Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြည်လိုက်ကြစမ်း.. ကိန်..ကိန်..လို့ (Opinion)

ဟေ့ကောင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ …

 

‘ မြင်းနေရာ ခွေးဝင်ရင် ဝါးရင်းတုတ်ပဲ ရမယ် ’ ဆိုတဲ့စကား ကြားဖူးရဲ့မဟုတ်လား။ အရည်အချင်းမရှိဘဲ ပွဲလယ်တင့်ချင်တဲ့သူတွေအဖို့ အသိအမှတ်ပြုမခံရဘဲ ကဲ့ရဲ့ပြစ်တင်ခြင်းသာ ရရှိခံစားရလိမ့်မယ်ဆိုတဲ့ သဘောပေါ့ကွာ။ အခုလည်း မင်းဦးဆောင်တဲ့ အကြမ်းဖက် အဖွဲ့အစည်းဟာ ဉာဏ်လေးတထွာတမိုက်နဲ့ သမ္မတရာထူး ယူထားချင်သူနဲ့၊ ဝန်ကြီး ရာထူး ရယူကြတဲ့သူတွေနဲ့ဆိုတော့ အသိအမှတ်ပြုခြင်းခံရဖို့ နေနေသာသာ ပြည်သူတွေရဲ့ တံတွေးခွက်မှာ မရှုမလှကြီး မြင်မကောင်းရှုမကောင်းကို ပက်လက်မျောနေကြပြီ မဟုတ်လား။

 

မင်းတို့အတွေးအခေါ်တွေက လွတ်လပ်စွာပျံသန်းနေကြတဲ့ ငှက်လေးတွေ တောင်ပံညောင်းရှာပေရော့မယ်၊ မပျံမသန်း အေးအေးဆေးဆေး နေရအောင် လှောင်ချိုင့်ထဲ ထည့်ထားမှ ဖြစ်မယ်ဆိုတဲ့ ငှက်ခတ်သမားရဲ့ အတွေးအခေါ်လိုမျိုးပါကွာ…။

 

ဘယ်သူမပြု မိမိမှု၊ ကိုယ်လုပ်တဲ့ကံ ကိုယ်သာခံတယ်ကွ…။ တကယ်တော့ အခုလို နိုင်ငံတဝှမ်း တိုက်ပွဲတွေဖြစ်နေကြတာ၊ ပြည်သူ့အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတာ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေ ဖြစ်နေကြရတာ၊ ပြည်သူ့ဘ၀တွေ လုံခြုံမှု ကင်းမဲ့နေကြတာတွေဟာ မင်းတို့ စစ်အာဏာရှင်တွေ လက်နက်အားကိုးနဲ့ နိုင်ငံတော် အာဏာကို အဓမ္မသိမ်းပိုက်ယူလိုက်တဲ့ အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေ မဟုတ်ပါလား။ အဲဒီမှာ မင်းတို့ စစ်အာဏာရှင်တွေက နိုင်ငံတော်ရဲ့အာဏာကို မတရားသဖြင့် မဲမသမာမှုတွေပြုလုပ်ပြီး ရယူချင်တာကြောင့် တိမ်းစောင်းသွားတဲ့ ဒီမိုကရေစီကို ပြည်လည်တည့်မတ်ပေးလိုတဲ့စေတနာနဲ့ မလွှဲမရှောင်သာ အာဏာသိမ်းလိုက်ရတယ်လို့ မှတ်ယူထားကြတယ်။

 

မင်းတို့အတွေးအခေါ်တွေက လွတ်လပ်စွာပျံသန်းနေကြတဲ့ ငှက်လေးတွေ တောင်ပံညောင်းရှာပေရော့မယ်၊ မပျံမသန်း အေးအေးဆေးဆေး နေရအောင် လှောင်ချိုင့်ထဲ ထည့်ထားမှ ဖြစ်မယ်ဆိုတဲ့ ငှက်ခတ်သမားရဲ့ အတွေးအခေါ်လိုမျိုးပါကွာ…။

 

မင်းတို့ရဲ့ Standard Army ကြီးကို ပြည်သူ့အင်အား အားကိုးနဲ့ တူးမီးသေနတ်လေးတွေနဲ့ စွန့်စွန့်စားစား တော်လှန် တိုက်ပွဲဝင်ခဲ့ကြတာပ။ ဒီ သုံးနှစ်ကျော် ခက်ခဲကြမ်းတမ်းလှတဲ့ ကာလတွေအတွင်း အပြစ်မဲ့ပြည်သူတွေ အသက်တွေ ပေးဆပ်ခဲ့ကြရတယ်။ ဘ၀တွေ အလဲလဲ အပြိုပြို ဖြစ်ခဲ့ကြတယ်။

 

ဒီမှာ ဒို့ပြည်သူတွေက တခါသေဖူးရုံမက နှစ်ခါသေခဲ့ဖူးခဲ့ပြီမို့ ခေါင်းပျဉ်ဖိုးမက အသုဘစရိတ်ကိုလည်း နားလည်နေခဲ့ကြပြီလေ။ သုံးခါသေကြရမယ်ဆိုရင်တော့ နေအိမ်ရောင်းကြရတော့မယ်ဆိုတာ ကြိုတင်သိနေကြပြီလေ။ ဒါကြောင့် မင်းတို့ရဲ့ Standard Army ကြီးကို ပြည်သူ့အင်အား အားကိုးနဲ့ တူးမီးသေနတ်လေးတွေနဲ့ စွန့်စွန့်စားစား တော်လှန် တိုက်ပွဲဝင်ခဲ့ကြတာပ။ ဒီ သုံးနှစ်ကျော် ခက်ခဲကြမ်းတမ်းလှတဲ့ ကာလတွေအတွင်း အပြစ်မဲ့ပြည်သူတွေ အသက်တွေ ပေးဆပ်ခဲ့ကြရတယ်။ ဘ၀တွေ အလဲလဲ အပြိုပြို ဖြစ်ခဲ့ကြတယ်။ မင်းတို့ စစ်အာဏာရှင်တွေဟာ မင်းတို့အာဏာ တည်တံ့ခိုင်မြဲဖို့အတွက် ပြည်သူတွေအပေါ် ပက်စက်ယုတ်မာစွာ အစွမ်းကုန် နှိမ်နင်းခဲ့ကြတယ်။

 

ဒါပေမဲ့ ပြည်သူတွေရဲ့အင်အားဆိုတာ ၀ရဇိန်လက်နက်နဲ့တောင် ဖြိုခွဲလို့ ရတာမှ မဟုတ်ပဲ။ ခုတော့ မင်းတို့အနေနဲ့ ပြည်နယ်တွေမှာ စစ်ဗျူဟာကုန်းတေ ဆယ်ချီပြီး လက်လွှတ်ဆုံးရှုံး၊ စ.ခတွေလည်း သေလိုက်ကြတာ အတုံးအရုံး မဟုတ်လား။ မြို့တွေလည်း ဆယ်ချီပြီး လက်လွှတ်လိုက်ရပြီလေ။ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားကြတဲ့ စ.ခ၊ ရ.ခတွေကလည်း အကြမ်းဖက်အဖွဲ့အစည်း ရှုံးနိမ့်နေပြီဖြစ်ကြောင်း နိုင်ငံတကာကို ထုတ်ဖော်ပြသနေသလိုပါပဲ။ ပြီးတော့ ဒင်းတို့အတွက် ဝင်ငွေအထောက်အပံ့ဖြစ်စေတဲ့ နယ်ခြားဂိတ်တွေလည်း ဆုံးရှုံးကုန်ပြီလေ။ အရှက်မရှိ သုံးဆယ်လောက်တော့ ပေးပါလို့ ခယတောင်းဆို နေသေးတာတဲ့…။

 

ဟော… မြ၀တီမြို့ကို ဆုံးရှုံးတော့မယ်ဆိုတော့ ဒု.ချုပ်စိုးဝင်းကိုယ်တိုင် မော်လမြိုင် ရ.တ.ခ သွားပြီး ကြီးကြပ်ကွပ်ကဲသတဲ့။ အဲဒီမှာ ကာမီကာဇေနဲ့ မိတ်ဆက်ပေးလိုက်တဲ့အခါ စိုးဝင်းခမျာ အသက်မသေပေမဲ့ လူစဉ်မမီ ဖြစ်သွားရှာသတဲ့။ သေတယ်ဆိုတဲ့သတင်းထက် ဝမ်းသာစရာကောင်းတဲ့ သတင်းပါပဲ။ ဟုတ်တယ်လေ…။ ဘ၀တလျှောက်လုံး ဒုက္ခိတဘ၀နဲ့ ဖြတ်သန်းသွားပေရော့။ အဲဒါ ကံနာမဟုတ်ဘူး… ဝဋ်နာ…။

 

ဓားစာခံ ဖြစ်သွားရှာကြတဲ့ သူတွေကတော့ မန္တလေးတိုင်း စစ်တိုင်းမှူးနဲ့ ဒေသဆိုင်ရာ ရဲမှူးကြီးတို့ပါပဲ။ တွေ့ပြီမဟုတ်လား။ တသက်လုံး ဘောမလာခဲ့ကြပေမဲ့ တချက်လေးလက်ကျဉ်လို့ လစ်ဟာသွားတာနဲ့တပြိုင်နက် မင်းတို့ မိသားစု ဘေးတွေ့ကြရပြီ မဟုတ်လား…။

 

ဒီမယ်.. အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ…။ မင်းလည်း နှစ်မကူးခင် ဘ၀ကူးသွားလောက်ပြီလို့ ထင်မှတ်ထားတာ…။ ရှော့တိုက်ဒုံး သုံးဆယ်လောက်နဲ့ ပစ်ခတ်တိုက်ခိုက် ခံရတာတောင် လွတ်မြောက်သွားတယ်။ ဓားစာခံ ဖြစ်သွားရှာကြတဲ့ သူတွေကတော့ မန္တလေးတိုင်း စစ်တိုင်းမှူးနဲ့ ဒေသဆိုင်ရာ ရဲမှူးကြီးတို့ပါပဲ။ တွေ့ပြီမဟုတ်လား။ တသက်လုံး ဘောမလာခဲ့ကြပေမဲ့ တချက်လေးလက်ကျဉ်လို့ လစ်ဟာသွားတာနဲ့တပြိုင်နက် မင်းတို့ မိသားစု ဘေးတွေ့ကြရပြီ မဟုတ်လား…။ ဒါပဲကွ…စစ်အာဏာရှင်ဆိုတာ သူ့အကျိုး တခုတည်းကိုသာ ရှေ့ရှုတာ၊ ဘယ်သူ့ကိုမှ ထောက်ညှာတာ မဟုတ်ဘူးရယ်…။

 

ဒီမှာ.. ဒင်းလည်း ကမူးရှူးထိုးနဲ့ ကြောက်လန့်တကြားနဲ့ ထွက်ပြေးလိုက်တာ.. ဘယ်ပြေးလို့ပြေးရမှန်းမသိတဲ့ ရွာဆော်ကြီးခွေးလို ဖြစ်နေသေးတာတဲ့။ နောက်တော့ တပ်အင်အားကောင်းတဲ့ မိတ္ထီလာမှာ ပုန်းလျှိုးကွယ်လျှိုး ဝင်အိပ်သွားတယ်ဆိုလားပဲ။ နောက်နေ့မှ ၀စီပိတ်ဆီသွားပြီး ယတြာတောင်းရရှာသတဲ့။ ကိုယ်စွမ်းကိုယ်စညံ့ပြီး အရည်အချင်းမရှိတဲ့သူဟာ အလွန်အမင်း ဗေဒင်ယတြာတွေ ယုံကြည်တတ်လေ့ ရှိကြတယ်…။ ပမာ.. မ.အ.လ ကောင်မျိုး ဆိုပါတော့။

 

ပြည်သူသန်းငါးဆယ်ကျော်လောက်က ဆန့်ကျင်တော်လှန်နေကြလို့ပါဘုရား..။ ပြည်သူငါးဆယ့်တသန်းရှိတာ သန်းငါးဆယ်ကျော် က ဆန့်ကျင်နေတယ်ဆိုတော့.. ဒကာဟာ အမှိုက်ဖြစ်နေလို့ပေါ့။ ဒီတော့ အဲဒီအမှိုက်ကို ငါကိုယ်တိုင် ဆယ်တော်မူပေးပြီး လွှင့်ပစ်လိုက်ရုံရှိတော့တာပ.. 

 

ဒါနဲ့ ဆယ်တော်မူဘုရားဆီ ရောက်သွားတယ်။ သူ့ကို ဘေးရန်အပေါင်းက ဆယ်တော်မူပေးပါဦး ဘုရားပေါ့။ ဘာဖြစ်နေလို့တုံး..။ ပြည်သူသန်းငါးဆယ်ကျော်လောက်က ဆန့်ကျင်တော်လှန်နေကြလို့ပါဘုရား..။ ပြည်သူငါးဆယ့်တသန်းရှိတာ သန်းငါးဆယ်ကျော် က ဆန့်ကျင်နေတယ်ဆိုတော့.. ဒကာဟာ အမှိုက်ဖြစ်နေလို့ပေါ့။ ဒီတော့ အဲဒီအမှိုက်ကို ငါကိုယ်တိုင် ဆယ်တော်မူပေးပြီး လွှင့်ပစ်လိုက်ရုံရှိတော့တာပ.. ဆိုတော့ ဒင်းခမျာ ဦးနှိမ်တောင် မချနိုင်ဘဲ အပြေးအလွှား ပြန်ပြေးရှာရော..တဲ့။ ကယ်မယ့်သူ မရှိတော့တဲ့ သဘောပေါ့ကွာ…။

 

အဲဒီမှာ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရာသီဥတုပူလွန်းလို့ နေရာပြောင်းရွှေ့ပေးထားတယ်လို့ မဲလုံးက ထုတ်ပြောသေးတယ်။ မနှစ် ဒီအချိန်၊ ဒီရာသီမှာပဲ ဒီအတိုင်း ပစ်ထားခဲ့တာ မဟုတ်လား။ ဒီနှစ်မှ ရာသီဥတုက ပူလွန်းလို့ နေရာပြောင်းရွှေ့ပေးထားတယ်ဆိုတော့..ဒင်းတို့ရဲ့ စာနာမှု စေတနာကို အယုံအကြည်မရှိ ဖြစ်နေကြတာပေါ့။ အမှန်ဖြစ်ဦးတော့ ပြည်သူတွေက သံသယနဲ့ ရှုမြင်နေကြတယ်။ ဘာ အသုံးချချင်လို့လဲ.. မသိ။

 

တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံညှိနှိုင်းစေချင်လို့လား..။ ဖြစ်နိုင်ခြေ နည်းပါးလှတယ်။ တွေ့ဆုံညှိနှိုင်းဦးတော့ ဒင်းတို့အတွက် ထွက်ပေါက်လမ်း တစုံတရာ ရရှိနိုင်မယ် မဟုတ်ပေဘူး။ ဘာလို့လဲဆိုတော့.. ဒင်းတို့က အာဏာသိမ်းလိုက်တာနဲ့ အလွယ်တကူ တည်ငြိမ်မှု ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်လို့ ယူဆခဲ့ကြတာကိုး…။ ဒါကြောင့်လည်း အာဆီယံရဲ့ မူဝါဒ(၅)ရပ်ကို မထေမဲ့မြင် လုပ်ခဲ့တာလေ..။ အမြော်အမြင် နည်းပါးတဲ့ သူတွေဆိုတော့ တဖက်ပိတ်လမ်းကို တစိုက်မတ်မတ် ရာဇဝတ်မှု မြောက်မြားစွာကျူးလွန်ပြီး လျှောက်လှမ်းခဲ့ကြတယ်..။

 

ဒင်းတို့ရဲ့အဖြစ်ဟာ ထွက်ပေါက်မရှိ၊ ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးနာကြီးလို ဖြစ်နေပေါ့။ နိုင်ငံလည်း ကျဆုံးနိုင်ငံအဖြစ် ဦးတည်နေလေပြီ..။ ဒင်းတို့ရဲ့ Standard Army ကြီးကလည်း ပြည်လည်တည်ဆောက်လို့ မရအောင်ကို တစစီ ကျိုးပဲ့ပြိုလဲ ပျက်စီးသွားပြီ။

 

ခုတော့ဖြင့် ဒင်းတို့ရဲ့အဖြစ်ဟာ ထွက်ပေါက်မရှိ၊ ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးနာကြီးလို ဖြစ်နေပေါ့။ နိုင်ငံလည်း ကျဆုံးနိုင်ငံအဖြစ် ဦးတည်နေလေပြီ..။ ဒင်းတို့ရဲ့ Standard Army ကြီးကလည်း ပြည်လည်တည်ဆောက်လို့ မရအောင်ကို တစစီ ကျိုးပဲ့ပြိုလဲ ပျက်စီးသွားပြီ။

 

 

ဒီမှာ ဒင်းတို့ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ ရွေးချယ်စရာ သုံးလမ်းပဲ ရှိတော့တယ်။ အကြမ်းဖက်ခေါင်းဆောင် အပြောင်းအလဲလုပ်ကြမလား..။ မဖြစ်နိုင်ဘူးထင်ရဲ့။ အားလုံးက ကိုယ်ကျိုးစီးပွားတွေ ရရှိအောင် ကြိုးစားထားကြပြီး အလိုက်သင့် မျောပါလိုက်နေကြတဲ့ သူတွေလေ..။ အဲဒီမှာ မ.အ.လက အနူတော လူချောဖြစ်နေသူပေါ့..။ သူ့နောက်က သူတွေက သူ့ထက်ညံ့ဖျင်းသူတွေ မဟုတ်လား…။ ဒီအခြေအနေမှာ ဦးမဆောင်သင့်ဘူး ဆိုတာလောက်တော့ဖြင့် နားလည်ထားကြသေးရဲ့…။

 

ဒုတိယအချက်က ပြည်သူတွေအပေါ် စော်ကားရက်စက်ခဲ့တဲ့ ပြစ်မှုတွေကို ဝန်ချ တောင်းပန်ပြီး ပြည်သူတွေကပေးတဲ့ ပြစ်ဒဏ်ကို ခံယူကြမလား..။ အဲဒီအချက်လည်း ဖြစ်နိုင်မယ်မထင်ဘူး..။ ဒင်းတို့က သူသတ်လက်နက်တွေ ကိုင်ဆောင်ထားကြလို့သာ မိုက်စကား ပြောနေကြတဲ့သူတွေလေ..။ လက်နက်မဲ့ရင်တော့ အလွန်သတ္တိကြောင်တဲ့သူတွေ ပါ…။ ဝန်ချခိုင်းလည်း အကြိမ်ကြိမ် ဝန်ချကြလိမ့်မယ်။ အသက်နဲ့ရင်းပြီး လုပ်ရမယ့် အလုပ်ကို စွန့်စားလုပ်ဝံ့ကြမယ် မဟုတ်ပေဘူး။

 

ရာဇဝတ်မှုတွေ ကျူးလွန်ထားကြတဲ့သူတွေကိုတော့ ဘယ်နိုင်ငံကမှ တစုတဝေးတည်း လက်ခံကြလိမ့်မယ် မဟုတ်ပေဘူး။ ဗြဟ္မာကြီးဦးခေါင်းလို ဖြစ်နေကြတဲ့သူတွေလေ…။ လက်ခံလိုက်တာနဲ့ လက်ခံသူပါ မီးလောင်ပြာကျသွားမှာကိုး…။ 

 

နောက်ဆုံးအချက်ကတော့ နိုင်ငံကနေ ထွက်ပြေးကြမလား ဆိုတာပါပဲ။ အဲဒီအချက်ကတော့ ဖြစ်နိုင်ခြေ အများဆုံးဖြစ်နိုင်တဲ့ အချက်ပါပဲ။ ဒါပေမဲ့… တပြုံတမကြီး ပြေးကြမလား၊ တဦးချင်း ထွက်ပြေးကြမလား ဆိုတာက ပြဿနာပါ။ ရာဇဝတ်မှုတွေ ကျူးလွန်ထားကြတဲ့သူတွေကိုတော့ ဘယ်နိုင်ငံကမှ တစုတဝေးတည်း လက်ခံကြလိမ့်မယ် မဟုတ်ပေဘူး။ ဗြဟ္မာကြီးဦးခေါင်းလို ဖြစ်နေကြတဲ့သူတွေလေ…။ လက်ခံလိုက်တာနဲ့ လက်ခံသူပါ မီးလောင်ပြာကျသွားမှာကိုး…။ တဦးချင်း ထွက်ပြေးကြဖို့ ဆိုတာကလည်း ဒင်းတို့က တယောက်နဲတယောက် မလွတ်တမ်း ဖမ်းဆွဲထားကြတာလေ…။

 

အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ… မင်းတို့တတွေ ဘာလို့ အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့နေကြသလဲဆိုတာ သိရဲ့လား..။ အစပိုင်းက ပြောသလို မြင်းနေရာ ခွေးဝင်သလို ဖြစ်နေလို့ကွ။ ဒီတော့လည်း ဘာမှဖြစ်မြောက်မလာဘဲ ဝါးရင်းတုတ်စာ မိတော့တာပေါ့ကွာ…။ မြည်လိုက်ကြစမ်း…ကိန်..ကိန်…လို့။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။