ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အတွင်းရှိ ပျူစောထီးခေါင်းဆောင်တစ်ဦးကို PDF တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရပါတယ်။
ပေါက်ခေါင်းမြို့နယ်၊ အုတ်ဖိုရွာနေ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ပျူစောထီးခေါင်းဆောင် သိန်းမြင့်ရဲ့ အိမ်ထဲသို့ ပြည်ခရိုင် PDF တပ်ရင်း-၃၆၀၂၊ တပ်ခွဲ-၃ ( SPDF) က ဒီဇင်ဘာ (၂၄)ရက်၊ မွန်းလွဲ (၂)နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Bago Region PDF က သတင်းထုတ်ပြန်ပါတယ်။
သိန်းမြင့်ကို ဝင်ရောက်ပစ်ခတ်စဉ် သူ့ရဲ့သားဖြစ်သူ ပျူစောထီးအဖွဲ့ဝင် ပြည့်စုံဆိုသူက PDF ရဲဘော်တွေ ကို ပြန်လည်သတ်ပုတ်ခုခံတာကြောင့် ပစ်ခတ်ခဲ့ရာ ပြင်းထန်ဒဏ်ရာရရှိပြီး စစ်ဆေးရုံသို့ တင်ထားကြောင်း သိရပါတယ်။
ပြည့်စုံမှာ စစ်ပြေးတစ်ဦးဖြစ်ပြီး စစ်ဆေးရုံပေါ်မှာ သေဆုံးခြင်းရှိ၊မရှိ မသိသေးဘူးလို့ ဆိုပါတယ်။
ပျူစောထီးခေါင်းဆောင် သိန်းမြင့်ဟာ ကျေးရွာအုပ်စုအတွင်းပျူစောထီးအဖွဲ့ဖွဲ့ဖို့ လူငယ်တွေကို စည်းရုံးခြင်း၊ စစ်သားသစ် ရရှိဖို့လူ ရှာပေးခြင်းနဲ့ စစ်မတိုက်ချင်တာကြောင့် ထွက်ပြေးတဲ့စစ်သားတွေကို လိမ်လည်ခေါ်ယူကာ စစ်တပ်ထံ ပြန်အပ်ခြင်းတို့ ကျူးလွန်သူဖြစ်ကြောင်း သိရပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။