းအချင်းချင်း ပေါင်းဖက်တွေ့ကြတဲ့ သဘောပလေ…။ ပြောရရင်တော့ အကြမ်းဖက်ခေါင်းဆောင် မ.အ.လဟာ နိုင်ငံအတွက် အမှိုက်ဖြစ်သလို စောချစ်သူကလည်း ကရင်ပြည်နယ်အတွက် အမှိုက်စ တစပါပဲ။ အမှိုက်တွေကို ဖယ်ရှားပစ်ဖို့ လက်တွေလည်း စုံညီလာကြပါပြီ။ မကြာခင် ဒေသတဝှမ်း အမှိုက်ကင်းစင်နယ်မြေ ဖြစ်လာတော့မှာပါ။

 

စစ်ဆိုတာ စီးပွားရေးအပေါ် တည်မှီနေပါတယ်။ စီးပွားရေး တောင့်တင်းမှုမရှိရင် ပြိုလဲသွားစမြဲပါပဲ။ အခုလည်း အကြမ်းဖက် ရာဇဝတ်မှုခေါင်းဆောင် မ.အ.လအနေနဲ့ စစ်လက်နက်ပစ္စည်းတွေလည်း ဆုံးရှုံးလှပါပြီ။ 

 

တကယ်တော့ စစ်ဆိုတာ စီးပွားရေးအပေါ် တည်မှီနေပါတယ်။ စီးပွားရေး တောင့်တင်းမှုမရှိရင် ပြိုလဲသွားစမြဲပါပဲ။ အခုလည်း အကြမ်းဖက် ရာဇဝတ်မှုခေါင်းဆောင် မ.အ.လအနေနဲ့ စစ်လက်နက်ပစ္စည်းတွေလည်း ဆုံးရှုံးလှပါပြီ။ စစ်စရိတ်လည်း ထောင်းလှပါပြီ။ ပြီးတော့ ယတြာအတွက် ကုန်ကျငွေတွေလည်း များလှပါပြီ။ အဲဒီမှာ စီးပွားရေးအခြေအနေကလည်း တားဆီးလို့ မစွမ်းနိုင်အောင်ထိ ကျဆင်းထိုးစိုက်သွားပြီ။ ဒီတော့ စစ်အာဏာရှင်တွေအနေနဲ့ သေလမ်းနဲ့ကြိုးစင်ကို ကြိုက်ရာလမ်းကိုသာ ရွေးချယ်ကြ ဖို့ အခွင့်အလမ်း ပေးလိုက်ပါကြောင်း…ဗျား…။

~~~~

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။