Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်ကောင်စီ တောင်စွန်းစခန်းကို KNLA/ PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၂၆ ဦး သေ၊ ၁၃ ဦး ထွက်ပြေး၊ လက်နက်မျိုးစုံ ၄၀ကျော် ရရှိ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်း ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တောင်စွန်းစခန်းကို မနေ့က မေလ ၃ရက်နေ့ မနက်ပိုင်းမှာ KNLA/ PDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ စစ်သား ၂၆ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထွက်ပြေးလွတ်မြောက်ကာ လက်နက်မျိုးစုံ အလက် ၄၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ SOF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

 

တောင်စွန်းစစ်စခန်းဟာ ကြာအင်းဆိပ်ကြီး အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ ခလရ ၂၈၃ တပ်ရင်းရဲ့ ရှေ့တန်းစခန်းတစ်ခု ဖြစ်ပြီး ခံစစ် အသေအချာ ပြင်ဆင်ထားတဲ့ စခန်းဖြစ်တာကြောင့် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ်လို့ တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ 

တောင်စွန်း စခန်းသိမ်းတိုက်ပွဲကို KNLA၊ Lion Battalion Commando စစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ Federal Wings၊ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

 

တောင်စွန်းစခန်းသိမ်း တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု (၈) ကြိမ်၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှု (၅) ကြိမ် ၊ Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု (၂၃) ကြိမ် စုစုပေါင်း လေကြောင်း တိုက်ခိုက်မှု (၃၆) ကြိမ် လုပ်ဆောင်ခဲ့ပြီး ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ပစ်ကူ အကြိမ်ကြိမ် ပေးခဲ့တဲ့ ကြားကနေ ခက်ခက်ခဲခဲ စခန်းသိမ်းနိုင်ခဲ့တာလို့ သိရပါတယ်။

 

အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် တောင်စွန်းရွာနဲ့ ဆင်ပြေးရွာ အပါအဝင် အနီးဝန်းကျင်နေရာများရှိ လူနေအိမ် ၅၀ နီးပါး ထိခိုက် ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဓာတ်ပုံ - တောင်စွန်းစခန်းမှ သိမ်းပိုက်ရရှိတဲ့ လက်နက်ခဲယမ်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ (source: SOF)
~~~~

သက်ပိုင်ဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။