Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ခြိမ်းခြောက်မှုတွေကြားက ရုန်းကန်နေရတဲ့ CDM ဝန်ထမ်းဘဝတွေ

စစ်တပ်ကအာဏာသိမ်းတဲ့၂နှစ်တာကာလအတွင်း မြို့ပြအာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေရဲ့ဘဝဟာ ဖိနှိပ်ခံရမှုများစွာနဲ့ကြပ်တည်းခဲ့ကြပါတယ်။ အာဏာသိမ်းကာစအချိန်မှာ ရုံးမတက်နဲ့ရုန်းထွက် ဆိုတဲ့ကြွေးကြော်သံနဲ့အတူ အာဏာသိမ်းမှုကိုဖီဆန်ခဲ့ကြတဲ့အတွက် အာဏာသိမ်းစစ်တပ်ကိုတုံလှုပ်စေခဲ့ပါတယ်။

 

ဆေးရုံတွေမှာ ဆရာဝန်တွေမရှိတော့ဘူး၊ကျောင်းတွေမှာဆရာတွေမရှိတော့ဘူးဆိုတဲ့အခါ စစ်တပ်အနေနဲ့ကြက်သီးဖျန်းဖျန်းထခဲ့မိမှာပါဘဲ။

 

အထူးသဖြင့်ဆေးရုံတွေမှာ ဆရာဝန်တွေမရှိတော့ဘူး၊ ကျောင်းတွေမှာဆရာတွေမရှိတော့ဘူးဆိုတဲ့အခါ စစ်တပ်အနေနဲ့ကြက်သီးဖျန်းဖျန်းထခဲ့မိမှာပါဘဲ။နောက်ပိုင်းမှာမီးရထားဝန်ထမ်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေ၊အုပ်ချုပ်ရေးဝန်ထမ်းတွေပါ CDM ပြုခဲ့ကြတာမှတ်မိကြလိမ့်မယ်ထင်ပါတယ်။

 

CDM ဝန်ထမ်းတွေထဲမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ထမ်းတွေက အများဆုံးဖြစ်ပါတယ်။ NUG အစိုးရ အဆိုအရ နိုင်ငံတစ်ဝန်း CDM ပညာရေးဝန်ထမ်း၂ သိန်းခွဲခန့်ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ်ခန့်အတွင်း CDM ပညာရေးဝန်ထမ်း ၂၁၈ ဦး ဖမ်းဆီးခံထားရပြီး ၃၃ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ CDM ကျောင်းဆရာတစ်ဦးလည်း သေဒဏ်ချမှတ်ခံ ထားရပါတယ်။

 

အာဏာသိမ်းနှစ်နှစ်အတွင်း ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၈၃ ဦး အသတ်ခံခဲ့ရပြီး ကျန်းမာရေး ဆေးခန်းနဲ့ အဆောက်အအုံတွေကို ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၇၈၉ ဦး ရှိခဲ့ပါတယ်။

 

ကျန်းမာရေး CDM ဝန်ထမ်းတွေနဲ့ စုဖွဲ့ထားတဲ့ CDM Medical Network ရဲ့စာရင်းတွေအရ အာဏာ သိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း လေးသောင်းခွဲကျော် CDM မှာ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းနှစ်နှစ်အတွင်း ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၈၃ ဦး အသတ်ခံခဲ့ရပြီး ကျန်းမာရေး ဆေးခန်းနဲ့ အဆောက်အအုံတွေကို ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၇၈၉ ဦး ရှိခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းကတော့ ၃၅၅ ဦး ရှိတယ်လို့ဆိုပါတယ်။

 

အာဏာသိမ်းပြီး၂နှစ်တာကာလအတွင်းမှာ CDM ဝန်ထမ်းတွေရဲ့ဘဝဟာ လစာမရရှိတဲ့အပြင် ဝင်ငွေရရှိစေသောအလုပ်အကိုင်အခွင့်အလမ်းတွေပါနည်းပါးလာတာတွေ့ရပါတယ်။ စစ်ကောင်စီဟာ CDM ဝန်ထမ်းတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းများကိုပြည်တွင်းမှာတင်းတင်းကြပ်ကြပ်ပိတ်ပင်ထားတဲ့အပြင် ပြည်ပထွက်ခွာဖို့ကိုလည်း ခွင့်မပြုပါဘူး။

 

ဝင်ငွေမရှိလို့ စားဝတ်နေရေး  ဒုက္ခရောက်နေချိန်မှာကိုယ်နေထိုင်တဲ့အိမ်ကပါ လုံခြုံမှုမရှိတော့တဲ့အခါ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများပါခံစားနေကြရပါတယ်။

 

ဒါ့အပြင် CDMဝန်ထမ်းများကိုရှာဖွေဖမ်းဆီးမှုများကိုလည်းပိုက်စိပ်တိုက်ကာပြုလုပ်လာတာတွေ့ရပါတယ်။ ဝင်ငွေမရှိလို့ စားဝတ်နေရေး  ဒုက္ခရောက်နေချိန်မှာကိုယ်နေထိုင်တဲ့အိမ်ကပါ လုံခြုံမှုမရှိတော့တဲ့အခါ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများပါခံစားနေကြရပါတယ်။

 

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ NUG က အတည်ပြုချက် လေးချက်ပါဝင်တဲ့ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ CDM ဝန်ထမ်းတွေကိုတော်လှန်ရေးကာလအလွန်မှာ နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ပေးအပ်တာ၊ ဖေဖော်ဝါရီလ တစ်ရက်ကစလို့ ရာထူးတစ်ဆင့် တိုးမြှင့်လိုက်တာ၊ နေ့စားဝန်ထမ်းတွေကို အမြဲထမ်း ဝန်ထမ်းအဖြစ် အတည်ပြုခန့်အပ်တာနဲ့ လုပ်ခလစာငွေနဲ့ ချီးမြှင့်ငွေတွေကို တစ်လုံးတစ်ခဲတည်း ပြန်ပေးမှာဖြစ်ကြောင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

 

တော်လှန်ရေးမှာ မြို့ပြအာဏာဖီဆန်မှုနဲ့ ပထမဆုံး အန်တုခဲ့သူတွေက CDM ဝန်ထမ်းတွေဘဲဖြစ်ပါတယ်။

 

NUG ရဲ့ကြေညာချက်ကိုCDM ဝန်ထမ်းများကကြိုဆိုသော်လည်း ထိုကြေညာချက်ဟာ လက်ရှိအခြေအနေမှာ အနာနဲ့ဆေး  တခြားဖြစ်နေပါတယ်။အစောပိုင်းကာလတွေမှာ CDM ဝန်ထမ်းများအပေါ်ကူညီထောက်ပံ့မှုတွေ တွေ့ရသော်လည်း ယခုနောက်ပိုင်းမှာထောက်ပံ့မှုအားနည်းလာတာတွေ့ရပါတယ်။ တော်လှန်ရေးမှာ မြို့ပြအာဏာဖီဆန်မှုနဲ့ ပထမဆုံး အန်တုခဲ့သူတွေက CDM ဝန်ထမ်းတွေဘဲဖြစ်ပါတယ်။

 

အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးကို အားစိုက်နေသလိုခက်ခဲနေတဲ့ CDM ဝန်ထမ်းတွေကိုလည်း ထောက်ပံ့မှုတွေ လုပ်ပေးသင့်ပါတယ်။စားဝတ်နေရေးအတွက် စဉ်ဆက်မပြတ်ထောက်ပံ့မှုတွေဘေးကင်းလုံခြုံရာဒေသဖန်တီးပေးမှုတွေ၊ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးသင့်ပါတယ်။

 

CDM ဝန်ထမ်းတွေဟာ နိုင်ငံရဲ့ကြီးမားတဲ့လူသားအရင်းအမြစ်တွေဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံရေးသမားများ မဟုတ်ကြသလို၊အကြမ်းဖက်သမားများလည်းမဟုတ်ကြပါဘူး။

 

CDM ဝန်ထမ်းတွေဟာ နိုင်ငံရဲ့ကြီးမားတဲ့လူသားအရင်းအမြစ်တွေဖြစ်ပါတယ်။ သူတို့ဟာနိုင်ငံရေးသမားများ မဟုတ်ကြသလို၊အကြမ်းဖက်သမားများလည်းမဟုတ်ကြပါဘူး။ယခုလိုမြို့ပြအာဏာဖီဆန်ရေး  ပြုလုပ်နေခြင်းဟာလည်း လူကို လူလိုမထင်တဲ့သူတွေရဲ့လက်အောက်မှာအလုပ်မလုပ်လိုတဲ့အတွက်ဖြစ်ပါတယ်။

 

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်တဲ့အခါ လူသားအရင်းအမြစ်ကလည်း အရေးပါလာမှာဖြစ်ပါတယ်။ လူသားအရင်းအမြစ်ဆိုရာမှာ လူတော်တွေနဲ့ချည့်မရပါဘူး။ လူကောင်းတွေလည်းလိုပါတယ်။လူကောင်းတွေဟာ ဓမ္မနဲ့အဓ္မကိုခွဲခြားတတ်ပါတယ်။ အများမိုးခါးရေသောက်တိုင်းသူတို့လိုက်မသောက်ပါဘူး။

 

CDM ဝန်ထမ်းတွေဟာ လူတော်လူကောင်းများဖြစ်ကြပါတယ်။တိုင်းပြည်ရဲ့သက်ရှိသယံဇာတများလည်းဖြစ်ပါတယ်။ သက်ရှိသယံဇာတတွေမဆုံးရှုံးဖို့ဘက်ပေါင်းစုံကနေ ဝိုင်းဝန်းကူညီပေးကြဖို့တိုက်တွန်းလိုက်ပါတယ်။
~~~~

 

နွေဦးတာရာ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။