Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေ၊ ကာမီကာဇေ ဒရုန်းတွေနဲ့ တိုက်ခိုက် (ရုပ်သံ)၊ အကြမ်းဖက် စစ်သား ၅ ဦးထက်မနည်း သေဆုံးဟု တောင်ပိုင်းစစ်ဒသ သတင်းထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီ တောင်ငူ လေတပ်စခန်း ဌာနချုပ်ကို ရှော့တိုက်ဒုန်းတွေ၊ ကာမီကာဇေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်သား ၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒသ၊ အမှတ် ၁ စစ်ဒေသခွဲ ကွပ်ကဲရေးက သတင်းထုတ်ပြန်ပါတယ်။

 

ဒီစစ်ဆင်ရေးကို “Rain of Fire” လို့ အမည်ပေးထားပြီး တောင်ပိုင်းစစ်ဒေသ JOC ရဲ့ ညွှန်ကြားမှု၊ အမှတ် ၁ စစ်ဒေသခွဲရဲ့ ကွပ်ကဲမှုတို့နဲ့ ဩဂုတ် ၂၆ ရက် မနက် ၃ နာရီခွဲမှာ လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။တောင်ငူလေတပ် စခန်းဌာနချုပ်အတွင်းသို့ ၁၁၄ မမ ရှော့တိုက်ဒုံးတွေ၊ ကာမီကာဇီဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကနဦး သတင်းများအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး ထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဖော်ပြပါတယ်။

 

“Rain of Fire” စစ်ဆင်ရေးကို စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူး‌ဝေါ် နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ၂ KNLA တပ်ရင်း(၅) ၊တပ်မဟာ (၂)အထူးတပ်ရင်း၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် တောင်ငူခရိုင် အမှတ်၂တပ်ရင်း (၃၅၀၂)၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နေပြည်တော် စစ်တိုင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။