Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မူးမြို့နယ်နေ ပြည်သူတွေကို အကြမ်းဖက် စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ၃ လအတွင်း ပြည်သူ ၁၈ ဦးသေဆုံး၊ ၃၉ ဦးဒဏ်ရာရ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက မူး(မုန်း)မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူတွေကို ပစ်မှတ်ထားကာ ရည်ရွယ်ချက် ရှိရှိအကြမ်းဖက် တိုက်ခိုက်ခဲ့တာကြောင့် ၃ လအတွင်း ဒေသခံပြည်သူ ၁၈ ဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မူး(မုန်း)မြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လကုန်အထိ ၃ လအတွင်း ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်က ဒေသခံတွေကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၆၃ ကြိမ်၊ ဒရုန်းများ၊ လက်နက်ကြီးများ အသုံးပြုပြီး အကြိမ်ပေါင်းများစွာ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

 

ဒါ့အပြင် မူးမြို့နယ်အတွင်းက ကျေးရွာတွေထဲကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ထိုးစစ်ဆင်ပြီး လူနေအိမ် ၁၆၇ အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ အဆိုပါ တိုက်ခိုက်မှုတွေကြောင့် မူးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈၇ ရွာမှ ဒေသခံပြည်သူ ၆၃၁၁၂ ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

 

အခုလို ပြည်သူတွေကို ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်နေတာကို မူးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက ပြင်းထန်စွာ ကန့်ကွက်ထားပြီး အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

 

စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အမြန်ဆုံး ပေးကြဖို့ကိုလည်း မူးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။

ဓာတ်ပုံ - ကရင် အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်နှင့် မူးမြို့နယ်အတွင်း မီးရှို့ဖျက်ဆီး ခံထားရတဲ့ မြင်ကွင်းများ (source - KNU)

~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။