Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်မှုထမ်းဖို့ လူစုပေးတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး သားအဖ သေနတ်ပစ်ခံရပြီး သေဆုံး

အကြမ်းဖက် စစ်ကောင်စီ တပ်မှာ စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ ပေါက်ခေါင်းမြို့နယ်၊ ညောင်ပင်အင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ထွေးနဲ့ ၎င်းရဲ့ သားဖြစ်သူ တပ်ကြပ်ကြီးဟောင်း ကျော်သူစိုးတို့ သားအဖနှစ်ဦးဟာ ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF က သတင်းထုတ်ပြန်ထားပါတယ်။ 

 

ညောင်ပင်အင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သားအဖကို စစ်ဆေးဖို့ ၎င်းတို့ နေအိမ်ကနေ ဧပြီလ ၂ ရက် ည ၈ နာရီလောက်မှာ ဆိုင်ကယ်နဲ့ ဖမ်းဆီးခေါ်ဆောင်လာစဉ် လမ်းမှာ ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် အခုလို ပစ်သတ်လိုက်ရတာ ဖြစ်တယ်လို့  PPDF ၃၆၀၁ တပ်ရင်း ဆက်သွယ်ရေးနဲ့သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

 

၎င်းတို့ သားအဖနှစ်ဦးကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၃၆၀၁ PPDF တပ်ခွဲ ၄ ပြည်တော်ဝင်အဖွဲ့ နဲ့ တပ်ခွဲ ၅ နွေဦးအဖွဲ့တို့က စစ်ဆေးဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့တာ ဖြစ်ပြီး ဖမ်းဆီးစဉ်မှာ စစ်မှုထမ်းဟောင်း ကတ်တစ်ခု၊ မှတ်ပုံတင်တစ်ခု၊ ဖုန်းနှစ်လုံးနဲ့ ဆိုင်ကယ်တစ်စီးတို့ကိုပါ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

 

ကျေးရွာ အုပ်ချုပ်ရေးမှူး တင်ထွေးနဲ့ သားဖြစ်သူ တပ်ကြပ်ကြီးဟောင်းတို့ နှစ်ဦးဟာ ညောင်ပင်အင်းကျေးရွာအုပ်စု အတွင်းရှိ လူငယ်တွေကို အကြမ်းဖက် စစ်ကောင်စီ တပ်မှာ စစ်မှုထမ်းဖို့ စုဆောင်းတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီးအကြမ်းဖက် စစ်ကောင်စီ တပ်တွေကို သတင်းပေးခဲ့တဲ့အတွက် တော်လှန်ရေး စခန်းငယ်တစ်ခု  စီးနင်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - အုပ်ချုပ်ရေးမှူး သားအဖထံမှ သိမ်းဆည်းခဲ့သည့် ပစ္စည်းများ

~~~~
# #ပေါက်ခေါင်းမြို့ #စစ်မှုထမ်း #ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်_၃၆၀၁ #ဖမ်းဆီးသတ်ဖြတ် 
#ငွေမောင်းသံ မီဒီယာရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါလင့်ခ်တွေမှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

YouTube >>> https://youtube.com/@user-hrtjmyanmar?si=Q5Ln_GY5gfTd9-lJ

Website >>> https://www.hrtjmyanmar.org/

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။