ပြည်တွင်းရဲ့ လတ်တလောအခြေအနေက အကြမ်းဖက်စစ်တပ်ကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးနေရတဲ့ အခြေအနေ။ မိဘမဲ့သွားတဲ့ သားသမီးတွေ၊ သားသမီးတွေ မရှိကြတော့တဲ့ မိဘတွေ၊ ထမင်းဝိုင်းက ရယ်သံတွေ တိတ်ဆိတ်သွားခဲ့ရတဲ့ မိသားစုတွေ။ မီးခိုးတလူလူ ထွက်နေတဲ့ တစပြင်လို ကျေးရွာတွေ၊ မြေပေါ် အတုံးအရုံး လဲကျနေကြတဲ့ တိရစ္ဆာန်အသေကောင်တွေရဲ့ ခပ်တောင့်တောင့်ခန္ဓာကိုယ်တွေ၊ ပြာပုံအတိပြီးနေတဲ့ ဘုရားရှိခိုးကျောင်းတွေနဲ့ ပညာသင်မယ့် ကလေးတွေ ရှိမနေတော့တဲ့ အထီးတည်း ကျောင်းပျက်ကြီးတွေ။ တစ်နေ့တစ်နေ့ မီးလောင်ဗုံးတွေကျလို့ တသက်လုံး ဆောက်ခဲ့ရတဲ့အိမ်တွေက စက္ကန့်ပိုင်းအတွင်း ပြာဖြစ်သွားပြီး လက်နက်ကြီးဒဏ်ကြောင့် ထာဝရပြုတ်ထွက်သွားတဲ့ ပြည်သူ့ခန္ဓာကိုယ်တွေရဲ့အစိတ်အပိုင်းတွေနဲ့ ဖွာကျသွားတဲ့ ဦးနှောက်အပိုင်းအစတွေက အခုထိ စိမ်းဆတ်ဆတ်ဖြစ်နေတုန်း။
ကလေးတွေ ထမင်းကို ဆားနဲ့ပဲ စားရစားရ ဗိုက်အဆာမခံရလေအောင် ထမင်းတစ်အိုးတည်ဖို့အရေး ရန်သူမျိုးငါးပါး အကုန်ကြည့်ရ။ တစ်ဘဝစာလောက် အချိန်တွေ စောင့်ဆိုင်းရ၊ ဟော..ကျက်သွားတဲ့ ထမင်းအိုးလေးကို ကလေးတွေ စားကြဖို့ ထည့်တုန်းရှိသေး၊ “စစ်ကြောင်းထိုးလာပြီးဟေ့ ပြေး ပြေး” ။
ကျန်ရှိနေသူတွေကလည်း အသက်ရှင်သန်ခြင်းကို ဝဋ်ကြွေးတစ်ခုလို သဘောထားနေရကာ ဘေးလွတ်ရာကို ပြေးရရှောင်ရ။ ကလေးတွေ ထမင်းကို ဆားနဲ့ပဲ စားရစားရ ဗိုက်အဆာမခံရလေအောင် ထမင်းတစ်အိုးတည်ဖို့အရေး ရန်သူမျိုးငါးပါး အကုန်ကြည့်ရ။ တစ်ဘဝစာလောက် အချိန်တွေ စောင့်ဆိုင်းရ၊ ဟော..ကျက်သွားတဲ့ ထမင်းအိုးလေးကို ကလေးတွေ စားကြဖို့ ထည့်တုန်းရှိသေး၊ “စစ်ကြောင်းထိုးလာပြီးဟေ့ ပြေး ပြေး” ။ အုပ်ထိန်းသူတွေဟာ ချည့်နဲ့နေတဲ့လက်တွေနဲ့ ကလေးတွေကို ဆွဲပွေ့ဖို့ လက်ကျန်အင်အားကို အမြဲထုတ်ထုတ် သုံးရတာချည်း။ အဲဒီကျက်သွားပြီဖြစ်တဲ့ ထမင်းအိုးလေးကို မျက်ရည်အဝဲသားနဲ့ ဖျတ်ခနဲ ကြည့်မိပေမယ့် မသယ်နိုင်တော့တဲ့ ဘဝတွေ။ အခုနေ ထမင်းတနပ် စားနေရပေမယ့် နောက်တစ်နပ်အတွက် မသေချာ၊ အခု ရေတစ်ခွက်သောက် ကျောတစ်ခါ ခင်းရပေမယ့် နောက်တစ်ခါ ခင်းနိုင်မလား မရေရာတဲ့ ဘဝတွေ။
ပြည်တွင်း နယ်မြေတချို့မှာတော့ စစ်တပ်က အိမ်တွေထဲ အတင်းဝင်ရောက်ကာ သားကို မတွေ့ရင် အဖေကို ဖမ်းသွားတာမျိုး၊ အလုပ်ပြန်ချိန် လမ်းမှာတင် ဖမ်းဆီးခေါ်ဆောင်ကာ စစ်မှုထမ်းခိုင်းဖို့ ခေါ်ဆောင်ပြီး မထမ်းလိုရင်တော့ တောင်းသလောက် ငွေပေးညှိနှိုင်းနိုင်မှ၊ မဟုတ်ရင်တော့ ဘယ်ရောက်လို့ ဘယ်ကို ပို့ဆောင်လိုက်မှန်း သတင်းအစအနပင် မရတာမျိုးတွေ။
လက်ရှိမှာလည်း အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ လူငယ်တွေကို ပစ်မှတ်ထားတဲ့ စစ်မှုထမ်းဆိုတာက စကစရဲ့ အကျိုးစီးပွားအတွက် ပြည်သူတွေက ကိုယ့်အချင်းချင်း ပြန်သတ်ရမှာ သိသိကြီး၊ ကျိန်းသေ သေတွင်းပို့ခံရတာ သိသိကြီးမို့ လူငယ်တွေ ဘယ်သူမှ စစ်မှုမထမ်းချင်။ လူငယ်တွေမှာ သွေးရူးသွေးတန်း၊ အိုးကြီးအိုမ မိဘတွေခဗျာ ဗလောင်ဆူတဲ့ရင်နဲ့ မျက်ရည်စမ်းစမ်း။ ငွေကြေးတတ်နိုင်သူတွေအဖို့ စကစဘက်နဲ့ ညှိနှိုင်းအဆင်ပြေနိုင်ပေမယ့် သာမန်လက်လုပ်လက်စား ပြည်သူတွေအဖို့ ပေးစရာ ငွေကြေးက မရှိ။ စစ်မှုထမ်းဖို့ မဲပေါက်သူက စစ်မှုမထမ်းချင်ရင် နေရာဒေသအလိုက် ၁၅ သိန်းကနေ သိန်း ၅၀ အထိ ပေးနေရ။ တချို့နေရာတွေမှာတော့ သွားမယ့်သူကို အလုအယက်ရှာဖွေပြီး တရွာလုံးက သိန်း ၅၀ မပြည့်ပြည့်အောင် စုပေါင်းပေးကာ စစ်မှုထမ်းခိုင်းရတာတွေလည်း ရှိရဲ့။ ပြည်တွင်း နယ်မြေတချို့မှာတော့ စစ်တပ်က အိမ်တွေထဲ အတင်းဝင်ရောက်ကာ သားကို မတွေ့ရင် အဖေကို ဖမ်းသွားတာမျိုး၊ အလုပ်ပြန်ချိန် လမ်းမှာတင် ဖမ်းဆီးခေါ်ဆောင်ကာ စစ်မှုထမ်းခိုင်းဖို့ ခေါ်ဆောင်ပြီး မထမ်းလိုရင်တော့ တောင်းသလောက် ငွေပေးညှိနှိုင်းနိုင်မှ၊ မဟုတ်ရင်တော့ ဘယ်ရောက်လို့ ဘယ်ကို ပို့ဆောင်လိုက်မှန်း သတင်းအစအနပင် မရတာမျိုးတွေ။
တချို့က မိသားစုကို ထားကာ ပြည်ပ ခရီးနှင်ကြ၊ တချို့က ပြည်တွင်းမှာပဲ မိသားစုလိုက် ကိုယ်ယောင်ဖျောက်နေကြ၊ တချို့ကတော့ အမယ်အိုတွေကို တစ်ယောက်တည်းထားခဲ့ရကာ ထိုင်းနိုင်ငံဘက် တရားမဝင် လမ်းကြောင်းကနေ ခိုးဝင်ကြရ၊ သူများနိုင်ငံရောက်တော့လည်း ဘာသာစကားက မတတ်၊ အထောက်အထားက မရှိ၊ အဆက်အသွယ်က ဗလာနဲ့ အိပ်ကပ်ထဲ တပြားမှ မရှိတဲ့ သေချင်စော်နံနေတဲ့ နေ့ရက်တွေနဲ့ လူငယ်တွေ ထပ်ပြီးရင်ဆိုင်ရ။
ခေတ်ပျက်ကာလကြီးထဲမှာ တကယ်တော့ လူငယ်တွေအဖို့ ရွေးချယ်စရာ များများစားစား မရှိ။ ထိုင်ငေး၊ ထိုင်ဆွေး ထိုင်တွေးနေဖို့ အချိန်သိပ်မရှိ။ အဖြူနဲ့ အမဲ၊ ဓမ္မနဲ့ အဓမ္မ။ အဖြေက ရှင်းရှင်းလေး။
ခေတ်ပျက်ကာလကြီးထဲမှာ တကယ်တော့ လူငယ်တွေအဖို့ ရွေးချယ်စရာ များများစားစား မရှိ။ ထိုင်ငေး၊ ထိုင်ဆွေး ထိုင်တွေးနေဖို့ အချိန်သိပ်မရှိ။ အဖြူနဲ့ အမဲ၊ ဓမ္မနဲ့ အဓမ္မ။ အဖြေက ရှင်းရှင်းလေး။ ဘယ်ကိုပဲ ရောက်ရောက် ကိုယ်ဘယ်လို ဖြတ်သန်းမလဲ တခါတည်း ကြိုတွေပြီး ချက်ချင်း ဆုံးဖြတ်ချက်ချနေရတဲ့ အခြေအနေတွေပါ။
ပြောရရင်တော့ ပြည်တွင်းစစ်အကျပ်အတည်းကာလကြီးဟာ ပြည်သူတွေရဲ့ အိမ်တံခါးတိုင်းကို အချိန်နဲ့အမျှ ခေါက်နေပြီဆိုပေမယ့် သူတို့နဲ့ မဆိုင်သလိုနေထိုင်တတ်ကြတဲ့ အနုပညာသည် အသိုင်းအဝိုင်း၊ ဆယ်လီအသိုင်းအဝိုင်းကလည်း သပ်သပ်ရှိနေတာပါပဲ။ သူတို့နေရာလေးမှာပဲ သူ့ပရိတ်သတ်နဲ့သူ ကွက်ပျော်၊ ကွက်ကဲပြီး ဇွတ်နေရာယူ၊ ဇွတ် ပွဲတွေစီစဉ်ကာ အများစိတ်ဝင်စားအောင် ဖောက်ပြန်ရေးယောင်ယောင် ပညာပေးယောင်ယောင် ဇာတ်လမ်းတွဲတွေ တစ်ကွက်ပြီးတစ်ကွက် ရိုက်ပြ၊ ရိုးအီနေတဲ့ ပေါကားအထာ ရုပ်ရှင်ကားတွေကိုလည်း အင်တာဗျူးတွေ အပြိုင်အဆိုင်လုပ်ကာ တိုင်းပြည်ကြီး အေးချမ်းနေသယောင်၊ ဘာဆိုဘာမှ မဖြစ်ခဲ့သယောင်၊ တော်လှန်ရေးကြီးပဲ ပြီးသွားသယောင် ခပ်တည်တည် ရုံတင်ကြနဲ့ ကိုယ်နာမည်ရရေး၊ ကိုယ်ပိုက်ဆံရအောင်မြင်ရေးတွေ လုပ်ပြီး ပြည်သူတွေ တော်လှန်ရေးကို မျက်ကွယ်ပြုအောင် ဇွတ်အာရုံလွှဲနေသူ ရေပေါ်ဆီလူတန်းစားတွေရှိနေတာကတော့ ငြင်းမရနိုင်အောင်ပါပဲ။
boycott လုပ်မယ်ဆိုရင် သူတို့ကို အားမပေးတာ၊ ဘာ comment မှ ဝင် မမန့်တာ၊ Like မလုပ်တာတွေကအစ ဆင်ခြင်ပြီး ထိထိရောက်ရောက် ပြတ်ပြတ်သားသား boycott လုပ်နိုင်ဖို့ အရေးကြီးပါတယ်။
စစ်ဖြစ်နေတဲ့ ကာလ ဘယ်သူမှ မပျော်နိုင်ကြလို့ စိတ်ထွက်ပေါက်အနေနဲ့ ကြည့်မိ၊ အားပေးမိတာတွေ လိုတာထက်ပိုလာရင်တော့ သူတို့တွေရဲ့ ရည်ရွယ်ချက်ရှိရှိ လည်ပတ်နေမှုဟာ ပိုပြီး အရှိန်အဟုန်မြှင့်ကြီးထွားလာစေဖို့ပဲ ရှိပါတယ်။ ဒါကြောင့် boycott လုပ်မယ်ဆိုရင် သူတို့ကို အားမပေးတာ၊ ဘာ comment မှ ဝင် မမန့်တာ၊ Like မလုပ်တာတွေကအစ ဆင်ခြင်ပြီး ထိထိရောက်ရောက် ပြတ်ပြတ်သားသား boycott လုပ်နိုင်ဖို့ အရေးကြီးပါတယ်။
နောက်တစ်ခုကတော့ အဲဒီလက်တစ်ဆုပ်စာ ရေပေါ်ဆီအတန်းအစားတွေလိုပဲ ခေတ်ပျက်ကာလကြီးကို ကျောခိုင်းလို့ အတင်းတွေ ဇွတ်အောင်မြင်သူတစ်ယောက်ဖြစ်အောင် မိုတီပေးနေကြသူ Motivation Speaker တွေပါ။ သူတို့တွေကလည်း အောင်မြင်ရေးရှေ့ဆုံးခုံကနေ နေရာယူကာ “ ချမ်းသာချင်ရင် ဒါတွေ မလုပ်မိဖို့ လိုတယ်”၊ “ဘဝအောင်မြင်ရေး လျှို့ဝှက်ချက်ဆိုတာ” ၊ “လူကြီးမင်း ငြိမ်နေလို့ မရဘူး၊ အမြဲလှုပ်နေရပါမယ်”၊ “ဆင်းရဲသား ၁၀ ယောက်နဲ့ပေါင်းရင် ၁၁ ယောက်မြောက် ဆင်းရဲသားက သင်ဖြစ်သွားလိမ့်မယ်” စတဲ့စတဲ့ တော်လှန်ရေးကာလထဲမှာ ချမ်းသာအောင်မြင်ရေးနည်းလမ်းတွေဟာ လေထဲ ဆပ်ပြာပူပေါင်းတွေလို ဖောင်းပွ ပလူပျံနေတာတော့ အမှန်ပါ။ ခေတ်ပျက်ကာလကြီး၊ စစ်ပွဲကာလကြီးမှာ ဒီလို ချမ်းသာအောင်မြင်ရေး moti တွေလောက် ဟာသဖြစ်စေမယ့် ပြက်လုံးတွေ မရှိတာလည်း အမှန်ပါ။
မြေပြင်အခြေအနေထဲ ရုန်းကန်အသက်လုပြီး ထမင်းတနပ် မနဲမျိုချနေရတဲ့ ပြည်သူတွေ သွားမေးရင်လည်း တို့စားရမယ့် ထမင်းတနပ်လို၊ ခြုံရမယ့်စောင်တထည်လို အရေးပါတာလားလို့ မေးမှာ မလွဲပါဘူး။ ဒီလိုပါပဲ စစ်မှုထမ်းရတော့မယ့်သူတစ်ယောက်ကို အောင်မြင်ရေးမိုတီတွေ သွားပြောရင်လည်း ဘာမှ အသုံးဝင်နေမှာ မဟုတ်ပါဘူး။
တိုက်ပွဲဝင်နေတဲ့ လူငယ်တွေကို သွားပြောရင် ရန်သူကို တိုက်ရမယ့် ကျည်တတောင့်လောက် အရေးကြီးလို့လားလို့ ရယ်လိမ့်မယ်။ မြေပြင်အခြေအနေထဲ ရုန်းကန်အသက်လုပြီး ထမင်းတနပ် မနဲမျိုချနေရတဲ့ ပြည်သူတွေ သွားမေးရင်လည်း တို့စားရမယ့် ထမင်းတနပ်လို၊ ခြုံရမယ့်စောင်တထည်လို အရေးပါတာလားလို့ မေးမှာ မလွဲပါဘူး။ ဒီလိုပါပဲ စစ်မှုထမ်းရတော့မယ့်သူတစ်ယောက်ကို အောင်မြင်ရေးမိုတီတွေ သွားပြောရင်လည်း ဘာမှ အသုံးဝင်နေမှာ မဟုတ်ပါဘူး။ တချို့သောသူတွေရဲ့ လိုအပ်မှုတွေကြောင့် Motivation Speaker တွေ ရှိဖို့လိုတာ မပြောလိုပေမယ့် ဖြတ်သန်းနေရတဲ့ အခြေအနေအချိန်အခါတွေ မတူတဲ့အခါမှာ အများစုအတွက်တော့ လိုအပ်ချင်မှ လိုအပ်မှာပါ။
တိုင်းပြည်နာနေချိန်မှာ ကိုယ့်အတွက် Viewer များဖို့၊ Follower များဖို့၊ သင်တန်းတွေ တက်ချင်လာအောင် စည်းရုံးဖို့ ဇွတ်အောင်မြင်ရေး Moti တွေအစား ပြည်သူတွေ အမြန်ဆုံး ငြိမ်းချမ်းဖို့နဲ့ လူငယ်တွေ လုံခြုံရေးကသာ အဓိက ကျနေတာပါ။ အဲဒီတော့ Motivation Speaker တွေ ကိုယ့်အလုပ် ကိုယ်လုပ်တယ်ဆိုပေမယ့် ဒီအချိန်မှာ မယောင်ရာတွေ ဆီလူးမနေဘဲ attention ရှာတာတွေ လျော့ပြီး လိုအပ်ရင် ခပ်ဆိတ်ဆိတ်နေခြင်းကသာ လက်ရှိ အများပြည်သူ လူငယ်တွေအတွက် အနှောက်အယှက်မပေးတဲ့ Moti တစ်စုံတရာ ဖြစ်စေလေမလားပါပဲ။ ။
~~~~
<iframe width="960" height="540" src="https://www.youtube.com/embed/XJwjQMhcbbg" title="မြေပြင်အခင်းအကျင်းနဲ့ ဇွတ်အောင်မြင်ရေးမိုတီတွေ (Opinion)" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share" referrerpolicy="strict-origin-when-cross-origin" allowfullscreen></iframe>
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။