ချင်းပြည်နယ်၊ ပလက်ဝတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၈၀ ကျော် အိန္ဒိယနိုင်ငံထဲသို့ ဝင်ပြေးသွားကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက အိန္ဒိယ-မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ်စခန်းကို ရက္ခိုင့်တပ်တော် AA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဲဒီစခန်းက စစ်သား ၈၀ ကျော် အိန္ဒိယနိုင်ငံထဲ ဝင်ပြေးသွားတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြတယ်။
အဲဒီစစ်သားတွေက အိန္ဒိယစစ်တပ်က ယာယီစောင့်ရှောက်ထားကြောင်း သိရပါတယ်။
“ကျနော်တို့ဆီက AA နဲ့နီးစပ်တဲ့သူတွေ ပြောတာက တိုက်တာ အခြေအနေမကောင်းတာနဲ့ စစ်သားတွေက အုံလိုက်ကြီးပြေးကြတာတဲ့။ သူတို့က မဟန်ရင် အိန္ဒိယထဲ ဝင်ပြေးဖို့ ကြိုစီစဉ်ထားပုံရတယ်တဲ့။ အိန္ဒိယကတော့ စခတွေကို သေချာတည်းခင်းဧည့်ခံပြီး မှဲ့တစ်ပေါက်မစွန်းစေဘဲ မင်းအောင်လှိုင်ဆီပြန်ပို့ မှာ သေချာတယ်”လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
အိန္ဒိယဘက် ဝင်ပြေးတဲ့ စစ်သားတွေက ၁၅၀ ကျော်ကြောင်း သတင်းတချို့က ဖော်ပြကြပါတယ်။
ဒီဇင်ဘာ ၂၇ ရက်၊ မနက် ၆ နာရီကျော်မှာ ပလက်ဝမြို့၊ ခဝဲဗျူဟာကုန်းနဲ့ ဒီဇင်ဘာ ၂၈ ရက်၊ မနက် ၉ နာရီမိနစ် ၂၀ လောက်မှာ အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ရန်သူ့ခြေကုပ်စစ်စခန်းတစ်ခုဖြစ်တဲ့ ပွိင့် (၃၇၇) စစ်ဆင်ရေး ခြေကုပ်စခန်းကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားပါတယ်။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။