ရက္ခိုင့်တပ်တော် (AA) နဲ့အတူ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက် ရရှိခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ယောကာကွယ်ရေးတပ် (YDF)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ (၃၇၄)၊ ခမရ (၃၇၅)၊ ခမရ (၃၇၆) နဲ့ တပ်မဌာနချုပ် စကခ (၉) တို့ကို ရက္ခိုင့်တပ်တော် (AA) နဲ့အတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အပြီး သိမ်းယူနိုင်ခဲ့တဲ့ အောင်မြင်မှုများလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - ကျောက်တော်မြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်ရရှိခဲ့စဉ် (source: YDF)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။