“အဲဒီကာလတွေဟာ ကျမဘဝမှာ ဘယ်တော့မှ ပြန်မရောက်ချင်တဲ့ နေ့ရက်တွေပါပဲ၊ တစ်နေ့ချင်းစီကို စိတ်ဆင်းရဲမှုပေါင်းစုံနဲ့ မနည်းဖြတ်ကျော်ခဲ့ရတယ်”လို့ လမ်းတဝက်မှာတင် လေထဲ အေးခဲသွားတဲ့အကြည့်တွေနဲ့ အသက် ၄၀ အရွယ် ဒေါ်သင်းသင်းလဲ့က ပြောပါတယ်။
သွေးဆိုးတတ်တဲ့ ခင်ပွန်းဖြစ်သူက မဲဆောက်ရဲ့ နေ့စဉ်ဘဝမွန်းကျပ်မှုထဲမှာ အသားမကျတာတွေ၊ စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခက်အခဲတွေကြောင့် မိသားစုကို ရံဖန်ရံခါ ပြဿနာလုပ်ရာကနေ တဖြည်းဖြည်း ပိုမိုဆိုးဝါးလာခဲ့တယ်။
ခင်ပွန်းသည်က CDM တစ်ဦးဖြစ်ပြီး မဲဆောက်ကို ရောက်တာ အချိန်ကာလ ၂ နှစ်နီးပါးရှိနေပြီ။ ဒေါ်သင်းသင်းလဲ့တို့မိသာစုမှာက သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်။ နဂိုကတည်းက သွေးဆိုးတတ်တဲ့ ခင်ပွန်းဖြစ်သူက မဲဆောက်ရဲ့ နေ့စဉ်ဘဝမွန်းကျပ်မှုထဲမှာ အသားမကျတာတွေ၊ စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခက်အခဲတွေကြောင့် မိသားစုကို ရံဖန်ရံခါ ပြဿနာလုပ်ရာကနေ တဖြည်းဖြည်း ပိုမိုဆိုးဝါးလာခဲ့တယ်။ ပြဿနာအသေးအမွှားတွေကို ပုံကြီးချဲ့ပြောဆိုလာတာ၊ မိသားစုကို ညနက်သန်းခေါင်ထိ ပြစ်တင်ဆဲဆိုမှုတွေ လုပ်လာတာ ခပ်စိပ်စိပ် ဖြစ်လာတယ်။
အဓိကတော့ သူမအရင်အိမ်ထောင်နဲ့ရတဲ့ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို အမျိုးအမျိုးပြဿနာ ရှာလာခြင်းပင်။ တကယ်က ကလေးတစ်ယောက်နဲ့ ဒေါ်သင်းသင်းလဲ့ကို သူသိသိရက်နဲ့ လက်ထပ်ခဲ့တာပါ။ ခုကျမှ သူ့သားနဲ့ ကျောင်းတကျောင်းတည်း တက်တာကို မကြိုက်။ စာအုပ်တွေ မီးရှို့ပစ်တယ်။ တစ်ခုခုဖြစ်ရင် “နင့်သမီးကြောင့်..”ဆိုကာ ရမယ်ရှာ ရန်ဖြစ်တယ်။ မခံမရပ်နိုင်ဖြစ်အောင် စကားနာတွေ ထိုးတယ်။ ဒေါ်သင်းသင်းလဲ့ကို တွေ့တဲ့သူနဲ့ ပေးစားပြီး မကြားဝံ့မနာသာတွေ ဆဲတယ်။ အလုပ်လုပ်ရင် သူမကို ဘယ်တော့မှ စျေးဖိုးမပေး။
သူမ ရောက်သည့်နေရာတိုင်း အော်ကြီးဟစ်ကျယ် လိုက်အရှက်ခွဲခံရတယ်။ မူးရူးပြီး ပြဿနာ လိုက်ရှာတာ ခံရတယ်။ တစ်ယောက်တခွန်း စကားများကြပြီး နောက်ဆုံး သူမလည်ပင်းကို တင်းတင်းညှစ်တာ ခံလိုက်ရတယ်။ သူမ ဆေးရုံ ၂ ရက် တက်လိုက်ရတယ်။
သူမဟာ ပန်းကန်ဆေး၊ အဝတ်ခေါက်၊ ငပိထောင်းဘူးတွေလိုက်ရောင်းနဲ့ ရရာအလုပ်လုပ်ပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းရတယ်။ ပြဿနာရှာခံရတဲ့ ရက်တွေ ညတိုင်းနီးပါးဖြစ်လာတယ်။ အချိန်တွေ လပေါင်းများစွာ ကြာသွားတယ်။ နောက်ဆုံးတော့ သမီးလက်ကို ဆွဲပြီး အိမ်ပေါ်က ဆင်းလာခဲ့တယ်။ သားကိုလည်း တနေ့တော့ ရအောင်ခေါ်မယ်လို့ စိတ်ထဲ တေးထားလိုက်တယ်။ သို့သော် ဒေါ်သင်းသင်းလဲ့ရဲ့ ဝဋ်ကြွေးက ဒီမှာတင် မပြီး။ သူမ ရောက်သည့်နေရာတိုင်း အော်ကြီးဟစ်ကျယ် လိုက်အရှက်ခွဲခံရတယ်။ မူးရူးပြီး ပြဿနာ လိုက်ရှာတာ ခံရတယ်။ တစ်ယောက်တခွန်း စကားများကြပြီး နောက်ဆုံး သူမလည်ပင်းကို တင်းတင်းညှစ်တာ ခံလိုက်ရတယ်။ သူမ ဆေးရုံ ၂ ရက် တက်လိုက်ရတယ်။
“မိန်းမတွေ ဘာကြောင့် ယောကျ်ားတွေဆီမှာ အနှိပ်စက်ခံရမှာလဲ၊ သူများနိုင်ငံမှာ တရားမဝင် နေထိုင်ရပြီး သားသမီးတွေ မျက်နှာကြောင့် သည်းခံနေရပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျမရော၊ ကျမကလေးတွေပါ ထိခိုက်လာတယ်။ ကျမ ရအောင် ကွာရှင်းမယ်” လို့ အံကိုတင်းတင်းကြိတ်ရင်း သူမ အေးစက်စွာပြောပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုတွေမှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်၊ ကိုယ်ထိလက်ရောက် အကြမ်းဖက် စသဖြင့် အမျိုးမျိုးရှိပြီး ကျေးလက်မြို့ရွာမရွေး၊ လူမျိုးဘာသာ၊ တိုင်းရင်းသားမရွေး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အိမ်တွင်းအကြမ်းဖက်ဆိုတာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အခြေအနေ မဟုတ်ဘဲ ရေရှည်ဖြစ်ပေါ်နေတဲ့ အကြောင်းရင်း၊ အဖြစ်အပျက်တွေ အများကြီး မြစ်ဖျားခံနေမှာပါ။
ဒီကာလမှာ ရုန်းကန်ရတာခြင်းအတူတူ အမျိုးသားတွေဟာ ဘာကြောင့် သူတို့ရဲ့ dark side ကို မိသားစုဝင်တွေဆီ ပုံချရတာလဲ။
ဒေါ်သင်းသင်းလဲ့လို အိမ်တွင်းအကြမ်းဖက်ခံရသူတွေ ဒီကာလထဲ ဘယ်လောက်များနေလိမ့်မလဲ။ ဒီကာလမှာ ရုန်းကန်ရတာခြင်းအတူတူ အမျိုးသားတွေဟာ ဘာကြောင့် သူတို့ရဲ့ dark side ကို မိသားစုဝင်တွေဆီ ပုံချရတာလဲ။ မေးခွန်းထုတ်စရာပါ။ ယခင်ကထက်စာရင် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်စဉ်ပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာပြီး တော်လှန်ရေးကြောင့် နယ်စပ်ဘက်ကို ရောက်ရှိလာသူတွေမှာ ပိုမိုတွေ့လာရတယ်လို့ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ(Burma lawyer’s Council)မှ တွဲဖက်အတွင်းရေးမှုးဖြစ်သူ ဒေါ်စုလှိုင်ထွန်းက ငွေမောင်းသံကို ပြောပါတယ်။
“ဒီလိုဖြစ်တာက သူတို့ရဲ့ ဒီ .... ပြောင်းလဲသွားတဲ့ ဘဝအခြေနေပေါ်မှာ အများကြီး မူတည်မယ်လို့ ထင်ပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေက ဟို... အရင်ကအခြေအနေနဲ့ အရမ်းကွာခြားသွားတယ်လေ။ အဲဒီလို ကွာခြားလာတဲ့ဒါဏ်ကို မခံနိုင်တော့တာပေါ့။ မခံနိုင်တော့ စိတ်ထွက်ပေါက်အနေနဲ့ ကိုယ်နဲ့နီးတဲ့သူတွေအပေါ် ပေါက်ကွဲဒေါသထွက်ရာကနေ အိမ်တွင်းအကြမ်းဖက်တာတွေ ပိုဖြစ်လာတယ်လို့ ယူဆပါတယ်။ ဒါလည်း ကျမတို့ဆီက စာရင်းအရ သုံးသပ်ပြောဖြစ်တာပါ။ ကျမတို့ မသိနိုင်တာတွေလည်း ရှိနေဦးမှာပါ”လို့ ၎င်းက ပြောပါတယ်။
တရားဝင် လက်ထပ်ထားသူ အိမ်ထောင်သည်တွေသာမက ဒီကာလမှာ လက်မထပ်ဘဲ အတူပေါင်းသင်းနေထိုင်ရာက အကြမ်းဖက်ခံရသူ၊ နစ်နာသူအမျိုးသမီးတွေလည်း တိုင်ကြားမှု တွေများလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကနေ ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ Burma lawyer’s Council ကို တိုင်ကြားလာတဲ့ အိမ်တွင်းအကြမ်းဖက်မှု case ပေါင်း ၂၀ ကျော်ရှိပြီး ယခု မတ်လတွင်းမှာတော့ case ပေါင်း ၃၀ ဝန်းကျင်ထိ ရှိလာတယ်လို့ သိရပါတယ်။
“တချို့ အိမ်တွင်းအကြမ်းဖက်တွေဆို ကိုယ်ထိလက်ရောက် ပြင်းပြင်းထန်ထန်ကျူးလွန်တာတွေ ရှိတယ်။ ဒီလို case မျိုးမှာဆို အမျိုးသားက domestic violence ဆိုတာထက် crime ဘက်ကို ရောက်သွားတာပေါ့”
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်နှုန်းဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (သို့) စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံတွေ့ခံစားနေတယ်လို့ ဆိုပါတယ်။
“တချို့ အိမ်တွင်းအကြမ်းဖက်တွေဆို ကိုယ်ထိလက်ရောက် ပြင်းပြင်းထန်ထန်ကျူးလွန်တာတွေ ရှိတယ်။ ဒီလို case မျိုးမှာဆို အမျိုးသားက domestic violence ဆိုတာထက် crime ဘက်ကို ရောက်သွားတာပေါ့” လို့ ဒေါ်စုလှိုင်ထွန်းက ဆက်ပြောပါတယ်။
အိမ်တွင်းအကြမ်းဖက်ခံရသူတွေဟာ သူတို့ကိုယ်တိုင် လူတောမတိုး၊ သိမ်ငယ်နေတတ်ကြပြီး သားသမီးတွေအထိ စိတ်ပိုင်းဆိုင်ရာ ညစ်ထေးစေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါ့အပြင် အနှိပ်စက်ခံ၊ အနိုင်ကျင့်ခံနေရတာကို ရှက်စရာတစ်ခုအဖြစ်မြင်တတ်ကြကာ ငါ့ကို ကူညီမယ့်သူ ရှိမှာမဟုတ်ဘူးဆိုတဲ့ အသိနဲ့ အများနဲ့မဆိုင်တဲ့ မိသားစုကိစ္စပါဆိုပြီး ပတ်ဝန်းကျင် သိမှာကိုလည်း အရှက်အကြောက်ကြီးနေတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ တစ်ဦးတယောက်ထဲနဲ့ဆိုင်တဲ့ မိသားစုကိစ္စမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ရော community တစ်ခုလုံးနဲ့ပါ သက်ဆိုင်တယ်ဆိုတာ သတိချပ်ရမှာပါ။ အထူးသဖြင့် မဲဆောက်မှာ အထောက်အထားမဲ့ဆိုရင်တော့ ပိုပြီး သတိထားရမှာဖြစ်ပါတယ်။
“အိမ်တွင်းအကြမ်းဖက်ဆိုတာ ဥပဒေအရ အရေးယူလို့ရတဲ့ ကိစ္စပါ။ ဥပဒေအရလည်း အကာအကွယ်ပေးပြီးသားဖြစ်တယ်။ ကူညီပေးမယ့်သူတွေလည်း ရှိတဲ့အတွက် ဒီအတိုင်း ငြိမ်ခံမနေကြပါနဲ့၊ သတ္တိရှိဖို့ လိုအပ်ပြီး ရဲရဲထုတ်ဖော်ပြောဖို့လည်း လိုပါတယ်”
အိမ်တွင်းအကြမ်းဖက်မှုတွေဟာ ဥပဒေက အရေးယူနိုင်တဲ့ကိစ္စရပ်တွေဖြစ်ပြီး ကူညီတဲ့ အဖွဲ့အစည်းတွေလည်းရှိတာကြောင့် ငြိမ်ခံပြီး ရှောင်ပုန်းမနေဘဲ ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုသင့်ပြီး ရှောင်ပုန်းနေတာကသာ ကျူးလွန်သူတွေကို ပိုပြီး အခွင့်အရေးပေးရာရောက်တယ်လို့ အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဒေါ်သူဇာခင်က ပြောပါတယ်။
“အိမ်တွင်းအကြမ်းဖက်ဆိုတာ ဥပဒေအရ အရေးယူလို့ရတဲ့ ကိစ္စပါ။ ဥပဒေအရလည်း အကာအကွယ်ပေးပြီးသားဖြစ်တယ်။ ကူညီပေးမယ့်သူတွေလည်း ရှိတဲ့အတွက် ဒီအတိုင်း ငြိမ်ခံမနေကြပါနဲ့၊ သတ္တိရှိဖို့ လိုအပ်ပြီး ရဲရဲထုတ်ဖော်ပြောဖို့လည်း လိုပါတယ်” လို့ ၎င်းက ပြောပါတယ်။
အိမ်တွင်းအကြမ်းဖက် အတော်များများမှာ ကလေးတွေရဲ့အဖေတွေ၊ လက်တွဲဖော်တွေ ဖြစ်တာကြောင့် ဥပဒေကြောင်းအရ မသွားချင်ကြဘဲ သူတို့အနေနဲ့ လက်ရှိအခြေအနေကနေ ရုန်းထွက်နိုင်ဖို့ကိုပဲ ဦးစားပေးချင်သူတွေ များနေတယ်လို့ သိရပါတယ်။
အိမ်တွင်းအကြမ်းဖက်နဲ့ပတ်သတ်ပြီး တချို့က သေချာမသိပဲ တိုင်ရင် ပိုက်ဆံကုန်မယ်၊ တရားဝင် လက်မှတ်မရှိရင်လည်း ဘယ်သူမှ မကူညီနိုင်ဘူး စတဲ့ သတင်းအချက်အလက်အမှားတွေ ပေးတတ်ကြပါတယ်။
အိမ်တွင်းအကြမ်းဖက်နဲ့ပတ်သတ်ပြီး တချို့က သေချာမသိပဲ တိုင်ရင် ပိုက်ဆံကုန်မယ်၊ တရားဝင် လက်မှတ်မရှိရင်လည်း ဘယ်သူမှ မကူညီနိုင်ဘူး စတဲ့ သတင်းအချက်အလက်အမှားတွေ ပေးတတ်ကြပါတယ်။ ဒီအချက်ကပဲ အမျိုးသမီးတွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မတိုင်ရဲတဲ့ အဓိကအကြောင်းရင်းတစ်ရပ်လည်း ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။
Burma Lawyer’s Council အနေနဲ့ အိမ်တွင်းအကြမ်းဖက်လို case တွေကို ဥပဒေကြောင်းအရရော၊ စိတ်ပိုင်းဆိုင်ရာ mental health အရပါ အခမဲ့ ကူညီဖြေရှင်းပေးပြီး လိုအပ်ရင်လည်း တရားစွဲဆိုပေးတယ်လို့ သိရပါတယ်။ ရပ်ရွာလူကြီးတွေ၊ community leader တွေနဲ့ စုပေါင်းဖြေရှင်းပေးပြီး ဖြေရှင်းဖို့ ခက်ခဲတဲ့အမှုကိစ္စတွေမှာလည်း ထိုင်းနိုင်ငံရဲ့ အဖွဲ့အစည်းဖြစ်တဲ့ စူဝါနမစ်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
“အကြမ်းဖက်မှုတစ်ခုဖြစ်ရင် အမျိုးသားကို အရေးယူတယ်ဆိုတာထက် ဒီအမျိုးသမီးကို သူ့ဘဝသူ ရပ်တည်နိုင်ဖို့၊ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ဖို့၊ ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ဖို့၊ ကိုယ်တိုင် ရုန်းထွက်ဖို့၊ အမျိုးသမီးတွေအနေနဲ့ ပိုပြီး Empowerment ဖြစ်စေဖို့ အဓိကအရေးကြီးပါတယ်။ ဒီအတွက်လည်း လိုအပ်တဲ့ အသိပညာပေးမှုတွေ၊ counselling တွေ လုပ်ပေးပါတယ်” လို့ တွဲဖက်အတွင်းရေးမှုး ဒေါ်စုလှိုင်ထွန်းက ပြောပါတယ်။
ကိုယ်ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ဖို့၊ ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ဖို့လည်း လိုအပ်တဲ့အပြင် တော်လှန်ရေးကာလဖြစ်နေလို့၊ ကိုယ့်နိုင်ငံ မဟုတ်လို့ဆိုပြီး ဒုက္ခတွေကို ခါးစည်းခံစရာလည်း အကြောင်းမရှိပါဘူး။ မဟုတ်ရင်တော့ မုန့်လုံးစက္ကူကပ်သလို အကြမ်းဖက်မှုသံသရာက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။
အမျိုးသမီးတွေအနေနဲ့ ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့အတွက် အသိပညာလိုအပ်ပြီး ကိုယ်တိုင်အလုပ်လုပ်၊ ဝင်ငွေရှာနိုင်ဖို့လည်း လိုပါတယ်။ ကိုယ်ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ဖို့၊ ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ဖို့လည်း လိုအပ်တဲ့အပြင် တော်လှန်ရေးကာလဖြစ်နေလို့၊ ကိုယ့်နိုင်ငံ မဟုတ်လို့ဆိုပြီး ဒုက္ခတွေကို ခါးစည်းခံစရာလည်း အကြောင်းမရှိပါဘူး။ မဟုတ်ရင်တော့ မုန့်လုံးစက္ကူကပ်သလို အကြမ်းဖက်မှုသံသရာက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ အဲဒီသံသရာ မပြီးသေးသရွေ့လည်း အမျိုးသမီးတွေဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာ ပြည့်ဝမှုကို ဘယ်တော့မှာ မြင်တွေ့ခွင့်ရမှာ မဟုတ်ပါဘူး။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။