Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မဝေးဘူး ပွဲသိမ်းတော့မယ် (Opinion)

ဟေ့ကောင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ

 

မင်းတို့အဖွဲ့အစည်းက ပွဲပြီးဖို့ စက္ကန့်ပိုင်းလောက် လိုနေသေးလို့ ပွဲသိမ်းခရာ မမှုတ်သေးပေမဲ့ (၁၀) ဂိုးပြတ်နဲ့ ရှုံးနိမ့်နေတဲ့ ဘောလုံးသင်းလို နိုင်စရာအကြောင်း လုံး၀ မရှိတော့ပါဘူး။ မင်းတို့ကို တလျှောက်လုံး အားပေးအားမြှောက်ပြုခဲ့ကြသူတွေကတောင် ‘‘နေပြည်တော်က ထွက်ပြေးကြတော့…၊ နောက်ထပ် ကာမီကာဇေဒရုန်း (၁၇၀၀) လာဦးမှာတဲ့’’လို့ လှောင်ပြောင်နေကြပြီလေ…။

 

မင်းကတော့ ရန်ကုန်အစိုးလို့ ခေါ်ဝေါ်သတ်မှတ်နေချိန်ကတောင် ပြန်လည်လွှမ်းမိုးနိုင်တဲ့ သမိုင်းကြောင်းကို တရားသေ စွဲမှတ်ထားလေရော့သလား။ နေပြည်တော်စစ်ရုံးနဲ့ ဧလာလေယာဉ်ကွင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာတောင်မှ တာချီလိတ်ဘုန်းကြီးပျံပွဲတော်ကို သွားရောက်တက်တယ်နော်။ အေးအေးဆေးဆေးပါ ဆိုတဲ့ သဘောပေါ့။ တယောထိုး မပျက်တဲ့ နီရိုးဘုရင်အကြောင်းကိုတော့ မင်းလည်း ကြားဖူးမှာပေါ့။ နောက်ဆုံး အသေဆိုးနဲ့ သေရရှာတာ မဟုတ်လား။

 

မင်းကို ဒရုန်းစာမိပြီး သေသွားတာကို မဖြစ်စေချင်သေးဘူး။ မေတ္တာရှိလွန်းလို့တော့ မဟုတ်ဘူးနော်။ ဒို့က မင်းကို အီရတ်နိုင်ငံက ဆဒမ်ဟူစိန်လို ကြိုးပေးအသတ်ခံရတာကို တစိမ့်စိမ့် မြင်ချင်တာကွ။ 

 

မင်းကို ဒရုန်းစာမိပြီး သေသွားတာကို မဖြစ်စေချင်သေးဘူး။ မေတ္တာရှိလွန်းလို့တော့ မဟုတ်ဘူးနော်။ ဒို့က မင်းကို အီရတ်နိုင်ငံက ဆဒမ်ဟူစိန်လို ကြိုးပေးအသတ်ခံရတာကို တစိမ့်စိမ့် မြင်ချင်တာကွ။ အဝတ်အိတ်နဲ့ ခေါင်းကိုမစွပ်ခင် နောက်ဆုံးမြင်တွေ့လိုက်ရတဲ့ မင်းရဲ့မျက်နှာအနေအထားကို အရသာခံပြီး ကြည့်လိုက်ချင်သေးတယ်။ လူတယောက်ရဲ့ နောက်ဆုံး အချိန်ကို အရသာခံကြည့်တယ်ဆိုတာ လူသားစိတ်ရှိတဲ့သူတွေရဲ့ အပြုအမူမဟုတ်ဘူးလို့ ဆိုချင်ဆိုရော့…။ ငါကတော့ အရသာခံပြီး ကြည့်ချင်သေးတယ်…။ အဲဒီလာက်ထိ မင်းကို မုန်းတီးရွံရှာမိတာ အမှန်ပဲ…။ ထားပါ။

 

ရန်ကုန်အစိုးရကနေ ပြည်ထောင်စုအစိုးရ ဖြစ်ပေါ်လာတဲ့ အခြေအနေနဲ့ အခု ဖြစ်ပေါ်နေတဲ့ အခြေအနေက တူညီတာမှ မဟုတ်ပဲ။ အခုဖြစ်စဉ်က ဧရာ၀တီတိုင်းနဲ့ ရှမ်းအရှေ့ကလွဲပြီး တနိုင်ငံလုံး လက်နက်စွဲကိုင် တော်လှန်နေကြတာလေ။ ခုဆို မင်းတို့အနေ နဲ့ နယ်ခြားကုန်သွယ်ရေးဂိတ်တွေတောင် မထိန်းချုပ်နိုင်တော့ဘူး မဟုတ်လား။ ဧလာလေယာဉ်ကွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာနဲ့ စင်ကာပူလေကြောင်းလိုင်း လေယာဉ်က ရန်ကုန်လေ ဆိပ်ကို မဆင်းသက်တော့ဘဲ ပြန်လှည့်သွားတယ်ဆိုကွ။ နောက်ဆို ထိုင်းလေကြောင်းရော မလာဝံ့တော့ဘူးဆိုရင် စီးပွားရေးက ငုတ်တုတ်မေ့တော့မှာ…။

 

လက်တွေ့မှာတော့.. ကျေးလက်တွေကို ဆက်တိုက်ဆိုသလို မီးလောင်တိုက်သွင်းနေတာကို တွေ့ကြရတယ်။ ဘယ်လို စိုက်ပျိုးရေးထုတ်ကုန်တွေ တိုးတက်လာနိုင်ပါ့မလဲ။ 

 

အဟင်း…ဟင်း.. မင်းကတော့ ၂၀၁၇ ခုနှစ်ကနေ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့ရတယ်..တဲ့။ အခု မင်းအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း (၃)နှစ်အတွင်း နိုင်ငံ့စီးပွားရေး ဦးမော့လာပါပြီ..တဲ့။ ဦးမော့လာတယ်ဆိုတာ ပဲ့ပိုင်းကြီးတခုလုံး နစ်မြုပ်သွားလို့ ဦးပိုင်းထောင်လာတာကို ပြောတာလား..လို့ သရော်နေကြလေရဲ့…။ မကြာခင် ဦးမော့နေတဲ့ ဦးပိုင်းကြီးတခုလုံး စုံးစုံးမြုပ်သွားတော့မယ့် သဘော…။ စိုက်ပျိုးရေးနိုင်ငံမို့ စိုက်ပျိုးရေးထုတ်ကုန်တွေ တိုးတက်မြင့်မားလာအောင် လုပ်ဆောင်ရမယ်..တဲ့။ လက်တွေ့မှာတော့.. ကျေးလက်တွေကို ဆက်တိုက်ဆိုသလို မီးလောင်တိုက်သွင်းနေတာကို တွေ့ကြရတယ်။ ဘယ်လို စိုက်ပျိုးရေးထုတ်ကုန်တွေ တိုးတက်လာနိုင်ပါ့မလဲ။ ပြီးတော့ MSME စက်မှုလုပ်ငန်းတွေ မြှင့်တင်ပေးပြီး နိုင်ငံစီးပွား တိုးတက်ရ စေမယ်..တဲ့။ ရန်ကုန်မြို့တော်မှာတောင် လျှပ်စစ်ကို အချိန်ပိုင်းသာ ပေးနိုင်တာမဟုတ်လား။

 

ဟုတ်ကဲ့… MSME လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးတက်လာပါတော့မယ်။ အခု လွယ်ဂျယ်ကို KIA က ထိန်းချုပ်လိုက်တော့ ကုန်စည်စီးဆင်းမှု ရပ်တံ့သွားပြန်ပြီ။ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးတို့ကို မြောက်ပိုင်းမဟာမိတ်တွေက ထိန်းချုပ်ထားလို့ လွယ်ဂျယ်ကို အားထားနေရတာလေ။

 

လွယ်ဂျယ်ကိုပါ လက်လွှတ်ရပြီဆိုတော့ အကြမ်းဖက် ခေါင်းဆောင်မ.အ.လရေ… မင်းအနေနဲ့ တို့ရွာက အရူး ဘဒင်လို…‘‘ကိုင်း ခုတော့ ဘယ့်နှယ်လုပ်ပါမယ်’’ ဆိုတဲ့သီချင်း ထပ်ကာတလဲလဲ ဆိုပြီးသာ ကွေးနေအောင် ..က..နေပေရော့…။

 

အခု လွယ်ဂျယ်ကိုပါ လက်လွှတ်ရပြီဆိုတော့ အကြမ်းဖက် ခေါင်းဆောင်မ.အ.လရေ… မင်းအနေနဲ့ တို့ရွာက အရူး ဘဒင်လို…‘‘ကိုင်း ခုတော့ ဘယ့်နှယ်လုပ်ပါမယ်’’ ဆိုတဲ့သီချင်း ထပ်ကာတလဲလဲ ဆိုပြီးသာ ကွေးနေအောင် ..က..နေပေရော့…။

 

ဟုတ်တယ်။ အိန္ဒိယနဲ့ ဆက်သွယ်တဲ့ မိုးရေး၊ ရိခေါဒ်၊ ပလက်၀-ကုလားတန်ကလည်း ပြတ်တောက်သွားပြီ။ ထိုင်းနဲ့ဆက်သွယ်တဲ့ မြ၀တီလမ်းကြောင်းကလည်း တနေ့ရွှေ၊ တနေ့ငွေ မဟုတ်လား။ ဒါကိုများ ဒင်းက အရှက်မရှိ စီးပွားရေး (၃)ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ပြောနေသေးတယ်။ မင်းရဲ့ စကားကို ဘယ်သူက ယုံကြည်မှာလဲ။ မယုံရေးချ မယုံ…။ မင်းတို့က မင်းတို့အကျိုးစီးပွားဖြစ်လို့ ကျားဖြန့်ကိစ္စတွေ မသိကျိုးကျွန်ပြု ခွင့်ပြုပေးထားခဲ့တယ်။ အဲဒီမှာ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး လုပ်တဲ့နေရာမှာ ကျားဖြန့်တွေကို ပပျောက်အောင်တိုက်ခိုက်သွားမယ်ဆိုတာ အချက်တချက်အနေနဲ့ ထည့်သွင်းလိုက်တယ်။ တရုတ်ကြီးကအင်မတန် ပီတိဖြစ်သွားရှာတာပေါ့။ ဒရုန်းတွေကို ဖောချင်း သောချင်း ကူညီလိုက်တယ်။ အဲဒီမှာ နှစ်ရှည်လများ မင်းတို့ တည်ဆောက်ထားတဲ့ ဗျူဟာကုန်းတွေ ပြောင်စင်ခါရောမဟုတ်ပါလား…။

 

မြောက်ပိုင်းမြို့တော် လားရှိုးကို ပတ်ဝိုင်းခံရတော့ မင်းတို့အနေနဲ့ ဆီပုလင်း ခါးချိတ်ပြီး တရုတ်ကြီးဆီကို သွားရတော့တာလေ…။ ပြီးတော့ မင်းတို့တတွေကို လုပ်ကျွေးခဲ့တဲ့ ပယ် ဆောက်ချိန်ကို အပ်လိုက်ရတယ်။ မင်းတို့ တွေ့ဆုံချင်တဲ့ မြောက်ပိုင်းအဖွဲ့ (၃)ဖွဲ့နဲ့လည်း တွေ့ပေးလိုက်တယ်။ တရုတ်က တွေ့ဆုံချင်တယ်ဆိုလို့ တွေ့ပေးလိုက်တာလေ။ အဆင်ပြေအောင် ညှိနှိုင်းဖို့က မင်းတို့တာဝန်ပါ။အဲဒီမှာလည်း အရှက်မရှိ (၃၀)ရာခိုင်နှုန်းသာ ပေးပါဗျာ လို့ အောက်ကျို့တောင်းခံခဲ့တယ်ဆို…။ Standard Army ပီသပါပေရဲ့…။

 

ပယ်ဆောက်ချိန်ကို ထိုးအပ်လိုက်တော့ စောချစ်သူက လစာမယူတော့ဘဲ သီးခြား ရပ်တည်သွားတော့တယ်။ ဒုချုပ် ကိုယ်တိုင်သွားပြီး ညှိနှိုင်းရှာပါသေးရဲ့။ စောချစ်သူက မ.အ.လ ကိုယ်တိုင်လာခဲ့ပါလို့ ပြောလိုက်တယ် ဆိုပဲ။

 

ပယ်ဆောက်ချိန်ကို ထိုးအပ်လိုက်တော့ စောချစ်သူက လစာမယူတော့ဘဲ သီးခြား ရပ်တည်သွားတော့တယ်။ ဒုချုပ် ကိုယ်တိုင်သွားပြီး ညှိနှိုင်းရှာပါသေးရဲ့။ စောချစ်သူက မ.အ.လ ကိုယ်တိုင်လာခဲ့ပါလို့ ပြောလိုက်တယ် ဆိုပဲ။ အဲဒါကို ဒုချုပ်ကလည်း မ.အ.လကို မလျှောက်တင်ဝံ့ရှာဘူး။ စောချစ်သူ မရှိတော့တဲ့နောက်ပိုင်းမှာ ကရင်မှာလည်း ဆက်တိုက် ဆိုသလို စစ်စခန်းတွေတခုပြီးတခု၊ မြို့တွေ တမြို့ပြီးတမြို့ လက်လွှတ်လာရတော့တယ်။

 

မင်းတို့အဖြစ်က..‘ဖွပ်မရ ဓားမဆုံး’ ဆိုတဲ့ ကိန်းပါကွာ…။ ဟော… ရှမ်းမြောက်မှာ တိုက်ပွဲတွေ ရပ်စဲသလို ဖြစ်သွားတော့ AA က အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်လာတော့တယ်။ ခုဆို ရခိုင်မြောက်ပိုင်း လက်လွှတ်လိုက်ရပြီ။ ရမ်းဗြဲကိုလည်း လက်လွှတ်လိုက်ရတော့ မြို့တော်စစ်တွေကို ပတ်ဝိုင်းထားသလို ဖြစ်သွားပေါ့။ အချိန်မရွေး သိမ်းပိုက်နိုင်တယ်ဆိုတဲ့ အနေအထားပေါ့။ ဒါပေမဲ့ AA က မင်းတို့ရဲ့ ပက်စက်ယုတ်မာမှုကို ချိန်ဆနေဟန်တူပါရဲ့။ ဟုတ်တယ်လေ…။ မင်းတို့က ကောလင်း၊ ထီးချိုင့်မြို့တိုကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ တမြို့လုံးပျက်စီးအောင် ဗုံးကြဲချခဲ့တယ် မဟုတ်လား။

 

AA က စစ်ရေးပစ်မှတ်ဖြစ်တဲ့ မင်းတို့ရဲ့ ဌာနချုပ်ရှိရာ အမ်းကို တက်ကြိတ်နေပြီလေ။ ဒီတခါတော့ဖြင့် တရုတ်ကြီးလည်း ဟန့်တားနိုင်တော့ဟန် မတူဘူး။ AA က နိုင်ငံတကာကို ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပြီလေ။

 

ခုတော့ AA က စစ်ရေးပစ်မှတ်ဖြစ်တဲ့ မင်းတို့ရဲ့ ဌာနချုပ်ရှိရာ အမ်းကို တက်ကြိတ်နေပြီလေ။ ဒီတခါတော့ဖြင့် တရုတ်ကြီးလည်း ဟန့်တားနိုင်တော့ဟန် မတူဘူး။ AA က နိုင်ငံတကာကို ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပြီလေ။ အဲဒါက တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ ကျောက်ဖြူစီမံကိန်း၊ ဓာတ်ငွေ့ပိုက်လိုင်းတို့ကို မထိခိုက်စေရဘူး၊ စိတ်သာချဆိုတဲ့ သဘော…။ ပြီးတော့ ရခိုင်ပြည်သူတွေက တရုတ်ရဲ့ ကြားဝင်စေ့စပ်ဖြန်ဖြေမှုကို လက်မခံဘူးလို့ ဆန္ဒထုတ်ဖော်ကြပါသတဲ့။

 

 အဲဒီမှာ ကုလသမဂ္ဂမှာလည်း မြန်မာနိုင်ငံအရေးကို ဆွေးနွေးနေကြသတဲ့။ အဲဒီမှာ ထားခြားတာက အာဆီယံနိုင်ငံ(၃)နိုင်ငံကပါ အကြမ်းဖက်အဖွဲ့အစည်းရဲ့အကြမ်းဖက်မှုတွေ ရပ်တံ့ဖို့ တောင်းဆိုလာခြင်းပါပဲ။ တရုတ်ကလည်း နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ စဉ်ဆက် မပြတ် ကြိုးစားနေပါသတဲ့…။

 

သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ကိုတော့ ခေါင်းဆောင်ဟောင်းလို့ မသတ်မှတ်ဘဲ လက်ရှိခေါင်းဆောင်လို့များ သတ်မှတ်ထားလေရော့သလား။ တွေ့ဆုံမှု မရှိဘူး။ တရုတ်က ခေါင်းဆောင်ဟောင်းတွေရဲ့ သဘောထားကို သိချင်တာလား၊ ဒါမှမဟုတ် အကြမ်းဖက် ခေါင်းဆောင်မ.အ.လ ကို နားချနိုင်လိမ့်မယ်လို့ ထင်မှတ်နေလေသလား မပြောတတ်ဘူး။

 

လတ်တလော အနေအထားမှာလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ဗိုလ်သန်းဆွေ၊ ဗိုလ်မောင်အေး၊ ဗိုလ်သိန်းစိန်၊ တရုတ်-မြန်မာ ချစ်ကြည်ရေးဥက္ကဋ္ဌဟောင်း၊ ဦးနုရဲ့သမီး ဒေါ်သန်းသန်းနုတို့နဲ့ တွေ့ဆုံတဲ့သတင်းတွေ ကြားနေရတယ်။ တရုတ်ရဲ့မူက ခေါင်းဆောင်ဟောင်းတွေနဲ့ တွေ့ကြရမယ်ဆိုတဲ့မူ ရှိသတဲ့။ သမ္မတ ဦးဝင်းမြင့်၊ ဒေါ် အောင်ဆန်းစုကြည်တို့ကိုတော့ ခေါင်းဆောင်ဟောင်းလို့ မသတ်မှတ်ဘဲ လက်ရှိခေါင်းဆောင်လို့များ သတ်မှတ်ထားလေရော့သလား။ တွေ့ဆုံမှု မရှိဘူး။ တရုတ်က ခေါင်းဆောင်ဟောင်းတွေရဲ့ သဘောထားကို သိချင်တာလား၊ ဒါမှမဟုတ် အကြမ်းဖက် ခေါင်းဆောင်မ.အ.လ ကို နားချနိုင်လိမ့်မယ်လို့ ထင်မှတ်နေလေသလား မပြောတတ်ဘူး။

 

ပြောရရင်တော့ တရုတ်ရဲ့ ချဉ်းကပ်မှုဟာ တစုံတရာ အကျိုးဖြစ်ထွန်းလာလိမ့်မယ်လို့ မမျှော်လင့်မိဘူး။ ဘာလို့လဲဆိုတော့ အခုဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ စစ်အာဏာရှင်နဲ့ ပြည်သူတွေရဲ့ ပဋိပက္ခ ဖြစ်နေလို့ပဲ။ အဲဒီမှာ ပြည်သူတရပ်လုံးကို မလွှမ်းခြုံနိုင်သည့်တိုင် ပြည်သူတွေဘက်က ရပ်ခံနေတဲ့ NUG လည်း ပါဝင်သင့်တယ်။ တရုတ်နဲ့ NUG လည်း ဆက်ဆံရေးတွေ ရှိတယ်လို့ ဆိုကြပါတယ်။ ဘယ်လိုဖြစ်ဖြစ် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ အနေနဲ့ စစ်ရေးအရ၊ စီးပွားရေး အရ နာလန်မထူနိုင်အောင် ရှုံးနိမ့်သွားပါပြီ။ မလွဲမသွေ ကျဆုံးတော့မှာဖြစ်ပါတယ်။ ဒင်း အနေနဲ့ လုံး၀ ထွက်ပေါက်အားလုံး ပိတ်ဆို့သွားပါပြီ။

 

ကျုပ်တို့အနေနဲ့ အနာဂတ်နိုင်ငံတော်အတွက် အလျှော့ပေးလိုက်တာ မဟုတ်တဲ့၊
သင်ပုန်းချေတာမဟုတ်တဲ့ တွေ့ဆုံညှိနှိုင်းမှုကိုတော့ မလွဲမသွေ ဖြတ်သန်းရပါလိမ့်ဦးမယ်…။

~~~~

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။