ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝရဲစခန်းက ရဲ (၈)ဦး အလင်းဝင်လာကြောင်း သိရပါတယ်။
ရှင်းလက်ဝရဲစခန်းက ရဲ (၈)ဦးဟာ ဒီဇင်ဘာ (၇)ရက်နေ့က Chinland Defense Force- Paletwa ထံ အလင်းဝင်လာခြင်း ဖြစ်ကြောင်း ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ကသတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ (၂၉)ရက်နေ့ကလည်း ရှင်းလက်ဝကျေးရွာအခြေစိုက် ခလရ- ၂၉၉တပ်က ဒုတပ်ကြပ် နိုင်လင်းအောင်နဲ့ တပ်သားကျော်ထက်ဝေတို့ Chinland Defense Force- Paletwa ထံ အလင်းဝင် လာခဲ့ကြောင်း သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်သားနဲ့ရဲ စုစုပေါင်း (၁၀)ဦးကို ဘေးကင်းလုံခြုံတဲ့နေရာသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီနဲ့ Chinland Defense Force- Paletwa က နိုဝင်ဘာ (၁၄)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အလင်းဝင်လာမယ့်သူတွေကို လက်ခံကြိုဆိုလျက်ရှိကြောင်းလည်း ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီက ထုတ်ပြန်ထားပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။