ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခန်းကြီးကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ ဂျယ်ခမ်း ဗျူဟာစခန်းကို မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က စတင်ပြီး KIA၊ AA နဲ့ KPDF ပူးပေါင်း တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
မံစီမြို့နယ်၊ စီခမ်းကြီးရွာရှိ ဂျယ်ခမ်း ဗျူဟာစခန်းမှာ အကြမ်းဖက် စစ်ကောင်စီ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၅၊ ခလရ ၁၂၁၊ ခလရ ၂၇၆ ၊ ခလရ ၂၂၃ တပ်ရင်းတွေ စုပေါင်းပြီး တပ်စွဲထားတာ ဖြစ်ပါတယ်။
အဆိုပါ ဗျူဟာစခန်းကို KIA၊ AA နဲ့ KPDF တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီကနေ့ ညနေ ၅ နာရီခွဲဝန်းကျင်အထိ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေနဲ့ ၁၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွါးရာ အနီးဝန်းကျင်ရှိ အရပ်သား ပြည်သူများ နေထိုင်တဲ့ ဂျယ်ခမ်းရွာနဲ့ သံတံတားရွာတွေကို အကြမ်းဖက် စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက် စစ်တပ်က ကျေးရွာတွေထဲကို ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဂျယ်ခမ်းရွာနေ ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး သံတံတားရွာသား ပြည်သူတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - မံစီမြို့နယ်အတွင်း တိုက်ပွဲဝင်နေတဲ့ KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။