Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဂျယ်ခမ်းရွာရှိ စီခမ်းကြီး ဗျူဟာစခန်းကို KIA နဲ့ PDF အဖွဲ့တွေ သိမ်းပိုက်၊ ဂျယ်ခမ်းရွာကို အကြမ်းဖက် စစ်ကောင်စီ ၃ ရက်ဆက် ဗုံးကြဲ တိုက်ခိုက်ခဲ့

 ဖေဖော်ဝါရီ ၂၁ မံစီမြို့နယ်၊ ဂျယ်ခမ်းရွာရှိ စီခန်းကြီး ဗျူဟာစခန်းမှာ အကြမ်းဖက် စစ်ကောင်စီ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၅၊ ခလရ ၁၂၁၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းတွေ စုပေါင်း တပ်စွဲထားပါတယ်။

 

အဆိုပါ စခန်းကြီး ‌ဗျူဟာစခန်းကို KIA၊ AA နဲ့ KPDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၆ နာရီမှာ စတင်တိုက်ခိုက်ကာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ့ ၅ နာရီ ၄၅ မိနစ်မှာ အပြီးသတ် သိမ်းပိုက်နိင်ခဲ့ပါတယ်။

 

စခန်းသိမ်းခံခဲ့ရတဲ့ အကြမ်းဖက် စစ်တပ်က စီခန်းကြီး ဗျူဟာစခန်းရှိရာ ကျေးရွာကို လေကြောင်းကနေ ၁၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာလည်း ဂျယ်ခမ်းရွာကို တိုက်လေယာဉ်တွေ အသုံးပြုပြီး အကြိမ် ၆၀ ကျော် ထပ်ံ ဗုံးကြဲ တိုက်ခိုက်ခဲ့ခဲ့ပါသေးတယ်။

 

အခုလို အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသား ၅ ဦး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီး စာသင်ကျောင်းတစ်ကျောင်း အပါအဝင် ရွာလုံးကျွတ် ပျက်စီးခဲ့ရတယ်လို့ KIA ရဲ့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။