Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တလမ်းသွား မ.အ.လ (Opinion)

ဟေ့ကောင်… အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ…

 

မင်းက အခုလို လုံး၀လုံး၀ မနိုင်တော့မှန်း သိရှိရတဲ့ အခြေအနေမှာတောင် ယတြာ အစွမ်းတွေကြောင့် သေချာပေါက် သမ္မတဖြစ်ကို ဖြစ်ရမယ်လို့ ထင်မှတ်နေဆဲပေါ့လေ။ ရူး လည်း ရူးနိုင်ပါပေ့လို့ ဆိုရမယ့်ကိန်း။ 

 

ငါ့အနေနဲ့တော့ ဗေဒင်ကိုယုံကြည်လွန်းလို့ ဒုက္ခရောက်ရရှာတဲ့ လူငယ်လေး တယောက်ရဲ့ ပုံပြင်ကို သတိရနေမိတယ်ကွ။ ပုံပြင်လေးက ဒီလို…။

 

ရုပ်ရည်သန့်သန့် လူငယ်လေးတယောက်ကို ဗေဒင်ဆရာက ‘ထီးဖြူဆောင်းရကိန်း ရှိတယ် ’ လို့ ဟောလိုက်သတဲ့။ ထီးဖြူဆောင်းရကိန်းဆိုတာ ရှင်ဘုရင်ဖြစ်လိမ့်မယ်လို့ ဟောလိုက်တဲ့ သဘောပေါ့ကွာ။

 

ဒါနဲ့ လူငယ်လေးဟာ အဲဒီနေ့ကစပြီး ဘာအလုပ်မှ မလုပ်တော့ဘဲ စားချင်ရာစား သုံးချင်ရာ သုံးဖြုန်းနေတော့တာပေါ့ကွာ။ ပတ်ဝန်းကျင်ကလူတွေက စားတာ၊ သောက်တာ၊ ဖြုန်းတာကို ကာမိအောင် အလုပ်လေးတခုတော့ လုပ်ဦး၊ မဟုတ်ရင် ရှိတာလေး ကုန်ခန်းသွားရင် ဒုက္ခရောက်လိမ့်မယ်လို့ ပြောကြဆိုကြတာပေါ့ကွာ။ ဒါပေမဲ့ လူငယ်လေးက ‘‘ကျုပ်က တနေ့ ရှင်ဘုရင်ဖြစ်မယ့်သူဗျ၊ မစိုးရိမ်ကြပါနဲ့’’ လို့ ပြန်ပြောလေ့ရှိသတဲ့။

 

တောင်းရမ်းစားသောက်ဖို့ ဆိုတာလည်း ရှင်ဘုရင်ဖြစ်မယ့်သူအတွက် မသင့်လျော်ပေဘူး။ ပတ်ဝန်းကျင်က လူတွေကလည်း ဘဝင်လေဟပ်ပြီး ရှင်ဘုရင်ရူး ရူးတဲ့ကောင် နေလိုက်စမ်းကွာ ဆိုပြီး ဥပေက္ခာရှု ထားလိုက်ကြသတဲ့။

 

ဒီလိုနဲ့ သုံးဖြုန်း စားသောက်လာလိုက်တာ မိဘတွေ ထားရစ်ခဲ့တဲ့ စည်းစိမ်တွေ ကုန်ခန်းပြီး စားရမဲ့ သောက်ရမဲ့ဘ၀ ရောက်ရှာပါရောတဲ့။ တောင်းရမ်းစားသောက်ဖို့ ဆိုတာလည်း ရှင်ဘုရင်ဖြစ်မယ့်သူအတွက် မသင့်လျော်ပေဘူး။ ပတ်ဝန်းကျင်က လူတွေကလည်း ဘဝင်လေဟပ်ပြီး ရှင်ဘုရင်ရူး ရူးတဲ့ကောင် နေလိုက်စမ်းကွာ ဆိုပြီး ဥပေက္ခာရှု ထားလိုက်ကြသတဲ့။

 

တနေ့တော့ နေပူပူလမ်းမကြီးမှာ အစာရေစာပြတ်ပြီး လဲကျသွားပါရော။ အသက်လည်း မျှဉ်းမျှဉ်းလေးရှူပြီး သေငယ်ဇော မျောနေတဲ့ အနေအထားပေါ့လေ။ အဲဒီဖြစ်ရပ်ကို တိုင်းခန်းလှည့်လည်လာတဲ့ ရှင်ဘုရင်ကြီးက မြင်တော်မူသတဲ့။ နေပူ ကျဲကျဲအောက်မှာ အသက်ထွက်ရှာတော့မယ့် လူငယ်လေးပါလား…။ သနားစရာ။ အရိပ်အာဝါသအောက် သက်တောင့်သက်သာ အသက်ထွက်ဖို့ ထီးဖြူဆောင်းပေး လိုက်ကြပါကွယ်လို့ ပြောလိုက်သတဲ့။

 

ထီးဖြူလည်း ဆောင်းပေးလိုက်ရော အသက်လည်း ဇီဝိန်ချုပ်သွားရော တဲ့လေ။ ထီးဖြူဆောင်းရတဲ့ကိန်း မြင်တယ်ဆိုတဲ့ အဟောကတော့ မှန်ပါရဲ့။ ဒါပေမဲ့ ရှင်ဘုရင်တော့ ဖြစ်မသွားရှာဘူး။ ငတ်ပြတ်ပြီး သေသွားရှာတာလေ…။

 

အဲဒီမှာ ထီးဖြူလည်း ဆောင်းပေးလိုက်ရော အသက်လည်း ဇီဝိန်ချုပ်သွားရော တဲ့လေ။ ထီးဖြူဆောင်းရတဲ့ကိန်း မြင်တယ်ဆိုတဲ့ အဟောကတော့ မှန်ပါရဲ့။ ဒါပေမဲ့ ရှင်ဘုရင်တော့ ဖြစ်မသွားရှာဘူး။ ငတ်ပြတ်ပြီး သေသွားရှာတာလေ…။

 

အခုလည်း အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ…မင်းကို မင်းရဲ့ အခါပေး၊ ယတြာဗေဒင်ဆရာတွေက ‘ထီးဖြူဆောင်းရကိန်းရှိတယ်’ လို့ ဟောပြောကြတာလား။ ဒါမှမဟုတ် ‘မြန်မာနိုင်ငံတော်သမ္မတကြီး ဖြစ်မယ်’ လို့ ဟောပြောထားကြသလား။ အသေအချာ ရေရာအောင် ပြန်လည်မေးကြည့်ဦးဗျ…။ တော်ကြာ မတန်မရာ ပိုင်စိုးပိုင်နင်း တက်နေတဲ့ သမ္မတရဲ့အိမ်တော်ထဲမှာ ပိုးစိုးပက်စက် အသတ်ခံရပြီး မသာပေါ်နေဦးပါ့မယ်ကွာ…။

 

မြ၀တီမှာရှိတဲ့ ဘဏ်က ငွေစက္ကူတွေကို အချိန်မီ သယ်ထုတ်နိုင်ပေမဲ့ လွယ်ဂျယ်ဂိတ်က ငွေစက္ကူ သိန်းပေါင်းသောင်းချီကို KIA က ရရှိသွားသတဲ့။ ရွှေချောင်းတွေတောင်  ပါတယ်ဆိုပဲ။ 

 

အခုရက်ပိုင်း မင်းတို့အတွက် ထောက်ပံ့မှု ဝင်ငွေရစေတဲ့ နယ်ခြားဂိတ် လွယ်ဂျယ်နဲ့ မြ၀တီကို KIA နဲ့ KNU တို့က ထိန်းချုပ်လိုက်ကြပြီလေ။ မြ၀တီမှာရှိတဲ့ ဘဏ်က ငွေစက္ကူတွေကို အချိန်မီ သယ်ထုတ်နိုင်ပေမဲ့ လွယ်ဂျယ်ဂိတ်က ငွေစက္ကူ သိန်းပေါင်းသောင်းချီကို KIA က ရရှိသွားသတဲ့။ ရွှေချောင်းတွေတောင်  ပါတယ်ဆိုပဲ။ လွယ်ဂျယ်က စ.ခတွေနဲ့ ဝန်ထမ်းတွေကတော့ တရုတ်နိုင်ငံက ခွင့်ပြုလို့ အလွယ်တကူ ကူးသွားနိုင်ကြတယ်။ မြ၀တီဘက်မှာတော့ စ.ခတွေ ဝင်ခွင့်မရသေးလို့ နယ်စပ်မှာ သောင် တင်နေကြသတဲ့…။

 

တကယ်တော့ မင်းတို့ဟာ ပြည်သူကိုမဆိုထားနဲ့…။ အေးလေ.. မင်းတို့ စစ်အာဏာရှင်တွေကို လက်မခံတဲ့ပြည်သူတွေကို မင်းတို့က ရန်သူလို သဘောထားကြတာမဟုတ်လား။ ဒီတော့ ကာကွယ်မှု မပေးတဲ့အပြင် သတ်ဖြတ်နေကြတယ် မဟုတ်လား။ အခု မင်းတို့အကျိုးစီးပွားအတွက် အသက်ပေးနေကြတဲ့ စ.ခ တွေကိုတောင် ထောက်ပံ့ကူညီမှု မပေးနိုင်သလို လုံခြုံမှု၊ ကာကွယ်မှုလည်း မပေးနိုင်ကြတော့ဘူးလေ။ ဟုတ်ပါရဲ့… ငါစကားပြော လောသွားတယ်။ စ.ခတွေအတွက် လုံခြုံမှု၊ ကာကွယ်မှု ပေးဖို့နေနေသာသာ မင်းတို့အဖို့တောင် လုံခြုံမှု ရှိတော့တာမှ မဟုတ်တာကလား…။

 

ဇော်မဲလုံးကတော့ အပျော်တမ်းနည်းပညာ ဒရုန်းတွေပါလို့ သရော်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် လေဆိပ်နဲ့ စစ်ရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရတာတော့ သေချာတယ်။ အဲဒီအချက်က နေပြည်တော်ကို သေမင်းတမန် ခေါင်းလောင်းသံ ပေးလိုက်နိုင်တာ မဟုတ်လား။

 

နေပြည်တော် ဧလာလေဆိပ်နဲ့ စစ်ရုံးကို ကာမီကာဇေ ဒရုန်းတွေနဲ့ တိုက်ခိုက်လာကြတယ်။ လေဆိပ်မှာ ဆောက်လုပ်နေဆဲ သင်္ကြန်မဏ္ဍပ် ရပ်စဲသွားတယ်။ စစ်ရုံးခေါင်မိုးတွေ ပျက်စီးသွားတယ်။ အိပ်ဖန်စောင့် စ.ခ အကြီးတကောင် ဂိန်သွားတယ် ဆိုတဲ့ သတင်းတွေ တက်လာတယ်။ ဇော်မဲလုံးကတော့ အပျော်တမ်းနည်းပညာ ဒရုန်းတွေပါလို့ သရော်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် လေဆိပ်နဲ့ စစ်ရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရတာတော့ သေချာတယ်။ အဲဒီအချက်က နေပြည်တော်ကို သေမင်းတမန် ခေါင်းလောင်းသံ ပေးလိုက်နိုင်တာ မဟုတ်လား။ ပြီးတော့ အခုရပ်ပိုင်းမှာပဲ ဧလာ လေဆိပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရတဲ့သတင်းတွေ တက်လာပြန်တယ်။ နေပြည် တော်ဟာ လုံခြုံရေး ကင်းမဲ့ဇုန် ဖြစ်နေပေါ့…။

 

အဲဒီမှာ မြ၀တီဘက် စစ်ရေးအခြေအနေ မဟန်တော့ ဒု.ချုပ်က ကိုင်တိုင်သွားပြီး စစ်ဆင်ရေး ကွပ်ကဲတာပေါ့လေ။ ဘားအံလောက်ထိတော့ သွားသင့်တာပေါ့။ ဒါပေမဲ့ သူ့အသက် စိုးရိမ်ဟန်တူပါရဲ့။ မော်လမြိုင် ရ.တ.ခမှာပဲ ဆွေးနွေးတိုင်ပင်ကြတယ်။ ပထမတခါ ဒရုန်းနဲ့တိုက်ခိုက်ခံရတော့ ဆွေးနွေးပွဲ ပျက်သွားတယ်။ ဒါပေမဲ့ မင်းတို့လုပ်ရပ် ပျင်းတောင်ပျင်းသေးတယ်အထာနဲ့ နောက်ရက်မှာ ဆွေးနွေးမှု ပြန် လည်ပြုလုပ်ကြတယ်။

 

ဒီတခါမှာတော့ ဒု.ချုပ်ခမျာ ဖာမာပေါင်တွင်းကြောကြီးပြတ်ပြီး ခေါင်းကို ထိခိုက်သွားတယ်ဆိုပဲ။ နေပြည်တော်ဆေးရုံက လက်လျှော့လိုက်လို့ ကန်သာယာ ဆေးရုံကို ရောက်နေတဲ့သတင်းတွေ တက်လာတယ်။ မကြာခင် မင်္ဂလာဒုံ စစ်သင်္ချိုင်း ကို ရောက်ရှာတော့မယ် ထင်ပါရဲ့။ ဒင်းခမျာ အမ်းအခြေစိုက် န.ပ.တ ကျရှုံးသွားတာ ဒါမှမဟုတ် အလံဖြူထောင်သွားတာကို ကြားသွားရဦးမယ်လား မပြောတတ်ဘူး။

 

AA က န.ပ.တကို ဒင်းတို့ဆီက ရရှိလိုက်တဲ့ လက်နက်ကြီးတွေနဲ့ ကို ပစ်ခတ်တိုက်ခိုက်နေသတဲ့။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ်ဆိုတာ အဲဒီ အဖြစ်မျိုးကို ပြောတာ…။ ဒီလိုအနေအထားဆိုရင်တော့ မကြာခင်မှာ ရခိုင်ပြည်နယ်ဟာ လွတ်မြောက်နယ်မြေ ဖြစ်လာတော့မှာ သေချာရဲ့။ 

 

ဟုတ်တယ်။ AA က န.ပ.တကို ဒင်းတို့ဆီက ရရှိလိုက်တဲ့ လက်နက်ကြီးတွေနဲ့ ကို ပစ်ခတ်တိုက်ခိုက်နေသတဲ့။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ်ဆိုတာ အဲဒီ အဖြစ်မျိုးကို ပြောတာ…။ ဒီလိုအနေအထားဆိုရင်တော့ မကြာခင်မှာ ရခိုင်ပြည်နယ်ဟာ လွတ်မြောက်နယ်မြေ ဖြစ်လာတော့မှာ သေချာရဲ့။ ရခိုင်မှ မဟုတ်ပါဘူး…။ ချင်း၊ ကချင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်တို့လည်း လွတ်မြောက်နယ်မြေ ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့အစည်း ကင်းစင်ဇုန်တွေ ဖြစ်ကြတော့မှာပါ။ နှစ်သစ်နှစ်ဦး ကြိုဆို ကြတဲ့ သဘောပေါ့။

 

ကချင်၊ မြစ်ကြီးနားနဲ့ ဖားကန့်ကြားမှာရှိတဲ့ နန့်ယားဂိတ်ကို သိမ်းပိုက် လိုက်နိုင်ပါပြီ။ အင်အား (၂၀၀) လောက် စခန်းချ အခြေစိုက်ထားတဲ့ ဂိတ်စခန်းကြီးလေ…။ ဗန်းမော်လမ်းကိုလည်း ထိန်းချုပ်ထားနိုင်ပြီဆိုတော့ ပြည်နယ်မြို့တော် မြစ်ကြီးနားကို အချိန်မရွေး အိတ်ထဲကောက်ထည့်လို က်ရုံ ရှိတော့တာပါ။ 

 

ဒီမှာ… ကရင်နီပြည်နယ်ဘက်မှာ မင်းတို့နဲ့ ၂၀၀၂ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး ယူထားတာဆိုတော့ နှစ်ပေါင်း(၂၀) ကျော် ရှိပြီဖြစ်တဲ့ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့- KNSO(ကြယ်ဖြူ ပြည်သူ့စစ်) ကလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မင်းတို့ကို တော်လှန်တော့မယ် တဲ့။ မြွေပူရာ ကင်းက မှောက်လိုက်ပြန်သေး…။ ကင်းမှောက်ဆို မင်းတို့က သူတို့ အခြေစိုက်ရာ ရွာကို လက်နက်ကြီးနဲ့ထုပြီး တိုက်ခိုက်လိုက်တာကိုး…။

 

 မင်းတို့ကလည်း ရှုံးပြီးရင်း ရှုံးရင်းဆိုတော့ မည်းမည်းမြင်တိုင်း ရန်သူလို့ ထင်မှတ်နေကြတာကိုး…။ ဟေ့ကောင်တွေရေ… ရန်သူကတော့ မင်းတို့စစ်အာဏာရှင်တွေနဲ့ မင်းတို့ကိုမှီပြီး စီးပွားအကျိုးဖြစ်ထွန်းနေကြတဲ့ လူတစုက လွဲပြီး အားလုံးသောပြည်သူတွေက မင်းတို့ရဲ့ ရန်သူတွေပဲကွ။

 

အေးကွာ.. မင်းတို့ကလည်း ရှုံးပြီးရင်း ရှုံးရင်းဆိုတော့ မည်းမည်းမြင်တိုင်း ရန်သူလို့ ထင်မှတ်နေကြတာကိုး…။ ဟေ့ကောင်တွေရေ… ရန်သူကတော့ မင်းတို့စစ်အာဏာရှင်တွေနဲ့ မင်းတို့ကိုမှီပြီး စီးပွားအကျိုးဖြစ်ထွန်းနေကြတဲ့ လူတစုက လွဲပြီး အားလုံးသောပြည်သူတွေက မင်းတို့ရဲ့ ရန်သူတွေပဲကွ။ တွံ- သင်တို့သည်၊ ဂဏှာဟိ- မှတ်သားထားကြပေရော့…။ ထမင်းရှင် ပြည်သူတွေကို ရန်သူအဖြစ် သတ်မှတ်တဲ့ မည်သည့်အဖွဲ့အစည်းမဆို ရေရှည် မတည်တံ့နိုင်ပါဘူးကွာ။ မုချမသွေ ကျဆုံးခြင်းနဲ့ ရင်ဆိုင်ရမှာပါပဲ။

 

ခုဆို မင်းတို့အနေနဲ့ စစ်ရေးအရ နာလန်မထူနိုင်အောင်ကို ကျရှုံးသွားပါပြီ။ နိုင်ငံတကာကတောင် မင်းတို့အဖွဲ့အစည်းကို အင်အားချိနဲ့သွားပြီလို့ ပြောဆိုကုန်ကြပြီလေ။ အခု နယ်ခြားဂိတ်တွေလည်း လက်လွှတ်ရပြီဆိုတော့ စီးပွားလည်း ပါတောပိတ်သွားပြီပေါ့ကွာ။ ဒါပေမဲ့ မင်းတို့က စစ်အာဏာရှင်တွေပီပီ အရှင်ထွက် မထွက်ဘဲ အသေထွက် ထွက်ဝံ့ကြမလားဆိုတာ စောင့်ကြည့်ကြသေးတာပေါ့။

 

ဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ… မင်းကတော့ အရှင်ထွက် ထွက်လို့ ရရှိလေမယ်လား ဆိုပြီး စစ်မှုထမ်းဥပဒေကို အဆင်ခြင်မဲ့ ရူးမိုက်စွာ ပြဋ္ဌာန်းလိုက်တာပဲ။ ဒါပေမဲ့ အကျိုးဆက်က မင်းအနေနဲ့ အသေထွက်လမ်းမှတပါး တခြားမရှိတော့ဆိုတာကို ပြဋ္ဌာန်းလိုက်သလို ဖြစ်သွားတာပေါ့ကွာ။ ဟုတ်တယ်..။ မင်းအတွက် ကြိုးစင်ကလွဲလို့ တခြားထွက်လမ်း မရှိတော့…။

~~~~

ဒေါင်းနီ

<iframe width="715" height="402" src="https://www.youtube.com/embed/u-bUY-cDcas" title="တလမ်းသွား မ.အ.လ (ရုပ်သံ)" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share" referrerpolicy="strict-origin-when-cross-origin" allowfullscreen></iframe>


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။