Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တော်လှန်ရေးကာလထဲက အရေခြုံ မိစ္ဆာကောင်တွေ (Human Rights)

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ လူသိပ်မသိတဲ့ ကိစ္စတစ်ခုဖြစ်ခဲ့တယ်။ အဲဒါကတော့ ထောက်ပို့လုပ်ပေးပြီး ဒဏ်ရာရသူတွေနဲ့ တောထဲကနေ ဒုက္ခရောက်လာသူတွေကို မဲဆောက်မှာ နီးစပ်ရာကူညီပေးနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးအပေါ် သူကူညီပေးနေတဲ့ထဲက တစ်ယောက်က တောထဲကနေ ရောက်ရောက်ချင်းညမှာပဲ သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးစားတယ်။ စည်းရုံးတယ်။ ဒါကို အမျိုးသမီးက လက်မခံတော့ အဲဒီလူက အမျိုးသမီးနဲ့သိတဲ့ပတ်ဝန်းကျင်မှာ အမျိုးသမီးကသာ သူ့ကို တဖက်သက်အခွင့်အရေးပေးခဲ့တာဖြစ်ကြောင်း အမျိုးသမီးတစ်ယောက်ရဲ့ ကာဣန္ဒြေပျက်စီးအောင် မဟုတ်ကဟုတ်က သတင်းတွေလိုက်ဖြန့်တော့တာပါပဲ။ အဲဒီတော့ အမျိုးသမီးခမျာ ကူလည်း ကူညီရသေး၊ အလကားနေရင်းလည်း နစ်နာသူဖြစ်ရပါသေးတယ်။ မိအေး နှစ်ခါနာအခြေအနေပေါ့။

 

ပြောရရင် မြန်မာပြည်ကို သူ့လောက်ချစ်တတ်သူ မရှိ။ တော်လှန်ရေးက သူပါမှပဲ အောင်တော့မှာလိုလို စကားချိုချိုတွေနဲ့ ကေကိုကျော့နေအောင် ဖြီးတတ်သူ။ တနည်းပြောရရင်တော့ တော်လှန်ရေးအရေခြုံ မျက်ရည်ချူသမား။ 

 

အဲဒီအမျိုးသမီးနဲ့ ဒီနှစ်ဆန်းပိုင်းမှာ ဆုံဖြစ်ရင်း ထိုအမျိုးသားအကြောင်းကို စေ့ငုကြည့်တော့ ထိုသူက တောထဲရှေ့တန်းထွက်တော့လည်း ယောင်လည်လည်၊ နောက်တန်းလားဆိုတော့လည်း မဟုတ်။ အားရင် အွန်လိုင်းပေါ်ပဲ တက်နေတတ်ကာ မျက်ရည်ချူစာသားတွေနဲ့ ပို့စ်အမျိုးမျိုးပေးကာ ပလူပျံအောင်ကြူတတ်သူဆိုတာ သိလာရတယ်။ ပြောရရင် မြန်မာပြည်ကို သူ့လောက်ချစ်တတ်သူ မရှိ။ တော်လှန်ရေးက သူပါမှပဲ အောင်တော့မှာလိုလို စကားချိုချိုတွေနဲ့ ကေကိုကျော့နေအောင် ဖြီးတတ်သူ။ တနည်းပြောရရင်တော့ တော်လှန်ရေးအရေခြုံ မျက်ရည်ချူသမား။ 

 

“ကျမလည်း အဲဒီတစ်ခေါက်ကို တော်တော်မှတ်သွားတယ်။ ကိုယ်ကတော့ တောထဲက ဒုက္ခရောက်လာတယ်ဆိုတိုင်း ကိုယ့်ရဲဘော်တွေ အဆင်ပြေရေးပဲ ခေါင်းထဲထည့်ပြီး လိုအပ်တာတွေကို အိတ်စိုက်ပြီးတောင် ကူညီတဲ့အပိုင်းတွေ ရှိတယ်။ ကျမအိမ်မှာပဲ သူတို့ကို ဆေးကုရင်း အနားယူလို့ရအောင် စီစဉ်ပေးတယ်။ အစားအသောက်၊ ဆေးဝါး၊ ဖုန်းဘေကအစ ကူညီပေးတယ်။ ဒါမျိုးဖြစ်တော့ အတော်လေး ရှော့ရသွားတယ်။ 

 

တော်လှန်ရေးလုပ်နေတဲ့သူတွေကြား ဒီလိုစုန်းပြူးတွေ ပါလာတာကို ကျမအနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူး၊ ဒီလိုလူမျိုးဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားလည်း မဖြစ်နိုင်ဘူး” 

 

တော်လှန်ရေးလုပ်နေတဲ့သူတွေကြား ဒီလိုစုန်းပြူးတွေ ပါလာတာကို ကျမအနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူး၊ ဒီလိုလူမျိုးဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားလည်း မဖြစ်နိုင်ဘူး” လို့ အမျိုးသမီးက မေးရိုးကြောများတင်းနေတဲ့ကြားက စကားလုံးတွေ ထွက်ကျလာတယ်။

 

တော်လှန်ရေးထဲမှာ မိမိတစ်ကိုယ်ရေအခွင့်အရေးအတွက် တော်လှန်ရေးကို ဗန်းပြပြီး ဒီလို အရေခြုံ မျက်ရည်ချူသမားတွေ ဘယ်လောက်များ ရှိနေလိမ့်မလဲဆိုတာ ရင်လေးစရာ။ အဲဒီလိုလူမျိုးတွေကြောင့် တော်လှန်ရေးအတွက် အမှန်တကယ်အလုပ်လုပ်နေသူ ကျား/မ လူငယ်တွေအပေါ် တစ်နည်းတစ်ဖုံ အနှောက်အယှက်စေနိုင်တဲ့အခြေအနေ။ အမှန်တကယ် နစ်နာခဲ့သူအမျိုးသမီးတွေလည်း ဒီကာလရဲ့ တထောင့်တနေရာမှာ ရှိနေနိုင်ပြီး၊ ဘယ်လောက်တောင်များနေလိုက်မလဲဆိုတာကလည်း ‌မေးခွန်းထုတ်စရာ။ အမှန်တရားအတွက် တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် အသက်တွေ၊ ဘဝတွေနဲ့ လောင်းကြေးထပ်ထားရတဲ့ ဒီတော်လှန်ရေးမှာ အတိမ်းအစောင်းခံလို့ မဖြစ်။ အမျိုးသမီးတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ လက်သင့်ခံလို့မဖြစ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီထွန်းကားဖို့ဆိုရာမှာ ကိုယ့်အခွင့်အရေးတင်မက တစ်ပါးသူအခွင့်အရေးကိုလည်း မချိုးဖောက်ဖို့ လိုတယ်။ တချို့ကတော့ စစ်တပ်ပဲဖြစ်ဖြစ်၊ pdf ပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်ပဲဖြစ်ဖြစ် မတစ်ထောင်သားတွေ အုပ်ချုပ်ဖို့ ခက်တယ်တဲ့။ နွားရှေ့ထွန်ကျူးစကားတွေ ပြောကြတယ်။ တကယ်တမ်းလည်း အုပ်ချုပ်ဖို့ ခက်ခဲနိုင်ပေမယ့် လွတ်လပ်ပြီး အမှန်တရားကို တန်ဖိုးထားတဲ့၊ စည်းကမ်းရှိတဲ့ သူတစ်ပါးအခွင့်အရေးကို လေးစားတတ်တဲ့သူတွေကတော့ ဒီလို ဗရမ်းဗတာတွေ လုပ်လိမ့်မယ်မထင်။ တိုင်းပြည်သစ်ထူထောင်ဖို့ကလည်း ဒီလိုအတွေးအခေါ်နဲ့ စုန်းပြူးတွေအတွက် နေရာမရှိ။ ဒီလိုမှမဟုတ်ရင် စစ်ကောင်စီမိစ္ဆာကောင်တွေနဲ့ ဘာမှမထူး။ 

 

“တော်လှန်ရေးကာလထဲမှာ အမျိုးသမီး အကြမ်းဖက်ခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုတွေက အရင်ထက် ပိုများလာပြီး တိုင်ကြားလာတဲ့ အမှုကိစ္စတွေကလည်း အခုနှစ်မှာ ပိုများလာတယ်”

 

တော်လှန်ရေးကာလ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရှေ့နေများကောင်စီ(Burma lawyer’s Council)မှ တွဲဖက်အတွင်းရေးမှုး ဒေါ်စုလှိုင်ထွန်းက “တော်လှန်ရေးကာလထဲမှာ အမျိုးသမီး အကြမ်းဖက်ခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုတွေက အရင်ထက် ပိုများလာပြီး တိုင်ကြားလာတဲ့ အမှုကိစ္စတွေကလည်း အခုနှစ်မှာ ပိုများလာတယ်”လို့ ပြောပါတယ်။

 

နှစ်ဦးသဘောတူကြည်ဖြူရင် ပြဿနာနည်းနိုင်ပေမယ့် ကိုယ့်ကိုယ်ကျိုး၊ ကိုယ့်တစ်ကိုယ်ရေအာသာပြေဖို့အတွက် တဖက်အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေချိုးဖောက်မယ်၊ အကြမ်းဖက်စော်ကားမှုတွေ ပြုလုပ်မယ်ဆိုရင်တော့ ဒါဟာအာဏာသိမ်းစစ်တပ်ရဲ့ လမ်းစဉ်နဲ့ မခြားတော့ပါဘူး။ 

 

နွေဦးတော်လှန်ရေးလူငယ်တွေဟာ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ ဘာပဲပြောပြော တော်တော်ကြီးကို ရှေ့ရောက်တယ်၊ ရှေ့ပြေးတယ်၊ အများကြီး progressive ဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့်ပဲ ထဘီတော်လှန်ရေးဆိုပြီး အမျိုးသမီးတွေက ထဘီကို အလံလွှင့်တဲ့အခါမှာ အမျိုးသားလူငယ်တွေလည်း ဒီထဘီတော်လှန်ရေးမှာ ဝိုင်းဝန်းပါဝင်ကြတာကို တွေ့ရတယ်။

 

“နွေဦးတော်လှန်ရေး လူငယ်မျိုးဆက်က သူတို့ပြောနေတဲ့ အတွေးအခေါ်တော်လှန်ရေးကို ဘယ်လောက်အထိ သူတို့ကိုယ်တိုင်က တကယ်ကို အတွေးအခေါ်အသစ်နဲ့ တော်လှန်ရေးကို လုပ်နေလဲဆိုတာ ကြည့်ရမယ်။ ဆိုတော့ နွေဦးတော်လှန်ရေးလူငယ်တွေဟာ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ ဘာပဲပြောပြော တော်တော်ကြီးကို ရှေ့ရောက်တယ်၊ ရှေ့ပြေးတယ်၊ အများကြီး progressive ဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့်ပဲ ထဘီတော်လှန်ရေးဆိုပြီး အမျိုးသမီးတွေက ထဘီကို အလံလွှင့်တဲ့အခါမှာ အမျိုးသားလူငယ်တွေလည်း ဒီထဘီတော်လှန်ရေးမှာ ဝိုင်းဝန်းပါဝင်ကြတာကို တွေ့ရတယ်။ ဒါတွေကတော့ ဒီနွေဦးတော်လှန်ရေးကနေ မြန်မာနိုင်ငံကို အသစ်ထူထောင်မယ့် ဖက်ဒရယ်ဒီမိုကရေစီနဲ့ အားလုံးပါဝင်မယ့် အားလုံးတန်းတူမှုကို ရအောင် ကြိုးစားထူထောင်မယ်လို့ သံန္နိဌာန်ချမှုအပေါ်မှာ အားရစရာ မျှော်လင့်ချက်ကို ‌ပေးတယ်လို့ ပြောရမယ်” လို့ အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးက ငွေမောင်းသံကို ပြောပါတယ်။

 

တော်လှန်ရေးမှာ ကျရာနေရာကနေ သူတို့ယုံကြည်ချက်အတိုင်း အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ စစ်ရေး၊ နိုင်ငံရေး၊ လူထုလှုပ်ရှားမှု၊ ထောက်ပို့ စသဖြင့် ရင်‌ဘောင်တန်းပြီး တာဝန်ကို အပြည့်ယူကာ ပါဝင်နေကြတဲ့အပေါ် တော်လှန်ရေးက အမျိုးသားတွေက ၁။ တန်ဖိုးထားဖို့ လိုတယ်။ ၂။ အသိအမှတ်ပြုဖို့ လိုတယ်။ ၃။ မစော်ကားဖို့ လိုပါတယ်။ ဒါတွေဟာ အတွေးအခေါ် တော်လှန်ရေးလုပ်မယ်ဆိုတဲ့အပေါ် အမျိုးသားတွေက သူတို့အတွေးအခေါ် ဘယ်လောက်ရင့်ကျက်ကျေညက်ပြီး လမ်းကြောင်းမှန်လဲဆိုတာက သူတို့ရဲ့လုပ်ရပ်ကိုပဲ ကြည့်ရမှာပါ။

 

တော်လှန်ရေးထဲ အချိန်ကြာလာတာနဲ့အမျှ မြေပြင်ပေါ်မှာ အကြမ်းဖက်မှုတွေ၊ စော်ကားမှုတွေ၊ ကျူးလွန်မှုတွေ ဖြစ်လာတဲ့အခါ သက်ဆိုင်ရာ ဦးဆောင်သူခေါင်းဆောင်တွေအနေနဲ့ ဒီကာလထဲမှာပဲ တာဝန်ယူဖြေရှင်းပေးဖို့ လိုပါတယ်။

 

ဒါ့အပြင် တော်လှန်ရေးထဲ အချိန်ကြာလာတာနဲ့အမျှ မြေပြင်ပေါ်မှာ အကြမ်းဖက်မှုတွေ၊ စော်ကားမှုတွေ၊ ကျူးလွန်မှုတွေ ဖြစ်လာတဲ့အခါ သက်ဆိုင်ရာ ဦးဆောင်သူခေါင်းဆောင်တွေအနေနဲ့ ဒီကာလထဲမှာပဲ တာဝန်ယူဖြေရှင်းပေးဖို့ လိုပါတယ်။

 

“NUG က ၂၀၂၁ ခုနှစ်မှာ Code of Conduct တစ်ခေါက်ထွက်တယ်။ အခု သိပ်မကြာသေးခင်ကပဲ နောက်တစ်ခေါက် အသေးစိတ် ထပ်ထွက်တယ်။ ဒါပေမဲ့ ဒါက စာရွက်ပေါ်မှာ ပေါ်လစီပဲရှိလို့တော့ မရဘူး။ ဒီလိုပဲ တခြား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ NUG, PDF မဟုတ်တဲ့သူတွေအပါအဝင် အားလုံးက ရှင်းရှင်းပြောရရင် ဒီစစ်အုပ်စုနဲ့ ငါတို့နဲ့ဟာ မတူဘူးဆိုတာကို သက်သေပြရမယ့်နေရာမှာ အမျိုးသမီးတွေအပေါ်မှာ ဘယ်လိုအမြင်သဘောထားတွေနဲ့ ဘယ်လောက်ထိ ခွဲခြားဆက်ဆံပြီး ဘယ်လောက်ထိ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားအမြတ်ထုတ်နေတယ်ဆိုတာတွေအပေါ် မူတည်တယ်။ 

 

ထိပ်ပိုင်းဦးဆောင်သူတွေက စာရွက်ပေါ်မှာတင် ပေါ်လစီမထုတ်ဘဲနဲ့ လက်တွေ့တကယ်အကောင်အထည်ဖော်ဖို့ လိုပါတယ်

 

အဲဒီတော့ တော်လှန်ရေးလုပ်တဲ့သူတွေက ဒီလိုအကြမ်းဖက်တဲ့၊ လူသတ်တဲ့၊ မဒိန်းကျင့်တဲ့ မြန်မာစစ်တပ်ကို မြန်မာနိုင်ငံရဲ့ မြေပေါ်ကနေ အမြစ်ဖြတ်ဖယ်ရှားမယ်လို့ နွေဦးတော်လှန်ရေးက လူငယ်မျိုးဆက်တွေ ကြွေးကြော်ထားတယ်ဆိုရင် တာဝန်က ဘာရှိလာလဲဆိုတော့ ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ ကိုယ့်ရဲ့ကြွေးကြော်မှုအတိုင်း တော်လှန်ရေးထဲမှာ၊ တော်လှန်ရေးရဲ့ အဝန်းအဝိုင်းမှာရှိနေတဲ့ အမျိုးသမီးတွေနဲ့ သာမာန်အရပ်သားအမျိုးသမီးတွေကိုလည်း အမှန်တကယ် အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဆို‌တော့ အဲဒီကိစ္စတွေကို NUG အပါအဝင် EROs တွေ PDF တွေက ကိုယ့်ရဲ့ Code of Conduct ကို ကိုယ့်ရဲ့ တော်လှန်ရေးရဲဘော်တွေက တကယ်ကို အကောင်အထည်ဖော်ပြီး တကယ်လက်တွေ့ကျင့်သုံးဆောင်ရွက်လာအောင်၊ လက်တွေ့လိုက်နာနိုင်အောင် လုပ်ဖို့လိုတယ်။ ထိပ်ပိုင်းဦးဆောင်သူတွေက စာရွက်ပေါ်မှာတင် ပေါ်လစီမထုတ်ဘဲနဲ့ လက်တွေ့တကယ်အကောင်အထည်ဖော်ဖို့ လိုပါတယ်” လို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

 

တော်လှန်ရေးကြောင့်ဆိုပြီး မတရားမှုတွေကို ဖုံးဖိထားတာ မဟုတ်ဘဲနဲ့ တကယ်ကို ဖြေရှင်းပေးတာမျိုးတွေဖြစ်ဖို့ လိုပါတယ်။ ဒါမှပဲ တော်လှန်ရေးနိုင်သွားတဲ့အခါ နွေဦးတော်လှန်ရေးက စစ်အုပ်စုကိုတင် ဖယ်ရှားနိုင်တာမဟုတ်ဘဲနဲ့ အမြစ်တွယ်နေတဲ့ ပြည်သူလူထုနဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေရဲ့ဘဝကို အကြမ်းဖက်မှုတွေနဲ့ သံသရာလည်စေတဲ့စနစ်ကြီးတခုလုံးကို  ပြောင်းလဲနိုင်မှာပါ။ 

 

အမျိုးသမီးတွေဘက်ကလည်း ကိုယ့်ကို လာစော်ကားရင် ငြိမ်ခံမနေ၊ နှုတ်ပိတ်မနေဘဲ အမှန်တရားကို ဖွင့်ထုတ်ခွင့်ရပြီး မတရားမှုတွေလုပ်တဲ့၊ အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့သူတွေကို ဥပဒေကြောင်းအရ အပြစ်ပေးအရေးယူခံရမှုတွေ ဖြစ်စေရေးအတွက်လည်း တော်လှန်ရေးထဲက အမျိုးသမီးတွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ အားလုံးက  လက်ချင်းချိတ်ပြီး လုပ်ဆောင်ရမယ့်အရာတွေလည်း အများကြီးရှိတယ်လို့ ကျမမြင်တယ်

 

“တိုင်းပြည်ကို ဦးဆောင်သွားဖို့အတွက် စစ်အုပ်စုကို ဖယ်ရှားဖို့ တော်လှန်ရေးလုပ်နေတဲ့အချိန်မှာကတည်းက ကိုယ့်ရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေ၊ ခံယူချက်တွေဟာ လက်တွေ့မှာ မှန်ကန်နေရမယ်။ ပါးစပ်ပြောနဲ့တော့ မရဘူး။ ဒါမှသာ  နောက်ပြန်လှည့်ကြည့်လိုက်ရင် လိပ်ပြာလုံတဲ့ တော်လှန်ရေးသမားတွေ ဖြစ်မှာ။ အမျိုးသမီးတွေဘက်ကလည်း ကိုယ့်ကို လာစော်ကားရင် ငြိမ်ခံမနေ၊ နှုတ်ပိတ်မနေဘဲ အမှန်တရားကို ဖွင့်ထုတ်ခွင့်ရပြီး မတရားမှုတွေလုပ်တဲ့၊ အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့သူတွေကို ဥပဒေကြောင်းအရ အပြစ်ပေးအရေးယူခံရမှုတွေ ဖြစ်စေရေးအတွက်လည်း တော်လှန်ရေးထဲက အမျိုးသမီးတွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ အားလုံးက  လက်ချင်းချိတ်ပြီး လုပ်ဆောင်ရမယ့်အရာတွေလည်း အများကြီးရှိတယ်လို့ ကျမမြင်တယ်” လို့ ဒေါ်ခင်ဥမ္မာက ဆက်ပြောပါတယ်။

 

တရားမျှတမှုကို ဖော်ဆောင်နိုင်မှပဲ နိုင်ငံအသစ်၊ လူ့အသိုင်းအဝန်းအသစ်က မှန်မှန်ကန်ကန်နဲ့ ရေရှည်တည်တံ့တဲ့ ဖွံဖြိုးမှု၊ ငြိမ်းချမ်းမှုကို ပြည်သူအတွက် ဖော်ဆောင်ပေးနိုင်မှာဖြစ်ပြီး တကယ်တော့ နွေဦးတော်လှန်ရေးဆိုတာ တနည်းအားဖြင့် အတွေးအခေါ်တော်လှန်ရေးပဲ ဖြစ်ပါတယ်။ အဲဒီတော့ လူငယ်တွေအနေနဲ့ အမှန်တရားကိုရောက်ဖို့ ဘယ်လောက်ထိတွေးခေါ်နိုင်မလဲ၊ ဘယ်အတိုင်းအတာထိ အပြောင်းအလဲကို ဖော်ဆောင်နိုင်မလဲဆိုတာ ကိုယ်တိုင်ပဲ စစ်ဆင်ရေး စကြရမှာပါ။   ။ 

~~~~

ခေးလု

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။