Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မော်လမြိုင် ရတခကို Fixed Wing Drone များဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက် (ရုပ်သံ)၊ စစ်ခေါင်းဆောင် အကြီးပိုင်းတွေ ထိခိုက်မှုရှိတယ်လို့ ရှားထူးဝေါ် ပြော

မော်လမြိုင်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ အ​​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် (ရတခ)မှာ ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်ကာ အထူးစစ်ဆင်​ရေး အစည်းအ​ဝေး ပြုလုပ်​နေတဲ့ အားကစားခန်းမနဲ့ စစ်ရဟတ်ယာဥ်  ၂ စီး ရပ်ထား​တဲ့ ​ကွင်းနေရာတို့ကို ဒီကနေ့ ဧပြီ ၉ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ရှာထူး​ဝေါ် နည်းပညာ တပ်ဖွဲ့ရဲ့ Alpha Bats တပ်ခွဲက ကာမီကာ​ဇေ Fixed Wing Drone တွေနဲ့ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

“ပထမ ပေါက်ကွဲသံ အကျယ်ကြီးတစ်ချက် ကြားတယ်။ ချက်ချင်းဆိုသလိုပဲ ဆက်တိုက် ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ ထပ်ကြားရတယ်။ ရတခထဲကို ဒရုန်းနဲ့ ချတာလို့ ကြားတာပဲ” လို့ မော်လမြိုင် ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

 

ဒီတိုက်ခိုက်မှု​ကြောင့် အထူး စစ်ဆင်​ရေး အစည်းအ​ဝေး ပြုလုပ်​နေတဲ့ အကြမ်းဖက် စစ်​​ကောင်စီ ဒု​ခေါင်း​ဆောင် စိုးဝင်း အပါအဝင်၊ ရတခ တိုင်းမှူး၊ တပ်မမှူးများ၊ ဗျူဟာမှူးများနှင့် စစ်ဆင်​ရေး အရာရှိ အကြီးပိုင်းတချို့ ထိခိုက်နိုင်​ချေရှိတယ်လို့ ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့က ပြောပါတယ်။ 

 

နောက်ဆုံးရရှိတဲ့သတင်းအရ ဒီတိုက်ခိုက်မှုကြောင့် ရတခထဲမှာ အစည်းအ​ဝေး လုပ်​နေတဲ့ စစ်ဦးစီး ပထမတန်းနဲ့ အထက် စစ်ဗိုလ်ချုပ် ၄ ဦး အပါအဝင် အရာရှိ အရာခံ အကြပ် တပ်သား ၃၀ ​ကျော် ထိခိုက် ဒဏ်ရာရရှိထား​ကြောင်း အတွင်းသတင်းများအရ သိရတယ်လို့ ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့က ပြောပါတယ်။

 

ကာမီကာ​ဇေ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုမှာ ဒဏ်ရာရ စာရင်းမှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်း​ဆွေတို့ပါ ပါဝင်​နေနိုင်ပြီး ဗိုလ်ချုပ် တစ်ဦး၊ ဗိုလ်မှူးချုပ် တစ်ဦးအပါအဝင် အကြီးပိုင်း ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိကာ ၄င်းတို့ထဲမှ ၃ ဦး ဒီက​နေ့ညမှာ ​သေဆုံးသွားခဲ့ပြီလို့လည်း ဆိုပါတယ်။ 

 

ဒီတိုက်ခိုက်မှု​ကြောင့် ရဟတ်ယာဥ် ၂ စီးလုံးထိမှန်ခဲ့ပြီး ဘားအံ တပ်မ ၂၂ မှာ ရုံးထိုင်နေတဲ့ ကစထမှူး ညွှန့်ဝင်းဆွေရဲ့ ရဟတ်ယာဉ်လည်း ဘားအံကို ပြန်မရောက်လာသလို၊ လူလည်း ပြန်မရောက်လာတာကြောင့် ထိခိုက်မှုမှာ ၎င်းကိုယ်တိုင်ပါဝင်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

 

အဆိုပါ ထိခိုက်မှုများနဲ့ပတ်သက်ပြီး အတည်ပြုချက် ရရှိဖို့ ကြိုးပမ်းနေပေမယ့် အခုထိတော့ အတည်ပြုလို့ မရသေးပါဘူး။

 

ပေါက်ကွဲမှု ဖြစ်ပွါးပြီး နောက်ပိုင်းမှာ ရတခတိုင်းရုံး ​​ရှေ့လမ်းမကို ပိတ်လိုက်ပြီး မော်လမြိုင် လေဆိပ်ဘက်ကိုလည်း စစ်ကားတွေ ထွက်ခွါသွားတာ တွေ့ရတယ်လို့ ရှားထူးဝေါ်က ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြပါတယ်။ 

ရုပ်သံ - Alpha Bats ရဲဘော်များ ရတခဌာနချုပ်ကို ဒရုန်းနဲ့ တိုက်ခိုက်စဉ် 

~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။