အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းဆိုရှယ်မီဒီယာတွေကနေ အာဏာသိမ်းစစ်တပ်ကို ဝေဖန်ပြစ်တင်လေ့ရှိတဲ့ မြန်မာအမျိုးသမီးတွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖမ်းဆီးတာတွေအပြင် မုဒိမ်းကျင့်သတ်ဖြတ်တာ တွေလုပ်ဖို့ စစ်တပ်လိုလားသူတွေကတောင်းဆိုနေကြကြောင်း လေ့လာမှုတစ်ခုမှာတွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံကလူအများစုအသုံးပြုလေ့ရှိတဲ့ Facebook နဲ့ Telegram လိုဆိုရှယ်မီဒီယာတွေမှာ အွန်လိုင်းအသုံးပြု တဲ့ အမျိုးသမီးတွေအပေါ် ခြိမ်းခြောက်ပြောဆိုတာတွေနဲ့ပတ်သက်တဲ့ Post တွေကို ကိုယ်တွယ်ဖြေရှင်းတာမျိုး မလုပ်ဆောင်နိုင်သေးသလို အမျိုးသမီးတွေအပေါ် ရိုင်းစိုင်းတဲ့မှတ်ချက်တွေ ၊ အကြောင်းအရာတွေကို ဖယ်ရှားပေး ဖို့တောင်းဆိုချက်တွေကို အမြန်ဆုံးပြန်ပြီးတုန့်ပြန်ပေးတာမျိုးမရှိသေးဘူးလို့ လေ့လာမှုကိုဦးဆောင်ခဲ့တဲ့အဖွဲ့တစ်ခု ဖြစ်တဲ့ Myanmar Witness ကပြောပါတယ်။
လေ့လာမှုအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကအမျိုးသမီးတွေ အပေါ် နိုင်ငံရေးအရစော်ကားမှုတွေ အနည်းဆုံး ၅ ဆတိုးလာသလို တခြားနိုင်ငံတကာ ဆိုရှယ်မီဒီယာကုမ္ပဏီတွေနဲ့ ယှဥ်ရင် Telegram မှာ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထားတဲ့ ရိုင်းစိုင်းတဲ့ Post တွေပျံ့နှံ့မှုက အဆ ၅၀၀ ပိုများလာ တယ်လို့ သိရပါတယ်။
"ရိုင်းပျတဲ့ပိုစ့်အများစုကို ရေးသားဖြန့်ဝေခဲ့သူတွေက စစ်တပ်ထောက်ခံတဲ့အမျိုးသားတွေဖြစ်ပြီး အာဏာသိမ်းတာ ကိုမထောက်ခံတဲ့အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတယ်"
"ရိုင်းပျတဲ့ပိုစ့်အများစုကို ရေးသားဖြန့်ဝေခဲ့သူတွေက စစ်တပ်ထောက်ခံတဲ့အမျိုးသားတွေဖြစ်ပြီး အာဏာသိမ်းတာ ကိုမထောက်ခံတဲ့အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတယ်"လို့ Myanmar Witness ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ လနှောင်းပိုင်းကထုတ်ပြန်တဲ့အစီရင်ခံမှာ ဖော်ပြထားပါတယ်။
"အွန်လိုင်းပေါ်ကနေ အန္တရာယ်ရှိတဲ့တိုက်ခိုက်မှုတွေက အမျိုးသမီးတွေကို အကြောက်တရားကြီးထွားလာစေပြီးနဲ့ အမှန်တရားကို ထုတ်ဖော်မပြောဆိုရဲအောင်လုပ်နေတယ်"လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် "မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုတွေလို ပစ်မှတ်ထားတိုက်ခိုက်ခံရတာကနေလွတ်မြောက်ခဲ့တဲ့ အမျိုးသမီးတွေအပေါ်ကို လည်း လူတစ်ဦးချင်းဆီရဲ့ဂုဏ်သိက္ခာအပြင် ရုပ်ပိုင်းနဲ့စိတ်ပိုင်းအပေါ် ပြင်းထန်တဲ့အကျိုး သက်ရောက်မှုတွေလည်း ရှိတယ်"လို့အစီရင်ခံစာကဆိုပါတယ်။
လေ့လာမှုမှာအဓိကတွေ့ရှိခဲ့ရတာက သက်ဆိုင်ရာအမျိုးသမီးရဲ့အိမ်လိပ်စာ ၊ ဖုန်းနံပတ်နဲ့ အခြားကိုယ်ရေးကိုယ် တာအချက်တွေကို လူအများသိရအောင် အွန်လိုင်းပေါ်ထုတ်ပြန်တဲ့ပုံစံဖြစ်နေပါတယ်။ Myanmar Witness အနေနဲ့ Telegram Post ပေါင်း ၁ ဒဿမ ၆ သန်းအပါအဝင် အွန်လိုင်းပေါ်မှာ နိုင်ငံရေးအရပစ်မှတ်တိုက်ခိုက်ခံရသူတွေရဲ့ အင်တာဗျူးတွေနဲ့ ဖြစ်ရပ်တွေကိုပါ လေ့လာခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ စစ်တပ်လိုလားတဲ့အမျိုးသားတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့အမျိုးသမီးတွေဟာ စစ်အာဏာရှင်တွေနဲ့စစ်အုပ်ချုပ်ရေးဆန့်ကျင်နေတဲ့အတွက် ထင်ရှားကျော်ကြားပြီး NUG နဲ့ PDF တွေအပေါ် ထောက် ခံနေကြသူတွေလည်း ဖြစ်နေပါတယ်။
Myanmar Witness ရဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေအရ ပစ်မှတ်ထားခြိမ်းခြောက်ခံနေရတဲ့ အမျိုးသမီး ၂၈ ရာခိုင် နှုန်းကိုတော့ ပြင်ပကနေတရားလက်လွှတ် အပြစ်ပေးတဲ့အထိဆောင်ရွက်ဖို့ စစ်ကောင်စီလိုလားသူတွေက ပြတ် ပြတ်သားသားတောင်းဆိုနေကြတယ်လို့ သိရပါတယ်။
"ပစ်မှတ်ထားခြိမ်းခြောက်မှုတွေရဲ့ အားလုံးနီးပါးလောက်က အမျိုးသမီးတွေကိုဖမ်းဆီးဖို့နဲ့ ပိုင်ဆိုင်မှုတွေသိမ်းယူဖို့ စစ်ကောင်စီအာဏာပိုင်တွေကို တောင်းဆိုထားကြတယ်"
"ပစ်မှတ်ထားခြိမ်းခြောက်မှုတွေရဲ့ အားလုံးနီးပါးလောက်က အမျိုးသမီးတွေကိုဖမ်းဆီးဖို့နဲ့ ပိုင်ဆိုင်မှုတွေသိမ်းယူဖို့ စစ်ကောင်စီအာဏာပိုင်တွေကို တောင်းဆိုထားကြတယ်"လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါတွေအပြင် စစ်တပ်လိုလားတဲ့ ဆိုရှယ်မီဒီယာအသုံးပြုတွေက စစ်တပ်ကိုမထောက်ခံတဲ့အမျိုးသမီးတွေနဲ့ပတ် သက်ပြီး လိင်ပိုင်းဆိုင်ရာ သတင်းမှားတွေဖြန့်ချီနေတဲ့အပြင် ကျင့်ဝတ်သိက္ခာမရှိသူတွေ ၊ မျိုးမစစ်ဖောက်ပြန်သူ တွေ ၊ PDF နဲ့ EAO တွေကို လိင်ပိုင်းဆိုင်ရာဖျော်ဖြေပေးနေသူတွေအဖြစ်ပါ အလွန်အကျူးသရုပ်ဖော်နေတယ်လို့ လေ့လာချက်တွေအရသိရပါတယ်။
"စစ်တပ်ဆန့်ကျင်တဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီး လူ့ဂုဏ်သိက္ခာကျဆင်းစေတဲ့ လိင်ပိုင်းဆိုင်ရာစော်ကား ပြော ဆိုမှုတွေနဲ့ ပုံရိပ်တွေအသုံးပြုနေတာတွေကိုကြည့်ရင် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် အသုံးပြုခဲ့တဲ့နည်း လမ်းတွေနဲ့ ဆင်တူနေတယ်"
"စစ်တပ်ဆန့်ကျင်တဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီး လူ့ဂုဏ်သိက္ခာကျဆင်းစေတဲ့ လိင်ပိုင်းဆိုင်ရာစော်ကား ပြော ဆိုမှုတွေနဲ့ ပုံရိပ်တွေအသုံးပြုနေတာတွေကိုကြည့်ရင် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် အသုံးပြုခဲ့တဲ့နည်း လမ်းတွေနဲ့ ဆင်တူနေတယ်"လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါသေးတယ်။
Myanmar Witness အဖွဲ့က ရှာဖွေဖော်ထုတ်ခဲ့တာတွေက အဖျားအနားကလေးတွေလောက်သာရှိသေးတယ်လို့ ပြောကြားခဲ့ပြီး ပြည်သူအများစုကြည့်ရှုနိုင်တဲ့ ဆိုရှယ်မီဒီယာပို့စ်တွေအပေါ်ကိုသာ အခြေခံထားတဲ့အတွက် အခုလို လူ့အခွင့်အရေးချိုးဖောက်ခံနေတဲ့အတိုင်းအတာက အဆများစွာပိုပြီးများနိုင်တယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာ လူအများဆုံးသုံးနေတဲ့ Facebook လိုလူမှုမီဒီယာတွေက တိတိကျကျအကဲဖြတ်နိုင်ဖို့ ခက်ပါတယ်။ Facebook မဟုတ်တဲ့ သီးခြားဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ပိုစ့်တွေနဲ့ပတ်သက်ပြီး အကြောင်းအရာတွေကို မလေ့လာနိုင်သေးပါဘူး။ ဒါကြောင့်လည်း လူ့အခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ပတ်သက်ပြီး တိတိကျကျလေ့ လာနိုင်ဖို့က မဖြစ်နိုင်သေးပါဘူး။
ဆိုရှယ်မီဒီယာတွေအနေနဲ့ ပိုပြီးတာဝန်ယူမှုရှိဖို့လိုအပ်နေပြီး မြန်မာနိုင်ငံက အမျိုးသမီးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်သလို သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကားနဲ့ဖော်ပြထားတဲ့ပိုစ့်တွေကို လည်း စောင့်ကြည့်ဖို့လိုအပ်ပါတယ်။
အွန်လိုင်းအခွင့်အရေးချိူးဖောက်ခံနေရသူတွေအနေနဲ့ သက်ဆိုင်ရာအကြောင်းအရာတွေကို ခြေရာခံနိုင်ဖို့နဲ့ ဆိုရှယ်မီဒီယာလုပ်ငန်းတွေကလည်း "တန်ပြန်ဆောင်ရွက်မှုတွေ ထိရောက်စေဖို့"အတွက် အွန်လိုင်းပလက်ဖောင်း တွေက အချက်အလက်တွေ အသုံးပြုခွင့်ရှိသင့်တယ်လို့ အစီရင်ခံစာရေးသားခဲ့သူတွေကပြောပါတယ်။
အခုလို အွန်လိုင်းအခွင့်အရေးချိူးဖောက်ခံနေရသူတွေအနေနဲ့ သက်ဆိုင်ရာအကြောင်းအရာတွေကို ခြေရာခံနိုင်ဖို့နဲ့ ဆိုရှယ်မီဒီယာလုပ်ငန်းတွေကလည်း "တန်ပြန်ဆောင်ရွက်မှုတွေ ထိရောက်စေဖို့"အတွက် အွန်လိုင်းပလက်ဖောင်း တွေက အချက်အလက်တွေ အသုံးပြုခွင့်ရှိသင့်တယ်လို့ အစီရင်ခံစာရေးသားခဲ့သူတွေကပြောပါတယ်။ လူ့အခွင့် အရေးချိုးဖောက်မှုနဲ့ ခြိမ်းခြောက်မှုတွေကိုတိုင်ကြားလာတဲ့အခါ လူမှုကွန်ရက်မီဒီယာကုမ္ပဏီတွေက သက်ဆိုင်တဲ့ ပိုစ့်တွေကိုဖယ်ရှားတဲ့အခါမှာ အမြန်ဆုံးဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ Myanmar Witness မှာဖော်ပြထားပါ တယ်။
ဖော်ပြခဲ့တဲ့အစီရင်ခံစာမှာ ထပ်ပြီးဖော်ပြချက်အရ Myanmar Witness က Telegram နဲ့ Meta အနေနဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ကစပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့ပိုစ့်အများစုကို ဖယ်ရှားခဲ့ပြီး စုံစမ်းစစ်ဆေးနိုင်မယ့်လမ်းကြောင်းတွေ ကိုလည်း ခြေရာခံနေတယ်လို့သိရပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။