Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရဟတ်ယာဉ်ကွင်း ၂ ကွင်းပါတဲ့ ဗျူဟာစခန်းကုန်းကို AA သိမ်းပိုက်

ရဟတ်ယာဉ်ကွင်း (၂)ကွင်းပါတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တရွန်အိုင်ဗျူဟာ စခန်းကုန်းကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။


နိုဝင်ဘာ (၁၄)ရက် ၊ မနက် (၆)နာရီလောက်ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ တရွန်အိုင် ဗျူဟာစခန်းကုန်းကြီး တစ်ခုလုံးကို  ဒီဇင်ဘာ (၄)ရက်၊ မွန်းလွဲ (၁)နာရီ (၄)မိနစ်မှာ အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။


ထိုးစစ်ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊  ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးတွေနဲ့  နေ့၊ ညရက်ဆက် ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားက ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ရန်သူ့အလောင်းတွေနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။


တရွန်အိုင်ဗျူဟာ စခန်းကုန်းကို ထိုက်သင့်တဲ့  ပေးဆပ်မှုတွေနဲ့  ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ်ကျန်ရှိနေတဲ့ နှုးဘူးဗျူဟာကုန်းကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း AA က ဆိုပါတယ်။


~~~~~~~~~~~ 

ကိုငြိမ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။