Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မန္တလေးနန်းတွင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းထဲသို့ ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း No More Dictatorship People Defence Force က သတင်းထုတ်ပြန်ပါတယ်။


ဒီနေ့ ဒီဇင်ဘာ (၂၁)ရက်၊ မနက် (၂)နာရီခွဲလောက်မှာ မန္တလေးနန်းတွင်းထဲသို့ တာဝေးပစ်(၁၀၇ မမ) (၆)လုံး နဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။


“ညတုန်းက အသံကြားတဲ့သူကြားကြတယ်။ ထိခိုက်မှုကတော့ နန်းတွင်းထဲဆိုတော့ မသိဘူး။ ဒီနေ့မနက် လည်းကျုံးတစ်လျှောက် အသွားအလာတော့ပါးတယ်” လို့ မန္တလေးဘူတာကြီးအနီးနေ ပြည်သူတစ်ဦးက ပြောပါတယ်။


တော်လှန်ရေး အင်အားစုတွေဟာ မန္တလေးမြို့ ကိုသိမ်းဖို့ အခရာကျတဲ့ ဗျူဟာမြောက်မစ်ရှင်တွေ ဖော်ဆောင်နေကြောင်း No More Dictatorship People Defence Force က ဆိုပါတယ်။


အဲဒီတိုက်ခိုက်မှုကို Brave Warriors For Myanmar ( BWM)ရဲ့ ကူညီပံ့ပိုးမှုနဲ့ မြို့ပြအထူးစစ်ဆင်ရေး ( U.S.O) ၊No More Dictatorship People Defence Force_ NMD၊ Security & Special Task Force ( SSTF-MDY )နဲ့  ပြင်ဦးလွင်ခရိုင်ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။


~~~~~~~~~~~ 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။