Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဗေဒင်မေးရင် ဆန်ကုန်ရုံ ရှိလိမ့်မယ် (Opinion)

ဟေ့ကောင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ...။

 

ကြွက်မနိုင်လို့ ကျီမီးရှို့တယ်ဆိုတာ အမြော်အမြင်မရှိတဲ့ လူ့ဗာလ၊ လူ့အန္ဓတွေရဲ့အလုပ်ပါကွာ။ အခု မင်းကလည်း ကြွက်မနိုင်လို့ ကျီမီးရှို့နေပုံမျိုးတွေ ပြုလုပ်နေတာ တွေ့ရတယ်။ ဒီတော့ မင်းကို လူ့ဗာလ၊ လူ့အန္ဓလို့ပဲ ပြောရပေတော့မယ်။

 

 မင်းရဲ့စကားကို မင်းလိုပဲ ရာထူးအရှိန်အဝါနဲ့ မတရားခိုးယူပြီး ချမ်းသာလာကြတဲ့၊ မင်းရဲ့ပတ်ဝန်းကျင်က လူစိတ်ကင်းမဲ့နေကြတဲ့၊ ဗိုလ်ချုပ်တစ်သိုက်ကသာ ယုံကြည်ပေလိမ့်မယ်။ တို့ပြည်သူတရပ်လုံးကတော့ မယုံရေးချ မယုံပါပဲ။


အေးလေ အဲဒါကြောင့်မို့လည်း ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေ့ရှုပြီး အာဏာသိမ်းခဲ့တာပေါ့။ သွားစမ်းပါ။ မဲမသမာမှုတွေပြုလုပ်ခဲ့လို့၊ တိမ်းစောင်းသွားတဲ့ ဒီမိုကရေစီကို တည့်မတ်ပေးချင်လို့ အာဏာထိန်းသိမ်းရတာပါဗျာ။ အာဏာသိမ်းတာမဟုတ်ပါဘူးဆိုတာတွေ လာပြောမနေနဲ့။ ခွေးပြောခွေးယုံ ဆိုတာလိုပါပဲ။ မင်းရဲ့စကားကို မင်းလိုပဲ ရာထူးအရှိန်အဝါနဲ့ မတရားခိုးယူပြီး ချမ်းသာလာကြတဲ့၊ မင်းရဲ့ပတ်ဝန်းကျင်က လူစိတ်ကင်းမဲ့နေကြတဲ့၊ ဗိုလ်ချုပ်တစ်သိုက်ကသာ ယုံကြည်ပေလိမ့်မယ်။ တို့ပြည်သူတရပ်လုံးကတော့ မယုံရေးချ မယုံပါပဲ။


မယုံကြလို့လည်း နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြခဲ့ကြတာပေါ့။ အဲဒါကို လက်နက်ကိုင်ဆောင်ထားတဲ့မင်းတို့က ဆန္ဒပြနေတဲ့ပြည်သူတွေကို သတ်ဖြတ်နှိမ်နင်းခဲ့တယ်။ ပြည်သူ့အိုးအိမ်တွေထဲဝင်ရောက်ပြီး မတရားအနိုင်ကျင့်ခဲ့ကြတယ်။ ပြည်သူ့အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ အဓိဌာန်ပြုထားတဲ့ တပ်မတော်အဖွဲ့အစည်းက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တစ်ဆစ်ချိုးပြောင်းလဲသွားတော့ တို့ပြည်သူတွေအနေနဲ့လည်း မိမိကိုယ်ကိုယ် ခုခံကာကွယ်ကြတဲ့အနေနဲ့ လက်နက်ကိုလက်နက်နဲ့တော်လှန်ခြင်းဆိုတဲ့ လက်နက်ကိုင်တော်လှန်ခြင်းနည်းလမ်းမှတပါး အခြားရွေးချယ်စရာမရှိတော့။


တကယ်တော့ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မယ့် လမ်းကြောင်းပေါ် လျှောက်လှမ်းတော့မယ့်တို့နိုင်ငံကို အနာဂတ်ပျောက်အောင် ဆွဲချပြုလုပ်လိုက်တဲ့ အဓိကတရားခံဟာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ...ရေ၊ မင်းပဲကွ။ တို့ပြည်သူတွေရဲ့ အသည်းနှလုံးထက်မှာ ကျောက်ထက်အက္ခရာ တင်ထားလိုက်ကြပေါ့။ မင်းနဲ့အတူ မင်းရဲ့အကြမ်းဖက်အဖွဲ့အစည်းကို တို့တတွေ ကမ္ဘာမကြေဘူးဆိုတာ သိထားလိုက်ပါ။

 

စစ်အာဏာရှင်တွေပီပီ စစ်အာဏာရှင်အတွေးအခေါ်နဲ့ ပြည်သူတွေကို ကြောက်စိတ်သွပ်သွင်းပြီး အနိုင်ကျင့်စိုးမိုး အုပ်ချုပ်ကြမယ်ပေါ့။ တို့များပြည်သူတွေရဲ့ဘဝတွေလည်း အလဲလဲအပြိုပြိုပါပဲ။ ဒါပေမဲ့ မင်းတို့ရှေ့မှောက် ဦးမညွတ်ခဲ့ကြဘူး။

 

၂ နှစ်တာ ကာလအတွင်းမှာ တို့ပြည်သူတွေ အပြစ်မဲ့ လက်လွတ်စပယ် အဖမ်းဆီး ချုပ်နှောင်ခံကြရ၊ အသတ်ခံကြရ၊ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရ။ မင်းတို့ကတော့ စစ်အာဏာရှင်တွေပီပီ စစ်အာဏာရှင်အတွေးအခေါ်နဲ့ ပြည်သူတွေကို ကြောက်စိတ်သွပ်သွင်းပြီး အနိုင်ကျင့်စိုးမိုး အုပ်ချုပ်ကြမယ်ပေါ့။ တို့များပြည်သူတွေရဲ့ဘဝတွေလည်း အလဲလဲအပြိုပြိုပါပဲ။ ဒါပေမဲ့ မင်းတို့ရှေ့မှောက် ဦးမညွတ်ခဲ့ကြဘူး။ စစ်အာဏာရှင်အမြစ်ပြတ်ရေးဆိုတဲ့ တော်လှန်ရေးလမ်းကြောင်းပေါ် ဆက်လက်ချီတက်ခဲ့ကြတယ်။

 

အဲဒီကတည်းက မင်းတို့အနေနဲ့ နိုင်ငံအပေါ်၊ ပြည်သူတွေအပေါ် ဆံတစ်မျှင် နှမ်းတစ်စေ့လောက် ချစ်မြတ်နိုးကြမယ်ဆိုရင် နည်းလမ်းတစ်ခုခုရှာဖွေပြီး အဖြေတစ်ခုခု ရှာဖွေသင့်ကြတာပေါ့။ ဒါပေမဲ့ လူ့ဗာလ လူ့အန္ဓတွေပီပီ ပြည်သူတရပ်လုံး လက်မခံတဲ့လမ်းကို ငါတကောကောပြီး ခေါင်းမာမာနဲ့ ရှေ့တိုးထမ်းပိုးလုပ်ခဲ့ကြတယ်။ ဒီတော့လည်း ဆိုးကျိုးအလီလီသာ ရရှိခံစားရပေမယ်ပေါ့။

 

 ဖုံးမရဖိမရ။ လက်လွှတ်လိုက်ရတဲ့မြို့တွေ၊ ဆုံးရှုံးလိုက်ရတဲ့ စစ်ဗျူဟာစခန်းကုန်းတွေ၊ သေလိုက်ကြတဲ့ စခတွေ၊ အဟောသိကံဖြစ်သွားတဲ့ စစ်လက်နက်ပစ္စည်းတွေ။ ဆီပုလင်းခါးချိတ်ပြီး တရုတ်နိုင်ငံကိုဒူးထောက်ကာ အပစ်အခတ်ရပ်စဲရေး လုပ်လိုက်ရတယ်မဟုတ်လား။

 

၃ နှစ်တာကာလအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြီး ပေါ်ပေါက်လာတော့ မင်းတို့အမြဲတမ်း ဂုဏ်ယူဝင့်ကြွားလေ့ရှိတဲ့ Standard Army ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့ အရည်အချင်းအစစ်အမှန်တွေ ပေါ်ပေါက်လာတော့တယ်။ ဖုံးမရဖိမရ။ လက်လွှတ်လိုက်ရတဲ့မြို့တွေ၊ ဆုံးရှုံးလိုက်ရတဲ့ စစ်ဗျူဟာစခန်းကုန်းတွေ၊ သေလိုက်ကြတဲ့ စခတွေ၊ အဟောသိကံဖြစ်သွားတဲ့ စစ်လက်နက်ပစ္စည်းတွေ။ ဆီပုလင်းခါးချိတ်ပြီး တရုတ်နိုင်ငံကိုဒူးထောက်ကာ အပစ်အခတ်ရပ်စဲရေး လုပ်လိုက်ရတယ်မဟုတ်လား။

 

ဒါ့ပြင် ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် ဆိုတာလိုပါပဲ။ လောက်ကိုင်က လက်ကိုင်ဒုတ် ပယ်ဆောက်ချိန်ကိုချနင်းလိုက်တော့ မြဝတီက စောချစ်သူဆိုတဲ့ကောင်လည်း ချမနင်းခင် ခုန်ထွက်သွားတော့တယ်။ ရှမ်းမြောက်မှာ သေနတ်သံတွေ တိတ်ဆိတ်စပြုသွားပေမဲ့ ရှမ်းတောင်က ဆီဆိုင်နဲ့ လွိုင်လင်တို့ဘက်မှာ တိုက်ပွဲတွေ ထွက်ပေါ်လာတယ်။ မွန်ကလည်း တိုက်ပွဲခေါ်သံ ပေးလိုက်ပြီ။ ရခိုင်မှာတော့ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ကလုန်းကြီး ဖြစ်ပေါ်လာတော့တယ်။

 

အိမ်နီးချင်းနိုင်ငံတွေကို ကျုပ်တို့အကြမ်းဖက်အဖွဲ့အစည်း ခွက်ခွက်လန်အောင် ရှုံးနိမ့်နေပါပြီဗျာလို့ ကြေညာနေတဲ့အတိုင်း။ မင်းတို့ မရှက်ကြဘူးလားကွာ။

 

မင်းတို့ရဲ့ စစ်ရေးအခြေအနေကလည်း ကရင်၊ ကရင်နီဘက်က စခတွေက ထိုင်းဘက်ကိုပြေး။ ရှမ်းမြောက်က ကောင်တွေကလည်း တရုတ်ဘက်ကိုပြေး။ ချင်းပြည်နယ်ဘက်ကကောင်တွေက အိန္ဒိယကိုပြေး။ ဟော အခု ရခိုင်ဘက်ကကောင်တွေက ဘင်္ဂလားဒေ့ရှ်ဘက်ကိုပြေး။ ရှမ်းအရှေ့မှာ တိုက်ပွဲတွေဖြစ်လာရင်တော့ လာအိုဘက်ကို ပြေးကြဦးမလားမသိဘူး။ အိမ်နီးချင်းနိုင်ငံတွေကို ကျုပ်တို့အကြမ်းဖက်အဖွဲ့အစည်း ခွက်ခွက်လန်အောင် ရှုံးနိမ့်နေပါပြီဗျာလို့ ကြေညာနေတဲ့အတိုင်း။ မင်းတို့ မရှက်ကြဘူးလားကွာ။

 

ရှုံးနိမ့်ပြီးရင်း ရှုံးနိမ့်နေတာမို့ တိုင်းမှူးက ဒစကမှူးကိုလွှဲချပြီး လက်သီးနဲ့ထိုး၊ နှာခေါင်းရိုးကျိုး။ ဒစကမှူးကလည်း ပြန်ထိုးလို့ တိုင်းမှူးသွားတွေကျိုး။ ပြောရရင် ရထူးအထက်အောက် အမိန့်နာခံမှုလည်း မရှိကြတော့ဘူး။ မင်းတို့အကြမ်းဖက်အဖွဲ့အစည်း ပျက်စီးသွားပြီလေ။

 

မင်းတို့က မင်းပြားဆေးရုံကို လူမဆန်စွာ ဗုံးကြဲချလိုက်ကြတယ်။ ထီးချိုင့်၊ မိုးမိတ်၊ ကောလင်းတို့ကိုလည်း မြို့ပျက်စီးအောင် ဖျက်ဆီးလိုက်ကြတယ်။ အဲဒါတွေက ကြွက်မနိုင်လို့ ကျီမီးရှို့တဲ့ အဖြစ်မျိုးတွေပဲကွ။ 


အဲဒီအခြေအနေမှာ မင်းတို့က မင်းပြားဆေးရုံကို လူမဆန်စွာ ဗုံးကြဲချလိုက်ကြတယ်။ ထီးချိုင့်၊ မိုးမိတ်၊ ကောလင်းတို့ကိုလည်း မြို့ပျက်စီးအောင် ဖျက်ဆီးလိုက်ကြတယ်။ အဲဒါတွေက ကြွက်မနိုင်လို့ ကျီမီးရှို့တဲ့ အဖြစ်မျိုးတွေပဲကွ။ နိုင်လိုမင်းထက် လက်လွတ်စပယ် လုပ်ဆောင်ခြင်းတွေပဲ။ မင်းတို့ကျူးလွန်တဲ့ပြစ်မှုတွေဟာ ပြေးမလွတ်တဲ့ ရာဇဝတ်မှုတွေပဲ။ မင်းတို့က ရှုံးနိမ့်တော့မယ့်အတူတူ မစားရတဲ့အမဲ သဲနဲ့ပက်မယ်ဆိုတဲ့ အောက်တန်းကျလှတဲ့ စိတ်ဓာတ်တွေနဲ့ပါလားကွာ။ မင်းတို့တတွေဟာ ရလိုဇောလွန်ကဲလွန်းလို့ လူသားစိတ်မရှိကြတော့ဘူး။


စခအင်အားလျော့နည်းလာလို့ လက်ရုံးတပ်တွေကို ထုတ်သုံးလာတယ်။ ကျုံပျော်ဘက်ကလက်ရုံးတပ်တွေ ရခိုင်စစ်မြေပြင်ဘက်ပို့လွှတ်တာ သက်သေပဲ။ ဒါကိုမှ စခတွေအနေနဲ့ ရုန်းမထွက်နိုင်ကြဘူးဆိုရင်တော့ မင်းတို့အသက် ပေးဆပ်ကြရုံရှိတာပေါ့လို့ ပြောရုံမှတပါး အခြားပြောစရာစကားမရှိတာ့။

 

စစ်မှုထမ်းဥပဒေကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုလိုနီဘဝကပြောကြားခဲ့တဲ့ မိန့်ခွန်းတွေအသုံးပြုပြီး အောက်တန်းကျကျ စည်းရုံးလာတာ တွေ့ရတယ်။ 


ပြီးတော့ စစ်မှုထမ်းဥပဒေကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုလိုနီဘဝကပြောကြားခဲ့တဲ့ မိန့်ခွန်းတွေအသုံးပြုပြီး အောက်တန်းကျကျ စည်းရုံးလာတာ တွေ့ရတယ်။ ဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ တို့နိုင်ငံကို တခြားနိုင်ငံက ကျူးကျော်ဝင်ရောက်လာသလား။ ဝင်ရောက်လာသည် ဆိုပါစို့။ မင်းတို့အနေနဲ့ အမိန့်တွေ၊ ဥပဒေတွေထုတ်​ြီး ခေါ်နေစရာမလိုပါဘူးကွာ။ တို့လို အိုကြီးအိုမတွေတောင် နိုင်ငံသားပီသစွာနဲ့ သေနတ်ကိုင်ပြီး တိုက်ပြီးသားပဲ။

 

အခု တို့က ဘယ်သူ့ကိုတိုက်ဖို့ စစ်မှုထမ်းရမှာလဲ။ မင်းတို့စစ်အာဏာရှင်တွေ တည်တံ့ခိုင်မြဲဖို့ EAO တွေ၊ PDF တွေကို တိုက်ပေးရမှာတဲ့လား။ မင်းတို့စစ်အာဏာရှင်တွေက နိုင်ငံ့အကျိုး သယ်ပိုးခဲ့ကြလို့လား။ ခေတ်အဆက်ဆက် မင်းတို့အုပ်စိုးပြီး တရားဝင်သူခနုးကြီးတွေ လုပ်ခဲ့ကြတာမို့ နိုင်ငံ မွဲတေခဲ့ရတာလေ။ တို့ပြည်သူတွေအပေါ်ရော မင်းတို့စစ်အာဏာရှင်တွေ ကျေးဇူးပြုခဲ့ကြလို့လား။ ဦးဝင်းတင်ပြောခဲ့သလိုပါပဲ။ စစ်တပ်ရဲ့ကျေးဇူး မူးလို့တောင် ရှူစရာမရှိခဲ့ပါဘူးကွာ။ ဒီတော့ မင်းတို့စစ်အာဏာရှင်တွေအကျိုးအတွက် တို့အနေနဲ့ စစ်မှုမထမ်းနိုင်ဘူး။ တို့က လူ့ဗာလတွေမှ မဟုတ်တာ။

 

မင်းတို့ကျွမ်းဝင်လှပါပြီဆိုပြီး ယူဆသတ်မှတ်ထားတဲ့ မင်းတို့ရဲ့စစ်ရေးအခြေအနေဟာ ဘယ်လိုမှ အစားထိုးကုစားလို့ မရတော့ပါဘူး။ ကျားကန်လို့လည်း မရတော့ဘူး။ ပြိုလဲပျက်စီးလို့သွားပါပြီ။

 

 

ဒီမှာ၊ မင်းတို့ကျွမ်းဝင်လှပါပြီဆိုပြီး ယူဆသတ်မှတ်ထားတဲ့ မင်းတို့ရဲ့စစ်ရေးအခြေအနေဟာ ဘယ်လိုမှ အစားထိုးကုစားလို့ မရတော့ပါဘူး။ ကျားကန်လို့လည်း မရတော့ဘူး။ ပြိုလဲပျက်စီးလို့သွားပါပြီ။

 

ပြီးတော့ ရှမ်းမြောက်ကို လက်လွှတ်လိုက်ရလို့ တရုတ်နဲ့ကုန်သွယ်ရေးလမ်းကြောင်းလည်း လက်လွှတ်လိုက်ရပြီ။ ပြန်လည်ထိန်းချုပ်ဖို့ဆိုတာ စိတ်ကူးပင်ယဥ်လို့မရတော့။ အာရှလမ်းမကြီးကိုလည်း မထိန်းချုပ်နိုင်တော့ ထိုင်းနဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း လက်လွှတ်ရမယ့်အခြေအနေ ရောက်နေပြီမဟုတ်လား။ ကလေး-တမူးလမ်းကြောင်းနဲ့ အိန္ဒိယကိုလည်း ကုန်သွယ်မရတော့ဘူး။ အခု မီဇိုရမ်၊ ပလက်ဝ၊ စစ်တွေ အိန္ဒိယနဲ့ကုန်သွယ်လမ်းကြောင်း ကုလားတန်စီမံကိန်းကြီးကို ဆုံးရှုံးလိုက်ရပြီလေ။ မင်းတို့အဖြစ်က မြွေပါလည်းဆုံး သားလည်းဆုံးဆိုတဲ့ကိန်း။

 

ကျေးလက်ဒေသက အိုးအိမ်ရှစ်သောင်းလောက်ကို မင်းက မီးရှို့ဖျက်ဆီးပြီး ကျေးလက်ကို အခြေခံတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးအောင်ပြုလုပ်ပြီး နိုင်ငံစီးပွားတည်ဆောက်မယ်တဲ့။ 

 

အဲဒီမှာ ကျေးလက်ဒေသက အိုးအိမ်ရှစ်သောင်းလောက်ကို မင်းက မီးရှို့ဖျက်ဆီးပြီး ကျေးလက်ကို အခြေခံတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးအောင်ပြုလုပ်ပြီး နိုင်ငံစီးပွားတည်ဆောက်မယ်တဲ့။ လျှပ်စစ်မီးပုံမှန်မပေးနိုင်ဘဲ SMSE လုပ်ငန်းနဲ့ နိုင်ငံစီးပွားတိုးတက်စေရမယ်လို့ တောင်ရောက်မြောက်ရောက် အဆံမပါတဲ့ သင်္ကြန်အမြောက်စကားတွေ ပြောလာတယ်။


ပြီးတော့ ကုန်စျေးနှုန်းတွေတက်နေတာ ဝိသမစီးပွားရေးသမားတွေကြောင့်၊ နိုင်ငံဖွံ့ဖြိုးမှု နောက်ကောက်ကျ ကျန်နေရစ်ခဲ့တာ ပညာရေးမဖွံ့ဖြိုးမတိုးတက်တာကြောင့်၊ နိုင်ငံမတည်ငြိမ်တာကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေတာကြောင့်လို့ဆိုပြီး တောင်ရမ်းမြောက်ရမ်း အပြစ်ဖို့နေတော့တယ်။


ဒီလိုနဲ့ မင်းတို့ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံနဲ့အဝှမ်း အကြားအလပ်မရှိတဲ့ရွေးကောက်ပွဲကြီး ဖြစ်ပေါ်လာမယ်တဲ့လား။ တို့ပြည်သူတွေရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်ကင်းစင်တဲ့ နိုင်ငံတော်ကြီး ဖြစ်ထွန်းလာမယ်လား။ ဗေဒင်မေးရင် ဆန်ကုန်ရုံ ရှိပေမယ်ကွယ်။

~~~~

 

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။