Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရတခ တိုင်းမှူးရဲ့ လျှို့ဝှက်အိမ်နဲ့ မင်းအောင်လှိုင်ခန့် မွန်ဝန်ကြီးချုပ်အိမ်တို့ကို ဒရုန်းနဲ့ ဗုံးကြဲ

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်တိုင်းမှူးရဲ့ လျှို့ဝှက်နေအိမ်နဲ့ မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် နေအိမ်အပါအဝင် စစ်ရေးပစ်မှတ် (၄)နေရာကို  ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ဒီဇင်ဘာ (၁)ရက်၊ ည (၉)နာရီခွဲလောက်မှာ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝန်း အတွင်းရှိ တိုင်းမှူးရဲ့ လျှို့ဝှက်နေအိမ်အပါအဝင် ပစ်မှတ် (၄)နေရာကို ရှာထူးဝေါ်နည်းပညာ တပ်ဖွဲ့ (Alpha bats တပ်ခွဲ) ၊ မွန်ပြည်နယ် ပကဖ နဲ့  KNDO တပ်ရင်း-၆ တို့ ပူးပေါင်းကာ  Kamikaze drone တွေနဲ့  တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ပွဲဝင် PDF ရဲဘော်ထံက သိရပါတယ်။


တိုင်းမှူးရဲ့ လျှို့ဝှက်နေအိမ်၊ မင်းအောင်လှိုင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် နေအိမ်၊ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ ရဟတ်ယာဉ်မောင်း ပိုင်းလော့တွေ တည်းခိုတဲ့ရိပ်သာနဲ့ မွန်ပြည်နယ် ရဲတပ်ရင်း-၁၅ရဲ့  ရဲတပ်ရင်းမှူးအိမ် တို့ကို  တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း ပေါက်ကွဲသံတွေ ကြားရပြီး အထဲသို့ လူနာတင်ယာဉ်တွေ ဝင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။


မွန်ပြည်နယ် ဝန်ကြီးချုပ်နေအိမ်ကို တိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါတယ်။


မူလက စစ်တိုင်းမှူး နေအိမ်ကို တိုက်ခိုက်ဖို့  ပြင်ဆင်ခဲ့ပေမဲ့ တိုင်းမှူးဟာ မူလနေအိမ်မှာ မနေဘဲ ရတခ အတွင်းရှိ ရေတံခွန်စခန်းနား ကုက္ကိုလ်ပင် (၃)ပင်ကြားက အိမ်မှာ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း၊ ညဘက်ဆို (၉)နာရီလောက်မှ  ပြန်လာတတ်ကြောင်း၊ တိုင်းမှူးဟာ မနက်အစောကြီးသွား၊ ညမိုးချုပ်မှ ပြန်လေ့ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ရပ်က သတင်းပေးလာတာကြောင့် လျှို့ဝှက်နေအိမ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


Alpha Bats တပ်ခွဲအနေနဲ့  အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ တိုက်ခိုက်မှုဟာ အခု အကြိမ်အပါအဝင် (၃)ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။


ပထမအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် မတ်လအတွင်းက ဆောင်ရွက်ခဲ့ရာ ရတခ အရာရှိရိပ်သာသို့ ကျရောက်ပေါက်ကွဲပြီး (၂)ဦး ထိခိုက်သေဆုံးခဲ့ကာ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလက ဆောင်ရွက်ခဲ့ရာ (၂)ဦး သေဆုံးပြီး ဗျူဟာမှူး နဲ့ တပ်ရင်းမှူးအချို့ ဒဏ်ရာရရှိခဲ့ပါတယ်။


ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့  စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်နဲ့ နေပြည်တော် ဒေသတွေမှာ  fix wing drone တိုက်ခိုက်မှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။


~~~~~~~~~~~~ 

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။